Monday, November 3, 2008

လူလျှောက်တဲ့လမ်း

လူလျှောကိတဲ့လမ်း

ခွေးဟောင်တိုင်း ထကြည့်နေရတာနဲ့
မအိပ်လိုက်ရတဲ့ညတွေမှာ
ငါ့မျက်စိတွေကျိန်းစပ်နေပြီ။

ရှေ့တည့်တည့်ကရောင်နီဟာ
အောက်စီဂျင်နည်းနည်းလျှော့လို့
ခင်ဗျားတို့ပါးစပ်တွေခဏပိတ်ထားကြပါ။

မိုးရွာတိုင်းသာ
မုန်တိုင်းလာမယ်ထင်ရရင်
ငါတို့ခရီးတွေဖျက်ရတော့မှာလား
ဒဏ်ကြေဆေးလိမ်းထားတဲ့ငါခြေထောက်တွေက
ငါ့ရဲ့လမ်းပေါ်မှာတော့
ဆက်လျှောက်နေဦးမှာပဲ သူငယ်ချင်း။ ။ ။

ဇော်မြင့်

No comments: