Monday, August 3, 2009

မြန်မာစစ်ခေါင်းဆောင်များရဲ့''ပေါက္ခရ၀ဿ "ဥပဒေ မှကင်းဝေးရေး

ဗုဒ္ဓဘုရားရှင်လက်ထက် ကထူးခြားတဲ့ မိုး တစ်ခုရှိခဲ့တဲ့အကြောင်းကို
ဆရာတော်ကြီးများ၏တရားတော်များထဲတွင်နာကြားခဲ့ဖူးပြီး
ထိုမိုး၏အမည် မှာ ပေါက္ခရ၀ဿမိုးဟုခေါ်ဆိုကြောင်းကိုလည်း
မှတ်သားခဲ့ရဖူးပါတယ်။
အဲဒီ ပေါက္ခရ၀ဿမိုးရဲ့ထူးခြားချက်ကတော့ စိုစေချင်သည့်အရာကို
သာစိုပြီး မစိုစေချင်သူကို မစိုစေနှိုင်ဘူးတဲ့…။
ကျနော်တို့မြန်မာနိုင်ငံထဲကအဖြစ်အပျက်တွေကိုပြန်ပြီးကြည့်မယ်ဆိုရင်-
အချုပ်အခြာပိုင်တဲ့ပြည်သူက လက်နက်ကိုင်ထားတဲ့အာဏာဓါးပြတွေကို
ကြောက်နေရတယ်။
ပြစ်မှုမျိုးစုံကို ကျူးလွန်တဲ့သူက တရားလိုလုပ် ၊ နစ်နာသူ(အစော်ကားခံရသူ)က
တရားခံအဖြစ်အရေးယူခံနေကြရတယ် ဥပမာ အနေနဲ့ပြောရမယ်ဆိုရင်-
၂၀၀၃ ခုနှစ်မေလ(၃၀)ရက် ဒီပဲယင်းမှာကြံ့ဖွတ်တွေနဲ့အကြမ်းဖက်သမားတွေရဲ့
ရိုက်နှက်သတ်ဖြတ်လုပ်ကြံခြင်းကိုခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့NLD
ပါတီဝင်တွေဟာလဲ ဖမ်းဆီးအရေးယူခြင်းခံခဲ့ကြရသလို
ဟင်္သာတ အုတ်ပုံကျေးရွာမှာ HRDPအဖွဲ့က ကိုမောင်မောင်လေးနဲ့
ကိုမြင့်နိုင်တို့ကို ရဲနဲ့ကြံ့ဖွတ်တွေဝိုင်းရိုတ်တာခံရပြီး အရိုတ်ခံရတဲ့
ကိုမြင့်နိုင်တို့တရားခံအဖြစ်တရားစွဲခံခဲ့ရတယ်
ကြံ့ဖွတ်တွေရဲ့သံလက်သီးနဲ့အထိုးခံရပြီး မျက်လုံးကွယ်သွားခဲ့ရတဲ့
မန္တလေးတိုင်း မတရာမြို့နယ်ကပြည်သူ့ကိုယ်စားလှယ် ဦးသန်းလွင်ကိုလဲ
တရားခံအဖြစ် တရားစွဲဆိုထောင်ချခြင်းခံခဲ့ရပါတယ်။
အဲ့ဒီလိုမျိုးတရားလိုဖြစ်ရမည့်သူကတရားခံဖြစ်ပြီး
တရားခံအဖြစ်အပြစ်ပေးခံရမည့်သူတွေကတော့တရားလိုလုပ်
ဖြစ်နေကြတဲ့ဖြစ်ရပ်ပေါင်းများစွာဟာလဲကျနော်တို့မြန်မာပြည်ထဲ
မှာ(၁၉၉၀)ရွေးကောက်ပွဲ ရလဒ် (ပြည်သူလူထုရဲ့ဆန္ဒ)ကို
ငြင်းဆို ဆန့်ကျင်နေတဲ့ အာဏာဓါးပြတွေရဲ့ဥပဒေကဲ့သို့
အာဏာတည်စေရမည်ဆိုတဲ့ အမိန့်များကြောင့်ဖြစ်ပေါ်လာရခြင်း
ဖြစ်ပါတယ်။
သူတို့ရဲ့ပါးစပ်ကထွက်လာသမျှအမိန့်တွေဟာဥပဒေကဲ့သို့အာဏာ
ကိုဖြစ်စေရမယ်တဲ့။
သူတို့ရဲ့ဆန္ဒအတိုင်းလက်ညိုးထောင်ခေါင်းညိမ့် လုပ်ပြီးနေမယ်ဆိုရင်-
သူတို့နဲ့အဆင်ပြေအောင်ပေါင်းပြီးဘယ်သူသေသေငတေမာရင်
ပြီးရောဆိုပြီးလုပ်စားမယ်ဆိုရင်-လူဘယ်နှစ်ယောက်သတ်သတ်အပြစ်
မရှိစေရ။
အများပြည်သူအကျိုး အမျိုးဘာသာအကျိုး လူ့သမိုင်း ပြောင်းလဲမှု
ဖြစ်စဉ်နဲ့တိုင်းပြည်ရဲ့အနာဂတ်အရေး အစရှိတဲ့ကိစ္စတွေမှာ
ကောင်းတယ် မှန်တယ် တရားတယ် မတရားဘူး ဆိုပြီး
ဝေဖန်တာတို့ သုံးသပ်တာတို့သွားလုပ်မိလို့ပြောမိလို့ကတော့-
လမ်းလျှောက်တဲ့အခါ ခြေထောက်ကိုအသုံးပြုလို့ဆိုပြီးပုဒ်မတပ်ကာ
အဖမ်းခံရ နိုင်သလို မျက်စိကိုအသုံးပြုပြီးကြည့်လို့၊
ပါးစပ်နဲ့စကားပြောလို့၊နှာခေါင်းနဲ့အသက်ရှူလို့ အပြစ်ရှိပါတယ်ဆို
ပြီးပုဒ်ထီး ပုဒ်မပေါင်းများစွာတပ်ပြီးထောင်နှစ်ရှည်ချမှတ်ခံရမှာပါ။
မြန်မာနိုင်ငံရဲ့လက်ရှိကျင့်သုံးနေတဲ့မတရားဥပဒေတွေနဲ့အမိန့်တွေဟာ
လိုရင်လိုသလို မလိုရင်လဲမလိုသလို ချုံ့ချင်ရင်ချုံ့ ချဲ့ချင်ရင်ချဲ့နဲ့
ပါးစပ်ထဲကထွက်သမျှ ပေါက္ခရဝဿ ဥပဒေ နဲ့ အမိန့်တွေအဖြစ်
လူ့အခွင့်အရေးတွေကိုအာမခံချက်ပေးနှိုင်မယ့် အရပ်သားအစိုးရ
တရပ်မပေါ်ပေါက်သရွေ့မြန်မာပြည်သူတွေအပေါ် ဆက်လက်ဖိနှိပ်
နေဦးမှာဖြစ်ပါတယ်။
အဲဒီ မတရားတဲ့အမိန့်တွေကိုပြည်သူတွေက နာခံနေကြတာကြောင့်
ပေါက္ခရဝဿ ဥပဒေတွေနဲ့ပြည်သူတွေကိုဖိနှိပ်နေနှိုင်တာဖြစ်ပါတယ်။
ပြည်သူတွေကသာ စည်းစည်းလုံးလုံးနဲ့မတရားတဲ့အမိန့်တွေကို
မနာခံတော့ဘူးဆိုရင် စစ်ခေါင်းဆောင်တွေရဲ့နှုတ်ထွက် ပေါက်ကရအမိန့်
တွေဟာလည်း ပေါက္ခရဝဿ ဥပဒေတွေအဖြစ်နဲ့အာဏာ မတည်နှိုင်တော့ဘဲ
ကျနော်တို့မြန်မာပြည်သူတွေကို ယခင်ကလို မနှိပ်စက်နှိုင်တော့ပါဘူးဆိုတာ
သေချာပဲဖြစ်ပါတယ်။
မြန်မာပြည်သူအပေါင်း စစ်ခေါင်းဆောင်ကြီးများ၏ ပေါက္ခရ၀ဿ ဥပဒေဖြင့်
နှိပ်စက်ခြင်းမှကင်းဝေးနှိုင်ကြပါစေ။

ကိုစေတနာ(ပျိုးခင်း)