Saturday, November 15, 2008

ကျောင်းသားခေါင်းဆောင်များနှင့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ(၂၃)ဦးကိုထောင်(၆၅)နှစ်စီအမိန့်ချ

ကျောင်သားခေါင်းဆောင် (၉)ဦးကိုလဲထောင်(၆၅)နှစ်စီချလိုက်ပြီ
၈၈ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ကိုကိုကြီး၊ကိုပြုံးချို၊ကိုမင်းဖေယျ၊
ကိုဌေးကြွယ်၊ကိုမြအေး၊ကိုအောင်သူ၊ကိုလှမျိုးနောင်၊ကိုအောင်နိုင် တို့(၉)ဦးကို
ထောင်ဒဏ်(၆၅)နှစ်စီအမိန့်ချလိုက်ပြီဖြစ်ကြောင်းကျောင်းသားခေါင်းဆောင်များနှင့်
ထောင်ဝင်စာသွားတွေ့ခဲ့သူမိသားစုဝင်များကပြောပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလ(၁၁)ရက်နေ့တုန်းကလဲ ကျောင်းသားခေါင်းဆောင်များအပါအ၀င်
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ(၁၄)ဦးကိုထောင်ဒဏ်(၆၅)နှစ်စီချခဲ့ပြီးဖြစ်ပါတယ်။
နိုင်ငံကျော်ဟာသ သရုပ်ဆောင် ကိုဇာဂနာ ကိုလဲအင်းစိန်ထောင်တွင်းအထူးအရားရုံးမှာ
နေ့စဉ်ရုံးထုတ်စစ်ဆေးနေတယ်လို့သိရပါတယ်။

No comments: