Tuesday, December 30, 2008

လူငယ်တွေရဲ့ ရဲရင့်တဲ့စိတ်ဓါတ်ကို နအဖ ထောင်နှစ်ရှည်ချလို့မရနှိုင်

ရန်ကုန်မြို့တွင် ယနေ့ဖြစ်ပွါးခဲ့သောထိန်းသိမ်းခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တောင်းဆိုသည့် ဆန္ဒပြပွဲ၌ အတိုက်အခံပါတီအဖွဲ့ဝင် အနည်းဆုံး ၁၀ဦး ဖမ်းဆီးခံရကြောင်း အတိုက်အခံ သတင်းရပ်ကွက်များနှင့် မျက်မြင်သက်သေများ၏ အပြောအရ သိရပါသည်။ဆန္ဒပြသူများသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်၏ ဓါတ်ပုံနှင့် “ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေး” ဟူသည့် နဖူးစည်းစာတန်းများကို ကိုင်ဆောင်၍ ယခုအခါ အသုံးမပြုတော့သော လွှတ်တော် အဆောက်အဦရှေ့တွင် အင်္ဂါနေ့မွန်းလွဲပိုင်းက ဆန္ဒပြခဲ့ကြရာ ယင်းတို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်ရဲများက ဖမ်းဆီးသွားကြသည်ဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောပါသည်။"ကျနော် သိတာတော့ ၇ ယောက်ကို ဖမ်းသွားတယ် ပြောတယ်၊ ဒါပေမဲ့ တချို့က ပြောတာက အားလုံး ၉ ယောက်တဲ့" ဟု ဦးဥာဏ်ဝင်းက ပြောပါသည်။ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းရှိ ပါတီဌာနချုပ်တွင် ကျင်းပသော အစည်းအဝေးကို တက်ရောက်အပြီးတွင် NLD လူငယ်အဖွဲ့ဝင် အနည်းဆုံး ၉ ဦးသည် လမ်းမပေါ်သို့ ထွက်လာ၍ ချီတက် ဆန္ဒပြကြရာ ယင်းတို့ကို အာဏာပိုင်များက ယခုအခါ အသုံးမပြုတော့ပြီဖြစ်သော လွှတ်တော် အဆောက်အဦအနီးတွင် ဖမ်းဆီးသွားခဲ့ကြောင်းဖြင့် မျက်မြင်သက်သေတဦးက ပြောပါသည်။အင်္ဂါနေ့တိုင်း NLD ပါတီက ဆွေးနွေးပွဲများ ပုံမှန်ကျင်းပလေ့ရှိရာ ယနေ့ဆွေးနွေးပွဲတွင် မကြာသေးခင်က ထောင်ဒဏ် နှစ်ရှည်ကျခံပြီး ပြန်လည်လွတ်မြောက်လာသူ ပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက မျက်မှောက်နှင့် ခေတ်ပြိုင် မြန်မာ့နိုင်ငံရေး ခေါင်းစဉ်ဖြင့် ဦးဆောင် ဆွေးနွေးခဲ့သည်ဟု ဦးဥာဏ်ဝင်းက ဆိုသည်။အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သူ မျက်မြင်သက်သေများက လုံခြုံရေး တပ်ဖွဲ့ဝင် ရဲများသည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အမည်မသိ နေရာသို့ ခေါ်ဆောင်မသွားမီ ရိုက်နှက်၍ ဖမ်းဆီးခဲ့သည်ဟု ပြောပါသည်။အဆိုပါ မျက်မြင်သက်သေများ၏ အဆိုအရ ထိုသို့ ဖမ်းဆီးခံခဲ့ရသူများမှာ မထက်ထက်အိုးဝေ၊ကိုထွန်းလင်း
ကိုထွန်းထွန်းဝင်း၊ ကိုရဲနီ၊ ကိုဝင်းမြင့်၊ ကိုသက်မောင်ထွန်း၊ မပြည့်ပြည့်၊ ကိုမင်းသိန်း၊ ကိုအောင်ဖြိုးဝေ၊ ကိုကောင်းထက် နှင့် ကိုကောင်းထက်လှိုင် တို့ ဖြစ်ကြသည်ဟု ပြောပြပါတယ်။
NLD လူငယ်တဦးကတော့““အခုလိုဆန္ဒပြတောင်းဆိုပွဲ လုပ်ရင်ဖမ်းမယ်ဆိုတာလူတိုင်းသိပါတယ်
ဘာလို့လုပ်တာလဲလို့ဆိုရင် အဖမ်းမခံရလို့ ကိုယ့်အိမ်မှာကိုယ်နေရင်လဲ ကြက်ခြံ ထဲမှာနေရတဲ့
အနေအထားပါဘဲ၊အခုလိုအဖမ်းခံရလို့ထောင်ကျတော့ ကြက်ခြင်းထဲရောက်သွားသလိုပေါ့
မဆိုသလောက်ကျဉ်းသွားတာလောက်ပါဘဲ ဆက်ပြီးတော့လုပ်သွားကြမှာ ဟုပြောပါတယ်။

Friday, December 26, 2008

အမျိုးယုတ်တွေလာနေပြီသတိထားပြီးရှာဖွေဖေါ်ထုတ်ကြပါ

အဓိပတိဘွား စနေသား to me show details 10:06 PM (18 hours ago) Reply
နအဖ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ စီမံကွပ်ကဲမှုအရ ရဲမှူးသန်းထွန်း ဦးစီးသည့် အောက်ဖော်ပြပါ အဖွဲ့ ၀င် (၂၀) ဦးဟာ ရန်ကုန်မှ မြ၀တီ၊ မြ၀တီမှ မဲဆောက်သို့ ဒီဇင်ဘာ (၁၉) ရက်နေ့တွင် ရောက်ရှိခဲ့သည်။ အဆိုပါအဖွဲ့၏ ဦးတည်ချက်များမှာ ပြည်တွင်းမှလာရောက်မည့် နယ်စပ်ဒေသရှိ အတိုက်အခံအဖွဲ့အစည်းများ တချို့က ဖွင့်လှစ်မည့် သင်တန်းပေါင်းစုံ တက်ရောက်မည့်သူများအား ထောက်လှမ်းရန်၊ ရရှိသည့် အချက်အ လက်များကို ပြည်တွင်းသို့
အချိန်မီသတင်းပို့ရန်၊ သင်တန်းဖွင့်လှစ်မည့် အဖွဲ့အစည်းများ ရုံး၊ နေရာ၊ သင်တန်း ကျင်းပသည့် နေရာအထိ ထိုးဖောက်သွားရေး စီမံဆောင်ရွက်ရန် ဖြစ်ပါသည်။
နောက်ဦးတည်ချက်မှာ နယ်စပ်ဒေသတွင် UG (Underground) လုပ်သူများ လျှို့ဝှက်စွာ ပြည်တွင်းသို့ ၀င် ရောက်မည့် အစီအစဉ်လမ်းကြောင်းနှင့် ရည်ရွယ်ချက်များကို ဖော်ထုတ် ထောက်လှမ်းသွားရန်၊ အတိုက်အခံ အဖွဲ့အစည်း ရုံးများတွင် ပြည်တွင်းက တရားမ၀င် လာရောက်လုပ်ကိုင်နေသူများ၏ လှုပ်ရှားမှုသတင်းများကိုပါ ဖော်ထုတ်သွားရန် စသည့် ဦးတည်ချက်များ ပါဝင်ကြောင်း သိရသည်။ ထိုးဖောက်ရေးအဖွဲ့၌ ပါဝင်သူများမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ သန်းထွန်း၂။ ဇော်မင်းထွန်း၃။ တင်ထွန်းအောင်၎။ ထွန်းထွန်းဝင်း၅။ စောကျော်ထွေး၆။ ညီမင်းသူ၇။ မောင်ထွေး၈။ အောင်ထွေး၉။ နေလင်း၁၀။ သူရအောင်၁၁။ ကျော်နိုင်၁၂။ စိုးစိုးထွေး၁၃။ မိုးပပအောင်၁၄။ မိအေးမာ၁၅။ ဆွေဆွေဝင်း၁၆။ သီသီအောင်၁၇။ မသန်းအေး၁၈။ နိုင်နိုင်ဇော်၁၉။ သက်မာ၂၀။ ဆင့်ဆင့်အေးတို့ ဖြစ်ကြသည်။
အဖွဲ့ခေါင်းဆောင် ရဲမှူးသန်းထွန်းဟာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတွင် တာဝန်ထမ်းဆောင်ခဲ့ သော တပ်မတော်အရာရှိတဦးဖြစ်ပြီး မှော်ဘီရဲတပ်ရင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ ရဲမှူးသန်းထွန်းဟာ ထူးချွန်သူတဦးဖြစ်ပြီး ဗိုလ်ချုပ်မြ၏ သားအငယ်ဆုံးကို စည်းရုံးနိုင်စွမ်းရှိခဲ့သူဖြစ်ကာ DKBA အဖွဲ့၏ ပံ့ပိုးမှုဖြင့် မြ၀တီမှ မဲဆောက်ကို ထိုးဖောက်နိုင်အောင် စီစဉ်နေသူဖြစ်သည်။ ရဲမှူးသန်းထွန်းနှင့်အဖွဲ့ကို လှုပ်ရှားနိုင်ရန် အောက်ပါအတိုင်း နေရာချ စီမံဆောင်ရွက်ခဲ့ပါသည်။
၁။ မယ်တော်ဆေးခန်းတွင် တာဝန်ချထားသူ (၅) ဦး၂။ စက်ရုံ အလုပ်ရုံများတွင် တာဝန်ချထားသူ (၃) ဦး၃။ မဲဆောက်မြို့ ပေါ်တွင် တာဝန်ချထားသူ (၇) ဦး၎။ မြ၀တီမြို့ တွင် အရေးပေါ် စစ်ဆင်ရေးအတွက် အရန်အင်အား (၅) ဦး
မယ်တော်ဆေးခန်း၊ စက်ရုံ အလုပ်ရုံနှင့် မဲဆောက်မြို့ ပေါ်တွင် တာဝန်ချထားသူ စုစုပေါင်း (၁၅) ဦးတို့ကို ထိုင်း လက်ကိုင်ဖုန်းများ ကိုယ်စီ ပေးထားပြီး မြ၀တီကို စဉ်ဆက်မပြတ် သတင်းပို့ဆက်သွယ်ရေးအတွက် အထူးမှာ ကြားထားခဲ့သည်ဟု သိရသည်။ သူတို့ကို မြ၀တီသို့ နေ့ချင်းပြန် မသွားခိုင်းဘဲ မဲဆောက်မြို့တ၀ိုက်တွင် အခြေ ပြုကာ လှည့်လည်လှုပ်ရှားခိုင်းပါသည်။ သူတို့ရဲ့  လုံခြုံရေးအတွက် နာမည်ဝှက်များကို အောက်ပါအတိုင်း အ သီးသီးပေးထားသည်။အဖွဲ့ခေါင်းဆောင် သန်းထွန်းအား (ဗိုက်ကြီး)၊ ထွန်းထွန်းဝင်းအား (ခေါင်းပြောင်)၊ ဇော်မင်းထွန်းအား (ဒီကေး)၊ တင်ထွန်းအောင်အား (ကုလားလေး) ၊ စောကျော်ထွေးအား (ကိုသွက်)၊ ညီမင်းသူ အား (မောင်ချွန်)၊ မောင် ထွေးအား (မယက)၊ အောင်ထွေးအား (ကိုရှုတ်)၊ နေလင်းအား (ဂျော်နီ)၊ သူရအောင်အား (သိန်းသိန်း)၊ ကျော် နိုင်အား (ကောက်ကောက်)၊ စိုးစိုးထွေးအား (ပေါက်စီ)၊ မိုးပပအောင် အား (ငကန်း)၊ မိအေးမာအား (မမွန်)၊ ဆွေဆွေဝင်းအား (ဒေါ်ကြီး)၊ သီသီအောင်အား (ဒေါက်တို)၊ မသန်းအေးအား (ဒွေးလေး)၊ နိုင်နိုင်ဇော်အား (မိ ဇော်)၊ သက်မာအား (ငကြောက်)၊ ဆင့်ဆင့်အေးအား (ဒေါ်အေး) ဟု အသီးသီး ဖုန်းထဲမှာ ခေါ်ပြောကြရန် မှာ ကြားထားသည်။
သူတို့ (၂၀) ဦးထဲမှာ ကရင်လူမျိုးများနဲ့ မွန်လူမျိုးများကို ထည့်ထားခြင်းကြောင့် နယ်စပ်ဒေသတွင်ရှိသော တိုင်း ရင်းသားလူမျိုးစုထဲအထိ ထိုးဖောက်ဝင်ရောက်မည် ဖြစ်ပြီး လိုအပ်ပါက ဘာသာစကားကန့်သတ်ချက်ကို ကျော် လွှား ထောက်လှမ်းနိုင်မည် ဖြစ်သည်။ စိုးရိမ်စရာကောင်းသည့်အချက်တခုက မိန်းကလေးအင်အားစုတ၀က် နီးပါး ပါဝင်နေ၍ အတိုက်အခံအဖွဲ့အစည်းများအနေဖြင့် လျှော့တွက်ပြီး မိမိ၏ အတွင်းစည်းထဲကို အ လွယ်တကူ ၀င်ခွင့်ပေးသွားမည့် အလားအလာ ဖြစ်နေသည်။
ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး မှာထားချက်က အခုလွှတ်ထားသည့် ထောက်လှမ်းရေးအဖွဲ့အား အ တိုက်အခံအဖွဲ့အစည်းများက ရိပ်မိသိရှိသွားခဲ့ပါက ချက်ချင်းပြန်လာခဲ့ရန် မှာကြားထားသည်ဟု သိရသည်။
ယခုအခါမှာ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး မရှိတော့သည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် SB (Special Branch) အထူးရဲတပ်ဖွဲ့ကို အမာခံထားကာ CID မှုခင်းတပ်ဖွဲ့နှင့် BSI အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်များကို ထုတ်နုတ်ပြီး အပတ်တကုတ် ကြိုးပမ်းဆောင်ရွက်နေရသည်။
ထောက်လှမ်းရေးများက ၎င်းတို့၏ အမာခံသတင်းပေးများနှင့် အချက်အလက်များကို ဖျက်ဆီးခဲ့ခြင်းကြောင့် စမ်းတ၀ါးဝါးဖြင့် မြေစမ်းခရမ်းပျိုးလုပ်နေရသည့် အနေအထားရှိပါသည်။ လက်ရှိလွှတ်လိုက်သည့် ထောက် လှမ်းရေးအဖွဲ့၏ အားထားရာ အမာခံသတင်းပေးမှာ DKBA ဖြစ်ပြီး DKBA တို့၏ မဲဆောက်မြို့အခြေစိုက် နေ ရာများကို အမှီပြုပြီး လှုပ်ရှားကြမည့်အနေအထားမျိုး ရှိပါသည်။
ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ထောက်လှမ်းရေးတပ်ဖွဲ့ကဲ့သို့ လျှို့ဝှက်စွာ လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ရန်ကုန် တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး၏ ပါဝါကို အသုံးပြုပြီး မြ၀တီမြို့အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ ကူညီပေးရေး ညွှန်ကြားတိုက်တွန်းထားသည်ကို တွေ့ရသည်။
မည်သို့ဆိုစေ အတိုက်အခံအဖွဲ့အစည်းများအနေဖြင့် မဲဆောက်တခွင်တွင် ဖထီးပဒိုမန်းရှာ လုပ်ကြံခံရမှုနှင့် မယ်ပတွင် (UG) ကိုရဲအား ပြန်ပေးဆွဲခံရမှုများကို သင်ခန်းစာယူပြီး လုံခြုံရေးအထူးသတိဖြင့် အတွင်းစည်းကို တင်းကျပ်ကာ အဆိုပါအဖွဲ့ဝင်များကို ဖော်ထုတ်ချေမှုန်းကြရန် စေတနာကောင်းဖြင့် တိုက်တွန်းရေးသားလိုက် ရပါသည်။

Friday, December 19, 2008

ငြိမ်းချမ်းစွာဆန္ဒပြသူတွေကိုပစ်ခတ် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ကျောင်းသားတွေကိုထောင်နှစ်ရှည်ချတဲ့နိုင်ငံ

ပစ်တိုင်းထောင်နိုင်ငံတဲ့ဗျို့

အယ်ဒီတာ့ထံပေးစာ (မဇ္ဖိမသတင်းဌာန)
ကြာသပတေးနေ့၊ ဒီဇင်ဘာလ 18 2008 16:19 - မြန်မာစံတော်ချိန်
ကမ္ဘာ့ငွေကြေး အကျပ်အတည်း ဖြစ်နေချိန် စစ်အစိုးရလက်အောက် ဖွံ့ဖြိုးတိုးတက်မှု တုံ့ဆိုင်းနေတဲ့ ကျနော်တို့ နိုင်ငံဟာ ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းရမယ့် နည်းလမ်း မရှိပါဘူး။ လှိုင်းထန်ထန်မှာ လှေပေါက်နဲ့ သွားနေရသလိုပါ။ ဒီလို အခြေအနေမျိုးမှာ ကြေးမုံဆောင်းပါးရှင် ကျော်ရဲမင်းရဲ့ "ပစ်တိုင်းထောင်နိုင်ငံ၊ ပစ်တိုင်းထောင်လူမျိုးမို့ အပြုံးပျက်ဖို့ မလိုပေါင်" ဆောင်းပါးကို ဖတ်ပြီး မပြုံးဘဲ ၀ါးလုံးကွဲသာ ရယ်(ရီ) လိုက်ချင်ပါရဲ့ဗျာ။ ကမ္ဘာ့အကျပ်အတည်းက အဆိုးဆုံးကို ကျော်ဖြတ်နေချိန်မှာ မြန်မာ့စီးပွားရေး ပျက်ကပ်ကလည်း ထပ်ချပ်မကွာ လိုက်နေတာပါ။ ဒါကို မြန်မာပြည်သူတွေ မျက်မြင်ကိုယ်တွေ့ပါပဲ။ စစ်အစိုးရက ဘတ်ဂျက် မကျအောင် စက်သုံးဆီ ဈေးနှုန်း မချ၊ စားအုံးဆီ ဈေးနှုန်းကို မေ့သယောင်ယောင်လုပ်၊ ရန်ကုန်ကို မီးဖြတ်ပြီး ဂက်စ်တွေ ပိုထုတ်ရောင်း၊ နာဂစ်ကယ်ဆယ်ရေးကို UN နဲ့ လူမှုအဖွဲ့အစည်းတွေကိုပဲ အားကိုး၊ ကိုယ်တိုင်ကျ ကယ်ဆယ်ရေးတွေ ရပ်၊ စစ်အစိုးရနဲ့ အလွမ်းသင့်သူတွေပဲ လုပ်ကိုင်ခွင့်ပေးထားတဲ့ ဆန်ပို့ကုန်တွေ၊ သစ်ပို့ကုန်တွေကို သူတို့တွေ ရောင်းမရတော့မှ လွတ်လပ်ခွင့် ပေးသလိုလိုနဲ့ လွတ်လပ်စွာ တင်ပို့ခွင့်ရပြီလို့ ကြေညာတာပါဗျာ။ ဘယ်လိုပဲ ဖန်တီးပါစေ၊ မြန်မာ့စီးပွားရေးက လှုပ်ခါရမ်းနေရာက ဖုတ်ကနဲ ပြုတ်ကျလာတာ ပြည်သူတွေ အသိပါ။ ဒီအခြေအနေမှာ နေပြည်တော်က ''ဟင်းရွက်၊ ကန်ဇွန်းရွက်ဈေး မတက်ဘူး။ ဈေးကျလို့ ငါတို့တော့ ဘာမှ မဖြစ်ဘူးဟေ့'' လို့ လှမ့်အော်နေတာ လူမိုက်နဲ့ ပညာနဲပါးတဲ့ အတွေးအခေါ်မှန်း လူတိုင်း သိပါ့။ ဈေးကျပြီဆိုလို့ အရှုံးကြီးရှုံးပြီး ဆက်မစိုက်နိုင်တဲ့ တောင်သူတွေအတွက် တွေးမပူဘူးလား။ တောင်သူငတ်တော့ စိုက်ပျိုးရေး အဓိကထားတဲ့ ရွှေနိုင်ငံကြီးကော ဘာဖြစ်သွားမလဲ။ အခုဆိုရင် ပဲလုပ်ငန်းကတင် ဒေါ်လာ သန်း ရာချီပြီး အရှုပ်အရှင်းတွေ ဖြစ်နေတယ်။ ပဲဈေးက မဖြစ်စဖူး၊ တတန်ကို ၆၀ ရာခိုင်နှုံးအထိ ဈေးကျနေပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆိုတာကလဲ အံ့သြဖွယ်ရာပါပဲ။ ၁၂၀ ကျပ်ကနေ ၂၄၀ ကြားမှာပဲ ပေါက်ဈေးရှိလို့ စိုက်ပျိုးသူတွေ ပြန်မစိုက်နိုင်ပါဘူး။ ဆောက်လုပ်ရေးတွေ ရပ်နေပါတယ်။ ကုန်သွယ်မှုမရှိတော့ဘဲ ကမ္ဘာနဲ့ မြန်မာ ကူးလူးဆက်ဆံရေး နှေးသွားလို့ ဒေါ်လာဈေးက ကျပ် ၁၁၀၀ စွန်းစွန်းအထိ ကျလာပါပြီ။ ကား၊ ဆိုင်ကယ် အရောင်းအ၀ယ်က တနေ့မှာ တစီးမှ ရှိသေးရဲ့လား မသိ။ ခရီးသွားလုပ်ငန်းဆို ၇၀ ရာခိုင်နှုံးလောက်ကျပြီး ရပ်ဆိုင်းလုပါပဲ။ ကျောက်မျက်ဈေးကွက်က ပျက်နေတယ်။ လျှပ်စစ်ကုန်ပစ္စည်းတွေ ဈေးခေါက်ချိုးကျပြီး ရပ်နေပါတယ်။ ဒီလိုအခြေအနေမှာ သတင်းစာထဲက လျှပ်စစ်မီး လင်းပြ၊ စီးပွားရေး ကောင်းပြ လုပ်နေတာ အကျိုးမရှိပါ။ အာဆီယံ နိုင်ငံတွေနဲ့ ဆွေးနွေး၊ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ လုပ်ထုံးလုပ်နည်းတွေ မျက်ခြေမပြတ်လုပ်၊ ပြည်သူကို သတိဝိရိယနဲ့ နေဖို့၊ စီးပွားပျက်ကပ်မှာ နေနည်းထိုင်နည်းတွေကို သင်ပေးဖို့ လိုနေပါပြီဗျို့။
ကိုစိုးရန်ကုန်

ကြေးမှုံသတင်းစာဆောင်းပါးရှင်(ကျော်ဖါးမင်း)ကျော်ရဲမင်း သို့
ခင်ဗျားပြောတဲ့ ပစ်တိုင်းထောင် နိုင်ငံဆိုတာ........
ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ပစ် ခတ် တိုင်း ရင်းသားခေါင်းဆောင်တွေနဲ့
တက်ကြွစွာနိုင်ငံရေးလှုပ်ရှားသူများ၊ကျောင်းသားခေါင်းဆောင်များကိုထောင် နှစ်ရှည်ချတဲ့နိုင်ငံကို
ပစ်တိုင်းထောင်နိုင်ငံ(မြန်မာနိုင်ငံ)ဟုခေါ်သည် လို့ဆိုလိုတာထင်ပါရဲ့။

Wednesday, December 17, 2008

နောက်တခါနာဂစ်လာမှပေါင်းပြီးခွဲပေးမှာလားမသိဘူး

ကျေးရွာဥက္ကဋ္ဌ အလွဲသုံးစားလုပ်မှုကို သက်ဆိုင်ရာက အရေးယူခြင်းမရှိသေး

နာဂစ်မုန်တိုင်းဒဏ်ခံရသည့် လယ်သမားများအတွက် စစ်အစိုးရကပေးသည့် လယ်ထွန်စက်များကို ကျေးရွာ(ရယက)ဥက္ကဋ္ဌက ကိုယ်ကျိုးအတွက် ရောင်းစားလိုက်သည်ကို သက်ဆိုင်ရာ အထက်အာဏာပိုင်များထံသို့ တိုင်တန်းခဲ့သော်လည်း ယခုအချိန်ထိ သက်ဆိုင်ရာက အရေးယူခြင်းမရှိသေးသဖြင့် ရွာသားများ မကျေမနပ်ဖြစ်နေကြသည်။ ဘိုကလေးမြို့နယ်၊ သစ်တိုချောင်း ကံစုဒိုင်နယ်မှ ရယကဥက္ကဋ္ဌ ဦသန်းထွန်းက မုန်တိုင်းဒဏ်ခံခဲ့ရသည့် လယ်သမားများအတွက် ထုတ်ပေးသည့် ဒေါင်းဖန်းလက်တွန်းစက် တလုံးကို ရောင်းချလိုက်ပြီး ကျန်စက်နှစ်လုံးကို ယောက္ခမဖြစ်သူ နေအိမ်တွင် သိမ်းဆည်းထားသည့်ကိစ္စကို နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနအထိ တိုင်ခဲ့သော်လည်း အရေးယူခြင်း မရှိသေးကြောင်း ဒေသခံရွာသားတဦးက ပြောသည်။“အရင်ဆုံး မယကဥက္ကဋ္ဌကိုတိုင်တဲ့ဟာ သူတို့က မေးမြန်းတာတောင် မရှိဘူး၊ အဲဒီကိစ္စကို ကွပ်ကဲရေးရုံးကို သွားမေးတော့ မြို့နယ်ဒုဦးစီမှူး လှမင်းသူက တခါလာလည်း နေပြည်တော်ဝန်ကြီးဌာန၊ တခါလာလည်း နေပြည်တော်ဝန်ကြီးဌာန ဘာဝန်ကြီးလဲ၊ ဘာလား ညာလားနဲ့ ဆဲတာတွေတောင် ပါတယ်”ဟု ၎င်းက ပြောသည်။ထိုကဲ့သို့ မြို့နယ်အာဏာပိုင်များ ပြောဆိုခဲ့မှုကို မကျေနပ်သဖြင့် သစ်တိုချောင်းဒိုင်နယ်၊ ကုလားချောင်းရွာသားတဦးက နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနသို့ မှတ်ပုံတင်နံပါတ်နှင့်တကွ ထပ်မံ တိုင်တန်းခဲ့ပြီး နောက်တကြိမ် တယ်လီဖုန်းဖြင့် မေမြန်းခဲ့ရာ နေပြည်တော် ပြည်ထဲရေးဝန်းကြီးဌာန ရုံးအဖွဲ့မှူး ဗိုလ်မှူးကြီး မောင်ကြည်က သက်ဆိုင်ရာ မြို့နယ်ဥက္ကဋ္ဌကို ပြန်လည်ညွှန်ကြားထားသည်ဟုသာ ပြန်လည်ပြောဆိုသည်။“ရယကဥက္ကဋ္ဌ ဦးသန်းထွန်းက ထွန်စက်ကို ရောင်းတာက (၉) လပိုင်း (၂၄) ရက်နေ့က ရောင်းတာ၊ စာချုပ်နဲ့ ရောင်းလိုက်တာ၊ စာချုပ်ထဲမှာ (၁၀) သိန်းကို လက်ငင်းပေးပြီး ကျန်တဲ့ (၅) သိန်းကို နွေစပါးပေါ်မှ ပေးရမယ်ဖြစ်ကြောင်းကိုပါ ထည့်ရေးထားတာ၊ တကယ်တမ်း စပါးစိုက်နေကြတဲ့ ရွာသားတွေက မကျေနပ်ဘူး၊ အဲဒါကို ခြံလုပ်ငန်းလုပ်တဲ့ ရွာသားက သွားတိုင်ပေးတာ”ဟု ရွာသားက ဆက်ပြောသည်။နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည့် တောင်သူလယ်သမားများအတွက် ပေးသည့် လယ်ယာသုံးစက်ပစ္စည်းများ၊ မျိုးစပါးများ၊ ကျွဲနွားများ အစရှိသည်တို့ကို သက်ဆိုင်ရာ အာဏာပိုင်များက အဆင့်ဆင့် ကိုယ်ကျိုးရှာ အလွဲသုံးစားပြုလုပ်နေသဖြင့် တောင်သူလယ်သမားများမှာ အခက်အခဲမျိုးစုံဖြင့် ကြုံတွေ့နေရသည်။ယင်းကဲ့သို့ အာဏာပိုင်များ၏ အကျင့်ပျက်ခြစားမှုများကို သက်ဆိုင်ရာ အထက်အာဏာပိုင်များထံသို့ တိုင်တန်းသော်လည်း ထိထိရောက်ရောက် ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက်ကြောင့် ဒေသခံပြည်သူများမှာ ဘက်ပေါင်းစုံမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားနေကြရသည်။

ရိုးမ၃သတင်းမှဖေါ်ပြပါသည်

Friday, December 12, 2008

အမိမြေအလုပ်အကျွေးပြုသူဆုနှင့်အမိမြေအကျိုးဖျက်ဆီးသူများဆုများချီးမြှင့်

ဒေါက်တာ စင်သီယာမောင် နေရှင်းဆုရရှိ

ဇာနည်
သောကြာနေ့၊ ဒီဇင်ဘာလ 12 2008 18:55 - မြန်မာစံတော်ချိန် ချင်းမိုင်။ ။
ထိုင်းဘုရင့်သက်တော် ၈၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နေးရှင်းမီဒီယာအဖွဲ့က ချီးမြှင့်သည့် အမိမြေကို အလုပ်အကျွေးပြုသူများဆုကို ထိုင်းမြန်မာနယ်စပ် မယ်တော်ဆေးခန်းမှ ဒေါက်တာ စင်သီယာမောင်က ယမန်နေ့တွင် ရရှိလိုက်သည်။ထိုင်း၏ နေ့စဉ်သတင်းစာကြီးဖြစ်သော နေးရှင်းကို ထုတ်လုပ်သည့် နေးရှင်းမီဒီယာအဖွဲ့၏ နိုင်ငံအကျိုးပြုသူများဆု - The Country's Favours Awards ချီးမြှင့်ရေး အစီအစဉ်တွင် ထိုင်းနိုင်ငံ ခရိုင် ၇၆ ခရိုင်မှ ထူးချွန်သူ တဦးစီကို ရွေးချယ်ခဲ့ရာ တက်ခ်ခရိုင် Tak အတွက် ဒေါက်တာ စင်သီယာမောင်မှ ရရှိခြင်းဖြစ်သည်။"အခုလို ဆုကို လူမှုအဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ ကျမ ရလိုက်တော့ ထိုင်းလူမျိုးတွေအနေနဲ့ မြန်မာပြည်ရဲ့ အခက်အခဲ၊ အကျပ်အတည်းတွေ၊ နောက် မြန်မာပြည်သားတွေရဲ့ သူတို့နိုင်ငံအပေါ်မှာ တာဝန်ယူ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို ပိုမို သိမြင်လာမယ်ဆိုရင် လက်ရှိ ဆောင်ရွက်နေတဲ့ ပညာရေး ကျန်းမာရေး လူမှုရေးတွေမှာ ထိုင်းနဲ့ ကျမတို့ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ထိုင်း ပြည်သူလူထုနဲ့ ပူးပေါင်း ဆောင်ရွက်လာမှုတွေဟာ ပိုပြီးတော့ အားကောင်းလာမယ်လို့ ယုံကြည်ပါတယ်" ဟု ဒေါက်တာ စင်သီယာမောင်က မဇ္ဈိမကို ပြောပြသည်။ဆုရရှိသူများကို ယမန်နေ့ညက ဘန်ကောက်မြို့ King Power Complex ရှိ Aksra Theatre တွင် ဆုအထိမ်းအမှတ် တံဆိပ်နှင့် ဆုကြေးငွေအဖြစ် ဘတ်နှစ်သောင်းခွဲတို့ကို အခမ်းအနားဖြင့် ချီးမြှင့်ခဲ့သည်။အဆိုပါဆုအတွက် ထိုင်းနိုင်ငံသား မဟုတ်သော်လည်း ထိုင်းနိုင်ငံတွင် အနည်းဆုံး ၅ နှစ် အနည်းဆုံးနေထိုင်ပြီး ထိုင်းနိုင်ငံကို အကျိုးပြုသူများကို ထိုင်းမီဒီယာများမှ ခရိုင်အလိုက် ဆုရွေးချယ်ရေးအဖွဲ့ကို ဆန္ဒပြုတင်ပြပြီးမှ ရွေးချယ်သည်။ထိုင်းနိုင်ငံရှိ ခရိုင် ၇၆ ခုမှ ဆုရွေးချယ်ရေး အဖွဲ့သို့ အဆိုပြုသူ ၈၀၀ ကျော် ရှိပြီး ခရိုင်တခုမှ တဦးကျစီ ရွေးချယ်ခဲ့ရာ တက်ခ်ခရိုင်တွင်းမှ အဆိုပြုခံရသူ ၈ ဦးအနက် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေး လုပ်ငန်းများကို လုပ်ဆောင်နေသော ဒေါက်တာ စင်သီယာမောင်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ဒေါက်တာ စင်သီယာမောင်က "ထိုင်းဘုရင်ရဲ့ မိန့်ခွန်းပေါ့နော်၊ သူတို့နိုင်ငံမှာ နေထိုင်တဲ့သူတွေက ဘယ်သူမဆို တဦးချင်းစီ အနေနဲ့ပဲဖြစ်ဖြစ်၊ အစုအဖွဲ့နဲ့ပဲဖြစ်ဖြစ် နိုင်ငံ့ကောင်းကျိုးအတွက် တစုံတရာကို လုပ်နိုင်တဲ့ အင်အားတွေ ရှိတဲ့သူတွေက ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကောင်းကျိုးလုပ်ဖို့ဆိုတဲ့ မိန့်ခွန်းကို ခဏခဏ ပြောတယ်။ နေးရှင်းအဖွဲ့ကလည်း ထိုင်းဘုရင်ကို ဂုဏ်ပြုတာလဲ ပါတယ်။ နောက်ပြီးတော့ သူတို့ မီဒီယာ အနေနဲ့လည်း ဒေသဆိုင်ရာ လုပ်ငန်းတွေမှာပေါ့နော် အများ မသိဘဲလည်း လုပ်နေတဲ့သူတွေ ရှိတာတွေကို ရှာဖွေ ဖော်ထုတ်ပြီးတော့ ဂုဏ်ပြု ချီးမြှင့်ချင်တာလဲ ပါတယ်" ဟု ပြောပြသည်။၁၉၈၉ ခုနှစ်မှ စ၍ မယ်တော်ဆေးခန်းကို ဖွင့်လှစ်ပြီး ချို့တဲ့သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်နေသော ဒေါက်တာ စင်သီယာမောင်အနေဖြင့် နိုင်ငံတကာမှ ချီးမြှင့်သော ဆုများကို ရရှိခဲ့ပြီး ထိုင်းနိုင်ငံမှ ချီးမြှင့်သောဆုကို ရရှိခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။သူသည် ပြီးခဲ့သည့် နိုင်ဝင်ဘာလအတွင်းကလည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပူးတွဲ၍လည်း စပိန်နိုင်ငံ ကတ်တလိုးနီးယားပြည်နယ် အစိုးရမှ ချီးမြှင့်သော ကတ်တလိုးနီးယား အပြည်ပြည်ဆိုင်ရာ ဆု (Catalonia International Prize) ကို ရရှိခဲ့သေးသည်။ ၁၉၈၈ ခုနှစ် လူထုအရေးပုံကာလကဖြစ်ချိန် ဆေးပညာဘွဲ့ရခါစ ဒေါက်တာစင်သီယာမောင်သည် သူ့ဆေးခန်းလေး ဖွင့်ထားသော ကရင်ရွာငယ်တခုမှ ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးလာပြီး နယ်စပ်ရှိ ဟွေးကလုတ် ဒုက္ခသည်စခန်းတွင် နေခဲ့သည်။ ထိုမှတဆင့် နိုင်ငံခြားမှ ကယ်ဆယ်ရေး လုပ်သားများနှင့် ကေအန်ယူမှ ကရင်ခေါင်းဆောင်များ၏ ပံ့ပိုးမှုဖြင့် ဆေးခန်းတခုကို ဖွင့်လှစ်ခဲ့ပြီး ဒုက္ခသည်စခန်းမှ နာမကျန်းသူများ၊ ဒဏ်ရာ ရရှိသူများကို ပြုစုစောင့်ရှောက်လာခဲ့သည်။


ပျိုးခင်း(လူငယ်)အဖွဲ့၏၂၀၀၉ အတွက် တိုင်းဖျက်ပြည်ဖျက်သူများဆုကို
နအဖ စစ်အုပ်စုအားချီးမြှင့်

ပျိုးခင်း(လူငယ်)အဖွဲ့ကချီးမြှင့်သည့်တိုင်းဖျက်ပြည်ဖျက်သူများဆုကို၂၀၀၉ခုနှစ်အတွက်
စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသောနအဖစစ်အုပ်စုအားချီမြှင့်ရန်ရွေးချယ်လိုက်ကြောင်းယနေ့
ထုတ်ပြန်ကြေငြာခဲ့သည်။
ထိုဆုချီးမြှင့်မှုမှာ ငွေသား တစ်ဦးလျှင် တမတ် ၊ နှင့် အရွယ်ရောက်သူ မြန်မာနိုင်ငံသားသန်းပေါင်း
(၄၀)မှ တစ်ဦးလျှင်စက်ဘီးကုန်းသီး(၃)လုံးကိုမိမိတို့နှစ်သက်ရာလောက်လေးခွကိုအသုံးပြုပြီးပစ်ခတ်
ချီးမြှင့်ရမည်ဖြစ်သည့်အပြင်၊ အောင်ဆန်းအားကစားကွင်း/ကျိုက္ကဆံ အားကစားကွင်းများတွင်
ရက်ပေါင်း(၁၀၀)ကားစင်တင်ပြီးအများပြည်သူစံနမူထားကြည့်ရှုခြင်းတို့ဖြစ်ကြောင်းသိရှိရသည်။

Wednesday, December 10, 2008

တစ်ပတ်အတွင်း သတင်းအစီအစဉ်



တစ်ပါတ်အတွင်း သတင်း အခြေအနေများကို တင်ပြသွားမှာဖြစ်ပါတယ်။

(၁) ရန်ကုန်မြို့ ရွှေဘုံသာလမ်းတွင် ယမန်နေ့ညနေက ပေါက်ကွဲအား အသင့်အတင့်ရှိသော ချိန်ကိုက်ဗုန်းပေါက်ကွဲခဲ့ရာ အနီးတ၀ိုက်တွင် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မှ မတွေ့ရှိခဲ့ပေ။ (စက်ကွင်းမလွတ်သူ အားလုံး တစစီလွင့်စင်ကာ ပွဲချင်းပြီး သေဆုံးသွားခြင်းကြောင့် ဖြစ်၏) အနီးတ၀ိုက်တွင် သွေးသံရဲရဲဖြင့် ပေါင်တစ်ဖက်ပြတ်နေသည်ဟု ယူဆပြီး ထောက်လှမ်းရေးမှ အပူတပြင်း စစ်ဆေးလေ့လာကြည့်ရာ တိုကျိုဖရိုင်းချစ်ကန်းမှ အချဉ်တို့ထားသော ကြက်ပေါင်တစ်ချောင်း ဖြစ်ကြောင်း သိရှိရသည်။ ထိုကြက်ပေါင်အား အတင်းရေးမှူးတစ်မှ မိန်းမစားရန်အလို့ငှာ အိမ်သူပိုင် သိမ်းဆည်းသွားကြောင်း သတင်းရရှိပါသည်။

(၂) သဘာငတိနှင့် အဖွဲ့သည် မနေ့ည၁၀ နာရီခန့်က ပိုင်အိုးနီးယားကလပ်အတွင်း မော်ဒန်မလေးများ လှုပ်ရှား ကခုန်နေမှု အခြေအနေများကို အငမ်းမရ သွားရောက်ကြည့်ရှူကာ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို မှာစားခဲ့သည်။

(၃) လွန်ခဲ့သော သောကြာနေ့က မိုးအပြင်းအထန်ရွာသွန်း၍ ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း ပလက်ဖောင်းနံဘေးတွင် ခြေသလုံးခန့်ထိ ရေများလျှံတက်လျှက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မီးပွိုင့်ထောင့်တွင် ပလက်ဖောင်း ဟိုဘက်ဒီဘက်ကို ဆက်သွယ်သော နှစ်ပေခန့်မြင့်သည့် မြောင်းကူးတံတား ဖောက်လုပ်သွားမည်ဟု သိရှိရသည်။ ခန့်မှန်းကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၃၂ သန်းခန့်ဖြစ်ပြီး ရူးပေါဂိုဏ်းရန်ပုံငွေမှ အသုံးပြုကျခံသွားမည်ဖြစ်သည်။

(၄) အတင်းရေမှူးတစ် ဗိုလ်ချုပ်ဗီလိန်သည် အစိုးရယဉ်မသုံးရနေ့ ဖြစ်သော လွန်ခဲ့သောသောကြာနေ့က ယဉ်များကိုစစ်ဆေးရန် ရန်ကုန်မြို့တွင်း ရဟတ်ယဉ်ဖြင့် လှည့်လည်ကြည့်ရှူခဲ့သည်။



(၅) အမေရိကန်နိုင်ငံ လေ့လာတွေ့ရှိချက်စစ်တမ်းများအရ မြန်မာနိုင်ငံရှိ စီအန်ဂျီကားများသည် လောင်စာဆီ စားရိတ် သက်သာသော်လည်း အသုဘစားရိတ်ပိုမိုများပြားနိုင်သည်ဟု သိရှိရသည်။



(၆) လွန်ခဲ့သော လက မြန်မာနိုင်ငံမှ ရှေးဟောင်းသုတေသနအဖွဲ့များ ရှာဖွေတွေ့ရှိခဲ့သည့် ပုဂံခေတ်က အ၀တ်အထည်ဟု ယူဆရသော အ၀တ်ထည်ကို ရှေးဟောင်းပြတိုက်တွင် ထည့်သွင်းပြသထားခဲ့သည်။ ယမန်နေ့က သဘာပတိသည် သူ၏ ဇနီးသည်ပျောက်သွားသော အတွင်းခံဖြစ်သည်ဟု ဆိုကာ ၄င်းအ၀တ်ထည်ကို ပြတိုက်မှ ပြန်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါသည်။



(၇) ရူးပေါဂိုဏ်းမှ ငှက်ကထကြီးသည် အမေရိကန်နိုင်ငံလွတ်လပ်ရေးနေ့အတွက် ၀မ်းမြောက်ကြောင်းသ၀န်လွှာကို တရုတ်ပြည်ရှိ ငလျင်ဒဏ်ခံရသူပြည်သူများအတွက် ၀မ်းနည်းကြောင်းသ၀န်လွှာနှင့် မှားယွင့်ပေါ့ဆောင်မိသဖြင့် နှစ်နိုင်ငံအကြား အချေအတင် အငြင်းပွားလျှက်ရှိ၏။



(၈) ရူးပေါဂိုဏ်း ပညာရေးဝန်ကြီးမ ဇင်ဇင်သည် မူလတန်းသင်ရိုးညွှန်းတမ်းများတွင် ကျောင်းသူကျောင်းသားများ ပေါချာရေးအတွက် အပေါတကာ့အပေါဆုံး သင်ခန်းစာများ ထည့်သွင်းသွားမည်ဟုသိရသည်။ အင်္ဂလိပ်စာ ပိုမိုတတ်မြောက်စေရေး အတွက်လည်း အင်္ဂလိပ်စာများကို မြန်မာစာများဖြင့်ညပ်၍ သင်ကြားသွားမည်ဟုသိရသည် ။ ဥပမာအားဖြင့်… မမ Fat Fat ထထ Dance ၊ အကမှာ First ၊ Dance ပါ Dance ပါ မမရာ ၊ ညည Moon သာသာ၊ Night အခါ ငါစာရ၊ မမ Fat Fat ထထ Dance…. အစရှိသော ကဗျာများကိုလည်း ထည့်သွင်းသွားမည်ဟုသိရှိရသည်။



(၉) လွန်ခဲ့သောရက်ပိုင်းအတွင်း စက်မှု(၁)၀န်ကြီးဌာနမှ ဆိုလာအင်နာဂျီသုံး မီးသီး၊ မီးချောင်းနှင့် ဓာတ်မီးများ စမ်းသပ်တီထွင် ထုတ်လုပ်ခဲ့သည်။ အဆိုပါ ထုတ်ကုန်များသည် ဆိုလာအင်နာဂျီကို ကြာရှည် သိုလှောင်ထားနိုင်စွမ်း မရှိသော်လည်း နေရောင်ခြည် တိုက်ရိုက်ကျရောက်နိုင်သောနေရာများတွင် ဘက်ထရီမလိုပဲ အလင်းရောင် ထုတ်လုပ်နိုင်သည်ဟု သိရသည်။



(၁၀) ရူးပေါဂိုဏ်းမှ ငှက္ကထသည် စက်မှု(၂)မှ အသစ်တီထွင်ထုတ်လုပ်သော MWE 2345 အမျိုးအစား ပိတ်ဖောက်ဇာဖြင့် ပြုလုပ်သည့် ကျည်ကာအင်္ကျီအား စမ်းသပ်ရန်အလို့ငှာ ကိုယ်တိုင်ဝတ်ဆင်၍ ခြောက်လုံးပြူးဖြင့် ပစ်ခတ်ကြည့်ရာမှ သေလုမျောပါး ဒဏ်ရာရရှိခဲ့သည်။



(၁၁) ကျန်းမာရေးဝန်ကြီး၏ အကြံပြုချက်အရ ရေနံဆီ တကိုယ်လုံး သုတ်လိမ်းထားခြင်းဖြင့် ခြင်ကိုက်ခံရမှုကိုကာကွယ်နိုင်ဟု သိရှိရသည်။ ထို့အပြင် ကလေးသူငယ်များ ဗိုက်မ၀မည်ဆိုးသောကြောင့် ယင်နားစာများ မ၀ယ်စားရန်လည်းသတိပေးခဲ့သည်။



(၁၂) ယမန်နှစ်က ကာကွယ်ရေးဝန်ကြီးဌာနမှ ၀ယ်ယူခဲ့သော MZA 123454321 အမျိုးအစား နောက်ဆုံးပေါ် တိုက်လေယဉ်သည် လောက်စာလုံးမှန်ပြီး လယ်ကွင်းထဲသို့ပျက်ကျခဲ့ရာ လယ်ကွင်းနှင့် မိုင် ၉၀ အကွာတွင် နွားကျောင်းနေသူအား တရားခံဟု ယူဆကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။



(၁၃) ထောက်လှမ်းရေးချုပ်ကြီးသည် လွန်ခဲ့သော ၄လက ကျင်းပသော လေးလပတ် အစည်းအဝေးသို့တက်ရောက်ရန် နေပြည်တော်သို့ ယနေ့နံနက်ခင်း ၁၀ နာရီတွင် ရောက်ရှိခဲ့သည်။ အိမ်အတွက်လိုအပ်သည်များကို မှာကြားပြီး နေ့လည် ၁၂နာရီတွင် ရဟတ်ယာဉ်ဖြင့် ဂေလမ်းသို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိပါသည်။



(၁၄) မွေးမြူရေးဝန်ကြီး၏စီမံချက်အရ မွေးမြူထားသော ငါးသားပေါက်များအနက် ၉၀% နှုန်းမှာ ရေနစ်သေဆုံးလျှက်ရှိသည်။ ထိုငါးသားပေါက်များ အလဟဿမဖြစ်စေရန် မွေးမြူရေးဝန်ကြီးမှ မုန့်ဟင်းခါးချက်စားခဲ့သည်ဟု သိရှိရသည်။



(၁၅) လွန်ခဲ့သော ကြာသာပတေးနေ့တွင်ကျရောက်သော ရူးပေါဂိုဏ်း သဘာငတိကြီး၏ ဇနီးထံသို့ အမေရိကန်သမ္မတလောင်း အိုဘားမား က အောက်ပါ မွေးနေ့ဆုတောင်းလွှာကိုပေးအပ်ခဲ့၏ ။

~~Deer sweet hart,
Happy badday!!!!!! Witch.. u could unjoin with ur new chit chit on ur badday.
Ur fakefully,Mr O (pronounce as O, not zero)~~


တစ်ပါတ်အတွင်းသတင်းအစီအစဉ် ဒီတင်ပြီးဆုံးပါပြီ ။
ပုံ/ ပျံကြားရေးဝန်ကြီး ချမ်းရဲ

ကိုဟန်သစ်ငြိမ်း ဘလော့ခ်မှ ကူးယူဖော်ပြပါသည်။

Monday, December 8, 2008

နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဘို့တောင်းဆို

မြန်မာနိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ဆောင်ရွက်ရန်ဘန်ကီမွန်းကို အာရှ လွှတ်တော်အမတ်များတောင်းဆိုNEJ/ ၈ ဒီဇင်ဘာ ၂၀၀၈


မြန်မာစစ်အစိုးရက ၎င်းတို့ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားအားလုံးကို ယခုလအကုန်တွင်
လွှတ်ပေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း
အာရှ (၈) နိုင်ငံမှ လွှတ်တော်အမတ် (၂၄၁) ဦးက ပထမဆုံးအကြိမ် လက်မှတ်ထိုးတောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံရေးနှင့် လူ့အခွင့်အရေး အခြေအနေများ တိုးတက်မှုမရှိခြင်းအပေါ် စိုးရိမ်သည့်
တောင်ကိုရီးယား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဂျပန်၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် အင်ဒိုနီးရှားတို့မှ လွှတ်တော်အမတ် အများက စုပေါင်းတောင်းဆိုခြင်းဖြစ်သည်။
နိုင်ငံ (၅၀) မှ ခေါင်းဆောင်ဟောင်း (၁၁၂) ဦးက မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသား (၂,၁၀၀) ဦးကျော်ကို လွှတ်ပေးရန် အလားတူ တောင်းဆိုစာမျိုးရေးသားပေးပို့ပြီး မကြာမီ ယခုစာထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
လက်မှတ်ထိုးတောင်းဆိုစာကို ဦးဆောင်ပြုလုပ်သူ မြန်မာ့အရေးဆောင်ရွက်နေသည့် အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (AIPMC) ဥက္ကဋ္ဌ ခရိုင်ဆတ် ချွန်ဟာဗန်က “ မစ္စတာ ဘန်ကီမွန်းအနေနဲ့ မြန်မာနိုင်ငံသွားပြီး စစ်အစိုးရနဲ့ အလေးအနက် စကားပြောဖို့ အလွန်အရေးကြီးပါတယ်။ ဒါမှလည်း အာရှနဲ့ ကမ္ဘာတလွှားက ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး တောင်းဆိုနေတာကို စစ်ခေါင်းဆောင်တွေ လေးစားလာမှာဖြစ်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးသည် သိသာသည့် ရှေ့ခြေတလှမ်း ဖြစ်နိုင်သကဲ့သို့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး စတင်နိုင်ရန် ထင်ရှားခိုင်မာသည့် ခြေလှမ်းလည်းဖြစ်သည်။ သို့သော် အကျဉ်းသားအရေအတွက် အနည်းငယ်မျှ လွှတ်ပေးခြင်းသည် အာဏာတည်မြဲရေးအတွက် ဆယ်စုနှစ်နှင့်ချီပြီး စစ်အစိုးရ ကျင့်သုံးခဲ့သည့် နည်းလမ်းဟောင်းကို ဆက်ပြီးကျင့်သုံးနေသည့်သဘော သက်ရောက်မှာဖြစ်သည်ဟု အာရှ (၈) နိုင်ငံမှ လွှတ်တော်အမတ်များ စာတွင် ဖော်ပြထားသည်။
တောင်းဆိုစာ၏ နိဂုံးပိုင်းတွင် မြန်မာပြည်သူများ၏ ဒုက္ခခံစားရမှုများသည် ဆယ်စုနှစ်များစွာကြာပြီဖြစ်သည်။ မြန်မာပြည်သူများ ငြိမ်းချမ်းစွာနှင့် ခိုင်မြဲသည့် နိုင်ငံရေးဖြေရှင်းမှု ရစေရန်အတွက် မိမိတို့လုပ်နိုင်သမျှ ကူညီသွားရန် ကိုယ်ကျင့်တရားအရ တာဝန်ရှိသည်ဟု ကျွန်ုပ်တို့ ခံယူသည် စသဖြင့် ရေးထားသည်။
သို့သော် လူသားချင်းစာနာသည့် အကူအညီများပေးအပ်ရေး ကိစ္စနှင့် နိုင်ငံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးရေး မြန်မာနိုင်ငံသို့ လတ်တလော ထပ်မံသွားရောက်ရန် အစီအစဉ်မရှိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယခုလ (၅) ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ သတင်းထောက်များအား ပြောသည်။
မစ္စတာဘန်ကီမွန်းက “မြန်မာနိုင်ငံကို သွားဖို့ ကျနော်အဆင်သင့်ရှိတယ်ဆိုတာ အကြိမ်ကြိမ်ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် သင့်တော်တဲ့ အချိန်ဖြစ်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း ထပ်ပြီးပြောချင်ပါတယ်။ လတ်တလောအခြေအနေတွေအရ ကျနော် မြန်မာနိုင်ငံကို ထပ်သွားဖို့ သင့်တော်တဲ့အချိန်လို့ မထင်ပါဘူး။ အဓိပ္ပာယ်ရှိပြီး အလုပ်ဖြစ်မယ်ဆိုရင် ကျနော်သွားဖို့ အဆင်သင့်ရှိနေပါတယ်” ဟု ပြောကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။
မြန်မာ့မိတ်ဆွေနိုင်ငံများအုပ်စုနှင့် တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းထောက်များအား မစ္စတာဘန်ကီမွန်းက ယင်းသို့ပြောခြင်းဖြစ် သည်။ မြန်မာ့မိတ်ဆွေနိုင်ငံများအုပ်စုမှ ဆုံးဖြတ်အတည်ပြုခဲ့သော ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်း သားအားလုံး အမြန်ဆုံးလွှတ်ပေးရေးကိုလည်း မြန်မာစစ်အစိုးရအား ၎င်းအနေဖြင့် တောင်းဆိုတိုက်တွန်းပြီးဖြစ်သည်ဟု မစ္စတာဘန်ကီမွန်းက ပြောသည်။
ထို့အပြင် မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တာဝန်ပေးချက်အရ ဆောင်ရွက်နေသော ကုလသမဂ္ဂအထူးကိုယ်စားလှယ် ပါမောက္ခ အီဘရာဟင် ဂမ်ဘာရီတို့၏ အခန်းကဏ္ဍမှာမူ
ရပ်ဆိုင်းသွားမည်မဟုတ်ဘဲ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်းလည်း မစ္စတာဘန်ကီမွန်းက ပြောသည်။
မြန်မာ့မိတ်ဆွေနိုင်ငံများအုပ်စုတွင် ကုလလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံဖြစ်သော ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှ၊ အမေရိကန်တို့အပြင် သြစတြေးလျ၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊
ဂျပန်၊ နော်ဝေး၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်းနှင့် ဗီယက်နမ်တို့ပါဝင်သည်။

ခေတ်ပြိုင်သတင်းမှဖေါ်ပြပါသည်

ယောင်ဝါးဝါးအစိုးရ ပြည်သူကိုပါအမှောင်ထဲပို့နေပြီ

အမှောင်ကျနေပြန်တဲ့ ရန်ကုန်မှာ
မြင့်မောင်
တနင်္လာနေ့၊ ဒီဇင်ဘာလ 08 2008 15:51 - မြန်မာစံတော်ချိန် နယူးဒေလီ။ ။
ရန်ကုန်တိုင်း မြို့နယ် အများအပြားတွင် လွန်ခဲ့သည့် ၅ ရက်ခန့်မှ စတင်ကာ လျှပ်စစ်မီး ပြတ်တောက်နေသည်။ ယခင်က ၆ နာရီခြား တခါဆိုသလို အလှည့်ကျစနစ်ဖြင့် ပုံမှန်ပေးဝေလာရာမှ ယခုအခါ လုံးဝ ပြတ်တောက်နေခြင်း ဖြစ်သည်။
ပုံကြီးကြည့်ရန် နှိပ်ပါ"မီးကတော့ မလာဘူး။ ၆ ရက်နီးပါး လောက်ရှိပြီ။ တပတ်ကျော် နှစ်ပတ်နီးပါး ၁၅ ရက်လောက်တုန်းက ၁၀ မိနစ်လောက် လာလိုက်၊ ပျက်လိုက်ပေါ့။ ပုံမုန်ဆို ညဘက်မှာ မီးလာတာ များတယ်။ အခု ညဘက်လည်း မီး မလာဘူး။ မီးမလာရင် စိတ်ပျက်တယ်။ မီးလာတဲ့နေ့မှာ ပျော်တယ်" ဟု ဒဂုံမြို့သစ်မှ ကိုပေါက်က မဇ္ဈိမကို ပြောသည်။ သူက " ရန်ကုန်တိုင်း တတိုင်းလုံး ပျက်နေတယ်။ သူ့တို့ ၀န်ထမ်းအိမ်ရာ၊ မြို့လယ်က မီးပွိုင့်၊ ရဲစခန်းတွေပါ အကုန်ပျက်နေတယ်။ လာရင်လည်း ၁၀ မိနစ်ဆို ပြန်ပြတ်သွားတယ် " ဟု ဆက်ပြောသည်။ မည်သည့်အတွက်ကြောင့် မီးပျက်များရသည်ကို အာဏာပိုင်များက ရှင်းရှင်းလင်းလင်း သတင်းထုတ်ပြန်ခြင်း မပြုဘဲထားသည်။"ပြီးခဲ့တဲ့လထဲမှာ ရက်ကြာကြာပျက်တုန်းက ရန်ကုန်ကိုလာတဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်နေလို့ ပြင်နေရတဲ့အတွက် အလုံနဲ့သာကေတက သဘာဝဓာတ်ငွေ့နဲ့မောင်းတဲ့ ဓာတ်အားပေးစက်တွေ မလည်နိုင်လို့ ရှိတဲ့ဓာတ်အားကိုဘဲ ခွဲပေးရမှာမို့ မီးတွေပျက်မယ်ဆိုပြီး စီးတီးအက်ဖ်အမ် ရေဒီယိုက ကြေငြာပေးသေးတယ် ခုတခေါက်က ဘာမှ သတင်းမထုတ်ပြန်ဘူး"ဟု ကျောက်တံတားမြို့နယ်မှ ပုံနှိပ်စက် လုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။လျှပ်စစ်မီး မလာတော့သဖြင့် ကွန်ပျူတာအင်တာနက်ဆိုင်၊ စာရိုက်စာစီလုပ်ငန်း၊ မိတ္တူကူးစက်နှင့် အခြား ရုံးလုပ်ငန်းများတွင် ဒီဇယ်၊ ဓာတ်ဆီဖြင့် မီးစက်များ သုံးစွဲနေရသောကြောင့် ကျသင့်ငွေမှာ ပုံမှန်ဈေးထက် မြင့်တက်နေသည်။ သာကေတမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားခွဲစက်ရုံမှ တာဝန်ကျ အင်ဂျင်နီယာတဦးက လျှပ်စစ်ဓာတ်အားများ ဖြန့်ဝေသည့် စက်များ လည်ပတ်ရန်အတွက် ဂက်(စ်)များ နည်းနေသဖြင့် ပြန်လည် လည်ပတ်နိုင်ခြင်း မရှိသေးကြောင်း ပြောသည်။ သူက "သာကေတ က စက်တွေ မလည်နိုင်သေးလို့ ပျက်နေတာပါ။ ဂက်(စ်) ဖိအား မပြည့်တဲ့အတွက် ဓာတ်အားတွေက အပြည့်မပေးနိုင်ဘဲ ပိတ်ပိတ်နေရပါတယ်။ အဲဒီလို အခက်အခဲတွေ ကြုံနေရပါတယ်" ဟု ပြောသည်။ လိုအပ်သည့် ဂက်စ်ဖိအား မဖြည့်မီတဲ့အတွက် စက်များ မလည်ပတ်နိုင်သဖြင့် ဓာတ်အားကို အပြည့်အ၀ မပေးနိုင်သောကြောင့် ဂက်စ်အား ပြည့်ဝသည့် စက်ကိုဖွင့်ကာ တလှည့်စီ ပွင့်လိုက်၊ ပိတ်လိုက် လုပ်နေရကြောင်း အဆိုပါ အင်ဂျင်နီယာက ပြောဆိုသော်လည်း အသေးစိတ် အခြေအနေကို ပြောဆိုခဲ့ခြင်း မရှိပါ။ ရန်ကုန်ရှိ သတင်းထောက်တဦးက " မီးတွေသာ မှန်အောင်မပေးနိုင်တာ သတင်းစာတွေထဲတော့ တာဝါတိုင်တွေ ထောင်ကြိုးတွေ ဆွဲနေတာတွေ၊ ရေအားလျှပ်စစ်စက်ရုံတွေ ၀န်ကြီးသွားကြည့်တာတွေတော့ တွေ့နေရတာပဲ။" ဟု ပြောသည်။"စက်မှုဇုန် ရပ်ကွက်တွေမှာတော့ မီးက လာတယ်၊ ပုံမှန်တော့ မဟုတ်ဘူး။ မနက် ၇ နာရီ ကနေ ညနေ ၅ နာရီအထိ မီးရတယ်။ နေ့လယ် ၁၂ နာရီကနေ ၁ နာရီခွဲအထိ ပုံမှန်ပျက်တယ်။ အဲဒီအချိန်မှာ ထမင်းစားကြရတယ်။ ကျနော်တို့ စက်ရုံကတော့ မီးစက်ကို မသုံးတော့ဘူး” ဟု ဒဂုံတောင်ပိုင်း စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံက ၀န်ထမ်းတဦးက ပြောသည်။ မိနစ်ပိုင်းခန့်သာ လျှပ်စစ်မီးလာသည့် နေရာများတွင် လူနေအိမ်များအတွက် သောက်သုံးရေများပါ အခက်အခဲ ဖြစ်လာကာ၊ မီးလာသည့် အခိုက်တွင် အလုအယက် ရေတင် မော်တာစက် မောင်းနေကြရသည်။ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် တနာရီလျှင် ၉၆ဝဝ မဂ္ဂါဝပ် ဖြစ်သော်လည်း အမှန်တကယ် ဖြန့်ဖြူးသည့်အခါ မဂ္ဂါဝပ် ၆၆ဝဝ သာ ရှိကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ စာရင်းအရ သိရသည်။

မဇ္ဖိမသတင်းမှဖေါ်ပြပါသည်။

Sunday, December 7, 2008

ပြောပြော ဖြေးဖြေးလဲပြော (ဖေါ)မောမယ်

ပြည်တွင်းမှာ အလုပ်အကိုင် အလုံအလောက်ရှိဟုဆို
ဒီဇင်ဘာ ၃။ ရဲအောင်သော်

မြန်မာအလုပ်သမား နှစ်သန်းကျော် ပြည်ပနိုင်ငံများတွင် တရားမဝင် ရောက်ရှိ အလုပ်လုပ်နေကြကြောင်း မြန်မာ့အလင်း သတင်းစာက ထုတ်ပြန်ကြေညာသည်။ တရားဝင် စေလွှတ်ခဲ့သည့် အလုပ်သမားမှာ ၄၇၀၅၇ ဦးသာ ရှိပြီး သက်ဆိုင်ရာ နိုင်ငံများမှ ထုတ်ပြန်သည့် စာရင်းဇယားအရ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား နှစ်သန်းကျော် ရှိကြောင်း အစိုးရ သတင်းစာက ဖော်ပြထားသည်။
၁၀ တန်းအောင်နှင့် ဘွဲ့ရ မြန်မာလူငယ်များမှာ နိုင်ငံခြားထွက်ရန် ကြိုစားနေကြပြီး မိဘများ တတ်နိုင်မှုအပေါ် မူတည်ပြီး သွားလိုသည့် နိုင်ငံများ ကွဲပြားသည်ကို တွေ့ရသည်။ ကမ္ဘာ့စီးပွားရေးပြဿနာကြောင့် စင်ကာပူ နိုင်ငံတွင် အလုပ်လုပ်ခွင့်ပါမစ်၊ နေထိုင်ခွင့်များ ရရန် မလွယ်ကူတော့ခြင်း၊ အလည်အပတ် ဗီဇာဖြင့် သွားရောက်ကာ အလုပ်အကိုင် ရှာဖွေသူများ ဗီဇာသက်တမ်းအတွင်း အလုပ်မရဘဲ ပြန်လာရခြင်းများ ရှိနေသော်လည်း စင်ကာပူ သွားရောက်လိုသူ များပြားနေဆဲ ဖြစ်သည်။
“ယူအေအီးတို့ ကာတာတို့ဆို အရင်က လူသိပ်မသိဘူး။ အခု အဲဒီ သွားချင်တဲ့လူတွေ များလာပြီ။ ၁၀ တန်းအောင်တဲ့ ကျောင်းသားတွေက မိဘတတ်နိုင်ရင် စလုံးမှာ ပိုလီ သွားတက်ချင်တယ်။ ပိုလီပြီးရင် အလုပ်ရဖို့ သေချာတာကိုး။ လယ်လုပ် ယာလုပ်နေတဲ့ လူတွေတောင် ရှိတဲ့ယာ ပေါင်ပြီး မလေးရှား ထွက်တယ်။ တချို့ရွာတွေဆို လူငယ်တွေ တော်တော်များများ မလေးရှားရောက်ကုန်လို့ ရွာမှာ လူငယ်ရှားသွားတာ အရမ်းသိသာတယ်”ဟု နိုင်ငံခြားတွင် ကျောင်းလျှောက်ထားရန် ကြိုးစားနေသော လူငယ်တစ်ဦးက ပြောကြားသည်။ “ကုမ္ပဏီတွေမှာ အလုပ်လုပ်ရင် လေးငါးသောင်းပဲ ရမယ်။ မိဘလဲ လုပ်မကျွေးနိုင်ဘူး။ မိန်းမလဲ မယူနိုင်ဘူး။ နိုင်ငံခြားထွက်ရင် ဘာဖြစ်ဖြစ် ဒီထက်တော့ ရမှာပဲ”ဟု ဆက်လက် ပြောပြသည်။ ဆီအုန်းခြံ၊ ရော်ဘာခြံ၊ ကျွန်းနှင့် သစ်ထုတ်လုပ်ရေး၊ ငါးဖမ်းလုပ်ငန်း၊ ဆားလုပ်ငန်းများတွင်လည်း လုပ်သားလိုအပ်နေကြောင်း သတင်းစာပါ ကြေညာချက်နှင့် ပတ်သက်၍လည်း “ငါးဖမ်းတဲ့အလုပ်တော့ ငတ်သေပေ့စေ။ မလုပ်နိုင်ဘူး။ ဆီအုန်းနဲ့ ရော်ဘာခြံမှာတော့ သူတို့သားသမီးတွေ အရင်လုပ်ခိုင်းပေါ့”ဟု သိရသည်။
ရာဘာလုပ်ငန်းတွင် အလုပ်သမား နှစ်သိန်းခန့်သာ ရှိသေးပြီး သန်းချီ လိုအပ်ကြောင်းလည်း သတင်းစာတွင် ဖော်ပြထားသည်။ သို့သော် တနင်္သာရီတိုင်းမှ ဆီအုန်းနှင့် ရာဘာခြံ ပိုင်ရှင်များ၊ ဆားလုပ်ငန်းရှင်များမှာ အလုပ်သမားများ တစ်ဘက်နိုင်ငံ ရနောင်းမြို့သို့ သွားရောက် အလုပ်လုပ်ကိုင်ကြခြင်းကြောင့် ရေရှည် အလုပ်သမား မမြဲသည့် ပြဿနာ တွေ့ကြုံနေရသည်။ တစ်ဖက်နိုင်ငံတွင် ရရှိသော ဝင်ငွေမှာ နေ့စား ဘတ် ၈၀ မှ ၁၂၀၊ ၁၅၀ ထိ ရှိပြီး ရာဘာနှင့် ဆီအုန်းခြံ လုပ်သားအဖြစ် ရရှိသော ဝင်ငွေထက် များစွာ သာလွန်ကြောင်း သိရသည်။
ရန်ကုန်မြို့ ကွန်ပျူတာ ကုမ္ပဏီများတွင် ကွန်ပျူတာပညာရှင် ဝန်ထမ်းများ စင်ကာပူသို့ အစုလိုက်အပြုံလိုက် ထွက်ခွာမှုကြောင့် ဝန်ထမ်းပြဿနာ ပေါ်ပေါက်လျက် ရှိသည်။ အချို့ ကုမ္ပဏီများက နှစ်နှစ်၊ သုံးနှစ် စာချုပ်များချုပ်ပြီး အနည်းဆုံး လုပ်ရမည့်နှစ်ကို ကန့်သတ်သော်လည်း နှစ်ကန့်သတ်မှုကြောင့် အလုပ်မလုပ်လိုသူများ ရှိနေသည်။
“စာချုပ်နဲ့ လုပ်ခိုင်းပေမယ့် လခကျတော့ အရမ်းနည်းတယ်။ တချို့ဆို အလုပ်လာလျှောက်တဲ့လူငယ်တွေထဲမှာတောင် အိမ်ထောင်ရှိတယ်၊ သားသမီး ရှိတယ်ဆို သိပ်မခန့်ချင်ဘူး။ ရှာကျွေးရမယ့် မိသားစုရှိရင် ပိုက်ဆံပိုလိုတော့ လခနည်းတဲ့ အလုပ်မှာ ကြာကြာမလုပ်ဘူး။ ခုန်တယ်ပေါ့။ ၁၀ တန်းအောင်ကာစ မိဘကျွေးတာစားပြီး မုန်းဖိုးလောက် လခနဲ့ လုပ်ချင်တဲ့လူဆို ပိုခန့်တယ်”ဟု သိရသည်။
(ဟစ်တိုင်သတင်းမှဖေါ်ပြပါသည်)

မလေးရှားရောက်မြန်မာနိုင်ငံသားအလုပ်သမားများလက်ရှိအခြေအနေ
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားအလုပ်သမား၅၅၀၀၀၀ ခန့်ရှိပြီးတရားဝင်အလုက်သမားက
၂၁၀၀၀၀ လောက်ရှိကြောင်းအလုပ်သမားတွေရဲ့အထွေထွေအကြပ်အတည်းတွေကြောင့်နေ့စဉ်လိုလို
ထွက်ပြေးနေကြတာကြောင့်တရားမ၀င်အလုပ်သမားဦးရေမှာ၃၄၀၀၀၀လောက်အထိရှိနေကြောင်း
မလေးရှားရောက်မြန်မာအလုပ်သမားများကိုကူညီပေးနေတဲ့ကိုအောင်ကျော်ဆက်ကပြောပါတယ်

မြန်မာနိုင်ငံသားအလုပ်သမားများရင်ဆိုင်နေရသောပြဿနာများ-
(၁) အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီကပြောသည့် အလုပ်နှင့်လစာနှုန်းထား တူညီမှုမရှိခြင်း။
(၂) စက်ရုံ/အလုပ်ရုံနှင့်အေဂျင်စီများကပေးသည့်အိမ်များတွင်နေထိုင်ရာ၌အခက်အခဲများကြုံတွေ့ရခြင်း။
(၃) နိုင်ငံကူးလက်မှတ်စာအုပ်အားစက်ရုံသူဌေးနှင့်အေဂျင်စီများကသိမ်းဆည်းထားသည့်အတွက်
ပြဿနာများကြုံတွေ့ရခြင်း။
(၄) အခွင့်အရေးတန်းတူမရရှိခြင်း/ အနှိမ်ခံရခြင်း။
(၅) လုယက်ခံရခြင်း / အနိုင်ထက်ပြုခံရခြင်း။
(၆) ဖျားနာခြင်း/ထိခိုက်ဒဏ်ရာရခြင်းတို့အတွက် ဆရာဝန်ထောက်ခံချက်(တရားဝင်ဆေးစာ)
ရရှိသော်လည်းလုပ်အားခအပြင်အချိန်ပိုကြေး များဖြတ်တောက်ခံရခြင်း။
(၇) နစ်နာချက်များကိုတင်ပြတောင်းဆိုရာတွင် အလုပ်မှထုတ်ပယ်ခံရခြင်း။
(၈) မြန်မာနိုင်ငံ၏ကျမ္မာရေးစနစ် ချို့ယွင်းအားနည်းမှုကြောင့်ထိခိုက်နစ်နာမှုများကြုံတွေ့ရခြင်း။
(၉) အလုပ်ပွဲစား / အေဂျင်စီများ၏ လိမ်လည်မှုကိုခံရခြင်း။
(၁၀)အဖမ်းဆီးခံကြရခြင်း။
(၁၁)စီးပွါးရေးလုပ်ငန်းတစ်ခုအနေဖြင့်အဖွဲ့ဝင်ကပ်များထုတ်ကာလုပ်စားနေသည့် လူတစ်ချို့ကြောင့်
ထိခိုက်နစ်နာမှုများကြုံတွေ့ရခြင်း။
(၁၂)ပါမစ်လိပ်စာနှင့်အလုပ်လိပ်စာမတူခြင်းကြောင့်ဖမ်းဆီးထောင်ချခံရခြင်း။
(၁၃)မလေးရှားနိုင်ငံစီးပွါးရေးကျဆင်းလာမှုကြောင့်အလုပ်သမားများလျှော့ချခံရခြင်း။ အစရှိသောပြဿနာများကိုနေစဉ်ရင်ဆိုင်တွေ့ကြုံနေကြရသည်။

ပျိုးခင်း(သတင်း)

Friday, December 5, 2008

လူ့အကြံထက်ခွေးဦးပြန်ပြီ

ရန်ကုန်တိုင်းရုံး လွှတ်တော်နေရာသို့ ရွှေ့ပြောင်းမည်


ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးကို လက်ရှိ တည်နေရာ
ကျောက်တံတားမြို့နယ် ဆူးလေလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ စုပေါင်းရုံး အဆောက်အဦးမှ
ပြည်လမ်းရှိ လွှတ်တော် အဆောက်အဦသို့ သီတင်းပတ် ၂ ပတ်အတွင်း အပြီးသတ်
ရွှေ့ပြောင်းရန် နေပြည်တော်က ညွှန်ကြားထားသည်။တအဖရုံးသည်
လွှတ်တော် အဆောက်အဦတွင် ဇန်န၀ါရီ ၁ ရက်၊ ၂၀၀၉ ခုနှစ်မှစတင်၍
လည်ပတ် ဖွင့်လှစ်မည် ဖြစ်သည်။ရန်ကုန်တိုင်း တရားရုံး၊ ရန်ကုန်တိုင်း ရဲရုံးတို့လည်း
တည်ရှိခဲ့သည့် ယခင် အမေရိကန်သံရုံး အနောက်ဘက်ရှိ အဆောက်အဦဟောင်းမှာ
ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချမည် ဖြစ်သည့်အတွက် အစိုးရကို ပြန်အပ်ရမည်ဟု
အစိုးရ သတင်းရပ်ကွက်က ပြောသည်။

လွှတ်တော်အဆောက်အဦးဆိုတာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေတက်ရောက်ရမည့်နေရာ
ဖြစ်သော်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမတက်ရောက်မှီ စစ်အစိုးရရဲ့
ရန်ကုန်တိုင်းရုံး(တအဖ)ရုံးဖွင့်မည်ဆိုခြင်းမှာ သင်္ကြန်စာအလိုအရဆိုလျှင်
““ တော်သလင်းလတွင် ဂုတ်ကြားတို့မြူးလတံ့ ၊
သီတင်းကျွှတ်လတွင် လူသားတို့မင်္ဂလာဆောင်ကြလတံ့
တော်သလင်းလသည် သီတင်းကျွှတ်လ၏
အရှေ့တွင်ရှိသောကြောင့် လူ့အကြံထက်ခွေး ကဦး၏””

မဇ္ဖိမသတင်းအားကိုးကားဖေါ်ပြပါသည်။

Thursday, December 4, 2008

ကျနော်တို့ပြန်လာမှာပါ..ဒါပေမယ့်““.......””ခဲ့ရင်ပေါ့လေ

ခင်ဗျားလည်း ဆီမီနာတွေ၊ ၂၀၀၉ အတွက်အစီအစဉ်သစ်တွေနဲ့ အလုပ်တွေများနေပါရောလား။စာကောင်းလေးတွေတွေ့ထားရင်ပြောစမ်းပါဗျာဆိုပြီး

သတိပေးထားတဲ့ အစ်ကို့အတွက်ဆောင်းပါးတစ်ပုဒ်ကို ညွှန်းချင်ပါတယ်ဗျာ။
ပြီးခဲ့တဲ့ တနလာင်္နေ့တုန်းက ဦးစိန်ဝင်းရဲ့ ဆောင်းပါးတစ်ပုဒ်ကိုကျွန်တော်ဖတ်လိုက်ရတယ်။ကောင်းလွန်တယ်ဗျာ။

စိတ်ထဲမှာ ပေါ့ပါးသွားသလို ခံစားမိတယ်။တစ်ဆက်တည်းမှာပဲ အခုတလော

မြင်နေတွေ့နေရတဲ့ ဆောင်းပါးတွေထဲမှာမောင်စူးစမ်းဆောင်းပါးတစ်ချို့ရယ်၊ ဦးစိန်ဝင်း

ဆောင်းပါးတစ်ချို့ရယ်၊ကျော်စောမင်း(ကြည်မင်း)ရဲ့ဆောင်းပါးတစ်ချို့ရယ်တွေက အရမ်းကိုသက်ရောက်မှုရှိလွန်းနေတာ သတိထားမိတယ်ဗျ။သူတို့တွေရဲ့အဆိုကို

ကျွန်တော့်အနေနဲ့လည်း စောဒဂတက်ကန့်ကွက်စရာမရှိအောင်စိမ့်ဝင်ကူးယူခံစားမိတာလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်ထင်ပါတယ်။


ဒီလိုဗျာ။ ဦးစိန်ဝင်းဆောင်းပါးက "သူတို့ပြန်လာကြမှာပါ"တဲ့။

ဆောင်းပါးကိုတွဲတင်ပေးပါမယ်။ဒီကိစ္စနဲ့ပတ်သက်လို့ အငြင်းအခုန်အတော်များများကို ကျွန်တော်လုပ်ခဲ့ဖူးတယ်ဗျ။သွားနေတဲ့လူတွေသိပ်များတယ်။ သူတို့ဆီကကျွန်တော်တို့ဘာတွေအကျိုးပြုနိုင်မလဲဆိုတာတွေ။ဆရာကတော့

ယုံကြည်ချက်အပြည့်နဲ့ ပြောထားပုံရပါတယ်။ကျွန်တော်ကတော့ ရာခိုင်နှုန်းပြည့်ယုံကြည်ပေးဖို့ရာ ခက်ခဲနေပါတယ်။ကြား၊သိ နေရာတာတွေကြောင့်ပဲ ဆိုပါတော့ဗျာ။ အစ်ကိုလည်း သိမှာပေါ့လေ။
ဒီလိုပြောလို့ နိုင်ငံခြားရောက်နေတဲ့သူတိုင်း ဒီစိတ်တွေရှိနေကြတယ်လို့ပြောတာတော့ မဟုတ်ပါဘူး။တစ်ချို့တလေ( အတော်တောင်များလာပြီလိုဆိုရမယ်။) အတွက်ပေါ့ဗျာ။ တစ်ချို့တွေများဆိုအပြင်ကနေပြီး အတွင်းမှာရှိနေတဲ့လူတွေကို ပျင်းလိုက်တာ၊ ဖျင်းလိုက်တာ၊အဆင့်မရှိလိုက်တာ၊ဒီလောက်လေးတောင်မတတ်ဘူးလား၊ မသိဘူးလား၊ တစ်ကယ်တုံးတဲ့ကောင်တွေပဲ၊စလို့ စလို့ ပေါ့လေ၊ ခိုင်းနှိုင်းပြောဆိုလာတာတွေရှိလာတာကိုတော့လက်သင့်ခံစရာမရှိပါဘူး။ဒါကြောင့်ပဲ ဦးစိန်ဝင်း

ကိုယ်တိုင်က"နိုင်ငံရပ်ခြားရောက်ပြည်တွင်းဖြစ်ကိုရွှေဗမာများသို့"ဆိုတဲ့ဆောင်းပါး

တစ်ပုဒ်ရေးခဲ့ဖူးတာ တွေ့ရတယ်လေ။ အခုလိုပြောနေလို့ မင်းက ဘာကောင်မို့ဒီလို

ပြောသလဲဆိုတာတွေ ပြောကြမယ်။ အဆုံးဗျာ၊ ဆဲရေးတိုင်းထွာကြမယ်။ ရှိပါစေတော့။
မကြာသေးခင်က ရှရွတ်ခန်းပါတဲ့ My Country ဆိုတဲ့ဇာတ်ကားလေး ကြည့်ဖြစ်တယ်ဗျ။သာမန်ဇာတ်လမ်းကလေးတစ်ခုဖြစ်ပေမယ့် အဲဒီကားထဲက ဇာတ်ကောင် ရှရွတ်ခန်ရဲ့သူ့တိုင်းပြည်အပေါ်မှာထားတဲ့ စိတ်ကလေးကျွန်တော်တို့လူငယ်တွေအားလုံးမှာရှိနေကြရင်ဖြင့်ဘယ်လောက်ကောင်းလိုက်မလဲလို့

တွေးမိတယ်။ အတ္တကိုတော့ အရောင်တင်ခဲ့ကြတာပါပဲဗျာ။အရောင်တင်တဲ့အတ္တတွေက တန်ဖိုးတစ်ခုထွက်လာဖို့ လိုအပ်တယ်ဆိုတာပါ။
ခေတ်ကြောင့်ပါမယ်။ စနစ်ကြောင့်ပါမယ်။ ဒီကျောက်တုံးကို တွန်းလို့မရသေးရင်

အောက်ပြန်မလိမ့်အောင် ဘယ်လိုလုပ်ကြမလဲ။ လုပ်လို့မရဘူးဆိုတာ မရှိဘူး။ ထိရောက်ပြီးအမှန်တကယ်အကျိုးသက်ရောက်မှုရှိတဲ့အရာတွေ မလုပ်နိုင်ကြသေးတာပဲ။ကိုယ်ဘာလုပ်နိုင်မလဲ၊ဘာလုပ်ပေးလို့ရမလဲ၊ လုပ်နိုင်သလောက်

လုပ်ပေးကြဖို့သာ အရေးကြီးတယ်။
အစ်ကိုရေ၊ ပြည်တွင်းမှာတင် နိုင်ငံခြားသွားလို့ရပေမယ့် မသွားပဲ၊ကျားကုတ်ကျားခဲ

ရုန်းကန်လှုပ်ရှားနေတဲ့ လူငယ်တွေကို အားပေးသင့်တယ်၊ အပြစ်မမြင်သင့်ဘူး၊ လိုတာတွေ

ကိုဝိုင်းကူပေးရမယ်လို့ကျွန်တော်ပြောခဲ့တုန်းက အစ်ကိုတောင်ပြုံးနေခဲ့သေးတယ်မဟုတ်လား။

ဒါပါပဲဗျာ။
"လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူ ဖြတ်သန်းကျော်လွှားနေတဲ့ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက်သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ"
ဗန်းမော်တင်အောင် ပြောခဲ့ဖူးတဲ့စကားလေး တစ်ခွန်းပါအစ်ကိုရေ။အစ်ကိုရော



ဘာတွေလုပ်နေသလဲ၊ ကျွန်တော်ရော ဘာတွေလုပ်နေသလဲ၊သူတို့တွေရော ဘာတွေလုပ်နေသလဲ။
ပြိုင်တူတွန်းရင် ရွေ့တယ်ဆိုတဲ့ စကားအရဆို ကျွန်တော်တို့တွေဟာပြိုင်တူတွန်းနိုင်စွမ်း

မရှိသေးဘူးလို့ပဲ ၀န်ခံရမှာပါခင်ဗျာ။ ကျွန်တော်လည်း ညံ့ဖျင်းနေဆဲပါပဲ အစ်ကို။
သူတို့ပြန်လာကြမှာပါရေးသူ- လူထုစိန်ဝင်း'ဘရိန်းဒရိန်း'လို့ လူတိုင်းပြောဆိုနေကြတဲ့ 'ဦးနှောက်ယိုစီးမှု"ကိစ္စနဲ့ပတ်သက်ပြီးဂျာနယ်တစ်စောင်က လူငယ်လေးတစ်ဦးရောက်လာပြီး ဆွေးနွေးမေးမြန်းပါတယ်။ဒီနှစ် နှစ်၊သုံးနှစ်အတွင်း ပန်းဆိုးတန်းပတ်စပို့ ရုံးရှေ့မှာ နေ့စဉ်နေ့တိုင်းလူတွေစည်ကားနေတာကိုမြင်ပြီး စိတ်ပူပုံရပါတယ်။
စိတ်ပူလို့ တရုတ်နိုင်ငံက တံခါးဖွင့်ဝါဒကျင့်သုံးလိုက်တဲ့အခါမှာအဲဒီခေတ်မတိုင်မီက

နိုင်ငံခြားထွက်သွား ခဲ့ကြတဲ့တရုတ်လူမျိုးပညာတတ်တွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေ

တစ်ဖွဲဖွဲနဲပြန်ရောက်လာကြသလို၊မြန်မာတွေပြန်လာကြပါ့မလားလို့လည်း

သူကမေးပါတယ်။ဒါအပြင် သူကသူ့ပတ်ဝန်းကျင်ကသွားသမျ လူငယ်အများစုဟာ

ပြန်မလာကြ တော့ဘူးလို့လည်းပြောပြီး အပြစ်တင်ပါတယ်။မျိုးချစ်စိတ်ရှိတဲ့ ဒီလူငယ်ရဲ့ခံစားချက်ကိုကာင်းကောင်းနားလည်ပါတယ်။
ကိုယ်တိုင် ၁၉၈၀ ပြည့်နှစ်လောက်က အင်္ဂလိပ်စကားပြောသင်တန်းလေးတစ်ခုစတင်ဖွင့်လှစ်ပြီး

နှစ်ပေါင်း နှစ်ဆယ်ကျော်၊ အစိတ်နီးပါးသင်ကြားပေးခဲ့လေတော့ဒီအကြောင်းကို

ကောင်းကောင်းကြီးသိပါတယ်။ သင်တန်းလာ တက်ကြသူအားလုံးဟာလူငယ်ပညာတတ်

ကလေးတွေချည့်ပါ။ဆရာဝန်နဲ့ဆေးကျောင်းသူ၊ ကျောင်းသားတွေ၊ အင်ဂျင်နီယာနဲ့

စက်မှုတက္ကသိုလ်ကျောင်းသူ၊ ကျောင်း သားတွေကအများစုဖြစ်တယ်။အားလုံးရဲ့ရည်ရွယ်ချက်က

တစ်နည်းနည်းနဲ့နိုင်ငံခြားကိုထွက်ကြဖို့ဖြစ်တယ်။ဟုမ်းဆွိဟုမ်း
အဲဒီအချိန်က အခုလို မလေးရှားတို့၊ စင်ကာပူတို့ ခေတ်မစားသေးဘူး။ဂျပန်၊

အမေရိကန်နဲ့ထိုင်ဝမ်တို့ ခေတ်စားတဲ့အချိန်။ခုလောက်လည်းပတ်စပို့တို့ဗီဇာတို့ရဖို့

မလွယ်တာတောင်၊တစ်လ ကို သုံး၊ လေးခေါက်တော့တပည့်တွေလိုက်ပို့ဖို့လေဆိပ်ကို

ရောက်နေရတယ်။အဲဒီအချိန်ကကိုယ်တိုင်လည်း စိတ်ပူခဲ့တာပေါ့။ဒါကြောင့် သင်တန်းမှာ

There is no Place like home. Home Sweet Homeအစချီတဲ့ကဗျာလေးကိုအမြဲသင်ပေးပြီး

ထွက်သွားတဲ့ ကျောင်းသူ၊ကျောင်းသားတိုင်းကိုလည်း Home Sweet Home လို့စာတန်းထိုးထားတဲ့ ကောက်ရိုးပန်းချီကားချပ်လေးတွေ အမှတ်တရလက်ဆောင်ထည့် ပေးလေ့ရှိတယ်။
ဘရိန်းဒရိုင်းတောင်ဖြစ်နိုင်သူများတွေက 'ဘရိန်းဒရိန်း' Brain Drain လို့ပဲပြောကြတာ။

ကိုယ်ကဖြင့်ဒါထက်တောင်မက 'ဘရိန်းဒရိုင်း' Brain Dry ဦးနှောက်ခြောက်ခန်းမှုဖြစ်မှာတောင်

်စိုးရိမ်တဲ့အကြောင်း သုံးလေးကြိမ်မက ရေးဖူးသေးတယ်။ အခုတလောတော့အဲဒီဂျာနယ်က

လူငယ်သာမက ရန်ကုန်က လုပ်ငန်းရှင်တပည့်ဟောင်းတွေ ရောက်လာတဲ့အခါမှာလည်းအလုပ်သမားရှားပါးမှုအကြောင်း ပြောရာကနေပြီး နောက်ဆုံးအဲဒီ'ဘရိန်းဒရိန်း'အကြောင်းရောက်သွားလေ့ရှိတယ်။ကိုယ့်ရပ်၊ ကိုယ့်ရွာအညာက ဆွေမျိုးမိတ်သင်္ဂဟတွေလာကြတဲ့အခါမှာလည်းလယ်ယာလုပ်သားရှားပါးတဲ့ကိစ္စပြောရင်းက အဲဒီ 'ဘရိန်းဒရိန်း'ရောက်သွားပြန်တာပဲ။ဒါပေမယ့် ဂျာနယ်သမားလူငယ်စိတ်ပူသလို

'သူတို့ပြန်လာကြပါ့မလား'လို့တော့ကိုယ်ကစိတ်မပူဘူး။ တစ်နေ့နေ့မှာသူတို့ ပြန်လာကြမှာပါလို့ စိတ်ချလက်ချယုံကြည်တယ်။
ပဋိရူပဒေသ
ဖြစ်စေချင်တဲ့ ဆန္ဒစွဲ wishful kinking နဲ့ပြောတာမဟုတ်ပါဘူး။နှစ်ပေါင်းနှစ်ဆယ်အစိတ်နိုင်ငံခြား

ထွက်ချင်တဲ့ ထွက်ကြတဲ့ လူငယ်၊လုံမငယ်တွေနဲ့လက်ပွန်းတတီးနေလာခဲ့တဲ့အတွေ့အကြုံကြောင့်

ပြော တာဖြစ်တယ်။ဒီနေ့အထိလည်း သူတို့တတွေနဲ့ ဖုန်းနဲ့၊အီးမေးနဲ့၊လူကြုံနဲ့ အဆက်အသွယ်မပြတ်ရှိနေတာကြောင့် နိုင်ငံခြားရောက်သူတို့ဘ၀၊သူတို့စိတ်ဓာတ်တွေကိုကောင်းကောင်းကြီးသိနေပါတယ်။မြန်မာလူမျိုး ၁၀၀ မှာ ၉၀ လောက်ဟာ ဘယ်နိုင်ငံကိုပဲ ရောက်နေရောက်နေမြန်မာစိတ်ဓာတ်မပျောက်ဘူးဆိုတာ ပြောရဲတယ်။
ဘာကြောင့်လဲဆိုတော့ There is no Place like home, home Sweet home ဆိုတဲ့အတိုင်းမြန်မာ ပြည်လောက်နေချင်စရာကောင်းတဲ့နေရာ (ပဋိရူပဒေသ) ကမ္ဘာပေါ်မှာဘယ်မှမရှိဘူးဆိုတာ

သူတို့အား လုံးသိနေကြလို့ပါပဲ။တပည့်တော်တော်များများကတော့သူတို့ ရောက်နေတဲ့

နိုင်ငံများဟာ မြန်မာ နိုင်ငံနဲ့ယှဉ်လိုက်ရင်'ပစ္စန္တရာဇ်' အရပ်တွေပါပဲလို့တောင်လွမ်းဆွတ်တသစွာနဲ့ ပြောကြတယ်။ငတ်လို့ထွက်တာမဟုတ်ဘူးနိုင်ငံခြားသွားပြီး အလုပ်လုပ်ကြတဲ့

တခြားအာရှနိုင်ငံသားတွေနဲ့မြန်မာနိုင်ငံသားတွေ မတူတာတစ်ချက်လည်းရှိသေးတယ်။တခြား နိုင်ငံသားတွေက အများအားဖြင့် ပညာမတတ်တဲ့လူတွေ၊ နေရင်းနိုင်ငံမှာ'ပါးရှား'လွန်းလို့ထွက်သွားကြတာ။မြန်မာနိုင်ငံကထွက်ကြသူ အများစုက

အနည်းဆုံး ၁၀ တန်းပညာလောက်တော့တတ်ထားကြသူတွေဖြစ် တယ်။ပြီးတော့ 'ငတ်လို့'ထွက်ကြတာမဟုတ်ဘူး။မြန်မာပြည်မှာ စားနိုင်သောက်နိုင်ရုံတော့ဘယ်သူမဆိုရှာနိုင်ကြတယ်။ကျောင်းသားလူငယ်တွေနဲ့ လက် ပွန်းတတီးအရှိဆုံးသူတစ်ယောက်အနေနဲ့ပြောရရင်အကြောင်းနှစ်ခုနဲ့ သူတို့ထွက်ချင်ကြတာ

ဖြစ်တယ်။ပညာသင်ချင်လို့ဆိုတဲ့အကြောင်းနဲ့ မိဘတွေကိုကောင်းကောင်း

ကျေးဇူးဆပ်ချင်လို့ဆိုတဲ့အကြောင်း ဖြစ်တယ်။ အဲဒါကြောင့် လူငယ်တွေကို အပြစ်မတင်ချင်တာဖြစ်တယ်။ပညာသင်ချင်တာနဲ့မိဘကျေးဇူး ဆပ်ချင်တာဟာ မွန်မြတ်တဲ့စိတ်ဓာတ်မဟုတ်ဘူးလား။မပူနဲ့စိတ်ချနေဂျာနယ်တိုက်က လူငယ်လေးကိုလည်း

ပြောလိုက်ပါတယ်။ဘာမှစိတ်မပူနဲ့၊သူတို့ပြန်လာကြမှာပါလို့။ နိုင်ငံခြားထွက်တဲ့လူငယ်အများစုက ပညာသင်ချင်လို့၊မိဘလုပ်ကျွေးချင်လို့ ထွက်ကြတာပဲ။တစ်နေ့မှာ သူတို့ 'အမေ့အိမ်'ကို အသေအချာပြန်လာကြမှာပါ။မယုံမရှိပါနဲ့။သံသယဖြစ်ရင် ခုလောလောဆယ်ကို သူများနိုင်ငံတွေပေးတဲ့လုပ်ခမျိုး၊တစ်နာရီကို (၇) ဒေါ်လာ၊ (၈)ဒေါ်လာပေးပြီး

ခိုင်းကြည့်ပါလား။'ကဆုန်စိုင်း' ပြန်ပြေးလာကြမှာသေချာပါတယ်။
တကယ်ပါ။ မပူပါနဲ့။ တစ်နေ့သူတို့ပြန်လာကြမှာပါ။ ။
ရည်ညွှန်း- Weekly Eleven News Journal No.4,Vol.3
====
ပြန်လာမှာပါ … တစ်နေ့နေ့တော့ ပြန်လာကြမှာပါ …
အထင်သေးတတ်တဲ့သူတွေကတော့ နေရာတကာမှာ ရှိနေပါတယ် …လူဆိုတာကတော့

ကိုယ့်အရည်အချင်းကို အသိအမှတ်ပြုခံရတဲ့ နေရာမှာပိုပျော်တတ်တာ သဘာဝပါပဲ …။
ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေး အဆင့်အတန်းကိုလှောင်ပြောင်ကြတဲ့သူတွေလည်း ဒီမှာ

အများကြီးပါ …၊ ဒါပေမယ့် … ကျောင်းမှာလေး၊ငါးနှစ် စာအုပ်ထူထူကြီးတွေကို ကျက်ခဲ့ရတဲ့

သူတွေအတွက် internetကောင်းကောင်းရှိရုံနဲ့ ဒီက အလုပ်တွေနဲ့ ပတ်သက်တာတွေကို

ခဏလေး adaptလုပ်နိုင်ပါတယ် … ပညာရေးဆိုတာကို ကျောင်းမှာသင်ပေးတာ တစ်ခုတည်း

လို့ထင်နေကြတဲ့ သူတွေကတော့ … မြန်မာပြည်မှာ … လူတော်တွေဘယ်လောက်များလည်း

မသိသေးလို့ပါ …။
တောကျောင်းဆရာ အနေနဲ့လည်း … အပြင်ရောက်နေတဲ့ သူတွေကို သွားလေသူကြီးတွေ …ပြန်မလာတော့ဘူးလို့ မထင်လိုက်ပါနဲ့ … အများစုက ငွေ၊ပညာ၊အောင်မြင်မှုတွေလာရှာတာပါ … အပြီးနေမယ်လို့ ပြောတဲ့သူတွေ သူငယ်ချင်းတွေထဲမှာတော့တစ်ယောက်မှ မရှိသေးဘူး …။

အချိန်တန်ရင် အိမ်ပြန်လာမှာပါ ….။ ဘာအတွက်မှန်းမသိတဲ့ အခွန်တွေတနင့်တပိုးဆောင်နေရတာ

တောင် မြန်မာပြည်ပြန်ချင်လို့ Citizen မခံတဲ့သူတွေ …Singapore မှာတော့ အများကြီးပါ … ။
ဆရာစိန်ဝင်းရဲ့ ခံစားချက်ကိုလည်း နားလည်ပါတယ် …။ဆရာကောင်းတစ်ယောက် ပီသတဲ့ ယုံကြည်မှုလို့မြင်မိပါတယ် …။ဆရာရေ … နိုင်ငံထဲမှာလည်း လူတော်တွေ ထင်တာထက်

များနေပါသေးတယ် …။
အပြင်ရောက်နေတဲ့သူတွေ တစ်လတစ်လပို့နေတဲ့ Dollars တွေကိုစုပြီးတွက်လိုက်ရင် …

brain drain ဖိုးကျေလောက်ပါတယ် … ။ အပြင်ရောက်နေတဲ့Technicians တွေကြောင့်

ပြည်းတွင်းက Technicians တွေလည်း အများကြီးအထောက်အကူ ရပါတယ် … ။ ဒါတွေကို ပြန်မကြည့်ရင်တော့ Brain Drain … ပဲအော်နေရတော့မှာပေါ့ ..India ကခေါင်းဆောင်

တစ်ယောက်ပြောတာ ကြားဖူးတယ် … Brain drain is betterthan Brain in the drain… တဲ့..
ကျွန်တော်တောင် အခုတစ်လော လတိုင်း ထီထိုးနေတယ် … ၂.၂ သန်းဆုပေါက်တာ နဲ့..နောက်နေ့ပြန်လာခဲ့မယ် … ပြီးတော့ … GTC တစ်ခုခုမှာ … ဒါမှမဟုတ် …University

of Computer Science မှာ … Lecturer လုပ်မယ် …


Internet connection မကောင်း၊ခြင်ကိုက်ပြီး၊မီးပြတ်ပေမယ့် … မြန်မာပြည်ဟာ

ကျွန်တော်တို့ ရဲ့အိမ်ပါ … ။ Home-sick ဆိုတဲ့ခြင်တစ်မျိုးကအပြင်ရောက်နေသူတိုင်းကို

ကိုက်ခဲနေတာပါ …. နေ့တိုင်းပါပဲ …ဒီကမြန်မာတွေကတော့ … အဆင်ပြေတဲ့နေ့မှာ …

အိမ်ပြန်ဖို့ အမြဲအသင့်ဖြစ်နေတာပါ …. ။


ဆရာကျော်(စင်္ကာပူ)ရဲ့အမှတ်တရ



ကျွန်တော်တို့ ပြန်လာမှာပါ …..သိပ်ကို သေချာတာပေါ့ ဆရာ … ။ ။

Wednesday, December 3, 2008

မြန်မာပြည်တွင်းကHIV/AIDS ပြန့်ပွါးမှုလက်သည်ဘယ်သူလဲ

AIDS/HIV တိုက်ဖျက်ရေးနှင့်မြန်မာစစ်အစိုးရ

မြန်မာနိုင်ငံတွင်HIV/AIDS တိုက်ဖျက်ရေးအတွက်ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများကို
NGOအဖွဲ့များနှင့်ပြည်တွင်းမှလူငယ်တချို့ကြိုးစားဆောင်ရွက်နေကြသည်ကိုသာတွေ့ရှိရပြီး
စစ်အစိုးရပိုင်းကပူးပေါင်းဆောင်ရွက်မှုမရှိသည့်အပြင်တားမြစ်ဟန့်တားမှုများကြောင့်လှုပ်ရှားမှု
များမှာတိုးတက်မှုမရှိဖြစ်နေရပြီး လာမည့်နှစ်တွင် လူ၂၅၀၀၀ခန့်သေဆုံးနှိုင်ကြောင်းကျွမ်းကျင်သူ
ပညာရှင်များကသတိပေးပြောကြားနေကြသည်။
HIV/AIDSရောဂါကူးစက်ပြန့်ပွါးလာရခြင်း၏အဓိကအကြောင်းရင်းများ-
(၁)စီးပွါးရေးချွတ်ခြုံကျဆင်းလာခြင်းကြောင့်။
(၂)စစ်အုပ်ချုပ်ရေးအာဏာကိုလိုသည်ထက်ပိုမိုသုံးစွဲလာမှုကြောင့်။ တို့ကြောင့်ဖြစ်သည်။
(၁)စီးပွါးရေးချွတ်ခြုံကျဆင်းလာမှုကြောင့်။
မြန်မာပြည်သားများစီးပွါးရေးချွတ်ခြုံကျဆင်းလာခြင်း(တဦးခြင်းဝင်ငွေနည်းပါးပြီးကုန်ဈေးနှုန်း
ကြီးမြင့်မှုဒဏ်များ)ကြောင့်လူနေမှုအဆင့်အတန်းနိမ့်ပါးလာပြီး စားဝတ်နေရေးအခက်အခဲများကို
ရင်ဆိုင်ဖြေရှင်းရန်အမျိုးသမီးငယ်များ(လိင်ပိုင်းဆိုင်ရာဖေါက်ပြန်မှု/ပြည့်တန်ဆာလုပ်ငန်းများ)
ဒုစရိုက်နယ်ပယ်များသို့ရောက်ရှိစေခြင်း၊
လစာရိက္ခာလုံလောက်မှုမရှိသော အကျဉ်းထောင် ၀န်ထမ်းများသည်
၎င်းတို့၏မိသားစုရပ်တည်ရေး
အတွက် အကျဉ်းထောင်များအတွင်းသို့မူးယစ်ဆေးဝါးများတရားမ၀င်သွင်းပြီး
စီးပွါးရှာကြခြင်း
အကျဉ်းထောင်တွင်းတွင်လိင်တူဆက်ဆံခြင်းပြုလုပ်ရန် အခွင့်အလမ်းများဖန်တီးပေးခြင်း
ဆေးထိုးပိုက်(20cc Syrian)တစ်ချောင်းတည်းဖြင့်လူ(၁၀)ယောက်မှ(၂၀)ယောက်အထိ
တစ်ဆက်တည်းအသုံးပြုခြင်း
အခြေခံလက်လုပ်လက်စားများသည် လူများပြည့်နှက်ကြပ်ညပ်နေသည့်ခရီးသည်တင်
(BUS CAR)များအားတိုးဝှေ့စီးကြစဉ် (ွှT B ) အဆုပ်နာရောဂါနေ့စဉ်ကူးစက်ခံနေကြရသည်
ထိုမှတဆင့် ဆေးဝါးစနစ်တကျကုသမှု မခံယူနှိုင်ခြင်းကြောင့် (HIV) ပိုးကိုရမှန်းမသိ ရရှိလာခြင်း

(၂)စစ်အုပ်ချုပ်ရေးအာဏာကိုလိုသည်ထက်ပိုမိုသုံးစွဲုခြင်း

*အာဏာပိုင်အဆင့်ဆင့်ဝန်ထမ်းများ၏ အဂတိလိုက်စားပြီးမူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်
သယ်ဆောင်ဖြန့်ဖြူးရာတွင်ပါဝင်နေခြင်း

*HIV/AIDS တိုက်ဖျက်ရေးနှင့်ကြိုတင်ကာကွယ်ရေးအတွက်
မြန်မာနိုင်ငံသို့ရောက်ရှိနေသောNGO အဖွဲ့များအား
ဘာမှန်းမသိသော လုံခြုံရေး ဆိုသည့်အကြောင်းပြချက်ဖြင့်ဟိုမသွားပါနှင့်ဒါတော့မလုပ်ပါနှင့်
အစရှိသော တားမြစ်ဟန့်တားနေမှုများကြောင့်လည်းကောင်း

*NGO အဖွဲ့များပြည်ပမှ မှာယူတင်သွင်းလာသောဆေးပစ္စည်းများကို မတရားသဖြင့်သိမ်းယူခြင်း

*နိုင်ငံတကာအစိုးရများနှင့်NGO အဖွဲ့များကHIV/AIDS ရောဂါတိုက်ဖျက်ရေးနှင့်
ကြိုတင်ကာကွယ်တားဆီးရေးအတွက် ကွန်ဒုံး(ရာဘာအစွပ်)များကိုအခမဲ့ဖြန့်ဝေခြင်း သုံးစွဲရန်စည်းရုံးဆွေးနွေးခြင်း များပြုလုပ်နေချိန်တွင် မြန်မာစစ်အစိုးရက ရာဘာအစွပ်(ကွန်ဒုံး)
လက်ဝယ်တွေ့ရှိသည့်အမျိုးသမီးများကိုဖမ်းဆီးကာထောင်ချနေခြင်း
အစရှိသည်တို့ကြောင့် လက်ရှိ မြန်မာပြည်တွင်အောက်ပါပြဿနာများဆက်လက်ဖြစ်ပွါးနေသည်


မြန်မာပြည်ရှိ HIV/ AIDS ဝေဒနာရှင်များအတွက် ဆေးဝါး အရေးပေါ် လိုအပ်နေ

HIV/ AIDS ဝေဒနာကို ခုခံကာကွယ်ပေးမည့် ART ခေါ် antiretroviral therapy (ART) ဆေးဝါးများ မြန်မာနိုင်ငံတွင် ပြတ်လပ်နေပြီး ဝေဒနာရှင်များအကြား လတ်တလော အရေးတကြီး လိုအပ်လျက် ရှိသည်။ ဝေဒနာရှင်များ တနေ့တခြား တိုးပွားလာသည့်အပြင် ဆေးဝါးကလည်း ရှာဖွေလို့ မရနိုင်အောင် ဖြစ်နေသည့်အတွက် စိုးရိမ်ဖွယ် အခြေအနေ ရောက်နေသည်ဟု ဝေဒနာရှင် ၂၀၀၀ ကျော်ကို လက်ရှိ ပြုစုစောင့်ရှောက်မှု ပေးနေသည့် စေတနာရှင်တဦးက ပြောဆိုခြင်း ဖြစ်သည်။ "အခုလောလောဆယ် မြန်မာပြည်မှာ ဖြစ်နေတာက NGO ဆေးခန်းတွေကလည်း ဆေးမပေးဘူး။ တခြားနေရာ တွေမှာလည်း ဆေးရနိုင်မဲ့ နေရာတွေ မရှိတဲ့ အခါကြတော့ သေဆုံးနှုန်းက ပိုမြင့်လာနိုင်ပါတယ်" ဟု စေတနာရှင် မဖြူဖြူသင်းက မဇ္ဈိမကို ပြောသည်။ ပြင်သစ်အခြေစိုက် နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု အကူညီများ ပေးနေသည့် နယ်စည်းမခြား ဆရာဝန်များ အသင်း (MSF) ၏ ယမန်နေ့က ထုတ်ပြန်ချက်အရ ဆေးကုသ ခံယူနိုင်ခြင်း မရှိပါက မြန်မာနိုင်ငံတွင် HIV/ AIDS ဝေဒနာရှင် ၂ သောင်းခွဲနီးပါး ယခုနှစ်အတွင်း သေဆုံးနိုင်ဖွယ်ရှိကြောင်း ပြောဆိုခဲ့သော်လည်း သေဆုံးမည့် ဦးရေမှာ ပိုမို များပြားနိုင်သည်ဟု ဆိုသည်။ "MSF က ကောက်တဲ့ စာရင်းကတော့ တရားဝင်ပဲလေ။ ဒါပေမဲ့ အဲဒါတွေက ခန့်မှန်းချေနဲ့ ကောက်ထားတဲ့ စာရင်း။ သေဆုံးနှုန်းက MSF က ထုတ်တဲ့ အစီရင်ခံစာထက်တောင် များလာနိုင်တယ်" ဟု မဖြူဖြူသင်းက ပြောသည်။ ဝေဒနာရှင်များ တိုးပွားလာခြင်းနှင့် သေဆုံးမှု များပြားရခြင်း၏ အဓိက အကြောင်းရင်းသည် ထိုင်းနိုင်ငံကဲ့သို့ HIV/ AIDS ပညာပေးလုပ်ငန်းများ တွင်တွင်ကျယ်ကျယ် မပြုလုပ်နိုင်ခြင်းနှင့် ဝေဒနာရှင်များ ရှက်ကြောက်နေသဖြင့် တိုးတိုးတိတ်တိတ် ဆေးကုသမှုခံယူခြင်းတို့ကြောင့် ဖြစ်နိုင်ချေများကြောင်း သိရသည်။ ယခင် ART ဆေးဝါး ပေးနေသည့် ရန်ကုန်အခြေစိုက် NGOs အဖွဲ့စည်းများအနေဖြင့် ဆေးဝါးလုံလောက်မှု မရှိသည့်အတွက် လူနာသစ်များအား လက်မခံတော့ကြောင်း မဖြူဖြူသင်းက ပြောသည်။ "လူနာအဟောင်းတွေကိုတော့ ART ဆေးဝါးတွေ ပေးတယ်။ လူနာအသစ်တွေကိုတော့ သွေးစစ်ပေးတာ လောက်ပဲ လုပ်ပေးနိုင်တော့တယ်။ သာမန် ဆေးတွေဖြစ်တဲ့ အားဆေးတွေလောက်ကိုတောင် ပေးနိုင်တဲ့ အခြေအနေ မရှိတော့ဘူး။ ထောက်ပံ့တာတွေ မရှိတော့ဘူးလို့ ပြောတယ်" ဟု သူက ပြောသည်။ MSF အဖွဲ့က မြန်မာနိုင်ငံတွင် HIV/ AIDS ဝေဒနာရှင် စုစုပေါင်း ၂ သိန်းကျော် ရှိမည်ဟု ခန့်မှန်းထားပြီး၊ ၇ သောင်းခွဲကျော်မှာ အရေးပေါ် ဆေးကုသမှု လိုအပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ရန်ကုန်တွင် ART ဆေးရနိုင်သော နေရာအနည်းသာရှိရာ ပြင်သစ် အခြေစိုက် နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့က ဖွင့်လှစ်ထားသော AZG ဆေးပေးခန်းနှင့် မြောက်ဥက္ကလာရှိ ဝေဘာဂီ ဆေးရုံတို့မှာ လူသိများသည်။ ကုလသမဂ္ဂ (UNAIDS) က ထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ မြန်မာပြည်တွင် HIV ရောဂါပိုး ကူးစက်ခံထားရသူ ၃ သိန်း ၆ သောင်း ကျော်ပြီး AIDS ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ အသုံးစရိတ်မှာ အမေရိကန် ဒေါ်လာတသိန်း ဝန်းကျင်သာ ရှိသည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၌ လူတဦးချင်းစီ ပျမ်းမျှရရှိမည့် ကျန်းမာရေး စောင့်ရှောက်မှုနှုန်းမှာ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အစိုးရက နိုင်ငံသားတဦးအတွက် ကုန်ကျခံသည့် ပမာဏထက် အဆပေါင်း ၂၅ဝ ခန့် လျော့နည်းသည်ဟု (UNAIDS) က ဆိုသည်။
အထက်တွင်ဖေါ်ပြခဲ့သောအဖြစ်အပျက်များသည်မြန်မာပြည်သူများနေ့စဉ်ရင်ဆိုင်နေကြရသောအခက်အခဲ
များထဲကအစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပြီး စစ်အစိုးရအုပ်ချုပ်ရေးဆက်လက်ရှင်သန်နေသရွေ့/
အရပ်သားအစိုးရတရပ်မပေါ်ပေါက်သရွေ့ ကာလအတွင်းမြန်မာပြည်သူများအတွက် အခြေအနေပိုမို
ဆိုးဝါးလာမည်မှာအသေအချာပင်ဖြစ်ပါသည်။

ပျိုးခင်း(သတင်းစဉ်)

Wednesday, November 26, 2008

ပျိုးခင်းလူငယ်အဖွဲ့မှ
မြန်မာပြည်တွင်း၌ လူ့အခွင့်အရေးအတွက်
တိုက်ပွဲဝင်နေသူများ၏ သားသမီးများအား
ပညာသင်ထောက်ပံ့ကြေးဆုချီးမြှင့်ရန်
လစဉ်ကောက်ခံရရှိငွေစာရင်း
ဒီဇင်္ဘာလ၊ ၂၀၀၈ခုနှစ်

၁။ ကိုအောင်အောင်............................................ ၃၀
၂။ ကိုဂျွန်......................................................... ၂၀
၃။ ကိုဆန်း....................................................... ၁၀
၎။ ကိုဖိုးပြည့်..................................................... ၃၀
၅။ ကိုရဲ............................................................ ၃၀
၆။ ကိုညီ.......................................................... ၃၀
၇။ ကိုသီဟ....................................................... ၃၀
၈။ ကိုတင်........................................................ ၁၀
၉။ ကိုရဲကျော်စွာလင်း.......................................... ၃၀
၁၀။ ကိုသန်းလင်း................................................၃၀
၁၁။ မစမ်းစမ်း.....................................................၃၀
၁၂။ ကိုထွန်းလင်း.................................................၃၀
၁၄။ ကိုအောင်မျိုးဦး..............................................၃၀
၁၅။ ကိုမျိုးကျော်သူ...............................................၃၀
၁၆။ ကိုဂျက်နှင့် သူငယ်ချင်းများ................................၁၀
၁၇။ ကိုထွန်းထွန်းနိုင်...........................................၁၀၀
ယခုလကောက်ခံရရှိငွေ.........= ၄၈၀
ယခင်လကောက်ခံရရှိငွေ..........= ၃၅၂၅
စုစုပေါင်း.............................= ၄၀၀၅

ပျိုးခင်းလူငယ်အဖွဲ့မှ
မြန်မာပြည်တွင်း၌
လူ့အခွင့်အရေးအတွက်
တိုက်ပွဲဝင်နေသူများ၏ သားသမီးများအား
ပညာသင်ထောက်ပံ့ကြေးဆုချီးမြှင့်ရန်
လစဉ်ကောက်ခံရရှိငွေစာရင်း
၂၇၊ ၁၁၊ ၀၈
၁။ ကိုအောင်အောင်............................................ ၃၀
၂။ ကိုဂျွန်......................................................... ၂၀
၃။ ကိုဆန်း....................................................... ၁၀
၎။ ကိုဖိုးပြည့်..................................................... ၃၀
၅။ ကိုရဲ............................................................ ၃၀
၆။ ကိုညီ.......................................................... ၃၀
၇။ ကိုသီဟ....................................................... ၃၀
၈။ ကိုတင်........................................................ ၁၀
၉။ ကိုရဲကျော်စွာလင်း.......................................... ၃၀
၁၀။ ကိုသန်းလင်း................................................၃၀
၁၁။ မစမ်းစမ်း.....................................................၃၀
၁၂။ ကိုထွန်းလင်း.................................................၃၀
၁၄။ ကိုအောင်မျိုးဦး..............................................၃၀
၁၅။ ကိုမျိုးကျော်သူ...............................................၃၀
၁၆။ ကိုဇော်ဝင်း...................................................၅၀
၁၇။ ကိုဂျက်........................................................၁၀
၁၈။ ကိုလင်းခိုင်...................................................၂၀
၁၉။ ကိုအောင်သူ.................................................၁၀
၂၀။ ကိုသဲမောင်..................................................၁၅
၂၁။ ကိုထွန်းထွန်းနိုင်...........................................၂၀၀

ယခုလကောက်ခံရရှိငွေ.........= ၆၇၅
ယခင်လကောက်ခံရရှိငွေ..........၂၈၅၀
စုစုပေါင်း...........................= ၃၅၂၅
ပျိုးခင်းလူငယ်အဖွဲ့မှ
မြန်မာပြည်တွင်း၌
လူ့အခွင့်အရေးအတွက်
တိုက်ပွဲဝင်နေသူများ၏ သားသမီးများအား
ပညာသင်ထောက်ပံ့ကြေးဆုချီးမြှင့်ရန်
လစဉ်ကောက်ခံရရှိငွေစာရင်း
၂၁၊ ၁၀၊ ၀၈
၁။ ကိုအောင်အောင်............................................ ၃၀
၂။ ကိုဂျွန်......................................................... ၂၀
၃။ ကိုဆန်း....................................................... ၁၀
၎။ ကိုဖိုးပြည့်..................................................... ၃၀
၅။ ကိုရဲ............................................................ ၃၀
၆။ ကိုညီ.......................................................... ၃၀
၇။ ကိုသီဟ....................................................... ၃၀
၈။ ကိုတင်........................................................ ၃၀
၉။ ကိုရဲကျော်စွာလင်း.......................................... ၃၀
၁၀။ ကိုသန်းလင်း............................................... ၃၀
၁၁။ မစမ်းစမ်း.................................................... ၃၀
၁၂။ကိုအောင်လေး.............................................. ၃၀
၁၃။ ကိုထွန်းလင်း................................................ ၃၀
၁၄။ ကိုအောင်မျိုးဦး............................................. ၃၀
၁၅။ ကိုထွန်းထွန်းနိုင်...........................................၁၅၀

ယခုလကောက်ခံရရှိငွေ..........၅၄၀
ယခင်လကောက်ခံရရှိငွေ......၂၃၁၀
စုစုပေါင်း.........................၂၈၅၀

ပျိုးခင်းလူငယ်အဖွဲ့မှ
မြန်မာပြည်တွင်း၌
လူ့အခွင့်အရေးအတွက်
တိုက်ပွဲဝင်နေသူများ၏ သားသမီးများအား
ပညာသင်ထောက်ပံ့ကြေးဆုချီးမြှင့်ရန်
လစဉ်ကောက်ခံရရှိငွေစာရင်း
၀၈၊ ၀၉၊ ၀၈
(၁) ကိုအောင်အောင်....................................... ၃၀
(၂) ကိုတင်................................................... ၃၀
(၃) ကိုဆန်း.................................................. ၃၀
(၄) ကိုဖိုးကျော်.............................................. ၂၀
(၅) ကိုထွန်းလင်း............................................ ၃၀
(၆) ကိုသီဟ.................................................. ၃၀
(၇) ကိုညီညီ.................................................. ၃၀
(၈)ကိုရဲ....................................................... ၁၀
(၉) ကိုသန်းလင်း............................................ ၃၀
(၁၀) မစမ်းစမ်း.............................................. ၃၀
(၁၁) ကိုအောင်မျိုးဦး....................................... ၃၀
(၁၂) ကိုရဲကျော်စွာလင်း................................... ၁၀
(၁၃) ကိုဂျွန်.................................................. ၁၀
(၁၄) ကိုဖုန်း................................................ ၁၀၀
(၁၅) ကိုထွန်းထွန်းနိုင်..................................... ၁၅၀
ယခုလကောက်ခံရရှိငွေ ရင်းဂစ် ............ ၅၇၀
ယခင်လအထိကောက်ခံရရှိငွေ ရင်းဂစ်....၁၇၄၀
စုစုပေါင်း ရင်းဂစ်..............................၂၃၁၀
ပျိုးခင်းလူငယ်အဖွဲ့မှ
မြန်မာပြည်တွင်း၌
လူ့အခွင့်အရေးအတွက်
တိုက်ပွဲဝင်နေသူများ၏ သားသမီးများအား
ပညာသင်ထောက်ပံ့ကြေးဆုချီးမြှင့်ရန်
လစဉ်ကောက်ခံရရှိငွေစာရင်း
၂၄၊ ၀၈၊ ၀၈

ယခုလကောက်ခံရရှိငွေ ရင်းဂစ်................ ၃၄၀
ယခင်လများတွင်ကောက်ခံရရှိငွေ ရင်းဂစ်...၁၄၀၀
စုစုပေါင်းရင်းဂစ်..................................၁၇၄၀

Tuesday, November 25, 2008

ဓါးမကိုင်ပြီးရမ်းကားနေသူများနှင့်ဓမ္မကိုလိုက်နာကျင့်ကြံနေသူများအကြောင်း

ကွာလာလမ်ပူ(၂၃)နိုဝင်ဘာ။
မလေးရှားနိုင်ငံကွာလာလမ်ပူတွင် နိုဝင်ဘာလ(၂၃)ရက်နေ့က ကျင်းပခဲ့တဲ့မြန်မာ့အရေးဆွေးနွေးပွဲသို့
လာရောက်ပြီးသတင်းများခိုးယူနေသူ သံရုံးသတင်းပေးတစ်ဦးကို မြန်မာ့အရေးလှုပ်ရှားသူများကတွေ့ရှိပြီး
စစ်ဆေးမေးမြန်းပြီးနောက်ပြန်လွှတ်ပေးခဲ့ပါတယ်။
မလေးရှားမှာရှိတဲ့ မြန်မာ့အရေးလှုပ်ရှားနေသူတစ်ဦးကို““ဒီလောက်မြန်မာ့အရေးလှုပ်ရှားနေသူများကို
မတရားဖမ်းဆီးထောင်နှစ်ရှည်တွေချနဲမထင်ရင်မထင်သလို လုပ်နေတဲ့အချိန်မှာ စစ်အစိုးရရဲ့သတင်းပေးတစ်ယောက်
ဖမ်းမိတာကိုဘာမှမလုပ်ဘဲပြန်လွှတ်လိုက်တာဘာကြောင့်လဲ””လို့မေးကြည့်တော့...သူက
““ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဘို့ကပိုပြီးအရေးကြီးပါတယ်...
မြန်မာ့နိုင်ငံရဲ့ ငြိမ်းချမ်းရေးပိသုကာကြီးလို့ပြောကြတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာလေးလိုပါဘဲ....
““မယ်ဇလီ ပင်အိုအောက် ...ပေါက်လာတဲ့ ရွှေတမာ....ခါးချက်ကနာ..
ရေစီးရယ်တစ်ခါ.....ရေသာရယ်တလှည့်...
သူများလို......တို့မရိုင်းတယ်....တိုင်းသိပါရဲ့.....”” တဲ့ စစ်အစိုးရဘယ်လောက်ပဲရိုင်းစိုင်းနေပါစေ..
သူတို့ရဲ့ လက်ပါးစေတွေဘယ်လောက်ပဲ တရားမဲ့နေပါစေ ကျနော်တို့ဒီမိုကရေစီအင်အားစုတွေဖက်ကတော့
တရားဥပဒေပြင်ပကလုပ်ရပ်တွေကိုဆန့်ကျင်သလို ကိုယ်တိုင်လဲမကျူးလွန်ပါဘူး””ဟုပြန်လည်ဖြေကြားသွားပါတယ်
ထိုဆွေးနွေးပွဲသို့ (NCGUB)မှဒေါက်တာ စန်းအောင် နှင့် (NDD) မှဒေါ်ခင်ဥမ္မာ တို့လည်းတက်ရောက်ခဲ့ကြောင်းသိရပါတယ်။

ပျိုးခင်း

Sunday, November 23, 2008

အစိုးရမှအစတရားသူကြီးများ၊စစ်ထောက်လှမ်းရေးများနှင့်ရဲများအဆုံးအားလုံးကိုသိစေချင်သည်

မောင်ဝိတ်ကိုမူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုဖြင့်ထောင် ၁၅ နှစ် ချ
တမျိုးသားလုံးလူညွန့်တုံးစေနှိုင်သောမူးယစ်ဆေးဝါး သုံးစွဲဖြန့်ဖြူးမှု အပါအ၀င်
နိုင်ငံခြားငွေ တရားမ၀င် လက်ဝယ် တွေ့ရှိမှုတို့ဖြင့် စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ်ကို
အင်းစိန်ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်။

နာဂစ်မုန်တိုင်းကြောင့်ဒုက္ခရောက်နေသည့်ပြည်သူများအားအကူအညီပေးရင်းတစ်ဖက်ကတစ်မျိုးသားလုံး
စည်းလုံးညီညွတ်ပြီးတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်လုပ်ဆောင်နေသည့်-
အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသူ နာမည်ကျော် ဟာသသရုပ်ဆောင် ဒါရိုက်တာ ဇာဂနာ ခေါ် ကိုသူရအား
အင်းစိန်ထောင်တွင်း တရားရုံးက ကိုဇာဂနာသည် အင်တာနက်ကို အသုံးပြု၍ အစိုးရကို အကြည်ညိုပျက်အောင်
လုပ်သည်ဆိုကာ အီလက်ထရောနစ် အက်ဥပဒေ ၃ ခုဖြင့် ထောင် ၄၅ နှစ် ချမှတ်လိုက်သည်
ပြည်သူပြည်သားအတွက်ငြိမ်းချမ်းစွာမေတ္တာပို့စီတန်းဆန္ဒပြရာတွင်ဦးဆောင်ခဲ့သော-ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင် ဆရာတော်တပါးဖြစ်သူ ဦးဂမ္ဘီရအား အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးတခုကယနေ့တွင်ထပ်တိုးထောင်ဒဏ် ၅၆ နှစ် ချမှတ်လိုက်သဖြင့်စုစုပေါင်း ကျခံရမည့်ထောင်ဒဏ်၆၈နှစ်ကျခံရတော့မည်။
မြန်မာ့နိုင်ငံရေးသမိုင်းတွင် တိုင်းပြည်အထွေထွေအကြပ်အတည်းနှင့်ကြုံတွေ့တိုင်းရှေ့ကမားမားမတ်မတ်ရပ်တည်
သမိုင်းအစဉ်အလာကြီးမားသည့် ကျောင်းသားခေါင်းဆောင်များကို ထောင်ဒဏ်(၆၅)နှစ်စီချမှတ်ခဲ့သည်။
အမှန်တရားအတွက်ရဲရဲဝံ့ဝံ့ဖြေရှင်းခဲ့သည့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ များ ဆွမ်းဒကာ များအထွေထွေအကြပ်အတည်းနှင့်
ရင်ဆိုင်ကြုံတွေ့နေသည်ကိုမျက်ကွယ်ပြုပြီးမနေသာတော့၍မြို့တွင်းစီတန်းမေတ္တာပို့ခဲ့ကြတဲ့သံဃာတော်အရှင်သူမြတ်များ
အနုပညာရှင်များ ရှေ့နေပညာရှင်များNLDပါတီဝင်များ စုစုပေါင်း(၁၀၀)ကျော်အား သီတင်းနှစ်ပတ်အတွင်း
အမြင့်ဆုံးပြစ်ဒဏ်(၆၅)နှစ်မှ စပြီးချမှတ်ခဲ့သည်။

ကမ္ဘာ့လူသားမျိုးနွယ်စုအားလုံးအတွက် လွန်စွာအန္တရာယ်ကြီးမားလှတဲ့မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားသုံးစွဲသူ
စီးပွါးရေးလုပ်ငန်းရှင်ကြီးမောင်ဝိတ် ကိုထောင်ဒဏ်(၁၅)နှစ်သာချမှတ်ခဲ့ပြီး........

တိုင်းပြည်နှင့်လူမျိုးအတွက်ဘာသာသာသနာအတွက်ကိုယ်ကျိုးစွန့်အနစ်နာခံပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ခဲ့ကြသူများကို
ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့ခြင်းမှာ......
တိုင်းပြည်တွင်ကျင့်သုံးနေတဲ့ဥပဒေ မှားယွင်းနေမှုကြောင့်လား....စစ်ခေါင်းများရဲ့လူမဆန်စွာယုတ်မာမှုကြောင့်လား....
ဖမ်းဆီးတဲ့စစ်ထောက်လှမ်းရေးတွေရဲတွေနဲ့အမိန့်ချတဲ့တရားသူကြီးတွေရဲ့ဆင်ခြင်တုံတရားကင်းမဲ့စွာအဂတိလိုက်စားမှုများကြောင့်လား
တစ်ခုတော့ပြောလိုက်ချင်ပါတယ်””သင်ပြုသောကံ ပဲ့တင်သံ သင့်ထံပြန်လာမည်””တဲ့....။
(ခွေးသရေ ပေစာမှတ်တမ်း)

Saturday, November 22, 2008

အမျိုသားရေးအသိရှိဘို့ နအဖ ကိုသတိပေးလိုက်သည်

အမျိုးသားရေးအသိနဲ့ လွတ်ငြိမ်းခွင့် ပေးရန် အဲန်အယ်လ်ဒီ တောင်းဆို
22 November 2008
ကိုဇော်ဝင်းလှိုင် - အစီအစဉ်ကိုရယူရန် (MP3)

နယ်ချဲ့ ကိုလိုနီလက်အောက်က မြန်မာနိုင်ငံ လွတ်လပ်ရေး ရဖို့ စတင် လှုပ်ရှားခဲ့ရာကနေ ပေါ်ပေါက်လာခဲ့တဲ့ အမျိုးသားနေ့ဟာ ဒီကနေ့မှာ ၈၈ နှစ် ပြည့်သွားခဲ့ပါပြီ။ ဒီကနေ့မှာ အမျိုးသားရေးစိတ်ဓါတ်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။ NLD ရုံးချုပ်မှာ ဒီကနေ့ အမျိုးသားနေ့အခမ်းအနား လုပ်ပြီးတော့ ကြေညာချက်ထုတ် တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ကိုမင်းကိုနိုင် အပါအ၀င် နှစ်ရှည် ထောင်ဒဏ်ချမှတ် ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ ပိုစတာ ကိုင်ဆောင်ပြီးတော့လည်း လူငယ်တယောက် က NLD ရုံးချုပ်ရှေ့ မှာ ရပ်ပြီးတော့ ဆန္ဒပြခဲ့ပါတယ်။ ဒီလို ရန်ကုန်က နိုင်ငံရေးအင်အားစုတွေ ကျင်းပခဲ့ကြတဲ့ အမျိုးသားနေ့ အထိန်းအမှတ် အခမ်းအနားအကြောင်ကို ကိုဇော်ဝင်းလှိုင် က တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရ အနေနဲ့ နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကျောင်းသား ခေါင်းဆောင်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွတ်ပေးဖို့ ဒီကနေ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာကျင်းပခဲ့တဲ့ (၈၈) နှစ်မြောက် အမျိုးသားနေ့အခမ်းအနားမှာ NLD က တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ၂၀၀၃ နှစ် ဒီပဲယင်းအကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း အာဏာပိုင်တွေဖက်က ပိတ်ပင်ထားခဲ့တဲ့ အဖွဲ့ချုပ် ရုံးခွဲတွေ ကိုလည်း ပြန်ဖွင့်ခွင့် ပြုဖို့နဲ့ ၂၀၁၀ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက် ဖျက်သိမ်းထားတဲ့ နိုင်ငံရေးပါတီတွေကို ပြန်လည် ဖွဲ့စည်းခွင့်ပြုဖို့ တို့ကိုလည်း NLD က တောင်းဆိုထားပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ အမျိုးသားနေ့အခမ်းအနားနဲ့ပတ်သက်လို့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း က အခုလို ပြောပြပါတယ်။

“ကျနော်တို့ ဒီနေ့ အခမ်းအနား ကတော့ မန္တလေး က ကဗျာဆရာကြီးများ ဖြစ်ကြတဲ့ ကိုလေး (အင်းဝဂုဏ်ရည်) နဲ့ ဦးကြည်အောင်တို့ ကျနော်တို့ ဟောပြောပွဲ လုပ်ပါတယ်။ အမျိုးသားနေ့ ဆိုင်ရာပေါ့။ နောက် ကျနော်တို့ ဒီနေ့ အခမ်းအနားမှာ ရုံးဝန်းအတွင်းမှာ နံရံကပ် စာစောင်တွေ အမျိုးသားနေ့ဆိုင်ရာ ကဗျာတို့ စာညွှန့် တို့ အဲဒါတွေ လုပ်ပါတယ်။ နောက်တခုကတော့ ဒီနေ့ အခမ်းအနားလုပ်တဲ့အချိန်မှာ ကျနော်တို့ ရုံးပတ်ဝန်းကျင်မှာ အထူး လုံခြုံရေးတွေ အများကြီး ချထားတယ်။ ရဲကားတွေရော ဘာတွေရော။ ဒါပေမယ်လို့ ဘာမှတော့ အနှောက်အယှက် မပေးပါဘူး။”

လွန်ခဲ့တဲ့ ၈၈ နှစ်၊ ၁၉၂၀ ခုနှစ်က စတင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေ စတင်ခဲ့တဲ့ အမျိုးသားရေးလှုပ်ရှားမှုကို သင်ခန်းစာယူပြီး လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးအခက်အခဲတွေကို ညီညီညွတ်ညွတ် ဆောင်ရွက်ကြဖို့ လည်း ဦးဉာဏ်ဝင်းက အခုလို ဆက်ပြောပါတယ်။

“ဦးဘဦး ခေါင်းဆောင်တဲ့ ကျောင်းသားတွေကနေပြီးတော့ တညီတညွတ်တည်း သပိတ်မှောက်တယ်။ တက္ကသိုလ် ဥပဒေကို သပိတ်မှောက်တယ်။ တိုင်းသူပြည်သား အားလုံးကလည်း ညီညီညွတ်ညွတ် ထောက်ခံကြတယ်။ အဲဒါကြောင့် အောင်မြင်မှု ရတယ်။ ဒီဥပဒေကို ပြင်ဆင်ပေးခဲ့ရတယ်။ အဲဒီ ကျောင်းသားသပိတ်က ပေါ်ပေါက်လာတဲ့ အမျိုးသားကျောင်းတွေ ပေါ်လာတယ်။ အမျိုးသားကျောင်းတွေကနေပြီးတော့ လွတ်လပ်ရေးကို ကြိုးပမ်းခဲ့တယ်။ ကိုနု တို့၊ ကိုအောင်ဆန်း တို့၊ ကိုဗဟိန်း တို့ ဒီလို ပုဂ္ဂိုလ်တွေ ကျနော်တို့ ပေါ်ထွန်းလာတယ်။ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးကို ကြိုးပမ်းတယ်။ ပထမ လက်နက်ကိုင် တော်လှန်မှသာ ရမယ်လို့ အခြေအနေ ရှိတဲ့အတွက် လက်နက်ကိုင် တော်လှန်ခဲ့တယ်။ ဒါပေမယ့် နောက်ဆုံး လွတ်လပ်ရေး ရတဲ့အချိန်မှာ ဗြိတိသျှအစိုးရ နဲ့ ကျနော်တို့ စကားလက်ဆုံ dialogue လုပ်ပြီးတော့မှ တွေ့ဆုံဆွေးနွေးပြီးတော့မှ ရခဲ့တယ်။ ဒါကြောင့်မိုလို့ ဒါကို သင်ခန်းစာ ယူပြီးတော့ ညီညီညွတ်ညွတ် ဆောင်ရွက်ဖို့ လိုတယ်။ လက်ရှိ နအဖ အစိုးရ အနေနဲ့လည်း အမျိုးသားပြန်လည် စည်းလုံးရေးကို နိုင်ငံရေး ရည်ရွယ်ချက်တရပ် အဖြစ် ဖော်ပြနေတယ်။ အဲဒီ နိုင်ငံရေး ရည်ရွယ်ချက် အောင်မြင်ဖို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်နိုင်ဖို့ ဖန်တီးကြတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး နဲ့ နိုင်ငံရေး အကျဉ်းသားများ၊ တိုင်းရင်းသား ခေါင်းဆောင်များကို လွှတ်ပေးဖို့ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေ၊ နိုင်ငံရေး နိုးကြွမှု အပြည့်အ၀ ရရှိဖို့ ဒီလို တောင်းဆိုရင်းနဲ့ ကြေညာချက်ကို ထုတ်လိုက်တာပါ။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောသွားတာပါ။ အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီလိုလားသူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အာဏာပိုင်တွေက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ် အပြစ်ပေးနေပေမယ့်လည်း စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဒီကနေ့ အမျိုးသားနေ့ သ၀ဏ်လွှာ ပေးပို့တဲ့အထဲမှာတော့ တိုင်းသူပြည်သားတွေ အနေနဲ့ ၀ံသာနု စိတ်ဓါတ် ရှင်သန်နိုးကြားကြဖို့ နဲ့ စစ်အစိုးရ ရဲ့ လမ်းပြမြေပုံ (၇) ချက်ကို ထောက်ခံအားပေးကြဖို့ ထည့်သွင်းဖော်ပြထားတာကို တွေ့ရပါတယ်။

ကျော်တင့်ဆွေ ဗြောင်လိမ်ဗြောင်စားလုပ်လိုက်ပြီ

အထွေထွေညီလာခံ ဆုံးဖြတ်ချက် စစ်အစိုးရ ငြင်းဆန်
22 November 2008
ကိုသိန်းထိုက်ဦး - အစီအစဉ်ကိုရယူရန် (MP3)



မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ပြင်းပြင်းထန်ထန် ရူတ်ချတဲ့ ဆုံးဖြတ်ချက်တရပ် ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ တတိယ ကော်မတီက မနေ့က ချမှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားတွေကို စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတဲ့အအချိန်မှာ အခုလို ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ ဒီဆုံးဖြတ်ချက်ဟာ မြန်မာ့ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။ ကိုသိန်းထိုက်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ ပြင်သစ်နိုင်ငံ အဆိုတင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက် မူကြမ်းကို မနေ့က မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ ထောက်ခံမဲ ၈၉ မဲ၊ ကန့်ကွက်မယ် ၂၉ မဲနဲ့ မဲပေးဘဲ နေခဲ့တဲ့ နိုင်ငံ ၆၃ မဲရှိခဲ့တဲ့အကြောင်း အထွေထွေညီလာခံ သဘာပတိက ကြေညာလိုက်ပါတယ်။ ဒီ ဆုံးဖြတ်ချက်ကို ချလိုက်တာဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ ဆိုးရွားလာနေတာကို နိုင်ငံတကာက အာရုံစူးစိုက်လာနိုင်အောင် ရည်ရွယ်တာဖြစ်ပြီး နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် ဘယ်လို အရေးယူဆောင်ရွက်မယ် ဆိုတာကို ၀ိုင်းဝန်း အဖြေရှာ နိုင်အောင် ကြိုးပမ်းကြဖို့ ရည်ရွယ်ပါတယ်ဆိုပြီး ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီးက အထွေထွေညီလာခံကြီးမှာ ပြောဆိုသွားပါတယ်။ မြန်မာစစ်အစိုးရဟာ အရင် အထွေထွေ ညီလာခံကြီးနဲ့ လူ့အခွင့်အရေးကောင်စီ က ချမှတ်ထားခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာခြင်း မရှိဘူးဆိုပြီး ဘာသာပြန်ကတဆင့် အခုလို ပြောဆိုသွားပါတယ်။


“မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ဆုတ်ယုတ်မှု အခြေအနေတချို့ကြောင့် စိုးရိမ်နေရတဲ့ အနေအထားတွေ ရှိနေရတာပါ။ ဖွဲ့စည်းပုံ အတည်ပြုရေး လူထုဆန္ဒခံယူပွဲကလည်း လွတ်လပ်မျှတတဲ့ အထွေထွေရွေးကောက်ပွဲတခု ပေါ်လာဖို့အတွက် အနိမ့်ဆုံးအဆင့် လိုအပ်တဲ့ သတ်မှတ်ချက်တွေတောင် ပြည့်မှီတာ မတွေ့ရပါဘူး။ မြန်မာနိုင်ငံမှာ သဘာဝ ဘေးအန္တရာယ်ကို ရင်ဆိုင်ခဲ့ရတဲ့အချိန် ဒီ လူထုဆန္ဒခံယူပွဲကို ကျင်းပခဲ့တာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေကိုလည်း ထောင်ဒဏ်တွေ ချမှတ်အရေးယူနေပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်တင့်ဆွေ ကတော့ ပြင်သစ်နိုင်ငံ အပါအ၀င် အီးယူ ဥရောပ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို ဖိအားပေးဘို့အတွက် ဒီ ဆုံးချက်မှုကြမ်းကို တင်သွင်းခဲ့တာလို့ ပြောပါတယ်။ ဒီ ဆုံးဖြတ်ချက်စာဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တဲ့ မူကြမ်းဖြစ်ပြီး မြန်မာပြည်ရဲ့ နိုင်ငံရေး တိုးတက်မှုတွေကို မသိကျိုးကျွံပြုနေတယ်လို့ ပြောပါတယ်။


“ကျနော်တို့ ကိုယ်စားလှယ် အဖွဲ့အနေနဲ့ လူ့အခွင့်အရေးကို နိုင်ငံရေးအရ အသုံးချနေတာမျိုးတွေကို ဆန့်ကျင်ပါတယ်။ ပဋိဉာဉ် စာတမ်းအရ လူ့အခွင့်အရေးအခြေအနေ တိုးတက်အောင် လုပ်ဆောင်တဲ့နေရာတွေမှာ ပူးပေါင်းဆောင်ရွက်ပြီး တိုးတက်လာအောင် ကြိုးပမ်းသင့်ပါတယ်။ ထိပ်တိုက်ရင်ဆိုင်တာမျိုးတွေနဲ့ ဖိအားမပေးသင့်ဘူးလို့ အခိုင်အမာ ယုံကြည်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဖိအားပေးဖို့ ပစ်မှတ်ထားတဲ့ ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ ဆန့်ကျင်ပါတယ်။” - လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ ကိုယ်စားလှယ်က ပြောသွားတာပါ။

ကုလသမဂ္ဂရဲ့ ဒီ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားတွေကို စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတဲ့အအချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ သံအမတ်ကြီး ဦးကျော်တင့်ဆွေ ကတော့ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး နိုင်ငံရေးအရ တိုးတက်မှုတွေ ရှိလာနေတဲ့အခြေအနေကို အသိအမှတ်ပြုဖို့ တောင်းဆိုသွားပါတယ်။

“စောစောပိုင်းက ကျနော် ပြောခဲ့တဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့အတိုင်း မြန်မာနိုင်ငံဟာ အကျဉ်းသား ၉,၀၀၀ လောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေ့မရှုတဲ့ မူတွေကို ကိုင်စွဲပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး တံခါးကို လည်း ဖွင့်ထားပါတယ်။ အဆင့် (၇) ဆင့်ပါ နိုင်ငံရေးလမ်းပြ အစီအစဉ်တွေကို အကောင်အထည်ဖေါ်ရေး ကြိုးပမ်းချက်တွေမှာလည်း ထူးခြားတဲ့ တိုးတက်မှုတွေ ရနေပါပြီ။” - ဆိုပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်တင့်ဆွေ က ပြောသွားတာပါ။

ဒီလို မြန်မာသံအမတ်ကြီးက ပြောသွားပေမယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို ရေးဆွဲခဲ့တဲ့ နှစ် (၆၀) ပြည့် အခါသမယ နီးကပ်လာတဲ့အချိန် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေကို နှစ် ၆၀ ကျော် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာတွေအပေါ် နိုင်ငံတကာက စောင့်ကြည့်နေတယ် ဆိုတာကို မနေ့က ကုလသမဂ္ဂ ဆုံးဖြတ်ချက်က ပြလိုက်တာပါ။

ကမ္ဘာ့နိုင်ငံတွေက မျက်ကွယ်မြန်မာနိုင်ငံ အပြင် အီရန်နဲ့ မြောက်ကိုရီးယား နိုင်ငံတွေကိုလည်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အတွက် ရှုတ်ချတဲ့အကြောင်း မနေ့က အထွေထွေညီလာခံရဲ့ တတိယကော်မတီ က ဆုံးဖြတ်ခဲ့ပါတယ်။ မြောက်ကိုရီးယား နိုင်ငံကလည်း အထွေထွေညီလာခံကြီးရဲ့ ဆုံးဖြတ်ချက်ကို ငြင်းပယ်လိုက်ပြီး ဒီလို ဆုံးဖြတ်ချက် ချနိုင်အောင် ပူးတွဲ အဆိုပြုခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံကို အထိုက်တန်ဆုံး ပြန်ပေးဆပ်ရမယ်လို့ သတိပေး ခြိမ်းခြောက် ထားပါတယ်။

၁၉၈၈-၂၀၀၂ မြန်မာ့နိုင်ငံ ရေးဖြစ်စဉ် ထူးခြားမှု ရက်စွဲ မှတ်တမ်းများ

၁၉၈၈-၂၀၀၂ မြန်မာ့နိုင်ငံ ရေးဖြစ်စဉ် ထူးခြားမှု ရက်စွဲ မှတ်တမ်းများ
Get your own at Scribd or explore others:

Free Burma Federation- E Newsletter (November)

Free Burma Federation- E Newsletter (Nov)
Get your own at Scribd or explore others:

Friday, November 21, 2008

ငြိမ်းချမ်းစွာနိုင်ငံရေးပြောင်းလဲလိုသူကျောင်းသားခေါင်းဆောင်များကိုထောင်(၁၂၄)နှစ်ချ

ကိုပြည့်ဖြိုးလှိုင်တို့အား နယ်အကျဉ်းထောင်များသို့ ပြောင်းရွှေ့
ဖြိုးကြီး။ နိုဝင်ဘာ ၂၂၊ ၂၀၀၈ယခုလ (၁၁) ရက်နေ့က ထောင်တွင်းတရားရုံးတွင် ထောင်ဒဏ်များ ချမှတ်ခံလိုက်ရသည့် ကျောင်းသားလူငယ်အချို့ကို နယ်အကျဉ်းထောင်များသို့ ပြောင်းရွှေ့လိုက်သည်။ယမန်နေ့က ကိုပြည့်ဖြိုးလှိုင်အပါအဝင် (၇) ဦးတို့အား မိသားစုနှင့်ဝေးလံသည့် အကျဉ်းထောင် များသို့ ပို့ဆောင်လိုက်သည်။ကိုပြည့်ဖြိုးလှိုင် ရခိုင်ပြည်နယ်(ဘူးသီးတောင်)၊ ကိုမြတ်လင်းထွဋ် ရှမ်းပြည်နယ်မြောက်ပိုင်း (လားရှိုး)၊ ကိုပြည့်ဖြိုးအောင် ကရင်ပြည်နယ်(ဘားအံ)၊ ကိုနေလင်းအောင် စစ်ကိုင်းတိုင်း (ကလေး)၊ ကိုသီဟအောင် ကယားပြည်နယ်(လွိုင်ကော်)၊ ကိုဖြိုးမောင်မောင်စိုး ရခိုင်ပြည်နယ် (ကျောက်ဖြူ) နှင့် ကိုအောင်မျိုးပိုင် တနင်္သာရီတိုင်း (ကော့သောင်း) ထောင်များသို့ အသီးသီး ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။“သီဟသက်ဇင်နဲ့ သိန်းဇော်တို့ကိုတော့ ထောင်ဒဏ်တွေ ထပ်တိုးထားတယ်၊ သူတို့ကိုတော့ လောလောဆယ် အင်းစိန်ထောင်ထဲမှာပဲ ထားသေးတယ်”ဟု ကိုပြည့်ဖြိုးလှိုင်၏ မိခင်က ပြောသည်။လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP)မှ ကိုအောင်ဇော်ဦး (ပဲခူး)၊ ကိုမောင်ကံ (တောင်ကြီး)၊ ကိုကျော်စိုး (မြင်းခြံ)၊ ကိုအောင်မြင့် (မြောင်းမြ) ထောင်များသို့ အသီးသီး ပို့ဆောင်လိုက်ပြီး ကိုအောင်ဇော်ဦးအား ယမန်နေ့က အမှုများထပ်စစ်ရန်ရှိသဖြင့် အင်းစိန်သို့ ပြန်ခေါ်ထားသည်။ထို့အပြင် တောင်ငူထောင်သို့ ပို့ဆောင်ထားသည့် ကိုဝင်းမော်အား အမှုများထပ်မံစစ်ဆေးရန် အတွက် အင်းစိန်ထောင်သို့ ပြန်ခေါ်ထားပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ထောင်ဒဏ်အနှစ် (၆၀) ထပ်တိုးလိုက်သဖြင့် စုစုပေါင်း (၁၂၄) နှစ်ဖြစ်သွားကြောင်း သိရသည်။

ရိုးမ၃ သတင်းဌာနမှဖေါ်ပြပါသည်။

ဒုတိယ ငရဲခွေးကြီး လွတ်နေပြီ ရဟန်းရှင်လူအပေါင်းသတိထားကြပါ

ဦးဂမ္ဘီရ ထောင်ဒဏ် ၆၈ နှစ် ကျခံရမည်


သန်းထိုက်ဦး
သောကြာနေ့၊ နိုဝင်ဘာလ 21 2008 17:26 - မြန်မာစံတော်ချိန် ချင်းမိုင်။ ။

ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင် ဆရာတော်တပါးဖြစ်သူ ဦးဂမ္ဘီရအား အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးတခုက ယနေ့တွင် ထပ်တိုးထောင်ဒဏ် ၅၆ နှစ် ချမှတ်လိုက်သဖြင့် စုစုပေါင်း ကျခံရမည့် ထောင်ဒဏ်မှာ ၆၈ နှစ် ကျခံရတော့မည် ဖြစ်သည်။ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှ စွဲဆိုထားသည့်
အမှု ပုဒ်မ ၉ ခု၊ အလုံမြို့နယ်မှ စွဲဆိုထားသော ပုဒ်မ ၄ ခု စုစုပေါင်း ပုဒ်မ ၁၃ ခုဖြင့် ယခုလို ထောင်ချခံရခြင်း ဖြစ်ကြောင်း ဆရာတော်၏ မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။ ယခုလ ၁၉ ရက်နေ့ကလည်း အရှင် ဦးဂမ္ဘီရအား အင်းစိန်ထောင်းတွင်းရှိ ကြည့်မြင်တိုင်မြို့နယ် တရားရုံးက သာသနာညှိုးနွမ်းစေသည့် ပြစ်မှု -
ပုဒ်မ ၂၉၅ (က) နှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက်မှု - ပုဒ်မ ၅၀၅ (ခ) အပါအ၀င်
အမှုတွဲ ၃ မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ပြီး ဖြစ်သည်။
အသက် ၂၉ နှစ်အရွယ်၌ ဓမ္မာစရိယတန်း စာဝါလိုက်နေရင်း နိုင်ငံရေးတွင် စိတ်ပါဝင်စားခဲ့သူ ဦးဂမ္ဘီရသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်ခဲ့သော
သံဃာ-လူထုလှုပ်ရှားမှုကြီးတွင် ဦးဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏
ဦးဆောင် ဆရာတော်တပါး ဖြစ်ခဲ့သည်။ သူသည် ရွှေဝါရောင်အပြီး အာဏာပိုင်များ၏ ဖမ်းဆီးမှုများမှ တိမ်းရှောင်နေရင်း မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်တွင် ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က
အာဏာပိုင်တို့၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။ အလားတူ အင်းစိန်ထောင်တွင်း၌ပင် မန္တလေးတိုင်း သံဃတပ်ပေါင်းစုမှ အဖမ်းဆီးခံ အရှင် ဦးကေလာသကိုလည်း မတရားအသင်းပြစ်မှု ပုဒ်မများဖြင့်
ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံရပြီးနောက် ယနေ့တွင် ပုဒ်မ ၂ ခုဖြင့် ထပ်တိုးထောင်ဒဏ် ၄ နှစ် ထပ်မံ အမိန့်ချလိုက်သည့်အတွက် စုစုပေါင်းထောင်ဒဏ် ၃၉ နှစ် ဖြစ်သွားသည်။ ပြီးခဲ့သည့်နှစ်
စက်တင်ဘာလ ၅ ရက်နေ့က မကွေးတိုင်း ပခုက္ကူမြို့တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်း
ကျဆင်းရေးအတွက် စစ်အစိုးရမှ အာရုံစိုက် လုပ်ဆောင်ပေးရန် စီတန်း လမ်းလျှောက်ကာ မေတ္တာသုတ် ရွတ်ဆိုကာ ဆန္ဒဖေါ်ထုတ်ပြသကြသော ရဟန်းတော်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဓာတ်တိုင်တွင် ကြိုးတုတ်ချည်နှောင်ကာ ရိုက်နှက်ခဲ့ပြီးနောက် သံဃတပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင်မှုဖြင့်
ဆန္ဒပြပွဲများသည် တနိုင်ငံလုံးသို့ ပြန့်ပွားခဲ့သည်။ ယခုကဲ့သို့ နိုင်ငံရေး လှုပ်ရှားသူများအား
နေ့စဉ်ရက်ဆက် နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးမှုများ ပြုလုပ်နေခြင်းနှင့် ပတ်သက်ပြီး စစ်အစိုးရအား တရားဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပြန်လည် ညိုနိုင်းဆောင်ရွက်ပေးပါရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယမန်နေ့က ကြေညာချက်ထုတ်၍ တိုက်တွန်းတောင်းဆိုခဲ့သည်။

မဇ္ဖိမသတင်းဌာနမှဖေါ်ပြပါသည်။

မြန်မာနိုင်ငံအားအုတ်ရိုးကာရန် စစ်အစိုးရတွင်အစီအစဉ်ရှိနေပြီလော

ဟာသ သရုပ်ဆောင် ကိုဇာဂနာ ထောင်ဒဏ် ၄၅ နှစ်ချမှတ်ခံရ
နန်းဒေ၀ီ
သောကြာနေ့၊ နိုဝင်ဘာလ 21 2008 19:22 - မြန်မာစံတော်ချိန် နယူးဒေလီ။ ။

အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသူ နာမည်ကျော် ဟာသသရုပ်ဆောင် ဒါရိုက်တာ ဇာဂနာ ခေါ်
ကိုသူရအား အင်းစိန်ထောင် တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၄၅ နှစ် ချမှတ်လိုက်သည်။
အင်းစိန်ထောင်တွင်း တရားရုံးက ကိုဇာဂနာသည် အင်တာနက်ကို အသုံးပြု၍ အစိုးရကို အကြည်ညိုပျက်အောင် လုပ်သည်ဆိုကာ အီလက်ထရောနစ် အက်ဥပဒေ ၃ ခုဖြင့် ထောင် ၄၅ နှစ် ချမှတ်လိုက်သည်။''ကျမအကိုအတွက် ဂုဏ်ယူပါတယ်။ နာဂစ် ကယ်ဆယ်ရေးလုပ်လို့ အဖမ်းခံရတာပါ။ အစိုးရက သူတို့လုပ်ချင်သလို လုပ်လိုက်တာပါ။ သူ့ကို အမိန့်ချတော့ အကိုက ရီစရာ ပြောသေးတယ်။ ကျနော့်ကို I (အိုင်) သုံးလုံးနဲ့ ၄၅ နှစ် ချလိုက်တယ်တဲ့။ IT (သတင်းနည်းပညာ) ကို လေ့လာချင်လို့ Internet ကို သုံးလိုက်တာ Insein ထောင်ကို ရောက်သွားတယ်တဲ့'' ဟု ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းက မဇ္ဈိမကို ပြောသည်။ မိသားစုဝင်များက တရားရုံးအတွင်း ၀င်ရောက်ကြားနာခွင့် မရဘဲ၊ ထောင်ဗူးဝ၌သာ စောင့်နေရသော်လည်း ရှေ့နေဖြစ်သူ ဒေါ်ခင်ဌေးကြွယ် တဦးတည်းသာ ၀င်ရောက်ခွင့်ရခဲ့သည်။ ဒေါ်ခင်ဌေးကြွယ်သည် ယခုအမှုအတွက် ယခင်က ရှေ့နေ ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်တို့နှင့် တွဲဖက်ကာ အမှုကို လိုက်လံ အကျိုးဆောင်ခဲ့သူ ဖြစ်သည်။ ကျန်ရှိသည့် အမှု ၅ မှုအတွက် ယခုလ ၂၇ ရက်နေ့တွင် ဆက်လက်ကြားနာရန် တရားရုံးက အမိန့်ချမှတ်သည်။ အမှုအတွက် အယူခံဝင်ရေး၊ မ၀င်ရေးကိုမူ မိသားစုနှင့် ရှေ့နေမှ မဆုံးဖြတ်သေးဘဲ၊ တနင်္ဂနွေနေ့တွင် ကိုဇာဂနာထံ မိသားစုက ထောင်ဝင်စာ တွေ့ဖြစ်သည့်အခါ ဆွေးနွေးမည်ဟု သိရသည်။ အလားတူ အင်းစိန်ထောင် တရားရုံးကပင် ယနေ့တွင် နာဂစ် လေဘေး ဒုက္ခသည်များအား အကူအညီပေးခဲ့သူနှင့် ဘောလုံးသတင်း ဆောင်းပါးရေးသူ ကိုဇော်သက်ထွေးနှင့် အမှုတွဲတူ ကိုသန့်ဇင်အောင်အား ထောင်ဒဏ် ၁၅ နှစ်စီနှင့် ကိုတင်မောင်အေး (ခ) ကိုဂတုံး အား ၂၉ နှစ် ထောင်ဒဏ်ချမှတ်ခဲ့သည်။"ကိုဂတုံးက အပြီးသတ်ချလိုက်တာ ဒီနေ့။ အင်းစိန်ထောင် တရားရုံးကပေါ့။ ကျန်တဲ့သူတွေဖြစ်တဲ့ ကိုဇာဂနာ၊ ကိုဇော်သက်ထွေးနဲ့ ကိုသန့်ဇင်အောင်တို့ကိုတော့ ဆက်ပြီး စစ်ဆေးသွားမယ်လို့ ပြောတယ်။ နောက်ထပ် နှစ်တွေ တိုးလာမယ့်သဘော ရှိတယ်" ဟု ကိုဇာဂနာ မိတ်ဆွေတဦးဖြစ်သည့် ကိုမင်းဆွေက ပြောသည်။သူက "ကိုဂတုံးက ကိုဇာဂနာနဲ့ တအိမ်ထဲနေကြတာ။ ရိုက်ကွင်းတွေ ဘာတွေရှိရင် ခေါ်သွားလေ့ရှိတယ်။ ကိုသန့်ဇင်အောင်ကလည်း လုပ်ဖော်ဆောင်ဘက်တွေလို့ ပြောလို့ရတယ်" ဟု ဆက်ပြောသည်။ပြီးခဲ့သည့် ဇွန်လအတွင်းက ဧရာဝတီတိုင်း နာဂစ်လေဘေးသင့်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်စဉ် ကိုဇာဂနာအား အာဏာပိုင်များက နေအိမ်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သူ ရုပ်ရှင်သရုပ်ဆောင် ဟာသအနုပညာရှင် ကိုဇာဂနာက အာဏာပိုင်များအပေါ် ဟာသပြက်လုံးများထုတ်ကာ ပြောဆိုခဲ့သည့်အတွက် အကြိမ်ကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသလို သူ၏ အနုပညာလုပ်ပိုင်ခွင့်များပါ ပိတ်ပင် တားမြစ်ခံခဲ့ရသည်။လွတ်လပ်စွာ ထုတ်ဖော် ရေးသားသဖြင့် ခြိမ်းခြောက်ခံရ၊ အကျဉ်းကျခံရသည့် စာရေးဆရာများထဲတွင် ကိုဇာဂနာသည် ရဲစွမ်းသတ္တိနှင့် မှန်ကန်ဖြောင့်မတ်မှု ရှိသူတဦးဖြစ်သည်ဟုဆိုကာ ကနေဒါအခြေစိုက် PEN (Canada) အဖွဲ့မှ ၂၀၀၈ ခုနှစ်အတွက် 'One Humanity award' ဆုကို ချီးမြှင့်ခဲ့သည်။

မဇ္ဖိမသတင်းဌာနမှဖေါ်ပြပါသည်။

Thursday, November 20, 2008

တနေ့တခြားတိုးပွါးလာသောမြန်မာ့သူရဲကောင်းများ

နောက်ထပ် GW အဖွဲ့ဝင် ၅ ဦး ထောင်ဒဏ် ၅ နှစ်စီချမှတ်

နန်းဒေ၀ီ
ကြာသပတေးနေ့၊ နိုဝင်ဘာလ 20 2008 19:49 - မြန်မာစံတော်ချိန် နယူးဒေလီ။ ။

Hip-Hop အဆိုတော်နှင့် Generation Wave – GW အဖွဲ့ဝင် ကိုဇေယျာသော် (ခ) ကျော်ကျော်နည်းတူ အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသူ အခြား အဖွဲ့ဝင် ၅ ဦးလည်း ယနေ့တွင် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံရသည်။ ယနေ့တွင် ကိုဇေယျာသော်အား တရားမ၀င်အသင်းအဖွဲ့ ဖွဲ့စည်းမှု၊ နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်မှုတို့ဖြင့် ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့သလို၊ အခြား GW အဖွဲ့ဝင် ကိုအောင်ဇေဖြိုး၊ ကိုအာကာဘို၊ ကိုသီဟ၀င်းတင်၊ ကိုဝေလင်းဖြိုးနှင့် ကိုရန်နိုင်သူတို့လည်း ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် တရားရုံးမှပင် တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းမှု စွဲချက်ဖြင့် ယနေ့နံနက်ပိုင်းက ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။ "ခံစားရတယ်။ အမည်မဖော်နိုင်အောင်ကို ခံစားရတယ်။ ငါးနှစ်ဆိုတာ ကျမတို့အတိုင်းတာအရ များပါတယ်။ သားက ME မပြီးသေးဘူးလေ။ ပညာရေးအတွက် အခွင့်အရေး ဆုံးရှုံးသွားတာပေါ့" ဟု တရားရုံးသို့ ကိုယ်တိုင် သွားရောက်ကြားနာခဲ့သူ ကိုအောင်ဇေဖြိုး၏ မိခင် ဒေါ်ကျင်စန်းက မဇ္ဈိမကို ပြောသည်။ ဖခင်ဖြစ်သူ ဦးဘိုခိုင်ကလည်း "အန်ကန်တို့တော့ အယူခံဝင်မယ်။ ဖြစ်နိုင်ရင် ဗဟိုအထိတက်ဖို့ ရှေ့နေတွေနဲ့ တိုင်ပင်သွားမယ်" ဟု ပြောသည်။တရားရုံးက အမိန့်ချမှတ်ပြီးနောက် အင်းစိန်ထောင်ကားဖြင့် ကိုအောင်ဇေဖြိုးအား ခေါ်ထုတ်သွားစဉ် တရားခွင်တွင် လာရောက်၍ အမှုနားထောင်သည့်
သွေးကြောကျဉ်းဝေဒနာ ခံစားနေရသူ မိခင်မှာ ရုတ်တရက် သတိလစ်သွားခဲ့ရာ ဗဟိုစည်
ပုဂ္ဂလိကဆေးရုံတွင် ခေတ္တဆေးကုသမှု ခံယူခဲ့ရသည်။ ယခုအခါ ပြန်လည် သက်သာလာပြီ ဖြစ်သည်။အာဏာပိုင်များမှ တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းမှု ပုဒ်မ ၆ ̸ ၈၈ ဖြင့် ကိုအောင်ဇေဖြိုးအား ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သော်လည်း မိဘများအနေဖြင့် ၄င်းအဖွဲ့အစည်းနှင့် ပတ်သက်မှုရှိသည်ဟု မသိရှိခဲ့ရကြောင်း မိခင်ဖြစ်သူက ယခုလို ပြောဆိုသည်။"သားက ကျောင်းတဖက်၊ ကားအရောင်းအ၀ယ်ကတဖက်၊ ME တက်ဖို့ဆိုပြီးတော့ အင်္ဂလိပ်စာကျူရှင် တက်နေတာ။ နိုင်ငံရေးအဖွဲ့အစည်းနဲ့ ပတ်သက်နေခဲ့တာ မသိခဲ့ဘူး။ ဖမ်းပြီးတော့ ဗဟန်းရဲစခန်းကနေ လမ်းမတော်ကို ပြောင်းပြီး
ဘာအမှုဆိုတာ ပြောပြမှပဲ ဒေါ်ဒေါ် သိခဲ့ရတယ်" ဟု မိခင် ဒေါ်ကျင်စန်းက ပြောသည်။
ကိုအောင်ဇေဖြိုးသည် အင်ဂျင်နီယာ မဟာဘွဲ့ပညာ ဆက်လက်ဆည်းပူးနေသည့် ကျောင်းသားဖြစ်သည်။
၂၀၀၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် GW ခေါ် မျိုးဆက်သစ် လူငယ်များအစည်းအရုံးသည် ရွှေဝါရောင် တော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် လူငယ်အဖွဲ့စည်းတခုဖြစ်ကာ စစ်အစိုးရအား ဆန့်ကျင်သည့် တေးသီချင်းများ ရေးစပ်ခြင်းဖြင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် အကြမ်းမဖက် နည်းလမ်းများဖြင့် လှုပ်ရှားနေသော အဖွဲ့ဖြစ်သည်။

မြန်မာ့အလင်းသတင်းစာကသတင်းဆောင်းပါးကြောင့်ပြည်သူတွေအထိတ်တလန့်ဖြစ်

ရန်ကုန်။နိုဝင်ဘာ(၂၀)

မြန်မာစစ်အစိုးရရှေ့ကိုဘာလုပ်မလဲဆိုတာကိုအစိုးရရဲ့နေ့စဉ်ထုတ်သတင်းစာတွေမှာဖတ်ပြီး
သုံးသပ်လေ့ရှိတဲ့မြန်မာပြည်သားတွေမနေ့ကထုတ်တဲ့မြန်မာ့အလင်းသတင်းစာပါဆောင်းပါးရှင်
မောင်မောင်ထွန်း(သတင်းစဉ်)နှင့်ညီညီထွန်း(သတင်းစဉ်)တို့ရဲ့အောက်ဖေါ်ပြပါသတင်းဆောင်းပါးကြောင့်
အကြီးအကျယ်ထိတ်လန့်တုန်လှုပ်နေကြကြောင်းရန်ကုန်မြို့ခံတဦးကပြောပါတယ်။
““နွားငါးကောင်မှခုနှစ်ကောင်ရှိရုံမျှဖြင့် ထမင်း၊ဟင်း၊ချက်ပြုတ်မှုအပါအ၀င်ဘက်စုံအသုံးချနှိုင်သည့်
တအိမ်ထောင်သုံးဇီဝဓါတ်ငွေ့ကန်””
““ဟုတ်တယ်ဒီဆောင်းပါးပါအတိုင်းသာလောင်စာအခက်အခဲဖြေရှင်းဘို့ဆိုပြီး
စစ်တပ်ကအိမ်တိုင်းအိမ်တိုင်းနွားငါးကောင်မမွေးမနေရဆိုလာရင်
တော်တော်ခက်ရချည်ရဲ့ဗျာ””ဟုသူကဆက်ပြောပါသည်။
မောင်မောင်ညီထွန်း
ပျိုးခင်း(သတင်းစဉ်)

အပြစ်ရှိသူတွေကြပ်ကြပ်သတိထားနေကြပေတော့

မတရား ထောင်ဒဏ်နှစ်ရှည်များ ချမှတ်ခြင်းဟာ နိုင်ငံတကာ ရာဇ၀တ်မှု ကျူးလွန်ရာရောက်ဟု ဥပဒေပညာရှင်များ ဝေဖန်
19 November 2008
ဦးသားညွန့်ဦး - အစီအစဉ်ကိုရယူရန် (MP3) ဦးသားညွန့်ဦး - နားဆင်ရန် (MP3)
မြန်မာနိုင်ငံမှာ နိုင်ငံရေး အတိုက်အခံတွေကို မညှာမတာ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့တဲ့ တရားသူကြီးတွေနဲ့ တရားသူကြီးချုပ် ဦးအောင်တိုးတို့ဟာ နိုင်ငံတကာ တရားသူကြီးတွေ
လိုက်နာရမယ့် စည်းမျဉ်းတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်ပေါ် ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်တာကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု တရားရုံး ICC ကနေ သူတို့ကို အရေးယူရမယ်လို့
ဥပဒေ ပညာရှင်တွေက ဆိုပါတယ်။ မြန်မာနိုင်ငံကိစ္စ ICC အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု တရားရုံးမှာ တရားကြားနာဖို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေနဲ့ ဆုံးဖြတ်ပေးဖို့ အမေရိကန် အမေရိကန် အခြေစိုက် ဥပဒေ ပညာရှင်များ အဖွဲ့ဖြစ်တဲ့ Global Justice Center နဲ့ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီတို့က ပူးတွဲ ပြီးတော့ ဒီနေ့ ထုတ်ပြန်တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံရှေ့နေများ ကောင်စီ အတွင်းရေးမှူး ဦးအောင်ထူးကို ဦးသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။ ဘယ်လို အထောက်အထားတွေကြောင့်များ အခုလို ICCကို တင်ဖို့ အခြေအနေထိ ဖြစ်လာတာလဲခင်ဗျာ။နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားဥပဒေ ပုဒ်မ ၇ ၁ င ဟာ လူသား ဖြစ်မှုကို ဆန့်ကျင်ကျူးလွန်တဲ့ ပြစ်မှုရဲ့ ဥပဒေ အောက်မှာ ပြဌာန်းချက်တခုပါတယ်။ နိုင်ငံတကာ ဥပဒေ အခြေခံများကို ချိုးဖောက် ဆန့်ကျင်ပြီးတော့ သက်ဆိုင်ရာ နိုင်ငံထဲမှာ ရှိတဲ့ နိုင်ငံသားတွေရဲ့ အခြေခံ လွတ်လပ်ခွင့်ကို တရားရုံးတွေက ကာကွယ် စောင့်ရှောက်ပေးချင်း မရှိတော့ဘူး၊ ကာကွယ် စောင့်ရှောက် ပေးနိုင်စွမ်းမရှိတော့ဘူး၊ ကာကွယ် စောင့်ရှောက်ပေးဖို့ ဆန္ဒမရှိတော့ဘူးဆိုတဲ့ အချက်အလက်တွေ ပေါ်လွင်လာတဲ့အခါ အဲလိုအရေးယူနိုင်တယ်လို့ အဲဒီ ဥပဒေရဲ့ အခြေခံက ဆိုလိုခြင်းဖြစ်တယ်။ မြန်မာနိုင်ငံထဲမှာ ရှိတဲ့ တရားစီရင် စနစ်ဟာ သက်ဆိုင်ရာ နိုင်ငံသားတွေရဲ့ အခြေခံလွတ်လပ်ခွင့်မှုတွေကို ကာကွယ် စောင့်ရှောက်ပေးချင်း မရှိတဲ့အပြင်ကို သူတို့ကိုယ်တိုင်က ဖိနှိပ်ရေး ကိရိယာတခုအဖြစ်နဲ့ ထင်ထင်ရှားရှား အသုံးချခံလာရတယ်ဆိုတဲ့အချက်က အငြင်းမပွားတော့ဘူးဆိုတာ တွေ့ရတယ်။ ဒါကြောင့် ဒီကိစ္စကို တိုးတက် ကောင်းမွန်အောင် လုပ်မယ်ဆိုရင် အခြားနည်း လုံးဝမရှိတော့ဘူး နိုင်ငံတကာက ပြစ်မှုဆိုင်ရာ ဥပဒေအရသာလျင် အရေးယူဆောင်ရွက် နိုင်စွမ်းရှိတယ်။ အဲဒီလို အရေးယူ ဆောင်ရွက်နိုင်မယ့် ပုဂ္ဂိုလ်ကလည်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကပဲ ဖြစ်တယ်၊ သူမှာလည်း တာဝန်ရှိတယ်ထင်လို့ ကျွန်တော်တို့ တင်ပြရခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ICCမှာ လက်မှတ်ရေးထိုးထားခြင်းမရှိပါဘူး။ လုံခြုံရေးကောင်စီမှာ တင်တိုင်းလည်း မြန်မာကိစ္စမျိုးက အင်အားကြီး နိုင်ငံတချို့ရဲ့ ပယ်ချတာတွေ ခံနေရတာဖြစ်တဲ့အတွက် တကယ်တမ်း ICCကို တင်နိုင်ဖို့ အလားအလာ ရှိတယ် ထင်ပါသလား။အရင်တုန်းက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ကြိုးစား တင်သွင်းတဲ့ အပိုင်းတွေမှာ နိုင်ငံရေး သိပ်ဆန်သွားတယ်။ ကျွန်တော်တို့ တင်ပြတာက နိုင်ငံတကာ ဥပဒေ အခြေခံအဖြစ် ကုလသမဂ္ဂ ပဋိဥာဏ် စာတမ်း အခန်း ၇မှာ ပါတဲ့ ပြဌာန်း ချက်ကို သွားစရာမလိုတော့ဘူး။ နိုင်ငံထဲမှာ ရှိတဲ့ ပြစ်မှုရဲ့ ပမာဏက ကြီးသွားပြီး၊ သက်ဆိုင်ရာ တိုင်းပြည်ရဲ့ တရား စီရင်ရေး စနစ်က အရေးယူ ဆောင်ရွက်နိုင်စွမ်းမရှိတော့တဲ့အခါမှာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက အရေးယူ ဆောင်ရွက်လို့ ရတယ်၊ ဆောင်ရွက်သင့်တယ်ဆိုတဲ့ သာဓက မှုခင်းတွေ ရှိပါတယ်။ တရုတ်ပြည် ကိုယ်တိုင်က ဥပဒေ စိုးမိုးမှုအခြေခံကို ပြန်ပြောင်းတည်ဆောက်ပြီးတော့ ဒီနေ့ တိုးတက် ဖြစ်ထွန်းသွားတာ။ ဒါကြောင့် ဖြစ်နိုင်ချေ ရှိတယ်လို့ တွက်ပါတယ်။ ဒီနေ့ ကြေညာချက်ထဲမှာ တရားသူကြီးချုပ် ဦးအောင်တိုး အပါအ၀င် တရားသူကြီး ၇ ဦးဟာ မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေမှာ အဓိက လုပ်ခဲ့သူတွေလို့ ဖော်ပြပြီးတော့ ICCမှာ သူတို့ကို တင်ဖို့လည်း ဖော်ပြတယ်ခင်ဗျ။ လက်ရှိ မြန်မာနိုင်ငံမှာ တရားမျှတစွာ အုပ်ချုပ်မှုမရှိဘူး။ အုပ်ချုပ်ရေးပိုင်းက တရားဥပဒေပိုင်းကို ၀င်ရောက် စွက်ဖက် နေတော့ ဒီလို လူမျိုးတွေကိုရော အပြစ်တင်လို့ ရပါ့မလား။ ဒီလို လူမျိုးတွေကို ဒီနေ့အချိန်မှာ ရာနှုန်းပြည့်ကို အရေးယူနိုင်ဖို့ ကြိုးစားရမှာဖြစ်တယ်။ အထူးသဖြင့် ဦးအောင်တိုး ဦးဆောင်တဲ့ ပြီး ဒီလို ပြစ်မှုကြီးတွေမှာ အာဏာပိုင်တွေ အလိုကျ ရက်ရက်စက်စက် လုံးဝမမျှတတဲ့ ပြစ်ဒဏ်ကြီးတွေ ချတာဟာ ပြည်တွင်း ဥပဒေကိုလည်း ချိုးဖောက်တယ်။ ဦးအောင်တိုး ကိုယ်တိုင် ၁၉၉၅ မှာ ကျင်းပခဲ့တဲ့ ဘေဂျင်း ကွန်ဖရန့်မှာ တရားစီရင်မှုဆိုင်ရာ အခြေခံမူများကို တခြား တရားသူကြီးချုပ် ၂၀လောက်နဲ့ အတူတူ လက်မှတ် ရေးထိုးခဲ့တာ၊ အဲဒီထဲမှာ တရားစီရင် လွတ်လပ်မှု၊ ဥပဒေ စိုးမိုးမှု အခြေခံကို ဖော်ဆောင်ဖို့၊ နိုင်ငံသားတွေ လွတ်လပ်ခွင့်ကို ကာကွယ် စောင့်ရှောက်မှုတွေ အပြည့်အ၀ပါတယ်။ အဲဒါကို ဦးအောင်တိုး ဦးဆောင်ပြီးတော့ ချိုးဖောက်တယ်။ ဟစ်တလာ လုပ်ခဲ့တဲ့ တရားခွင်တွေ၊ ဆန္ဒန်ဟူစိန် လက်ထပ်မှာ အတိုက်အခံတွေကို လက်ရှိတရားစီရင်ရေး စနစ်ကို သုံးပြီးတော့ ပြစ်ဒဏ်မတန်တဆတွေ စီရင်တာဟာ ပြစ်မှုပဲဆိုတဲ့ သုံးသပ်ချက်တွေ နိုင်ငံသားဥပဒေက ထွက်လာတယ်။ ဒီနေ့ ဦးအောင်တိုးတို့ သွားနေတဲ့ လမ်းကြောင်းကလည်း အဲဒီလိုပဲဖြစ်တယ်။ တရားစီရင်ရေး ဥပဒေ စနစ်ကို ဖိနှိပ် ယန္တရားအဖြစ် အသုံးချခံရတဲ့ အခါမှာ သူတို့ ကိုယ်တိုင်က တက်တက်ကြွကြွ ဦးဆောင်ပါဝင်နေတာ ဖြစ်တယ်။ ဒါကြောင့် သူတို့ကိုပါ အရေးယူ သင့်တယ်လို့ ကျွန်တော်တို့က ပထမဦးဆုံး အကြိမ်ထောက်ပြ တင်ပြတာဖြစ်ပါတယ်။

သူရဲကောင်းအမည်စါရင်းနောက်ဆက်တွဲ

ဗကသ ခေါင်းဆောင် ဒီငြိမ်းလင်းကို ၆ နှစ်ခွဲ ထောင်ဒဏ်ချ
သန်းထိုက်ဦး
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 19 2008 20:20 - မြန်မာစံတော်ချိန် ချင်းမိုင်။ ။

မျိုးဆက်သစ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်လူငယ် ကိုဒီငြိမ်းလင်းကို အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုဖြင့် စစ်အစိုးရက ယနေ့ထောင်ဒဏ် ၆ နှစ်ခွဲ ချမှတ်လိုက်သည်။သာသနာကို အကြည်ညို ပျက်ပြားစေရန် လုပ်ဆောင်မှု၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေရန် လှုံ့ဆော်မှု၊ ဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးတွင် ပါဝင်မှု စသည့် ပြစ်မှုများ အပါအ၀င် ပြစ်မှု ၄ ခုဖြင့် စမ်းချောင်းမြို့နယ် တရားရုံးက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသအဖွဲ့ဝင်ကို ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။"အန်တီအနေနဲ့ မြင်ရတာပေါ့နော်။ အမျိုးသားရော၊ သားကိုရောပေါ့နော်၊ သားအဖ နှစ်ယောက်စလုံးအတွက် မတရားဘူးလို့ပဲ ထင်တယ်။ သူတို့စွဲထားတဲ့ ပုဒ်မတွေကပေါ့နော်။ အန်တီတို့အနေနဲ့ 'မတရားဘူး၊ မတရားဘူး' ခဏခဏပြောနေတာ။ အန်တီတို့လည်း ရှက်လှပါပြီ၊ လုပ်တာတွေက" ဟု မိခင်ဖြစ်သူ ဒေါ်ဌေးဌေးဝင်းက ပြောသည်။ ယခင်ခေါင်းဆောင်များ အဖမ်းခံရခြင်း၊ ထွက်ပြေး တိမ်းရှောင်ရခြင်းတို့ကြောင့် မြေအောက် လှုပ်ရှားမှုဟန်ဖြင့် ရပ်တည်နေခဲ့သော ဗကသ ကို ပြန်လည်ဖွဲ့စည်းရာတွင် အသက် ၂၁ နှစ်အရွယ် ကိုဒီငြိမ်းလင်းလည်း ပါဝင်ခဲ့သည်။ကိုဒီငြိမ်းလင်းအား အနောက်ပိုင်းခရိုင် တရားရုံးက စွဲဆိုထားသည့် ပုဒ်မနှစ်ခု ရှိသေးသလို၊ မနက်ဖြန်တွင် ဒဂုံမြို့နယ် တရားရုံးကလည်း အသင်းအဖွဲ့ ပုဒ်မတခုဖြင့် ထပ်မံ၍ စီရင်ချက်ချရန် ရှိသေးကြောင်း မိခင်ဖြစ်သူက ပြောသည်။သူ၏ ဖခင်ဖြစ်သူ ဦးဇော်ဇော်မင်းမှာ ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်ပြီး ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည်။ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ ဘူမိဗေဒ နောက်ဆုံးနှစ်ကျောင်းသား ကိုဒီငြိမ်းလင်းမှာ ဗကသ အဖွဲ့ကို ပြန်ထူထောင်ပြီးနောက် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်သည့် သံဃာတော်များ ဦးဆောင်သော ဆန္ဒပြမှုတွင် ပါဝင်ခဲ့သဖြင့် ယမန်နှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပါရမီတိုက်ခန်းတခု၌ အဖမ်းခံခဲ့ရသည်။

မဇ္ဖိမသတင်းဌာနမှဖေါ်ပြပါသည်

Wednesday, November 19, 2008

အိမ်ဖြူတော်ကတော့တော်တော်စိတ်ဆိုးနေပြီ

မတရားဖိနှိပ်တဲ့ စစ်အစိုးရကို အိမ်ဖြူတော် အပြင်းအထန်ရှုတ်ချ
18 November 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) သတင်း - နားဆင်ရန် (MP3)
အခုရက်ပိုင်းအတွင်း မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ တရားဥပဒေနဲ့ ညီညွတ်ခြင်းမရှိတဲ့ စွပ်စွဲချက်တွေနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ထောင်ဒဏ်နှစ်ရှည်တွေ အပြစ်ပေးနေတဲ့အကြောင်း ဒေသစံတော်ချိန်တနင်္လာနေ့ ညနေပိုင်းက အမေရိကန်သမ္မတ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၇ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ ဒီပြစ်ဒဏ်ချမှုတွေဟာ အခုဆိုရင် စုစုပေါင်း ၈၆ ယောက်ရှိသွားပြီလို့ ဆိုပါတယ်။
ဖမ်းဆီးခံခဲ့ကြရတဲ့ မြန်မာမျိုးချစ်သူရဲကောင်းတွေဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ကိုဌေးကြွယ်တို့လည်း ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ်ချမှတ်ခံရတဲ့အထဲမှာ ပါဝင်တဲ့အကြောင်း အိမ်ဖြူတော် ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ သူတို့တွေဟာ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြသူတွေ၊ လူထုရဲ့အခြေခံလိုအပ်ချက်တွေကို စစ်အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ဖော်ပြထားတဲ့ အချက်တွေနဲ့အညီ ပြည်သူလူထုအနေနဲ့ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေကို အခုလို တောင်းဆို ဆန္ဒပြတဲ့အပေါ်စစ်အစိုးရက ရက်ရက်စက်စက် အပြစ်ပေး အရေးယူခဲ့တဲ့အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။သူတို့ကို ဖမ်းဆီးထိန်းသိမ်းပြီး တရားဥပဒေနဲ့အညီ ရုံးတင်စစ်ဆေးခြင်း မရှိသလိုသူတို့ကို ရှေ့နေအကျိုးဆောင်တွေ လိုက်ပါဆောင်ရွက်ခွင့် မပြုခဲ့တဲ့အပေါ်မှာလည်းအမေရိကန်ပြည်ထောင်စုအနေနဲ့ စိတ်မကောင်းဖြစ်မိတယ်လို့ သမ္မတအိမ်ဖြူတော်ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာပြည်တွင်းကနှစ်ရှည်ပြစ်ဒဏ်များ ကုလအထူးကိုယ်စားလှယ်ရဲ့ရင်ကိုထိမှန်

ဥပဒေအသုံးချ နှိပ်ကွပ်နေတာတွေကို ကုလအထူးကိုယ်စားလှယ် စိုးရိမ်
19 November 2008
ဦးကျော်ကျော်သိန်း - အစီအစဉ်ကိုရယူရန် (MP3) ဦးကျော်ကျော်သိန်း - နားဆင်ရန် (MP3)
မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အစိုးရနဲ့ သဘောထားကွဲလွဲသူတွေကို အခုရက်ပိုင်းနှစ်ရှည်ထောင်ဒဏ်တွေ ချနေတဲ့အပေါ် အထူးစိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂရဲ့လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးသူ ၅ ဦးက ထုတ်ဖော်ပြောဆိုလိုက်ကြပါတယ်။ ဒီလို နှောင့်ယှက်ဖမ်းဆီး ထောင်ချနေတာတွေကို ရပ်ဆိုင်းဖို့လည်း တောင်းဆိုလိုက်ကြပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူးတဦးကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီး အပြည့်အစုံ တင်ပြထားပါတယ်။
အာဏာရှင်အစိုးရ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံက အခြေအနေအရပ်ရပ်အပေါ် အထူးစိုးရိမ်မိတဲ့အကြောင်း ဗွီအိုအေကို ပြောခဲ့သူကတော့ လွတ်လပ်စွာ သဘောထားအမြင်ရှိခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်တွေကို မြှင့်တင်ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ဖရန့်ခ် လာ ရူး (Frank La Rue) ဖြစ်ပါတယ်။
"အာဏာရှင်အစိုးရတရပ်က တရားဥပဒေကို ဒီလို ရက်ရက်စက်စက်လုပ်ရပ်မျိုးမှာအသုံးပြုတဲ့အခါတိုင်း စိုးရိမ်ဖွယ်ရာ ဖြစ်တာပါပဲ။ တရားဥပဒေဟာ လူ့အခွင့်အရေးနဲ့လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေပေါ်မှာ အခြေခံသင့်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အတိုက်အခံဘက်ကလူတွေကို ဖမ်းဆီးထိန်းသိမ်းတာ၊ နှစ်ရှည်ထောင်ဒဏ်တွေ ချပစ်တာတွေအပေါ် ကျနော်တို့ အရမ်းကို စိုးရိမ်ပါတယ်။ တရားရေးစနစ်ရဲ့လွတ်လပ်မှုနဲ့ အမြင်တွေအပေါ် ကျနော်တို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ဒါ့ကြောင့်လည်း အထူး စုံစမ်းစစ်ဆေးသူတွေအနေနဲ့ ကျနော်တို့ရဲ့စိုးရိမ်မှုကို အစိုးရသိအောင်ဖော်ပြပြီး ထိန်းသိမ်းထားသူတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ နောက်ထပ်သတင်းအချက်အလက်တွေ တောင်းခံထားတာပါ။"
မစ္စတာ ဖရန့်ခ် လာ ရူးဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေးယား ကင်တားနား(Tomás Ojea Quintana) အပါအ၀င် တခြား လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး ၄ ဦးနဲ့အတူ မြန်မာနိုင်ငံက လက်ရှိ ထောင်ချပစ်နေတာတွေနဲ့ပတ်သက်ပြီးနိုဝင်ဘာလ ၁၈ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ရာမှာ ပါဝင်ခဲ့သူပါ။
သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ အခြေခံဥပဒေမှာ ပုံဖော်ထားတဲ့အတိုင်း ပါတီစုံဒီမိုကရေစီအရပ်သားအစိုးရတရပ်ဆီ အသွင်ကူးပြောင်းရေးအတွက် ပြုပြင်ပြောင်းလဲရေးတွေစပြီးလုပ်ဆောင်ဖို့၊ ၂၀၁၀ ပြည့်နှစ်မှာကျင်းပမယ့် လွတ်လပ်ပြီး တရားမျှတတဲ့အထွေထွေရွေးကောက်ပွဲတွေအတွက် အရေးကြီးတဲ့ ကြိုတင်သတ်မှတ်ချက်တွေပြည့်ဝစေရေး လုပ်ငန်းတွေကို ချက်ချင်း စပြီးလုပ်ဆောင်ဖို့ အာဏာပိုင်တွေကို အပြင်းအထန် တိုက်တွန်းထားပါတယ်။
အခြေခံဥပဒေနဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွေကိစ္စကို မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေကရော၊ မြန်မာ့အရေး စိတ်ပါဝင်စားတဲ့ တခြားကမ္ဘာ့နိုင်ငံတွေကရောလက်မခံနိုင်ဘူးလို့ ပြောထားတာတွေကလည်းရှိတော့ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးသူတွေ အပါအ၀င် ကုလသမဂ္ဂရဲ့ သဘောထားက အခြေခံဥပဒေကို လက်ခံတယ်၊ ၂၀၁၀ ရွေးကောက်ပွဲနည်းလမ်းအတိုင်းပဲ သွားမယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်သလို ဖြစ်နေပါတယ်။
ဒီအပေါ်မှာ မစ္စတာ ဖရန့်ခ် လာ ရူးက ကုလသမဂ္ဂဟာ အပြုသဘောဆောင်တဲ့နည်းလမ်းနဲ့ ချဉ်းကပ်ဖို့ ကြိုးစားပါတယ်လို့ ဆိုပါတယ်။
"အခြေခံဥပဒေကို လက်ခံဖို့ လက်မခံဖို့ဆိုတာ ကျနော်တို့ရဲ့ အခန်းကဏ္ဍ မဟုတ်ပါဘူး။ကျနော်တို့ရဲ့ အခန်းကဏ္ဍက အခြေခံဥပဒေတွေဟာ ယေဘုယျအားဖြင့် နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းစံထားဘောင်ထဲမှာ ရှိရဲ့လား၊ နိုင်ငံတွင်းမှာ နိုင်ငံတကာလူ့အခွင့်အရေးတွေကို လေးစားသမှုရှိရဲ့လား ဆိုတာကို ကြည့်ဖို့ဖြစ်ပါတယ်။"
ဒါ့အပြင် သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တရားရေးစနစ်ကိုပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တိုက်တွန်းထားတဲ့အချက် ပါပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တိုက်တွန်းရတဲ့ အဓိကအကြောင်းရင်းက ဘာပါလဲဆိုတဲ့ မေးခွန်းအပေါ်မှာ မစ္စတာ ဖရန့်ခ် လာ ရူးက ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ်အိုဟေးယား ကင်တားနားဟာ မြန်မာနိုင်ငံက အခြေအနေ အဖြစ်အပျက်တွေကို အနီးကပ် စောင့်ကြည့်လေ့လာနေသူဆိုပြီး ပြန်ညွှန်းပါတယ်။ သူ့အနေနဲ့ကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပေးဖို့ကိုပဲ အဓိက ပြောဆိုခဲ့ပါတယ်။
"လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးသူအနေနဲ့ ကျနော့်ရဲ့အဓိကစိုးရိမ်ချက်ကတော့ အတိုက်အခံတွေရဲ့အမြင်ကို ထင်ဟပ်ပြောဆိုကြတယ်ဆိုပြီးလူတွေကို ဖိနှိပ်နေတာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မပေးတာပါပဲ။ ဘယ်လိုဒီမိုကရေစီ လူ့အဖွဲ့အစည်းမျိုးမှာမဆို သူတို့ရဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေကိုထုတ်ဖော်ပြောဆိုခွင့်ရှိတဲ့၊ လေးစားသမှုနဲ့ နားထောင်ခွင့်ရသင့်တဲ့ အတိုက်အခံအမျိုးမျိုးကို ခွင့်ပြုဖို့ အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။"
လွတ်လပ်စွာ သဘောထားအမြင်ရှိခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်တွေကို မြှင့်တင်ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ဖရန့်ခ်လာ ရူး ပြောပြသွားတာ ဖြစ်ပါတယ်။
အခုလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက စိုးရိမ်တဲ့အကြောင်း ဆက်တိုက်ဆိုသလို ပြောဆိုလာတဲ့ကြားကပဲ မြန်မာအာဏာပိုင်တွေကတော့ ဖမ်းဆီးထားတဲ့ထဲက ထောင်မချရသေးတဲ့သူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ဆက်ပြီးချလိုက်၊ ထောင်ချပြီးတဲ့ထဲကတချို့ကို ဝေးလံခေါင်သီတဲ့ထောင်တွေဆီ ပြောင်းပို့လိုက် လုပ်နေဆဲပါ။ဖမ်းဆီးခံထားရသူအများစုဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ မတိုင်ခင်လေးနဲ့ ရွှေဝါရောင်လှုပ်ရှားမှုအပြီး ဖမ်းဆီးခံရသူတွေဖြစ်ပြီး တရားရုံးတင် မစစ်ဆေးဘဲ ချုပ်ထားတာကိုက နှစ်နဲ့ချီကြာမြင့်နေပါပြီ။ ဒီလူတွေကို အခုအချိန်ကျမှ ဆက်တိုက် မြန်မြန်ဆန်ဆန် ထောင်ချပစ်နေတာဟာ ဘာ့ကြောင့်လဲ၊ နောက်ကွယ်မှာ ဘာအကြောင်းတွေ ရှိသလဲဆိုပြီး မြန်မာ့အရေး စောင့်ကြည့်လေ့လာသူတွေကြား ဆန်းစစ် အဖြေရှာနေကြပါတယ်။