Friday, November 14, 2008

စက္ကူဒေါင်းလား ခွပ်ဒေါင်းလာ?

သဘောတရားမပါတဲ့လက်တွေ့
လက်တွေ့မပါတဲ့သဘောတရား
အစွန်းနှစ်ပါးကကင်းလွတ်
ခွပ်ဒေါင်းဆိုတာ....ဝေဖန်ဆန်းစစ်နိုင်တယ်
တက်ကြွလွပ်လပ်တယ် ရဲရင့်တောက်ပတယ်
ထကြွနိုးကြားတယ် ရိုးသားပွင့်လင်းတယ်
စကားတွေအများကြီးမပြောဘူး
တောင်ဟုန်ပြင်းပြင်းခတ်တယ်။
ပါးစပ်မှာစကားလုံးအကြီးကြီးတွေတပ်ဆင်
ခွင်ထဲလည်းရောက်ကရော
အတောင်ပံတစ်ချက်ခက်ရုံနဲ့
အမြှီးပြတ်ကျလို့ထွက်ပြေးရသူတစ်ချို့
သူတို့ကိုသူတို့ခွပ်ဒေါင်းတဲ့။
ငါတို့ရဲ့ခရီးဟာ ကြမ်းလည်းကြမ်းတယ်
ရှည်လည်းရှည်တယ် တာဝေးပျံသန်းခွပ်ဒေါင်းတွေ
အတောင်းညောင်းပေမဲ့စိတ်ဓါတ်မပြောင်းဘူး
ဒဏ်ရာတွေထပ်နေလည်းဦးခေါင်းမညွတ်ဘူး
ကဲ...သူငယ်ချင်း မင်းကိုယ်မင်းစဉ်းစား
ရောင်နီပြိုးပျက် အရုဏ်တက်ပြီ
ပြည်သူအတွက်ခရီးဆက်ဖို့
စက္ကူဒေါင်းလားခွပ်ဒေါင်းလား

ဇော်မြင့်

No comments: