Tuesday, October 21, 2008

လွဲမှားသောဝါဒများ

န.အ.ဖ စစ်အစိုးရရဲ့ လက်သုံးစကားဖြစ်သော တိုင်းပြည်တိုးတက်အောင် ကျိုးပန်းအားထုတ်
နေပါသည်ဆိုသည့် စကားများကို ပြည်တွင်းထုတ်သတင်းစာများတွင် မြန်မာပြည်သူပြည်သူ
များ မကြာခဏဆိုသလို ကြားဖူး မြင်ဖူး၊ ဖက်ဖူး ကြပါလိမ့်မည်။

ယခုအခါ မြန်မာပြည်တွင် နိုင်ငံတစ်ကာနှင့် တန်းတူညီတူ ရင်မောင်တန်းနိုင်မူ့မရှိသည့် ကိစ္စ
များမှာလည်းပဲ ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းသူပုန်များနှင့် နိုင်ငံတော်တိုးတက်ရေးကို
ဖျက်စီးနေသူများကြောင့်ဟု အမြဲပင် ဝေဖန်ပြစ်တင် ပြောဆိုလေ့ရှိပါတယ်။ ထိုကဲ့သို့ နိုင်ငံ
တော်၏ တိုးတက်မူ့များကို နှေးကွေးကြန့်ကြာအောင် ပြုလုပ်နေကြသူ များကြောင့်ပင် မြန်မာ
ပြည်သည် နိုင်ငံအလယ်တွင် မျက်နှာငယ်နေရသည်ဟုလည်း န.အ.ဖ က သတင်းစာရှင်းလင်း
ပွဲများ ပြုလုပ်ရာတွင် တရားခံဟု လက်ညိုးထိုးပြလေ့ရှိပါသည်။

ထိုကဲ့သို့ ပြောဆိုပါက န.အ.ဖ စစ်အစိုးအရအနေနှင့် မဟုတ်မမှန်သောစကားများကို မြန်မာ
ပြည်သူ ပြည်သားများအား ထင်ယောင်ထင်မှားဖြစ်အောင် ကလိမ်ကကျစ်ဥာဏ်မဖြင့်သာ ၀ါ
ဒဖြန့် ပြောကြားခြင်းပင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တိုးတက်ခြင်း မရှိသည်မှာ အမျိုးသားဒီမိုက
ရေစီအဖွဲ့အပါအ၀င် နိုင်ငံရေးအဖွဲ့အသင်းအဖွဲ့များနှင့် လက်နက်ကိုင်တော်လှန်သူများကြောင့်
မဟုတ်ပဲ န.အ.ဖ စစ်အစိုးရရဲ့ ကျဉ်းမြောင်းတဲ့ အတွေးအမြင်များကြောင့်ပင် ဖြစ်သည်ကို တစ်
နိုင်ငံလုံးတွင်ရှိသော တိုင်းသူပြည်သားအားလုံး အသိပင်ဖြစ်ပါသည်။ အမှန်တွင်ကား မြန်မာနိုင်
ငံတွင် ဖွံ့ဖြိုးတိုးတက်နိုင်သော ရေခံမြေခံကောင်း မြေပေါ်မြေအောင် သဘာဝသယံဇာတများ
အထူးပေါကြွယ်ဝပါတယ်။ မြစ် ချောင်း အင်း အိုင်များပြားစွာရှိသောကြောင့် ပုဇွန်ငါးများကို
လည်းပေါများစွာ ရရှိပါတယ်။ နက်ရှိုင်းထူပြောတဲ့ သစ်တော ၀ါးတောများလည်း အလွန်ပင်
ပေါ များလှပါတယ်။ ဂတ်(စ်) သဘာဝဓါတ်ငွေ့အပါအ၀င် ရေနံများလည်း ထွက်ရှိပါတယ်။
မြန်မာပြည်သူများ နေ့စဉ်စားနေကြသော ထမင်းကို စိုက်ပျိုးရန် ကောင်းမွန်သော လယ်မြေများ
လည်းရှိပါတယ်။ စသည့် စသည့် ထိုကဲ့သို့ ဘက်ပေါင်းစုံမှ ပြည်စုံနေသော တိုင်းပြည်တစ်ပြည်
အနေနှင့် မတိုးတက်ရခြင်းမှာ တိုင်းပြည်ကို အုပ်ချူပ်ဗိုလ်လုပ်နေသည့် လက်တစ်ဆုပ်စာ စစ်အ
စိုးရ အသုံးမကျလို့သာ ဖြစ်ပါတယ်။ န.အ.ဖ စစ်အစိုးရအနေဖြင့် သူတစ်ပါးအား အပြစ်ပြောရမည်
ဆိုရင် မမောနိုင်မပန်းနိုင်ပြောဆိုလေ့ရှိပြီး မိမိကိုယ်ကိုယ် ဝေဖန်သုံးသပ်ခြင်းတွင်တော့ တစ်ခါမှ
မရှိခဲ့ဖူးပါ။ မိမိတို့၏ လွဲမှားတဲ့ အတွေးပေါ်လစီ မှားယွင်းနေမူ့ကြောင့် တိုင်းပြည်ဆင်းရဲနွမ်းပါးရ
သည်ကိုမူ တစ်ခါမှ ပြောဆိုလေ့မရှိပါ။ စစ်အစိုးရအနေဖြင့် အုပ်ချုပ်ရေး အာဏာကိုသိမ်းယူထား
သည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ရှိပါပြီ။ ယခုထက်ထိ မြန်မာပြည်၏ မြို့တော်ဖြစ်သော မဟာရန်
ကုန်မြို့တွင်မူ လျှပ်စစ်မီးကို ပုံမှန်မရရှိသေးပါ။ အခြားနယ်များနှင့် ကျေးလတ်ဒေသတွင်မူ သာ၍
ပင် ဆိုးပါအုံးမည်။ စစ်အစိုးရအနေဖြင့် မြန်မာပြည်အား အမှန်တကယ် တိုးတက်ကောင်းမွန်စေ
ချင်သော စိတ်ဓါတ်ရှိခဲ့မည်ဆိုပါက နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း လျှပ်စစ်မီးကိုတော့ဖြင့် ပုံမှန်
သုံးနိုင်အောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ တိုင်းပြည်တစ်ပြည် တိုးတက်မူ့
ကို ဆောင်ရွက်ရာတွင် လျှပ်စစ်မီးမှာ အရေးအကြီးဆုံ အဓိကနေရာ တစ်နေရာတွင်ရှိပါတယ်။
လျှပ်စစ်မီး လုံလုံလောက်လောက် မသုံးစွဲနိုင်လျှင် ယနေ့ကမ္ဘာတွင် နောက်ဆုံးပေါ် လျှပ်စစ်
ပစ္စည်း အသုံးအဆောင်နှင့် ဆက်သွယ်ရေး များကို မလုပ်ဆောင်နိုင်ပါ။ ထိုကဲ့သို့ မြန်မာပြည်အား

အောက်ကျနောက်ကျဖြစ်အောင် န.အ.ဖ စစ်အစိုးရမှ ဖန်တီးပြုလုပ်ထားခြင်းဖြစ်ပါတယ်။

ထိုကဲ့သို့ အရှက်မရှိသော မျက်နှာများနှင့် ကမ္ဘာကြီးအား ဆက်တိုက်လိမ်ညာနေပြီး

အာဏာလွဲပြောင်းပေးလိုစိတ်မရှိသောကြောင့် အကြောင်းပြချက်အမျိုးမျိုးပြကာ

ရာထူးတွေတစ်ဆင့်ပြီးတစ်ဆင့် တက်နေတဲ့ န.အ.ဖ စစ်ခေါင်းဆောင်များ အသေဆိုးနှင့်
သေကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ကျွန်တော့်ရဲ့ဆောင်းပါးလေးကို ဒီမှာပဲ အဆုံး
သတ်လိုက်ရပါတယ်။

အောင်အောင် (ပျိုးခင်းလူငယ်အဖွဲ့)

Sunday, October 5, 2008

သစ္စာအောင်ပွဲ

  • အနာဂတ်ကောင်းကင်ထဲမှာ

သစ္စာအောင်ပွဲ

တစ်နေ့နွှဲဖို့

တွဲတဲ့လက်တွေမဖြုတ်နဲ့

ဆုတ်တဲ့ခြေထောက် ရှေ့ပြန်လျှောက် ။ ။

  • ရင်မချိစရာ သခင်အမိမြန်မာရဲ့

ဗုဒ္ဓသာသနာ မြတ်သံဃာတွေ

သွေးမြေကျခဲ့ရပါပြီ _____________။ ။

  • စစ်မင်းခွေးစုတ် စစ်ဗိုလ်ချုပ်တို့
ယုတ်မာရက်စက် သွေးပျက်စရာ

စက်တင်ဘာ၊ နှစ်ထောင့်ခွန်

မွန်မြတ်သူတွေ ကျဆုံးကြွေကျ

ထိုကာလဟာ မေ့စရာမရှိ

အာဏာရူးတွေရဲ့စစ်ဖိနပ်အောက်

သာသနာ့အလံတော် ရောက်ရသည်အထိ

မင်္ဂလာရှိသည့် ပြည်မြန်မာကို

ဒီ မသာတွေထင်တိုင်းလုပ်သမျှ

ငုတ်တုတ်ထိုင်ကြည့်နေရအောင်လည်း

တို့တစ်တွေ ရွှံ့ရုပ်မဟုတ်ပါဘူး

တွန့်ဆုတ်နေရင် အောင်ပွဲဝေးမှာမို့

နောင်အမြဲအေးရန် ပေါင်းစုရုန်းကြ

ထကြ၊ ကြွကြ တော်လှန်ကြဟေ့

ရွှေမြန်မာ ဒီသတ္တိကိုဖြင့်

ကမ္ဘာသိအောင်ပြ _____________။ ။

(မြေအုတ်တို့ ပြိုလေရာ ကျောက်အုတ်တို့နဲ့အစားထိုး ငါတို့သမိုင်းမပုတ်သိုးစေနဲ့)
စက်တင်ဘာ 2007။
ရွှေဝါရောင်တော်လှန်ရေးတစ်နှစ်ပြည့်အထိမ်းအမှတ်။
ဗမာ့မျိုးချစ်လူငယ်များအဖွဲ့
ဇော်မြင့် (B.Y.N.A)
(22.9.2008)