Sunday, November 16, 2008

နအဖစစ်အစိုးရရဲ့ယုတ်မာမှုနောက်ဆက်တွဲ

ရန်ကုန်၊နိုဝင်ဘာ(၁၅)
ထောင်ဒဏ်နှစ်ရှည်ချခံထားရတဲ့ကျောင်းသားခေါင်းဆောင်များနှင့်သံဃာတော်များ
နိုင်ငံရေးတက်ကြွသူများစုစုပေါင်း(၂၁)ဦးကို ဝေးလံတဲ့နယ်ထောင်များသို့ယနေ့နံနက်ကပို့ဆောင်
ခဲ့သည်ဟုထောင်ဝင်စာသွားတွေ့ပြီးပြန်လာတဲ့မိသားစုဝင်တစ်ဦးကအတည်ပြုပြောဆိုလိုက်သည်။
““ဟုတ်တယ်ဒီနေ့မနက်ထောင်ဝင်စာသွားတွေ့တော့မနက်အစောပိုင်းမှာကားနှစ်စီးနှင့်လာထုတ်သွား
တယ် နယ်ထောင်ပြောင်းလိုက်တာ ကိုမင်းကိုနိုင်နဲ့ကိုကိုကြီးကကျိုင်းတုံထောင်၊ကိုမြအေးကလွိုင်ကော်
ကိုပြုံးချိုကကော့သောင်ထောင်၊ကိုလှမျိုးနောင်ကမြစ်ကြီးနားထောင်၊ကိုဌေးကြွယ်ကဘူးသီးတောင်ထောင်
ကိုအောင်သူကပူတာအိုထောင် လို့ထောင်မှူးကပြောတယ်””ဟုအဲဒီမိသားစုဝင်ကပြောပါတယ်။
အဲဒီလိုနယ်ထောင်ပြောင်းရွေ့ခံရသူတွေထဲမှာမဂ္ဂင်ကျောင်းကသံဃာတော်များနှင့်လူ့အခွင့်အရေး
ဆုရှင်မစုစုနွေး တို့လဲပါဝင်တယ်လို့သိရပါတယ်။
““အခုလိုအဝေးကြီးမှာရှိတဲ့နယ်ထောင်တွေကိုပို့လိုက်တဲ့အဓိကအကြောင်းကတော့
မိသားစုတွေကပုံမှန်လိုက်မတွေ့နှိုင်အောင်လုပ်လိုက်တာ၊မိသားစုတွေပုံမှန်လိုက်မတွေ့နှိုင်တော့
စားစရာမရ ဆေးဝါးမရ အဆက်အသွယ်မရဖြစ်အောင်လို့ရည်ရွယ်ပြီးလုပ်လိုက်တာ
နောက်တစ်ချက်က သဘောထားတင်းမာတဲ့ခေါင်းဆောင်ပိုင်းတွေကိုလူစုခွဲချင်တာလဲပါတယ်””
မိသားစုတွေနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
““နအဖစစ်အစိုးရကဒီကျောင်းသားခေါင်းဆောင်တွေကိုစုစုစည်းစည်းထားရမှာကြောက်ပြီး
လူစုခွဲထားရင်ဘာမှဆက်မလုပ်နှိုင်တော့ပါဘူးလို့သူတို့ယုံကြည်ပြီးနယ်ထောင်တွေကိုလူစုခွဲပြီး
ပို့လိုက်တာ။
နအဖစစ်ခေါင်းဆောင်တွေမသိတာကအဲဒီကျောင်းသားခေါင်းဆောင်တွေဟာအရွက်ကျရင်အပင်ပေါက်
တယ်ဆိုပြီးပြောရမလောက်အောင်စည်းရုံးရေးစွမ်းရည်မြင်မားတယ်ဆိုတာကိုပါဘဲ””ဟု
မြန်မာ့နိုင်ငံရေးလေ့လာသူ တစ်ဦးကပြောပါတယ်။

No comments: