Saturday, December 19, 2009

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၀၉ ခုနှစ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးရှိ KLIA ထိန်းသိမ်းရေး စခန်းအတွင်း အမည်မ သိရောဂါကြောင့် သေဆုံးမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။

မလေးရှားနိုင်ငံသို့ တရားမ၀င်ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား အာဏာပိုင်များမှ ဖမ်းဆီး၍ သက်ဆိုင် ရာနိုင်ငံများသို့မပို့မီ ယာယီထိန်းသိမ်းရေးစခန်းများဖွင့်၍ထားရှိခဲ့ရာမှ လွန်ခဲ့သည့် သြဂုတ်လကုန်ပိုင်းကစ၍ သေ ဆုံးမှုများ ရှိခဲ့သည်။

အဆိုပါရောဂါကြောင့် ထိုစခန်းအတွင်း အသက် ၄၅ နှစ်အရွယ် ချင်းအမျိုးသား ငေါင်စပေါင် ယခုလ ၉ ရက်နေ့ က သေဆုံးခဲ့ပြီး လွန်ခဲ့သည့် လေးလအတွင်း သေဆုံးသူ ၇ ဦး ရှိပြီဟု စခန်းတွင်းထိန်းသိမ်းခံထားရသူ တစ်ဦးက ယခုလိုပြောသည်။

“ဒီကောင်ကတော့ အသည်းအသန်ဖြစ်နေတယ်။ ထလို့တောင်မရတော့ဘူး။ အခုထလို့ မရတော့ဘူး ဘယ်လိုလုပ်ရမှာလည်းဆိုတော့ ဒါဆိုရင် ဆေးရုံပို့ပေးမယ်တဲ့ အပြင်ကို ထုတ်လိုက်တယ်။ ဟိုမှာ ကျတော့ တစ်ညပဲအိပ်တယ်။ နောက်တစ်ရက် ညကိုးနာရီ လောက်မှာ ဆုံးသွားပြီလို့ သတင်းကြား ရတာ။ အခုဒီထဲမှာဆိုရင် ကျနော်တို့ ဒီကို ရောက်တာနဲ့ လေးလအတွင်းမှာ ၇ယောက်ရှိနေပြီ ဆုံး သွားတာ။”

သေဆုံးသူမှာ ခြေထောက်များဖောရောင်နေပြီး လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ အစာ မစားနိုင်သည့်အပြင် ဆီး ချုပ်၊ ၀မ်းချုပ်ဖြစ်ရာမှ စခန်းတာဝန်ရှိသူများအား အကြောင်းကြား ခဲ့သော်လည်း အချိန်မီပို့ဆောင်နိုင်ခြင်းမရှိခဲ့ဟု ၎င်းကပြောသည်။

အထူးသဖြင့် ထိုစခန်းအတွင်း၌ လွန်ခဲ့သည့် ဇူလိုင်လဆန်းပိုင်းက စမုံညှင်းစခန်းတွင် ကျန်းမာရေးကိစ္စဖြင့် ဆန္ဒပြမှုကြောင့်ပြောင်းရွှေ့လာသူအများစုဖြစ်ပြီး ထိုသူများအား ကျန်းမာရေးဂရုစိုက်မှုအားနည်းကာ ပြင်ပမှဆေး များကိုလည်း သုံးစွဲခွင့်မရဟု ၎င်းကဆက် ပြောသည်။

“ငါတို့ဒီ စမုန်ညှင်းက လူဟောင်းတွေဆိုရင် ဆရာဝန်ဆီ ပြမပေးဘူး။ နောက်ပြီးတော့ အဲဒီကြားထဲမှာ ဘာအခက်အခဲရှိလဲဆိုတော့ ကျနော်တို့အပြင်ကနေ ဆေးတွေဘာတွေပေါ့ကွာ လိမ်းဆေးတွေ၊သောက် ဆေးတွေ အဲတာတွေမှာတယ်။ အဲလိုမှာတဲ့အခါ သူငယ်ချင်းတွေကလာပေးတယ်။ အဲ့အခါ မှာလည်း အခက်အခဲရှိနေတယ်။ ကျနော်တို့လို လူဟောင်းတွေဆိုလို့ရှိရင် မပေးရဘူးတဲ့။ စမုန်ညှင်းက ဆိုလို့ရှိရင် မပေးရဘူးလို့ ပြောတယ်။”

ထို့အပြင် ထိုစခန်းအတွင်းထိန်းသိမ်းခံထားရသူများထဲ၌ စမုံညှင်းစခန်းမှ ပြောင်းရွှေ့လာသူ လူဟောင်းများမှာ စာ ရင်းပျောက်နေ၍ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UHNCR မှလာရောက်ထုတ်ယူနိုင်ခြင်း မရှိဟု ၎င်းက ဆက်ပြောသည်။

“အခုကျနော်တို့ကျတော့ UN နဲ့တွေ့မယ်ဆိုတောင် UN ကလည်းလာတော့လာတယ်။ ဒါပေမယ့် ကျ နော်တို့ နံပါတ်တွေမခေါ်တော့ဘူး။ နံပါတ်တွေ ကျော်ကျော်သွားပြီးတော့ ခေါ်နေကြတယ်။ ကျနော်တို့ လူဟောင်းတွေဆိုရင် လုံးဝမခေါ်တော့တာ။ နောက်ပြီးတော့ နာမည်စာရင်းလည်း ဒီထောင်စာရင်းထဲ မှာမရှိဘူး။ UN ကဟိုကနေ စာရင်းပေးလို့ရှိရင်လည်း ဒီကလက်ခံစာရင်းထဲမှာ မရှိတော့ အပယ်ခံရပြီး တော့ UN နဲ့တွေ့လို့မရဘူး။ ဒီထဲမှာပဲ နေနေရတာပေါ့။ ဒီထဲမှာတော့ တစ်နှစ်လောက်ရှိနေပြီ။ အခက် အခဲဖြစ်နေတာ။”

ရောဂါဖြစ်ပွားသည့် အကြောင်းရင်းကို သိရှိနိုင်ရန် တာဝန်ရှိသူများအနေနှင့် စုံစမ်းရှာဖွေ ခဲ့သော်လည်း ယနေ့အ ချိန်ထိ မည်သည့်ရောဂါမှန်းမသိရသေးဟု ၎င်းကပြောသည်။

စခန်းတွင်းထိန်းသိမ်းခံထားရသူများအား မြန်မာသံရုံးမှလာရောက်ထုတ်ယူပြီး မိခင်နိုင်ငံ သို့ပြန်လည်ပို့ဆောင် ရန်စီစဉ်ပေးသော်လည်း ငွေကြေးမတတ်နိုင်သဖြင့် မပြန်နိုင်ဘဲ ဖြစ်နေသည်ဟု ၎င်းကပြောသည်။

“ကျနော်တို့ဆီမှာ ပိုက်ဆံရှိရင် ကျနော်တို့ပြန်ချင်တယ်။ ဒါပေမယ့် အခုချိန်မှာ လက်ထဲမှာ ပိုက်ဆံက လည်းမရှိဘူး၊ အိမ်ကနေလည်းမရဘူးဆိုတော့ ဒီထဲမှာပဲ ဒီတိုင်းပဲနေရတာပေါ့။”

အစောပိုင်းကာလများက မြန်မာပြည်သို့ပြန်လိုပါက လူတစ်ဦးလျှင် မလေးရှားငွေ ၁၅၀၀ ခန့် ပေးရပြီး နောက်ပိုင်း တွင် သံရုံးမှ တာဝန်ပေးထားသူက တစ်ဦးလျှင် ၅၀၀ နုန်းဖြင့် ပြန်ပို့ရန်စီစဉ်ခဲ့သော်လည်း ယခုအခါစာရင်းပိတ် လိုက်ပြီဟု ပြောသည်။

စခန်းတွင်း၌ မြန်မာနိုင်ငံသား ၁၃၀ ကျော်ရှိသည့်အထဲက လောလောဆယ် ရောဂါဖြစ် နေသူ သုံးဆယ်ကျော် ရှိသည်။

စခန်းတွင်း လေ၀င်လေထွက်နှင့် အလင်းရောင်ရရှိမှုနည်းပါးခြင်း၊ ချိုးရေနှင့်သောက်သုံးရေ သန့်ရှင်းမှု မရှိခြင်း၊ အ စားအစာလတ်ဆပ်မှုမရှိခြင်းတို့ကြောင့် ယခုလိုရောဂါများ ဖြစ်ပွားလာခြင်း ဖြစ်နိုင်သည်ဟု စခန်းတွင်းနေထိုင်သူ များက ပြောသည်။

Read More...

Sunday, December 6, 2009

တတိယနိုင်ငံရောက်မြန်မာနိုင်ငံသားများသို့

ကျွန်တော်ကတော့ မလေးရှားကနေ အမေရိကန်ပြည်ထောင်စုကို ၂၀၀၉ခုနှစ်၊ ဖေဖေါ်ဝါရီလမှာ ဒုက္ခသည် အဖြစ်နဲ့ ရောက်ရှိလာသူပြည်သူတစ်ဦးပါ။ စနစ်ဆိုးအောက်တွင် ၀မ်းရေးအတွက်ကိုပင် အသက်ထွက်လုမတတ်ရုန်း ကန်ခဲ့ရဖူးသူ အဖိနှိပ် ခံပြည်သူတစ်ယောက်အဖြစ်သာမက မလေးရှားလိုသူများနိုင်ငံမှာလည်း ဆယ်စုနှစ်တစ်ခုနီးပါး လူ့အခွင့်အရေးဆုံးရှုံးခဲ့ရသူအဖြစ် တရားမ၀င်နေခဲ့ရတော့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေ ကြုံတွေ့၊ ခံစားနေရတဲ့ လူမှုဒုက္ခတွေကို ကိုယ်ကိုတိုင်လည်းခံစားခဲ့ရသလို တပါးသူတွေခံ စားနေရတာကိုလည်း စာနာနား လည်တတ်သူပါ။
ထိုစာနာ၊ နားလည်တတ်မှုကပဲကျွန်တော်တို့ကို ဘ၀တူချင်းတွေကူညီရိုင်းပင်းဖို့အတွက် လူမှုကူညီရေး အဖွဲ့လေးတွေ ဖြစ်လာအောင် တွန်းပို့ပေးခဲ့ပါတယ်။ စေတနာကိုအရင်းတည်ပြီး တတ်သိနားလည်သလောက် အကောင်းဆုံးလုပ်ခဲ့ကြပါတယ်။ ညီညွတ်မှုတွေရှိသလို၊ မသင့်မြတ်မှုတွေလည်း အများကြီးရှိခဲ့ကြပါတယ်။ စိတ်ညစ်စရာတွေကြုံရသလို၊ ပျော်စရာတွေနဲ့လည်းဆုံခဲ့ရပါ တယ်။ အနှစ်ချုပ်ရရင်တော့ မလေးမှာနေရတာ ကိုယ်ဝါသနာပါတာကို လုပ်နေရလို့ပျော်ပါတယ်။ ဒါကတော့မလေးမှာနေခဲ့ရ တဲ့အပိုင်းပါ။
အမေရိကားအပိုင်းမှာတော့ မလေးမှာလို အဖွဲ့ဖွဲ့ပြီး ကူညီရလောက်အောင် ဒုက္ခ ရောက်သူလည်းမရှိတော့ပါ။ ဒုက္ခရောက်ရင်လည်း ရောက်ခါစ အခိုက်အတန့်ပင် ဖြစ်ပါ တယ်။ သို့သော်လည်း ကျွန်တော့်မှာနေ့စဉ်နဲ့အမျှ စိတ်ဒုက္ခရောက်နေရပါတယ်။ အဓိကမှာ မတူညီတဲ့လူတန်းစားအမြင်ပြဿနာပါ။
မြန်မာပြည်တွင်ပြည်သူတို့၏ အကျိုးကို ရှေးရှုမည့် စစ်မှန်သောဒီမိုကရေစီစနစ် တရပ် ပေါ်ထွန်းဖို့အတွက် မဖြစ်မနေ ကျော်ဖြတ်ရမည့် တံတိုင်းသည် လက်ရှိရင်ဆိုင် နေရသည့် နိုင်ငံရေးအကျပ်အတည်းပင် ဖြစ်ပါပေတယ်။ နိုင်ငံရေးအကျပ်အတည်း ကိုပြေလည်အောင်ဖြေရှင်းရန် ပြည်သူတရပ်လုံး၏ တိုးတက်သော နိုင်ငံရေးအမြင်နှင့် အတူ ပြည်သူတရပ်လုံး၏ဆန္ဒကို ကိုယ်စားပြုမည့် နိုင်ငံရေးအင်အားစုများသည် မဖြစ်မ နေရှိရမည်မှာ ငြင်းခုန်စရာမလိုအပ်သည့်အချက်ပင်ဖြစ်ပါတယ်။
ပြည်သူထဲမှပြည်သူများဖြစ်ကြသူ ကျွန်တော်တို့သည် မြန်မာ့အရေးနှင့် ပတ်သက် လျှင် ပြည်သူ၊ ပြည်သားကောင်းများအဖြစ် တထောင့်တနေရာ၊ တခန်းတကဏ္ဍမှ ပါဝင်ရမည်မှာ သမိုင်းကပေးသော တာဝန်တရပ်ပင်ဖြစ်ပေသည်ဟု စွဲမြဲစွာမှတ်ယူသင့်ပါ တယ်။
“ နိုင်ငံရေးအင်အားစုတချို့ လိမ်နေကြတယ်၊ နိုင်ငံရေးသမားတချို့ ညာနေကြ တယ်၊ အလွဲသုံးစားလုပ်နေတယ်” ဒါ့ကြောင့်နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုကို မပြုလုပ် လိုပါ၊ နိုင်ငံရေးနှင့်ပတ်သက်သည့်အဖွဲ့အစည်း၊ အသင်းများကို မကူညီမထောက်ပံ့ လိုပါဟု ပြောလာသူရှိခဲ့ပါလျှင် ထိုသူတို့၏အသံကို ကန့်ကွက်ပါသည်ဟု ကျွန်တော်၏ တသီးပုဂ္ဂလအမြင်ကို အခြေပြု၍ ပြောချင်ပါတယ်။
“ပြည်သူသာအမိ၊ ပြည်သူသာအဖ” ကို“တပ်မတော်သာအမိ၊ တပ်မတော်သာ အဖ” ဟုဝါဒဖြန့်ကာ တိုင်းပြည်၏မိဘနေရာကို အတင်းအဓ္ဓမလုယူနေသည့် မြန်မာစစ် ခေါင်းဆောင်များ ခေတ်သစ်အဇာတသတ်ဇာတ်ခင်းနေတာကို မိဘအစစ်ဖြစ်တဲ့ ပြည် သူတွေဟာ မေတ္တာခြုံလွှမ်း ခွင့်လွှတ်နိုင်စွမ်းပေမယ့် “သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိသည့်”နယူတန်၏ နိယာမကတော့ လက်တွေ့သဘောကိုသာ ဆောင် ပါပေလိမ့်မည်။
“ငါကောင်းစားရေး၊ ငါ့မိသားစုကောင်းစားရေး၊ ငါ့ဆွေမျိုးတစုကောင်းစားရေး” အတွက် ငါ၏ကျွန်နှင့်တူသော တိုင်းသူပြည်သားတို့၏ အသက်၊သွေး၊ ချွေးတို့ဖြင့် ရင်းနှီး၍ ရရှိလာသော ငါ၏ဘဏ္ဍာတော်တိုက်မှ ဘဏ္ဍာတို့နှင့်အတူ ငါ၏သေနတ် ပြောင်းဝ၌တည်ရှိသော အာဏာကိုသုံး၍ စည်းကမ်းပြည့်ဝသော“ငါသုံးလုံး” စနစ်ထွန်း ကားရေးအတွက် ပြည်တွင်း၊ ပြည်ပမှ အဇာတသတ်ဂိုဏ်းသားတို့သည် ပေးအပ်လာ သည့်တာဝန်များကို ဦးလည်မသုန် ရဲရဲဝံ့ဝံ့ဆောင်ရွက်သွားရမည်”။
(ပုံ) ဂိုဏ်းချုပ်ကြီး
စိတ်ကူးနဲ့ပုံဖေါ်ထားတဲ့ ဗိုလ်သန်းရွှေရဲ့မိန့်ခွန်းများ တကယ်ပဲအသက်ဝင်လေ ရော့သလား---။ ၂၀၁၀ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ဂိုဏ်းသားတွေရဲ့ လှုပ်ရှား မှုက ခပ်စိပ်စိပ်ဖြစ်လာတယ်။ ၀ါဒဖြန့်ချိရေးတွေကိုလည်း ပြည်တွင်းရော ပြည်ပမှာပါ ပုံသဏ္ဍန်မျိုးစုံဖြင့် ဆောင်ရွက်နေသည်ကိုတွေ့လာရတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုသည့် ၂၀၀၈လေဘေးအနိဌာရုံကာလတုန်းကလည်း ဤဖြစ်စဉ်မျိုးကို ကြုံ တွေ့ခဲ့ရဖူးပါတယ်။
မြန်မာ့နိုင်ငံတွင် အဇာတသတ်တို့ပြည်သူ့အာဏာကို လုယူခဲ့သည်ကာလမှစ၍ အပြစ်မဲ့ပြည်သူပေါင်းများစွာအသတ်ခံ၊ အကျဉ်းကျခံနေရသလို ပြည်သူတွေရဲ့ စားဝတ် နေရေးဟာလည်း ကျပ်တည်းသည်ထက်ကျပ်တည်းလာနေပါတယ်။ မူလတန်းပညာ ရေးကိုပင် သင်ကြားခွင့်မရသည့် ကလေးသူငယ်အရေအတွက်မှာ နှစ်စဉ်တိုးပွားနေပါ တယ်။ တချိန်က အဇာတသတ်တို့ရဲ့အာဏာယန္တယားကြီးမှာ ၀င်ရောက်တာဝန်ထမ်းခဲ့ သူ အိုမင်းမစွမ်းပင်စင်စားကြီးများပင်လျှင် ယနေ့အခါမှာ အပယ်ခံဘ၀ရောက်နေပြီး တောင်းရမ်းစားသောက်နေရသည့်အဖြစ်ကိုလည်း လစ်လျူရှုထားဆဲပင်ဖြစ်ပါတယ်။
နာဂစ်ကြောင့် မြန်မာသာမက ကမ္ဘာလူ့အဖွဲ့အစည်းကပါ ပူဆွေးသောက ရောက်နေချိန်ကို အခွင့်ကောင်းယူကာ ၎င်းတို့အာဏာတည်မြဲရေးအတွက် မတရားရေး စွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို နည်းမျိုးစုံကိုသုံးကာ အတည်ပြုခဲ့ပေတယ်။ ကျောင်းသားကိုသတ်၊ ပြည်သူကိုသတ်၊ သံဃာကိုသတ်ရုံမျှမက မိမိတို့ပေါ့ဆမှုကြောင့် အပြစ်မဲ့ပြည်သူတသိန်းသုံးသောင်းကျော် သေခဲ့ရသည့်အပြင် သန်းချီသည့် မြန်မာပြည် သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူတွေ၊ မခံစားနိုင်တော့လို့ ရူးသွပ်သွားရသူတွေ၊ မိဘမဲ့ဖြစ် သွားရသည့် ကလေးသူငယ်တွေရဲ့ဘ၀တွေကို စာနာပြီးပြန်လည်ထူထောင်ရေးကို မိမိ တို့ကိုယ်တိုင် အားသွန်ခွန်စိုက် လုပ်ရမည့်အစား လူသားချင်းစာနာလို့ ကူညီပံ့ပိုးသူ တွေရဲ့အလှူပစ္စည်းတွေကိုအလွဲသုံးစားလုပ်ယုံမျှမက အလှူရှင်တွေကိုပင် စိတ်အ နှောက်အယှက်ဖြစ်စေရန် တမင်ရည်ရွယ်ကာ ပိတ်ပင်တားဆီးနိုင်လောက်အောင် စာနာစိတ်ကင်းပြီး လူ့လောကအလယ်မှာ လူလို့တောင်သတ်မှတ်ဖို့မသင့်တော့သည့် အထူးအဆန်းသတ္တ၀ါတွေပြောသည့်စကား၊ ပေးသည့်ကတိ၊ လုပ်သည့်လုပ်ရပ်အပေါ် ယုံကြည်နေသယောင်ပြောဆို၊ ပြုမူကြသူတွေလည်း တတိယနိုင်ငံမှာ ရှိနေကြတာကို သိရလို့ ဒေါသထွက်မိပါတယ်။
ခင်ဗျားတို့ရဲ့တာဝန်မသိတတ်မှု၊ ကိုယ့်အကျိုးစီးပွားထိ ခိုက်မှာကို မလိုလားမှု စတာတွေကို ဖုံးကွယ်ချင်တဲ့အတွက်“ နိုင်ငံရေး အင်အားစုတချို့ လိမ်နေကြတယ်၊ နိုင်ငံရေးသမားတချို့ ညာနေကြတယ်၊ အလွဲသုံးစား လုပ်နေကြတယ်” ဒါ့ကြောင့် နိုင်ငံ ရေးသမားတွေကိုမယုံကြည်ပါ၊ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုကို မပြုလုပ်လိုပါ၊ နိုင်ငံ ရေးနှင့်ပတ်သက်သည့်အဖွဲ့အစည်း၊ အသင်းများကို မကူညီမထောက်ပံ့လိုပါဟု “ငါသုံးလုံး” စနစ်ကို အထောက်အကူပြုဖို့ ၀ါဒမှိုင်းတိုက်တဲ့ လုပ်ရပ်မျိုး လုပ်လို့မရဘူး ဆိုတာကို လေးလေးနက်နက်သိစေချင်ပါတယ်။
အတိတ်ကို သိပြီး(သတိရပြီး)၊ ပစ္စုပ္ပန်ကို မြင်ကာ၊ အနာဂတ်ကို အသိတရားနဲ့ ယှဉ်၍ မျှော်မှန်းကြပါ။ တတိယနိုင်ငံကို နိုင်ငံရေးခိုလှုံခွင့်၊ ဒုက္ခသည်စသဖြင့် ရောက်ရှိ လာရတဲ့ အကြောင်းရင်းကို ပြန်ဆန်းစစ်ပါ။ လက်ရှိခံစားနေရတဲ့အခွင့်အရေး(လူ့အခွင့် အရေးအပါအ၀င် အခြားသောထောက်ပံ့မှု)တွေထဲက မြန်မာပြည်သူတွေအတွက် ဘယ် အတိုင်းအတာအထိ ပြန်လည်ခွဲဝေပေးနိုင်မလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုကိုယ် ပြန်မေး ပါ။ သမိုင်းကိုဖျောက်ဖျက်ဖို့ကြိုးစားရင်(သို့မဟုတ်) လိမ်ရင် သမိုင်းကပေးတဲ့ အပြစ် ဒဏ်ကို ခံရမည်။ သမိုင်းကိုမသိရင် သိအောင်ကြိုးစားပြီး သမိုင်းကပေးသည့်တာဝန်ကို ကျေစေရမည်။
နိုင်ငံရေးသမားတချို့ မယုံကြည်ရတာကိုထောက်ပြပြီး မြန်မာ့အရေးမှာ နိုင်ငံရေး အင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေရဲ့ အခန်းကဏ္ဍကို မှေးမိန်အောင်လုပ်ဖို့ ကြံရွယ်သည်ကို သိရုံမျှဖြင့်ပင် အဇာတသတ်ဂိုဏ်းသားအဖြစ်မှတ်ယူပြီး ပြတ်ပြတ် သားသားဆန့်ကျင်ခြင်းဖြင့် တမျိုးသားလုံးကောင်းစားရေးကို ရည်သန်ပြီး ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်နေသည့် သူရဲကောင်းတွေ၊ အသက်ပါပေးလှူသွားခဲ့သည့် အာဇာနည်ကြီး တွေရဲ့ ကျွန်တော်တို့အပေါ်မှာတင်ရှိနေသည့် ကျေးဇူးတရားတွေကို ပြန်ဆပ်နိုင်ကြပါ စေလို့ဆုတောင်းလိုက်ကြောင်းပါခင်ဗျာ…။
ကိုးကား ။ ။ အမေရိကားရောက် မြန်မာတချို့၏ နေ့စဉ်လူမှုဘ၀များတွင် မြင်နေ၊ ကြားနေရသည့် ကိုယ်တွေ့အဖြစ်အပျက်များမှ ကောက်နှုတ် တင်ပြထား ပါသည်။
ထွန်းထွန်းနိုင်(ပျိုးခင်းလူငယ်)

Read More...

တတိယနိုင်ငံရောက်မြန်မာနိုင်ငံသားများသို့

ကျွန်တော်ကတော့ မလေးရှားကနေ အမေရိကန်ပြည်ထောင်စုကို ၂၀၀၉ခုနှစ်၊ ဖေဖေါ်ဝါရီလမှာ ဒုက္ခသည် အဖြစ်နဲ့ ရောက်ရှိလာသူပြည်သူတစ်ဦးပါ။ စနစ်ဆိုးအောက်တွင် ၀မ်းရေးအတွက်ကိုပင် အသက်ထွက်လုမတတ်ရုန်း ကန်ခဲ့ရဖူးသူ အဖိနှိပ် ခံပြည်သူတစ်ယောက်အဖြစ်သာမက မလေးရှားလိုသူများနိုင်ငံမှာလည်း ဆယ်စုနှစ်တစ်ခုနီးပါး လူ့အခွင့်အရေးဆုံးရှုံးခဲ့ရသူအဖြစ် တရားမ၀င်နေခဲ့ရတော့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေ ကြုံတွေ့၊ ခံစားနေရတဲ့ လူမှုဒုက္ခတွေကို ကိုယ်ကိုတိုင်လည်းခံစားခဲ့ရသလို တပါးသူတွေခံ စားနေရတာကိုလည်း စာနာနား လည်တတ်သူပါ။
ထိုစာနာ၊ နားလည်တတ်မှုကပဲကျွန်တော်တို့ကို ဘ၀တူချင်းတွေကူညီရိုင်းပင်းဖို့အတွက် လူမှုကူညီရေး အဖွဲ့လေးတွေ ဖြစ်လာအောင် တွန်းပို့ပေးခဲ့ပါတယ်။ စေတနာကိုအရင်းတည်ပြီး တတ်သိနားလည်သလောက် အကောင်းဆုံးလုပ်ခဲ့ကြပါတယ်။ ညီညွတ်မှုတွေရှိသလို၊ မသင့်မြတ်မှုတွေလည်း အများကြီးရှိခဲ့ကြပါတယ်။ စိတ်ညစ်စရာတွေကြုံရသလို၊ ပျော်စရာတွေနဲ့လည်းဆုံခဲ့ရပါ တယ်။ အနှစ်ချုပ်ရရင်တော့ မလေးမှာနေရတာ ကိုယ်ဝါသနာပါတာကို လုပ်နေရလို့ပျော်ပါတယ်။ ဒါကတော့မလေးမှာနေခဲ့ရ တဲ့အပိုင်းပါ။
အမေရိကားအပိုင်းမှာတော့ မလေးမှာလို အဖွဲ့ဖွဲ့ပြီး ကူညီရလောက်အောင် ဒုက္ခ ရောက်သူလည်းမရှိတော့ပါ။ ဒုက္ခရောက်ရင်လည်း ရောက်ခါစ အခိုက်အတန့်ပင် ဖြစ်ပါ တယ်။ သို့သော်လည်း ကျွန်တော့်မှာနေ့စဉ်နဲ့အမျှ စိတ်ဒုက္ခရောက်နေရပါတယ်။ အဓိကမှာ မတူညီတဲ့လူတန်းစားအမြင်ပြဿနာပါ။
မြန်မာပြည်တွင်ပြည်သူတို့၏ အကျိုးကို ရှေးရှုမည့် စစ်မှန်သောဒီမိုကရေစီစနစ် တရပ် ပေါ်ထွန်းဖို့အတွက် မဖြစ်မနေ ကျော်ဖြတ်ရမည့် တံတိုင်းသည် လက်ရှိရင်ဆိုင် နေရသည့် နိုင်ငံရေးအကျပ်အတည်းပင် ဖြစ်ပါပေတယ်။ နိုင်ငံရေးအကျပ်အတည်း ကိုပြေလည်အောင်ဖြေရှင်းရန် ပြည်သူတရပ်လုံး၏ တိုးတက်သော နိုင်ငံရေးအမြင်နှင့် အတူ ပြည်သူတရပ်လုံး၏ဆန္ဒကို ကိုယ်စားပြုမည့် နိုင်ငံရေးအင်အားစုများသည် မဖြစ်မ နေရှိရမည်မှာ ငြင်းခုန်စရာမလိုအပ်သည့်အချက်ပင်ဖြစ်ပါတယ်။
ပြည်သူထဲမှပြည်သူများဖြစ်ကြသူ ကျွန်တော်တို့သည် မြန်မာ့အရေးနှင့် ပတ်သက် လျှင် ပြည်သူ၊ ပြည်သားကောင်းများအဖြစ် တထောင့်တနေရာ၊ တခန်းတကဏ္ဍမှ ပါဝင်ရမည်မှာ သမိုင်းကပေးသော တာဝန်တရပ်ပင်ဖြစ်ပေသည်ဟု စွဲမြဲစွာမှတ်ယူသင့်ပါ တယ်။
“ နိုင်ငံရေးအင်အားစုတချို့ လိမ်နေကြတယ်၊ နိုင်ငံရေးသမားတချို့ ညာနေကြ တယ်၊ အလွဲသုံးစားလုပ်နေတယ်” ဒါ့ကြောင့်နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုကို မပြုလုပ် လိုပါ၊ နိုင်ငံရေးနှင့်ပတ်သက်သည့်အဖွဲ့အစည်း၊ အသင်းများကို မကူညီမထောက်ပံ့ လိုပါဟု ပြောလာသူရှိခဲ့ပါလျှင် ထိုသူတို့၏အသံကို ကန့်ကွက်ပါသည်ဟု ကျွန်တော်၏ တသီးပုဂ္ဂလအမြင်ကို အခြေပြု၍ ပြောချင်ပါတယ်။
“ပြည်သူသာအမိ၊ ပြည်သူသာအဖ” ကို“တပ်မတော်သာအမိ၊ တပ်မတော်သာ အဖ” ဟုဝါဒဖြန့်ကာ တိုင်းပြည်၏မိဘနေရာကို အတင်းအဓ္ဓမလုယူနေသည့် မြန်မာစစ် ခေါင်းဆောင်များ ခေတ်သစ်အဇာတသတ်ဇာတ်ခင်းနေတာကို မိဘအစစ်ဖြစ်တဲ့ ပြည် သူတွေဟာ မေတ္တာခြုံလွှမ်း ခွင့်လွှတ်နိုင်စွမ်းပေမယ့် “သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိသည့်”နယူတန်၏ နိယာမကတော့ လက်တွေ့သဘောကိုသာ ဆောင် ပါပေလိမ့်မည်။
“ငါကောင်းစားရေး၊ ငါ့မိသားစုကောင်းစားရေး၊ ငါ့ဆွေမျိုးတစုကောင်းစားရေး” အတွက် ငါ၏ကျွန်နှင့်တူသော တိုင်းသူပြည်သားတို့၏ အသက်၊သွေး၊ ချွေးတို့ဖြင့် ရင်းနှီး၍ ရရှိလာသော ငါ၏ဘဏ္ဍာတော်တိုက်မှ ဘဏ္ဍာတို့နှင့်အတူ ငါ၏သေနတ် ပြောင်းဝ၌တည်ရှိသော အာဏာကိုသုံး၍ စည်းကမ်းပြည့်ဝသော“ငါသုံးလုံး” စနစ်ထွန်း ကားရေးအတွက် ပြည်တွင်း၊ ပြည်ပမှ အဇာတသတ်ဂိုဏ်းသားတို့သည် ပေးအပ်လာ သည့်တာဝန်များကို ဦးလည်မသုန် ရဲရဲဝံ့ဝံ့ဆောင်ရွက်သွားရမည်”။
(ပုံ) ဂိုဏ်းချုပ်ကြီး
စိတ်ကူးနဲ့ပုံဖေါ်ထားတဲ့ ဗိုလ်သန်းရွှေရဲ့မိန့်ခွန်းများ တကယ်ပဲအသက်ဝင်လေ ရော့သလား---။ ၂၀၁၀ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ဂိုဏ်းသားတွေရဲ့ လှုပ်ရှား မှုက ခပ်စိပ်စိပ်ဖြစ်လာတယ်။ ၀ါဒဖြန့်ချိရေးတွေကိုလည်း ပြည်တွင်းရော ပြည်ပမှာပါ ပုံသဏ္ဍန်မျိုးစုံဖြင့် ဆောင်ရွက်နေသည်ကိုတွေ့လာရတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုသည့် ၂၀၀၈လေဘေးအနိဌာရုံကာလတုန်းကလည်း ဤဖြစ်စဉ်မျိုးကို ကြုံ တွေ့ခဲ့ရဖူးပါတယ်။
မြန်မာ့နိုင်ငံတွင် အဇာတသတ်တို့ပြည်သူ့အာဏာကို လုယူခဲ့သည်ကာလမှစ၍ အပြစ်မဲ့ပြည်သူပေါင်းများစွာအသတ်ခံ၊ အကျဉ်းကျခံနေရသလို ပြည်သူတွေရဲ့ စားဝတ် နေရေးဟာလည်း ကျပ်တည်းသည်ထက်ကျပ်တည်းလာနေပါတယ်။ မူလတန်းပညာ ရေးကိုပင် သင်ကြားခွင့်မရသည့် ကလေးသူငယ်အရေအတွက်မှာ နှစ်စဉ်တိုးပွားနေပါ တယ်။ တချိန်က အဇာတသတ်တို့ရဲ့အာဏာယန္တယားကြီးမှာ ၀င်ရောက်တာဝန်ထမ်းခဲ့ သူ အိုမင်းမစွမ်းပင်စင်စားကြီးများပင်လျှင် ယနေ့အခါမှာ အပယ်ခံဘ၀ရောက်နေပြီး တောင်းရမ်းစားသောက်နေရသည့်အဖြစ်ကိုလည်း လစ်လျူရှုထားဆဲပင်ဖြစ်ပါတယ်။
နာဂစ်ကြောင့် မြန်မာသာမက ကမ္ဘာလူ့အဖွဲ့အစည်းကပါ ပူဆွေးသောက ရောက်နေချိန်ကို အခွင့်ကောင်းယူကာ ၎င်းတို့အာဏာတည်မြဲရေးအတွက် မတရားရေး စွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို နည်းမျိုးစုံကိုသုံးကာ အတည်ပြုခဲ့ပေတယ်။ ကျောင်းသားကိုသတ်၊ ပြည်သူကိုသတ်၊ သံဃာကိုသတ်ရုံမျှမက မိမိတို့ပေါ့ဆမှုကြောင့် အပြစ်မဲ့ပြည်သူတသိန်းသုံးသောင်းကျော် သေခဲ့ရသည့်အပြင် သန်းချီသည့် မြန်မာပြည် သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူတွေ၊ မခံစားနိုင်တော့လို့ ရူးသွပ်သွားရသူတွေ၊ မိဘမဲ့ဖြစ် သွားရသည့် ကလေးသူငယ်တွေရဲ့ဘ၀တွေကို စာနာပြီးပြန်လည်ထူထောင်ရေးကို မိမိ တို့ကိုယ်တိုင် အားသွန်ခွန်စိုက် လုပ်ရမည့်အစား လူသားချင်းစာနာလို့ ကူညီပံ့ပိုးသူ တွေရဲ့အလှူပစ္စည်းတွေကိုအလွဲသုံးစားလုပ်ယုံမျှမက အလှူရှင်တွေကိုပင် စိတ်အ နှောက်အယှက်ဖြစ်စေရန် တမင်ရည်ရွယ်ကာ ပိတ်ပင်တားဆီးနိုင်လောက်အောင် စာနာစိတ်ကင်းပြီး လူ့လောကအလယ်မှာ လူလို့တောင်သတ်မှတ်ဖို့မသင့်တော့သည့် အထူးအဆန်းသတ္တ၀ါတွေပြောသည့်စကား၊ ပေးသည့်ကတိ၊ လုပ်သည့်လုပ်ရပ်အပေါ် ယုံကြည်နေသယောင်ပြောဆို၊ ပြုမူကြသူတွေလည်း တတိယနိုင်ငံမှာ ရှိနေကြတာကို သိရလို့ ဒေါသထွက်မိပါတယ်။
ခင်ဗျားတို့ရဲ့တာဝန်မသိတတ်မှု၊ ကိုယ့်အကျိုးစီးပွားထိ ခိုက်မှာကို မလိုလားမှု စတာတွေကို ဖုံးကွယ်ချင်တဲ့အတွက်“ နိုင်ငံရေး အင်အားစုတချို့ လိမ်နေကြတယ်၊ နိုင်ငံရေးသမားတချို့ ညာနေကြတယ်၊ အလွဲသုံးစား လုပ်နေကြတယ်” ဒါ့ကြောင့် နိုင်ငံ ရေးသမားတွေကိုမယုံကြည်ပါ၊ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုကို မပြုလုပ်လိုပါ၊ နိုင်ငံ ရေးနှင့်ပတ်သက်သည့်အဖွဲ့အစည်း၊ အသင်းများကို မကူညီမထောက်ပံ့လိုပါဟု “ငါသုံးလုံး” စနစ်ကို အထောက်အကူပြုဖို့ ၀ါဒမှိုင်းတိုက်တဲ့ လုပ်ရပ်မျိုး လုပ်လို့မရဘူး ဆိုတာကို လေးလေးနက်နက်သိစေချင်ပါတယ်။
အတိတ်ကို သိပြီး(သတိရပြီး)၊ ပစ္စုပ္ပန်ကို မြင်ကာ၊ အနာဂတ်ကို အသိတရားနဲ့ ယှဉ်၍ မျှော်မှန်းကြပါ။ တတိယနိုင်ငံကို နိုင်ငံရေးခိုလှုံခွင့်၊ ဒုက္ခသည်စသဖြင့် ရောက်ရှိ လာရတဲ့ အကြောင်းရင်းကို ပြန်ဆန်းစစ်ပါ။ လက်ရှိခံစားနေရတဲ့အခွင့်အရေး(လူ့အခွင့် အရေးအပါအ၀င် အခြားသောထောက်ပံ့မှု)တွေထဲက မြန်မာပြည်သူတွေအတွက် ဘယ် အတိုင်းအတာအထိ ပြန်လည်ခွဲဝေပေးနိုင်မလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုကိုယ် ပြန်မေး ပါ။ သမိုင်းကိုဖျောက်ဖျက်ဖို့ကြိုးစားရင်(သို့မဟုတ်) လိမ်ရင် သမိုင်းကပေးတဲ့ အပြစ် ဒဏ်ကို ခံရမည်။ သမိုင်းကိုမသိရင် သိအောင်ကြိုးစားပြီး သမိုင်းကပေးသည့်တာဝန်ကို ကျေစေရမည်။
နိုင်ငံရေးသမားတချို့ မယုံကြည်ရတာကိုထောက်ပြပြီး မြန်မာ့အရေးမှာ နိုင်ငံရေး အင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေရဲ့ အခန်းကဏ္ဍကို မှေးမိန်အောင်လုပ်ဖို့ ကြံရွယ်သည်ကို သိရုံမျှဖြင့်ပင် အဇာတသတ်ဂိုဏ်းသားအဖြစ်မှတ်ယူပြီး ပြတ်ပြတ် သားသားဆန့်ကျင်ခြင်းဖြင့် တမျိုးသားလုံးကောင်းစားရေးကို ရည်သန်ပြီး ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်နေသည့် သူရဲကောင်းတွေ၊ အသက်ပါပေးလှူသွားခဲ့သည့် အာဇာနည်ကြီး တွေရဲ့ ကျွန်တော်တို့အပေါ်မှာတင်ရှိနေသည့် ကျေးဇူးတရားတွေကို ပြန်ဆပ်နိုင်ကြပါ စေလို့ဆုတောင်းလိုက်ကြောင်းပါခင်ဗျာ…။
ကိုးကား ။ ။ အမေရိကားရောက် မြန်မာတချို့၏ နေ့စဉ်လူမှုဘ၀များတွင် မြင်နေ၊ ကြားနေရသည့် ကိုယ်တွေ့အဖြစ်အပျက်များမှ ကောက်နှုတ် တင်ပြထား ပါသည်။
ထွန်းထွန်းနိုင်(ပျိုးခင်းလူငယ်)

Read More...

Monday, November 23, 2009

နှစ်ဆယ့်တနှစ် ကဗျာ

နှစ်ဆယ့်တနှစ် ကဗျာ

အိုးဝေမျိုး

သြဂုတ် ၉၊ ၂၀၀၉

နှစ်ဆယ့်တနှစ်တဲ့… …
ချစ်စရာဒဏ်ရာ၊ကိုယ့်ဘာသာလျှာနဲ့လျက်
ပြန်တွက်ကြည့်တော့… … …။

၁၈ နှစ်သားလေးက အနောက်တိုင်းက ပြောပြောနေတဲ့ ဘ၀အစ ဆိုတာကို အစပြုတော့မယ်။
လောကကြီး အတွက်….
ကလေကချေလား၊ ဘိန်းစားလား
ကဗျာဆရာလား၊ ကျောင်းဆရာလား
တော်လှန်ရေးသမားလား၊ ဘူဇွာလား
ဆိုက္ကားသမားလား၊ ပညာတတ်လား
ကျားလား၊မ လား၊ မခွဲခြားနိုင်သေးတဲ့
ကလေး တယောက်တောင် ရတော့မယ်….။

ထောင်မှာလည်း ကျောချဖူး
တောမှာလည်း ခြေချရာချန်ဖူး
နိုင်ငံကိုလည်း ကူးခဲ့ပြီ….။

ဒီတော့…
ကျောမှာလည်း အရှိုးရာ
ခြေမှာလည်း ဒဏ်ရာ
သူများမြေမှာလည်း
လက်ထိပ်ရာတွေ ထပ်နေခဲ့
ကျေးဇူးတင်ပါတယ် … မေမေ …
ကျနော်..လူဖြစ်ခဲ့တာ။

ကျေးဇူးစာရင်းမှာ….၊
မျိုးစေ့တိုင်း ရှင်သန်ခွင့်ပေးတဲ့ မြေကြီး
သက်ရှိတိုင်းအတွက် အောက်စီဂျင်
စိတ်ဓါတ်တွေကို မဖျက်ဆီးနိုင်တဲ့ ဖိနှိပ်မှုများ
သောက်ဖေါ်သောက်ဖက်တွင်းထဲက
လောက်ခေါင် မိတ်ဆွေ ဇိုးသမားများ။
ဝါးကူထိုးတတ်တဲ့ သူငယ်များ၊
ရှိတ်စပီးယားကို မမီလိုက်လို့ ခုမှ မေးစေ့ကို လက်နဲ့ပွတ်သပ်၊
ပြဇာတ်တပုဒ်ကို စောင့်ကြည့်ချင်ကြတဲ့သူများ။

ဇာတ်နာအောင် ဇာတ်လည်း ဆောင်တတ်တဲ့
အဲန်ဂျီအို ဘောင်ချာထဲအမြဲလိုလို ဇာတ်လိုက်ဖြစ်နေတတ်တဲ့လုံခြုံရေးထိုင်းရဲများ

၂၁ နှစ် လှိုဏ်ခေါင်းထဲတုန်းက သိခဲ့…
အခုတလောလေးကမှ
*ယူရိုပီယမ် ဖြစ်သွားတဲ့…
မျက်နှာဖြူဖြစ်သွားတဲ့ …
*စကင်ဒီနေးဗီးယန်း ဖြစ်သွားတဲ့ …
*ဆူရှီဆိုင် ပိုင်သွားတဲ့…
ခုလောလောဆယ် *ဒိုနာကတော့ ငါပဲလို့ ဆိုကြသူများ..။

တော်လှန်ရေး ဆိုတာလွဲပြီး
… … … … … ရေး
… … … … … …ရေး
… … … … … … … … ရေး
ရေးပေါင်းများစွာနဲ့အရေးကြီးနေသူများ။

လုံခြုံရေးအရ ကားစီးသူများ
လုံခြုံရေးအရ လမ်းလျှောက်သူများ
လုံခြုံရေးအရ လမ်းပျောက်သူများ
လုံခြုံရေးအရ … …
လုံခြုံရေးအရ … …
လုံခြုံရေးအရ … …
တော်တော် တာ သွားတဲ့ စကားလုံး
ကျနော်လည်း သုံးဖူးတယ်၊
လုံခြုံရေးအရပဲ… ... မပြောတော့ပါဘူး။

ကျေးဇူးတင်ပါတယ်
ဘ၀ရေ…
ဘ၀ဆိုတာ စဉ်းစားရင်
ဘကြီး ဘုန်းကြီးကျောင်းက
ဟင်းလေးအိုးကို သတိရတယ်။

အချစ်ရေ….

အချစ်ဆိုတာ စဉ်းစားရင်
ခေါင်းအုံးတလုံး ဖျာတချပ်
ပေါပေါလောလော ဂွမ်းကပ်တထည်ထက်
ရိက္ခာဂိုထောင်မှာ တန်းစီရတာ
*တီဘီဘီစီ ငပိ ကို မာန်တက်ရတာ
သတိရတယ်။

တော်လှန်ရေး ရေ … …
သပိတ်စခန်းမှာ ထမင်းထုပ်အလှည့်ကျ ထမ်းခဲ့တယ်
ဒေါနတောင်ပေါ်မှာ
ကင်း အတူတူစောင့်ခဲ့တယ်
မာနယ်ပလောမှာ
ငပိနဲ့ငြုပ်သီးကျော် အတူတူ စားခဲ့တယ်
အင်းစိန် ပြစ်ဒဏ်တိုက်မှာ
သိုင်းဝထ္ထုတွေပြောလို့
ဝါဒါတွေက ငြိုးတေးခံရတာတွေ
သတိရတယ်။

အမုန်းရေ…
သူတည်းတယောက် ကောင်းဖို့ရောက်မူ
တိုင်းပြည်လုံးမှာ ပျက်လင့်စရာ ဓမ္မတာပဲလား
ကျည်ဆန်ရာ ဘက်နက်ရာနဲ့ ကြံတောက လူတွေ
စစ်ကားပေါ်က အရက်တိုင်ကီ
အင်းလျားကန်ဘောင်ပေါ်ကစီးသူမဲ့ ဖိနပ်တွေ၊
အစိမ်းရောင် တံခါးတွေ …
မုန်းလိုက် …

ခုတော့ …
*ဂျီတော့ မက်ဆေ့ခ်ျ ဘောက်စ်ထဲ
၈၈ ညတုန်းက ကျမက ကလေးပေါ့ လို့
ရေးထားတဲ့ ၂၁ နှစ်သမီး၊ ၂၁ နှစ်သား
*တွမ်တီဖတ်စ်တ် စင်ကျူရီ ရဲ့မျိုးဆက်များ
လွတ်လပ်ပွင့်လင်းစွာ ရဲတင်းစွာ၊
ပျော်ရွှင်စွာနဲ့ရယ်။

ကျနော်လည်း …
သြော်..ဘရူးတပ်စ် …လို့ မရေရွတ်ချင်တော့ဘူး
ဒဏ်ရာတွေထဲ
အုတ်နီခဲမှုန့်သွေးပြီး သိပ်လိုက်ပြီ
ဟင်းလေးအိုးရဲ့ အရသာကိုပဲ တစိမ့်စိမ့် ခံစားရင်း၊
ခု…ဂျပန်ဖယောင်းချက်လေး အိတ်ထဲ ပြန်ထည့်လိုက်တော့မယ် … အမေ။

ပုရစ် @ အိုးဝေမျိုး(၈.၈.၂၀၀၉)
http://moemaka.com/index.php?option=com_content&task=view&id=4605&Itemid=42 မှ(ကူးယူဖော်ပြပါသည်)

Read More...

Friday, November 13, 2009

Tha Khin Thein Phay's Speech

Tha Khin Thein Phay's Speech

Read More...

Friday, November 6, 2009

မေ့ဆေးစားကြသူများ

မေ့ဆေးစားကြသူများ
သောကြာနေ့၊ 03 အောက်တိုဘာလ 2008 ကျော်သောင်း
ရှစ်လေးလုံး လူထုအုံကြွမှုကြောင့် အာဏာရှင်ဦးနေ၀င်း ၂၆ နှစ်ကြာထင်သလို ချယ်လှယ်အုပ်ချုပ်လာခဲ့သော မဆလ တစ်ပါတီ အာဏာရှင် စနစ်ကိုဗုန်းဗုန်း လဲစေခဲ့သော်လည်း အတိုက်အခံတို့ဘက်မှ ပြည်သူ့ကိုယ်စားပြု အစိုးရတစ်ရပ် အဖေါ်ဆောင်နိုင်ခဲ့သဖြင့် စစ်တပ်၏အာဏာသိမ်းခြင်းကို ခံခဲ့ကြရသည်၊၊ လူထုအုံကြွမှုကြီးအတွင်းကျောင်းသားပြည်သူ ရဟန်းရှင်လူ များစွာအသက် ပေးခဲ့ကြရသည်။ ဘ၀ပေါင်းများစွာ ပျက်စီးခဲ့ကြရုံမက အချို့မှာ မိသားစုနှင့်ခွဲခွာ၍ လွတ်မြောက်နယ်မြေ အသီးသီး သို့ရှောင်တိမ်းလာခဲ့ကြသည်။ ရှောင်တိမ်းမရ လိုက်သူများနှင့် ပြည်တွင်းမှာထောင်ပဲ ကျကျ၊ အသက်ပဲသေသေ အာဏာရှင်ကို အနီးကပ်တိုက်မည်ဟူသော ရဲရင့် တောက်ပြောင်သောသူရဲကောင်း ရှစ်ဆယ့်ရှစ် သတ္တိရှင်အဖွဲ့ဝင်များးထောင်ကျခံ၍ ပြည်တွင်းတွင် ကျန်နေခဲ့ကြသည်။

ကျောင်းစိမ်းလုံချည်ဝတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းပုံကို ကိုင်ဆောင်ရင်း၊ ကျောင်းသားကြီးများ၏ရှေ့ မှချီတက်လာ ကြသော မူလတန်း အလယ်တန်းကျောင်းသူ ကျောင်းသားငယ်များက သေနတ်ကိုင် စစ်ဗိုလ်စစ်သားများကို“ဗိုလ်ကြီးတို့ရယ် ကိုကိုကျောင်းသားတွေနဲ့ မမကျောင်းသူတွေကို မပစ်ကြပါနဲ့ ကျနော်တို့ကျမတို့ ရှိခိုးတောင်းပန်ပါတယ်” ဆိုပြီး ငိုယိုပြောဆိုနေတဲ့ကြားက ပစ်သတ်လိုက်တဲ့ မြင်ကွင်းတွေဟာ မျက်စိထဲက မထွက်နိုင်၊ အပြစ်မဲ့ ကျောင်းသား ပြည်သူ ရဟန်းရှင်လူများကို ရက်ရက်စက်စက် သတ်ဖြတ်ရဲသော အာဏာရှင်လက်ကိုင်တုတ် စစ်တပ်ကိုလက်နက်ကိုင်ပြီး တိုက်မှရတော့မယ်လို့ ဆုံးဖြတ်ပြီး ပညာတတ်တွေ အပါအ၀င် လူငယ်ရွယ်များစွာ တောထဲရောက်လာကြခဲ့ကြသည်။ ရှစ်လေးလုံး နောက်ပိုင်းမှစ၍ စစ်အာဏာရှင်များကို နည်းမျိုးစုံနှင့်တော် လှန်ရင်း နယ်စပ်သို့ အသီးသီးရောက်ရှိလာခဲ့ ကြသည်။ ထိုမျှမက စစ်အစိုးရ၏ မဟာဗျူဟာမြောက်အမြစ်ပြတ် ချေမှုန်း ခြင်းကြောင့်နိုင်ငံရေးပါတီမှ နိုင်ငံရေးသမားများ၊ ၉၀ ပြည့်ရွေးကောက်ခံ အမတ်များလည်းရောက် လာခဲ့ကြသည်၊၊

ဒီပဲယင်း လူသတ်ပွဲ နှင့်၂၀၀ရ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းတွင်လည်းလွတ်မြောက်နယ်မြေသို့ မြန်မာ အတော်များများ ရောက်လာခဲ့ကြရုံမက ပြီးခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်း နောက်ပိုင်း တွင်းလည်းမြန်မာ လူမျိုးများ အမြောက်အမြား ထပ်မံရောက်ရှိလာခဲ့ကြသည်။ အလားတူ စီးပွါးရေးကျပ်တည်းမှု၊ နှင့်စစ်အစိုးရ၏လူမျိုး တုံးသတ်ဖြတ်မှု ပြည်တွင်းစစ်တို့ကြောင့် အရှေ့အနောက် မြန်မာနယ်စပ် တလျှောက် မြန်မာနိုင်ငံသားများစွာရောက်ရှိ နေကြပြီးဖြစ်သည်၊၊

ထိုသို့ ရောက်ရှိလာကြသော နိုင်ငံရေး၊ စစ်ရေးကြောင့်၊ အနောက်နိုင်ငံကြီးများက တတိယနိုင်ငံများတွင်အခြေချနေထိုင် ခွင့်ပြု ခြင်းစီမံကိန်းအရ ၂၀၀၅ ခုနှစ်မှစ၍ ဒုက္ခသည်များကို လက်ခံခဲ့သည်မှာ ယခုနောက်ဆုံးစါရင်း အရမြန်မာနိုင်ငံသား ပေါင်း သောင်းဂဏန်းအထိ အခြေချ နေထိုင်နေကြပြီးဖြစ်သည်။ နိုင်ငံတကာ မိသားစုများ၏ စေတနာ မေတ္တာများမှာ အထူးသာဓုခေါ်စရာ ကောင်းပါသည်။ သို့သော် သာဓုမခေါ်ချင်သူများမှာ “မေ့ဆေးစားကြသူများ” သာဖြစ်သည်။


အမှန်တကယ် နယ်စပ်တွင် လုံခြုံရေးအခြေအနေတို့ကြောင့် တတိယနိုင်ငံများသို့ ထွက်ခွာသွားကြသူများ အနက် စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြသော ပုဂ္ဂိုလ်များပါဝင်သကဲ့သို့ စစ်အစိုးရ ရက်စက်ယုတ်မာမှုများနှင့် နိုင်ငံတကာ မိသားစုများ၏ သနားကြင်နာမှုများကို အခွင့်ကောင်းယူပြီး တတိယနိုင်ငံများသို့ ဒုက္ခသည် လှေကြုံ စီးသွားကြသူများ၊ လူလိမ်လူညာများ အမြောက်အများ ထွက်ခွာသွားကြပြီးဖြစ်သည်။ မိသားစုတစ်ခုလုံးက တတိယနိုင်ငံများသို့ခေါ်ယူ ခဲ့ကြသည်။ ထိုထက်ဆိုးသည့် လိမ်လည်မှုမှာ မျိုးနွယ်နှင့်ချီ၍ ရောက်ရှိ နိုင်ရေးအတွက် အပတ်တကုတ် ကြိုးစားနေသည့် အဖွဲအစည်းများရှိနေကြသည်။ ဤသို့တတိယနိုင်ငံ ထွက်ခွာရေး အတွက် ထိုင်းနယ်စပ်တွင်ဈေးကွက်ကြီးတစ်ခုဖြစ်နေ ပါသည်။

စစ်ဗိုလ်များ၊ အစိုးရ၀န်ထမ်းများ အပါအ၀င် ငွေကြေးတတ်နိုင်သူများ နိုင်ငံရေးနှင့် လုံးဝ (လုံးဝ) မပတ်သက်ဖူးသူများ အမြောက်အမြား တတိယနိုင်ငံများသို့ ပျော်ရွှင်စွာထွက်ခွာသွားပြီး၊ ထွက်ခွာ နေကြဆဲဖြစ်သည်။မိမိတို့ငွေကြေးတတ်နိုင် ၍ သိန်းပေါင်းများစွာ အကုန်အကျခံပြီး ထွက်ခွာသူများနှင့် ဒုက္ခသည်လှေကြုံ စီးသွားကြသူများ၊ လူလိမ်လူညာများကို အားပေးကူညီကြသူများမှာ၊ ဒုက္ခသည် စခန်းတာဝန်ခံများနှင့် ဒေသအခြေစိုက်ယူအန် အရာရှိများနှင့် ပွဲစားများ၊မျိုးရိုး နှင့်ချီ၍ နိုင်ငံကြီးများသို့ ရောက်ရှိ ရေး ဆောင်ရွက်နေကြသော အဖွဲ့အစည်းများ ပေါ်ပေါ်ထင်ထင်လှုပ်ရှားလျက်ရှိ နေကြဆဲဖြစ်သည်၊၊

ကျနော်တို့ မျက်စေ့ရှေ့ကပင်၊ ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့ တွင် မြန်မာ့အရေး လှုပ်ရှားတက်ကြွသူများနှင့် တစ်ကြိမ် တစ်ခါမှ မပါဖူးကြသူများ၊ ဘန်ကောက်တွင် အလုပ်လုပ်နေရင်း (ဒေါ်အောင်ဆန်းစုကြည် စီး သောကားကို မောင်းသော ကားမောင်းသမား၏ သားသမီး ဇနီးလုပ်လိုက်ကြသူများ၊ ရခိုင်မှာ ဆင်ဖြူဖမ်းစဉ်ပေါ်တာဆွဲခံရလို့ ဆိုသူကဆို၊ ဒီပဲယင်းမှာ ပါဝင်ခဲ့သည်ဟု ပြောလိုကပြော၊ထိုင်းကို ရောက်မှ အင်န်အဲလ်ဒီနှင့် ဆွေမျိုးစပ်သူကစပ်၊ ရွေးကောက်ပွဲအနိုင်ရ အမတ်မင်းများ၏ မိသားစုဖြစ်သူကဖြစ်၊) လိမ်သွားလိုက်ကြသည်။

အမေရိကန်ကို ရောက်ရှိသွားပြီဖြစ်သော ကျနော့်မိတ်ဆွေ တစ်ယောက်က “ကမ္ဘာမှာ အဆင့်မြင့် ပညာတွေလည်းတတ်၊ အကောင်းဆုံး အဆောက်အဦးကြီးတွေနဲ့ လိမ်လို့ရတာ ယူအင်တစ်ဖွဲ့ပဲရှိတယ်” လို့ပြောဖူးပါတယ်။ သူသည်ကြုံရာလုပ်၊ သောက်စားပျော်ပါးပြီးနေသွားသော လူငယ်တစ်ဦးသာဖြစ်သည်။ ၂၀၀၄၊၂၀၀၅ ပတ်ဝန်းကျင်က ယူအင်ခေတ်ကို မီလိုက်သူများ ဘန်ကောက်မှာ အထူးကောင်းစားခဲ့ကြသည်။ ယူအင်အောင်ပြီး သူများနှင့် လက်ထပ်၍လည်း တတိယနိုင်ငံများသို့ ရောက်ရှိသွားကြသည်။

မည်သည့်နည်းနှင့်ရောက်ရောက်၊ တတိယနိုင်ငံသို့ ရောက်ရှိသွားကြသူဟူသမျှ၊ လူ့အခွင့်အရေးချိုးဖေါက်ခံနေ
ရသော မြန်မာနိုင်ငံကို လက်ညှိုးထိုးပြီး ရောက်ရှိသွားကြသူများ ချည်းဖြစ်သည်။ ဤသူများသည် နိုင်ငံရေးကိုခု
တုံးလုပ်၊ အကြောင်းပြပြီး ရောက်ရှိသွား ကြသူများဖြစ်ကြသည်။ ဗိုလ်သန်းရွှေတို့ အုပ်ချုပ်နေ၍ ငါတို့အလကား
ရောက်ကြရသည်ဟု ဆိုသူများပင်ရှိကြသည်၊၊

“တတိယနိုင်ငံသို့ ထွက်ခွာခါနီးသူတို့ ပြောလေ့ပြောထရှိသော စကားများမှာ”
(၁) ငါဟိုမှာ နိုင်ငံသားဖြစ်ပြီးရင် ချက်ချင်းထိုင်းကိုပြန်လာပြီး စစ်အစိုးရကိုပြုတ်အောင်တိုက်မယ်။
(၂) ငါ ဟိုကိုရောက်ရင် ငါတို့အဖွဲ့အတွက် လိုအပ်တာဟူသမျှငါ ထောက်ပံ့မယ်။
(၃) မင်းတို့ တော်လှန်ရေး ဆက်လုပ်နေလိုက်ကြ ငါ ဟိုကို ရောက်ရင် မင်းတို့ကို စပွန်ဆာပေးမယ်။
(၄) ငါ မင်းတို့နဲ့အတူနေခဲ့၊ ငတ်ခဲ့တာတွေ ဘယ်တော့မှမမေ့ဘူး။ ငါ အဆင်ပြေတာနဲ့ မင်းတို့အဆင်ပြေ
စေရမယ်ငါ ကတိပေးတယ်၊၊

တတိယနိုင်ငံများသို့ ရောက်ရှိကြသူများသည်၊ ရောက်စက တစ်ခါတစ်လေဖုန်းဆက်တတ် ကြသော်လည်းလမှသည် နှစ်သို့ ပြောင်းလာသောအခါ အချို့မှာ ထိုင်းမှာ ကျန်နေခဲ့သော သူငယ်ချင်းများ၏ အမည်ကိုမမှတ်မိ တော့ချေ။ အင်တာ နက်ပေါ် တွင်တွေ့၍ ဂျီတော့ (ကွန်ပျူတာစာရိုက်ပြောစနစ်) ဖြင့်နုတ်ဆက်ပါက အလုပ်များကြောင်း စာရေး၍ပြန်ပြော တတ်ကြသည်။

နိုင်ငံကြီးများက ဖုန်းစရိတ်သက်သာသော်လည်း ဖုန်းမဆက်တော့ပေ။ ထိုင်းမှဆက်သော်၊ ကားဝယ်ထား ၍ကြွေးတင် နေကြောင်း၊ မြန်မာပြည်က မိမိနေရပ်မှာ အိမ်အသစ်ဆောက်နေကြောင်း၊ လုပ်ငန်းတစ်ခုလုပ် နေကြောင်း၊အကြွေးများ ရှိကြောင်း သာပြောတတ်ကြပါသည်။ အချို့က ပြောကြသည်မှာ အဖွဲ့ကိုထိမ်းထားပါ။ ကျနော်တို့ နောက်ကူညီပါမည်နှင့် ရှောင်လင်စကားများကို တွင်တွင်ပြောလျက် တော်လှန်နယ်မြေတွင် ကျန်နေခဲ့ကြသော မိခင်အဖွဲ့အစည်း၊လုပ်ဖေါ် ကိုင်ဘက်များကိုတဖြည်းဖြည်း အဆက်အသွယ် ဖြတ်တောက် သွားကြသူကများသည်။

တတိယနိုင်ငံသို့ ရောက်ရှိသွားသော လုပ်ဖေါ်ကိုင်ဖက်များက အမြဲထောက်ပံ့၍ ရပ်တည်နေရသော အဖွဲ့အစည်း၊ စာအုပ် စာစောင်းဟူ၍မရှိသလောက်ရှားသည်။

ကျနော်နှင့် အထူးခင်မင်သော ထိုင်းနိုင်ငံတွင် အခြေစိုက်၍ မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးများကို လုပ်နေသော မိတ်ဆွေတစ်ယောက်က၊ ကျနော့်ကိုပြောဖူးသည်။ “တတိယနိုင်ငံကို ဒုက္ခသည် လျှောက်ပြီးရောက်သွားကြတဲ့လူတွေဟာ၊ သူတို့ တတိယနိုင်ငံကိုထွက်ခွာစဉ်၊ စီးသွားတဲ့ လေယာဉ်မှာ အစားအစာတွေ ကျွေးမွေးရာမှာ မေ့ဆေးပါတယ်။အဲဒီ မေ့ဆေးကတော့၊ ငါဘာကြောင့် ဒီလိုတိုးတက်တဲ့ နိုင်ငံကို ရောက်လာသလဲ ဆိုတာကို မေ့တဲ့မေးဆေးပါ” ဟူ၍ကျနော့်ကို ပြောပါသည်၊၊

အချို့ဆိုလျှင်၊ ဒုက္ခသည် အဖြစ်ရောက်သွားသည်ဟု မထင်တော့ပဲ မိဘချမ်းသာ၍ တရားဝင်ပတ်စပို့ဖြင့်ရောက်လာသလို၊ မိမိနိုင်ငံရေးကို အကြီးအကျယ် လုပ်လာသဖြင့် ရောက်လာသလို၊ မိမိတော်လွန်း၍ ရောက်လာသလို အပေါက် မျိုးချိုး ကြကုန်သည်။ ထိုင်းမှာ ကျန်နေခဲ့ကြသူများကို ဆက်သွယ်ပါက တစ်ခုခု အကူအညီပေးရမည်ကို စိုးရိမ်၍ တော်ရုံနှင့် အဆက်အသွယ် မလုပ်လိုကြတော့ပေ။ သြော်ထိုသို့သော သူများကို မေ့ဆေးစားကြသူများ ဟူ၍မှတ်ချက်ပြုနေမိတော့ သည်။

Read More...

Sunday, November 1, 2009

မျက်မှောက်ခေတ်မြန်မာ့နိုင်ငံရေးအမျိုးမျိုး


-သားဆွေ-

ကမ္ဘာ့နိုင်ငံရေးသမိုင်းမှာ နိုင်ငံရေးအမျိုးမျိုးရှိသည်။ အရင်းရှင်၊ ကိုလိုနီနယ်ချဲ့၊ ဆိုရှယ်လစ်၊ ကွန်မြူနစ် .. စသဖြင့်။ နိုင်ငံရေးဝါဒ အမည်နာမများသတ်မှတ်ခဲ့ကြသည်။ မြန်မာ့နိုင်ငံရေးမှာလည်း နိုင်ငံရေးအမျိုးမျိုးရှိသည်။ ထိုအကြောင်းကို ဗိုလ်ချုပ်အောင်ဆန်း ရေးသားခဲ့ဖူးတာရှိသည်။
  • ဟုမ္မရူး၊ အင်ဒီပင်းဒင့်၊ ဘုံဝါဒ၊ ၀ံသာနု စသဖြင့် မီးခိုးမဆုံးမိုးမဆုံး နိုင်ငံရေးအယူအဆတွေ။
  • ကျေးလက်တောရွာတွေ ရဲ့ နိုင်ငံရေး ကျပြန်တော့ တဘောင်တွေ၊ မင်းလောင်းတွေ၊ မှော်ဆရာတွေ၊ ဘုရားလက်သစ်တွေနဲ့ သူတို့နိုင်ငံရေးက လုံးလိုက်ပြားလိုက် ဖြစ်နေတာတွေ။
  • လူငယ်လူရွယ် စိတ်မြန်လက်မြန် တွေကျပြန်တော့ အိုင်ယာလန်ကနည်းတွေနဲ့ လွမ်းသူလွမ်းဆွေးသူဆွေး ဖြစ် နေတာတွေ။
  • ဦးသိန်းမောင်ကြီးက ကုသိုလ်တပဲ ငရဲတပိဿာမို့ နိုင်ငံရေးမလုပ်တော့တဲ့အကြောင်းတွေ။
  • ဦးဘဘေကြီးက နိုင်ငံရေးဆိုတာ အင်မတန်ညစ်ပတ်တဲ့အလုပ်ဟုဆိုခဲ့တာတွေ။
  • ဦးစောက ၀ါးရင်းတုတ်နဲ့လူမိုက်အားကိုးစခန်းသွားနေတာတွေ။
  • ဒေါက်တာဘမော်က ဟစ်တလာတို့ စတာလင်တို့ကို အားကျနေတာတွေ စသဖြင့် စသဖြင့် ထိုခေတ်ထိုကာလ မြန်မာ့နိုင်ငံရေး အခြေအနေကို ဗိုလ်ချုပ်အောင်ဆန်းက “နိုင်ငံရေးအမျိုးမျိုး” ဆောင်းပါးဖြင့် သုံးသပ်တင်ပြခဲ့ဖူးသည်။
မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေးသမိုင်းမှာလည်း နိုင်ငံရေးက အမျိုးမျိုး။ ထွေပြားစုံလင်သည်။ ပြည်တွင်းမှာတမျိုး၊ ပြည်ပမှာ တဖုံ အမျိုးစုံအောင် အယူအဆတွေ ပလူပျံနေသည့် ခေတ်အခြေအနေဖြစ်သည်။ သုံးသပ်ကြည့်ဖို့လိုမည်ထင်ပါသည်။ အထူး သဖြင့် ပြည်တွင်းနိုင်ငံရေးအမျိုးမျိုးကို သုံးသပ်ကြည့်ချင်သည်။

၁) ငါးပုဇွန်နိုင်ငံရေး နှင့် ပါရာဒိုင်းနေကြသူများ

တချို့က စီးပွားရေးပြုပြင်ပြောင်းလဲမှုကိုအရင်လုပ်ဖို့ ဇောင်းပေးသည်။ နိုင်ငံရေး(စနစ်)က အဓိကမဟုတ်၊ စီးပွားရေးသာ အဓိက၊ စီးပွားရေး တိုးတက်လာတာနဲ့အမျှ နိုင်ငံရေးစနစ်မှာလည်း….…။ မစားရ၀ခမန်းတွေ လူနားမလည်နိုင်သည့် စကားလုံးတွေနဲ့ ထိုသို့ရေးကြပြောကြသည်။ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တရုတ်၊ ကိုရီးယားတွေနဲ့ နှိုင်းယှဉ်ပြသကြသည်။ အာရှကျားတွေ နဂါးတွေကို အားကျကြသည်။ ဤလူစုက မြန်မာ့နိုင်ငံရေးအမျိုးမျိုးမှာ တဒေါင့်တနေရာက ပါဝင်ကပြနေသည့် အစုဖြစ်သည်။

သူတို့ နိုင်ငံရေးကတမျိုး။ ပါတီမထောင်၊ စည်းရုံးရေးမဆင်း၊ ရန်ပုံငွေမရှာ။ နိုင်ငံရေးလုပ်နေပါတယ်လို့ မကြွေးကြော်။ စီးပွားရေး စွန့်ဦးတီထွင်လုပ်ငန်းရှင်များအဖြစ်နဲ့သာ လှုပ်ရှားလုပ်ဆောင်ကြသည်။ တကယ်လည်း စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်ကြ ပါသည်။ ထို့ကြောင့် ဇာတိသဘောအရ လာရာရော လားရာပါ ခန့်မှန်းနိုင်သည်။ ထိုသူများအတွက် နိုင်ငံရေးမလို .. စနစ်မလို .. ကုန်သွယ်ရေးမူပိုင်ခွင့်နဲ့လုပ်ပိုင်ခွင့်တွေသာလိုသည်။အစိုးရမလို..လက်ရှိအုပ်ချုပ်သူသာလိုသည်။ အုပ်ချုပ်သူနှင့်အဆင်ပြေပြေ ပေါင်းသင်းဆက်ဆံမည်။ ရသမျှအခွင့်အရေးအကုန်ယူမည်။

သို့သော် တခါတရံ နိုင်ငံရေးအလှည့်အပြောင်း အချိုးအကွေ့များ တွင် ထိုသူများပါဝင်လာတတ်သည်။ ဥပမာ..ရွေးကောက်ပွဲမှာ ပါတီတခုခုကို ငွေကြေးအထောက်အပံ့ပြုပေးတာမျိုး။ သို့မဟုတ် ကိုယ်တိုင် အမတ်လောင်းအဖြစ် ၀င်ရောက်အရွေးခံတာမျိုး။ ဘယ်ကွေ့မှာ ဘယ်တက်နဲ့လှော်မယ်ဆိုတာ သူတို့တွေက တွက်ချက်ပြီးသား။ ထိုအစုက နိုင်ငံရေးကို ဈေးတွက်တွက်ပြီး ဆောင်ရွက်ချင်တဲ့အစု။ ထိုအစုမှာက လူထုအခြေပြုတဲ့ လမ်းစဉ်မရှိ၊ လုပ်ငန်းမရှိ။ သူတို့မှာ လုပ်ဟန်သာရှိသည်။ ညစာစားပွဲ လုပ်မည်။ နှီးနှောဖလှယ်ပွဲလုပ်မည်။ ကုန်စည်ပြပွဲလုပ်မည်။ ဟောပြောပွဲတွေလုပ်မည်။ ခေတ်ပေါ် စာနယ်ဇင်း လောကထဲက နာမည်ရနေသူတွေကို အလှည့်ကျဖိတ်ကြားပြီး ဟောပြောပွဲတွေလုပ်မည်။ ဂျာနယ်သတင်းထောက်တွေကိုဖိတ်ကြားမည်၊ ဂျာနယ်ထဲ ဖော်ပြခိုင်းမည်။ သူတို့နိုင်ငံရေးကား… မှန်ကူကွက်တွေ၊ ပါရာဒိုင်းတွေ၊ ဈေးကွက်လိုအပ်ချက်၊ ပူစီပေါင်းစီးပွားရေး၊ အမေရိကန်ဒေါ်လာ အလားအလာ၊ ကမ္ဘာ့ငွေကြေးအကြပ်အတည်း၊ နီယိုကွန်၊ ဘုရင့်နောင်ကုန်စည် ….. စသည် စသည်။

မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေးမှာ space တခု ရထားသည့်နိုင်ငံရေးတမျိုးဖြစ်သည်။ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့ ပုဇွန်လုပ်ငန်းရှင်းများအသင်း ဘာအသင်းညာအသင်းတွေရဲ့ ဟောပြောပွဲတွေမှာ အာဘောင်အာရင်း သန်နိုင်ကြသည်။

ဟောနိုင်ပြောနိုင်ကြသည်။ ဂျာနယ်တွေမှာ ပါရာဒိုင်းခွင့်ရကြသည်။ ထိုအစုကို ငါးပုဇွန်နိုင်ငံရေး အဖြစ်သတ်မှတ်လိုက်မည်။ မှတ် သားရလွယ်ကူအောင် နေရာဒေသအစွဲပြုပြီး သတ်မှတ်ခြင်းသာဖြစ်သည်။ သာစေ နာစေလို့တဲ့သဘော လုံးဝ မရှိ။

၂) ခြင်ဖမ်းကြွက်သတ်နိုင်ငံရေး နှင့် ခပ်ပြတ်ပြတ်နှိမ်နှင်းမယ်ဆိုတဲ့လူ

နောက်ထပ် နိုင်ငံရေးတမျိုးရှိသေးသည်။ သူတို့နိုင်ငံရေးက တမျိုး။ နိုင်ငံရေးကို ဈေးအသက်သာဆုံးဖြစ်အောင်လုပ်မည်။ မိတ္တူ ကိုတောင် အကြွေး နဲ့ကူးနေပါသည်တဲ့။ အင်တာနက် အသုံးပြုမည်။ အလကားရတဲ့ ဘလော့တွေလုပ်မည်။ ကွန်ယက်တွေ တည်ဆောက်မည်။၂၀၁၀ ရွေးကောက်ပွဲကို တသီးပုဂ္ဂလအနေနဲ့ဝင်မည်။ အစပိုင်းမှာ ဒီလိုကြွေးကြော်ခဲ့ကြသည်။ တတိယ အုပ်စုလိုလို။ အလယ်အလတ်အစု လိုလို။ နောက်တော့လည်း ဒုံရင်း ဒုံရင်း။

သူတို့လုပ်ဟန်က တသီးပုဂ္ဂလ လုပ်ဟန်။ ကြိုက်တဲ့အဖွဲ့အစည်း ကြိုက်တဲ့နေရာကလာခဲ့ တဦးချင်းအနေနဲ့လက်ခံမည်။ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်အရွေးခံမည်။ ၂၀၁၀ကို လက်ခံသူတွေ ပါတီထောင်ဖို့မလို။သူတို့နဲ့လာရောက်လက်တွဲလိုက်။ တသီးပုဂ္ဂလ ကွန်ယက်မှာဝင်ရောက်လုပ်ကိုင်။ တော်လှန်ရေးသမားတွေမလုပ်ရဲတဲ့အလုပ်တွေကို သူတို့လုပ်ကြမည်။ တော်လှန်ရေးသမား တွေကို အဘတို့ဟု ကင်ပွန်းတပ်သည်။ အင်္ဂလိပ်စာ above ကို မြန်မာမှုပြုပြီး အဘ လုပ်ထားတာဖြစ်သည်။ အဘတို့ မလုပ်ရဲတဲ့ အလုပ်တွေသူတို့လုပ်မည်တဲ့ ကြေညာထားသည်။

သူတို့နိုင်ငံရေးက ပါတီမထောင်။ ရုံးခန်းမဖွင့်။ သို့သော် စည်းရုံးလှုပ်ရှားမှုရှိသည်။ သူတို့သည်လည်း ခေသူတွေမဟုတ်။ မျက် မှောက်ခေတ် မြန်မာ့နိုင်ငံရေးမှာ space တခု ရထားသူများဖြစ်သည်။ နယ်တွေမှာ လှည့်ပြီး စည်းရုံးနိုင်သည်။ ဘယ်သူမှ လာ မနှောက်ယှက်။ အင်တာနက်ပေါ်မှာ ရေးနိုင်သည်။ ဘယ်သူမှ လာမဖမ်း။

သူတို့က နိုင်ငံရေးကို ပရောဒတ် (ထုတ်ကုန်)တခုလို သဘောထားသည်။ ဒီနေ့ဘာ ပရောဒတ် ထုတ်ပြီးပြီလဲ။ အဲဒီပေတံနဲ့ တိုင်း တာမှုပြုကြသည်။ သူတို့ပြောတဲ့ ပရောဒတ် ဆိုတာ ရောက်ချင်ရာရောက်၊ ရေးချင်ရာရေးထားတဲ့ စာတို စာရှည်တွေ။ ဒါတွေကို ပရောဒတ် အဖြစ် သူတို့နိုင်ငံရေးက သတ်မှတ်သည်။ သူတို့ပရောဒတ်တွေကိုဖတ်ကြည့်တော့ တွေးတောစရာတွေက တပုံ တပင်။ နောက်တော့လည်း ဘာမှမဟုတ်။ ကျွတ်မုန်းဝင် ဖြစ်နေသည်။ ကျွတ်မုန်းဝင် မှာ စိတ်မနှံ့သူ အရူးတယောက်က နံရံ ပေါ်တွင် ရေးမှတ်ထားသည်ကို ဖတ်မိသူများက သို့လော သို့လော အနက်အမျိုးမျိုးဖွင့်ဆိုကြသည်။ ထို့အတူပင် ပရောဒတ် များ ကို ဖတ်မိသူများအဖို့ သို့လောသို့လော ထင်စရာရှိသည်။ တကယ်တန်းကျတော့ဘာမှမဟုတ်။ သီတင်းကျွတ်လို့ တန်ဆောင် မုန်းဝင်ရင် မုန့်ဟင်းခါး စားရချည်သေးကို အရူးက ကျွတ်မုန်းဝင် ဟု အတိုကောက်ရေးမှတ်ထားတာဖြစ်နေသည်။ (စကားချပ်။ ။ ဤနိုင်ငံရေးအား နောက်စာမျက်နှာများတွင် ကျွတ်မုန်းဝင် အဖြစ် အတိုကောက် ခေါ်ဝေါ်သုံးစွဲသွားပါမည်။) အောက်မှာ ကျွတ်မုန်းဝင် တို့၏ နိုင်ငံရေးပရောဒတ်များ ကို ထပ်ဆင့်ကူးယူဖော်ပြလိုက်ပါသည်။ (နေမျိုးဝေ - ရေးထားသည့် ပရောဒတ်များဖြစ်ပါသည်)

ဒေါ်လာ ပေါက်ဈေး ၆ ကျပ် ဆိုတာကို ပြင်ဆင်ပြောင်းလဲမှုလုပ်ရမည်။

ဈေးအပေါဆုံး အလွယ်ကူဆုံး ထောက်လှမ်းရေးကရိယာဖြစ်သော သတင်းလွပ်လပ်မှုကို အသုံးချရမည်။

သတင်းလွတ်လပ်မှုကြောင့် ဖြစ်ပေါ်လာတတ်သော လူထုဆူပူမှုများကို ခပ်ပြတ်ပြတ် နှိမ်နှင်းရဲရမည်။

သူတို့က ပရောဒတ်တွေထုတ်ပြီး စစ်အစိုးရကို တိုက်တွန်းတာတွေလုပ်သည်။ ခြင်နှိမ်နှင်းရေးအတွက် ပြည်သူလူထုကို တအိမ် တယောက်ထွက်ပြီး လုပ်ခိုင်းဖို့ စစ်အစိုးရကို တိုက်တွန်းသည်။ တပြည်လုံးကြွက်သတ်ရက် သတ်မှတ်ပေးဖို့ စစ်အစိုးရကို အကြံပေးသည်။ အစိုးရ အမိန့်အာဏာတွေ တွင်တွင်သုံးဖို့ သူခိုးကိုဓားရိုးကမ်းပေးသည်။ သူတို့နိုင်ငံရေးကသိပ်တော့မလွယ်။

ကြောက်စရာကောင်းသည့် နိုင်ငံရေးမျိုး။ စစ်အစိုးရက ထောင်ထဲမှာသာ ယင်ကောင်ဖမ်းခိုင်းသည်။ သူတို့က “အိမ်တိုင်း ခြင်ဖမ်းခိုင်း” နေသည်။ “တပြည်လုံးကြွက်သတ်ရက်”သတ်မှတ်ပြီး လူတိုင်း ကြွက်သတ်ခိုင်းနေသည်။ အဆိုပါနိုင်ငံရေးမျိုးကို ခြင်ဖမ်း ကြွက်သတ်နိုင်ငံရေး အဖြစ် သတ်မှတ်လိုသည်။ သူတို့လုပ်ချင်တာတွေ ယုံကြည်တာတွေ ဟောတာပြောတာတွေ ကြည့်ပြီး နိုင်ငံရေးနေရာ အဆင့်သတ်မှတ်ပေးခြင်းဖြစ်ပါသည်။(သာစေ နာစေလို့တဲ့သဘောမရှိ) လိုက်ဖက်မည်ထင်ပါသည်။

ခြင်ဖမ်းကြွက်သတ်နိုင်ငံရေးက တဖြည်းဖြည်း နိုင်ငံရေးလူတွင်ကျယ် ဖြစ်လာသည်။ ဘီဘီစီ မှာ တခါနှစ်ခါပြောခွင့်ရလာသည်။ သူနှင့်ခေတ်ပြိုင် အစုအဖွဲ့များထက် ပိုပြီး ပြောရေး ဆိုခွင့်ရလာသည်။ အခုတော့ မြန်မာ့အသံမှာပြောခွင့်ရဖို့ မြန်မာ့အလင်း နဲ့ ကြေးမုံမှာ ပါခွင့်ရဖို့။ ပြည်တွင်းက ဂျာနယ်တွေမှာ ထည့်ခွင့်ရဖို့ ပြန်ကြားရေး ၀န်ကြီးကို ဂဂျီဂဂျောင်လုပ်နေသည်။ ၀န်ကြီးက အထက် အမိန့်မရသေးလို့ ဘာမှ မတုံ့ပြန်။ သို့သော်မကြာခင်မှာ ခြင်ဖမ်းကြွက်သတ်နိုင်ငံရေးကို ပြည်တွင်းမီဒီယာတွေမှာ တွေ့ရဖို့ အလားအလာများကြောင်း ကြိုတင်ခန့်မှန်းကြည့်နိုင်သည်။ ပြည်သူလူထုအတွက်ပဲ တွေးကာ သနားမိပါတော့သည်။ ပြည်သူလူထုခမျာ အသံနဲ့အနှိပ်စက်ခံနေရာကနေ ရုပ်ပုံတွေနဲ့ပါ အနှိပ်စက်ခံရတော့မည်။

၃) အောက်ဆီဂျင်နိုင်ငံရေး နှင့် အအေးပတ်နေသော ယုန်ပညာရှိ

မျက်မှောက်ခေတ်မြန်မာ့နိုင်ငံရေးမှာ ပါဝင်ကပြနေသည့် နောက်ထပ် နိုင်ငံရေးတမျိုးရှိသေးသည်။ အဆိုပါ နိုင်ငံရေးက တမူ ထူးခြားသည်။ ကိုယ်တိုင်နိုင်ငံရေးမလုပ်။ နိုင်ငံရေးလုပ်နေသူတွေကို တိုက်တွန်းနားချသည်။ ကိုယ်တိုင်နိုင်ငံရေးပါတီမထောင်၊ နိုင်ငံရေးပါတီထောင်သူတွေကို နားချတိုက်တွန်းတတ်သည်။ ကိုယ်တိုင်ရွေးကောက်ပွဲမ၀င်။ ရွေးကောက်ပွဲမှန်သမျှ ထောက် ခံခဲ့ဖူးသည်။ မရှိတာထက် ရှိတာ ပိုကောင်းပါသည်တဲ့။ ၂၀၀၈ ဖွဲ့စည်းပုံကိုကို အတင်း ထောက်ခံခိုင်းကြသည်။

အခုလည်း ၂၀၁၀ ရွေးကောက်ပွဲကိုထောက်ခံခိုင်းနေကြပြန်သည်။ ၂၀၁၀ ရွေးကောက်ပွဲဝင်မှ ရွေးကောက်ပွဲကို ထောက်ခံမှ လက်တွေ့နိုင်ငံရေးဖြစ်သည်။ ဒီလိုမျိုးရေးကြ ပြောကြသည်။ သူတို့နဲ့ ဘယ်သူမှ ပြိုင်ပြီးမငြင်းခုန်နိုင်။ ပြည်တွင်းမှာ သူတို့က နိုင်ငံရေးလက်စောင်းထက်သည်။ သူတို့နဲ့ပြိုင်ပြီးငြင်းခုန်ရေးသားမိလျှင် ရေးသူသာ ထောင်နန်းစံသွားရမည်။

အဆိုပါနိုင်ငံရေးကို အောက်ဆီဂျင်နိုင်ငံရေး (တနည်း) မီးလောင်ရာလေပင့်နိုင်ငံရေး ဟု သတ်မှတ်ချင်သည်။ အာဏာရှိသူကို ပင့်ပေးသည့် နိုင်ငံရေးအမျိုးအစား။ ဖော်လံဖားနိုင်ငံရေး။ မဆလ ခေတ်မှာ မဆလကိုထောက်ခံခဲ့သည်။ ၈၈ မှာ လူထုဘက်ကို ပါသယောင်ယောင်။ အခုကျတော့ လုံးလုံးကို စစ်အစိုးရဘက်ပါနေကြသည်။ နောက်မကြာခင်ပြည်သူဘက်ပါကြပြန်ဦးမည်။

အဆိုပါနိုင်ငံရေးသည်ကား မြန်မာ့နိုင်ငံရေးသမိုင်းတွင် သက်တမ်းရင့် သဘာရင့်သည့် နိုင်ငံရေးတမျိုးဖြစ်သည်။ သူတို့ နိုင်ငံ ရေးက မင်းလောင်းလည်းမမျှော်၊ ဖုတ်သွင်းရထားလည်းမစီး။ ခပ်တည်တည်ဖြင့် သဘောတရားတွေဖြန့်ဖြူးသည့် နိုင်ငံရေး အမျိုး အစားဖြစ်သည်။ သူတို့သည် မြန်မာ့နိုင်ငံရေး အချိုးအကွေ့တိုင်းမှာ ပါဝင်အသုံးတော်ခံနေကြ။ နိုင်ငံရေးကို ခွေးကတက် ကနေပါဝင် အသုံးခံခဲ့ဖူးသည်။ လက်နက်နဲ့ဒီမိုကရေစီကို ပဲလှော်နဲ့ ဒန်အိုးဒန်ခွက်လဲသလို လဲခဲ့ဖူးသည်။ ဒန်အိုးဒန်ခွက်သာ ပျောက်ဆုံးခဲ့ရသူတွေဖြစ်သည်။ ခွက်ပျောက်တော့ မဆလမှာ ကျောင်းအုပ်တွေ နည်းပြတွေလုပ်ကြသည်။ မဆလ ပြိုပျက် တော့လည်း န၀တ/နအဖ ကို အလုပ်အကျွေးပြုကြပြန်သည်။

(ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိပါက ဤနိုင်ငံရေးမျိုးကို ဆိတ်လစေ့နိုင်ငံရေးဟု အမည်ပေးနိုင်သည်။)

အောက်ဆီဂျင်နိုင်ငံရေးသမားတွေက သူတို့ကိုယ်တိုင်နိုင်ငံရေးမလုပ်ရဲ။ ဘာကြောင့်လည်း။ အဖြေကရှင်းသည်။သူတို့သည်

လက်နက်ချပြီးသူများဖြစ်ကြသည်။ ထို့ကြောင့်နိုင်ငံရေးမလုပ်နိုင်။ ပုံပြင်ထဲက မြေခွေးလို သူ့အမြီးပြတ်တိုင်း သူတပါး အမြီး တွေကို ဖြတ်ခိုင်း နေရသည်။ လူတိုင်းကို လက်နက်ချဖို့ ဟောပြော နားချ လုပ်နေရသည်။ ဖွဲ့စည်းပုံကိုလက်ခံဖို့၊ ရွေးကောက်ပွဲ ကိုအသိအမှတ်ပြုဖို့ ရေးနေကြ ပြောနေကြရသည်။ ဆင်သွားရင် လမ်းဖြစ်သည်။ အစိုးရဆိုတဲ့ဆင်ကြီး ဘာလုပ်လုပ်မှန်သည်။ ထောက်ခံရမည်။ ဒီလိုမျိုး သူတို့စဉ်းစားကြသည်။ ဤသို့လျှင် အောက်ဆီဂျင်နိုင်ငံရေးကား မီးလောင်ရာကို လေပင့်ပေး တတ် သည်။ အောက်ဆီဂျင် ဟုတ်လား မဟုတ်လား အောက်ပါအချက်သည် သက်သေသက္ကာယဖြစ်သည်။

၂၀၀၈ ခုနှစ် မတ်လထဲမှာ လျှပ်တပြက်ဂျာနယ်က အသက် ၈၄ နှစ်အရွယ် လောလောလတ်လတ် သတို့သားကြီးကို ဗျူးသည်။ သတို့သားကြီးက သူ့အနေနဲ့ “နိုင်ငံရေးလုပ်ဖို့ အစီအစဉ်မရှိပါကြောင်း” နဲ့ သတို့သမီးကလည်း “အဖေကြီးနိုင်ငံရေး လုပ်မှာကို တော့ စိုးရိမ်ပါကြောင်း”ဖြေကြားသွားခဲ့ဖူးပါသည်။

အောက်ဆီဂျင်နိုင်ငံရေးတမျိုးရှိသေးသည်။ ပြည်ပရောက် အောက်ဆီဂျင်များ။ သူတို့၏ ထူးခြားချက်မှာ စကား မယုတ်မလွန် ပြောကြခြင်းပင်။ သူတို့သည် ထောက်ခံတယ်လို့မပြော။ သို့သော် ထောက်ခံတယ်လို့ မပြောသည့်အတွက် မထောက်ခံဘူးလို့ ကောက်ချက်ချလို့မရ။ ထို့အပြင် သူတို့သည် မထောက်ခံဘူးလို့မပြော။ သို့သော် မထောက်ခံဘူးလို့မပြောသည့်အတွက် ထောက်ခံတယ်လို့ သတ်မှတ် မရ။ အတော်ဝေ့လည်ကြောင်ပတ်နိုင်သူများဖြစ်သည်။

သူတို့နိုင်ငံရေးက အရေးရယ်အကြောင်းရယ်ဆို ပုံပြင်ထဲက ယုန်လို နှာစေးနေတတ်သည့်နိုင်ငံရေးမျိုး။ သူတို့သည်ကား ပြည်ပ တွင် ပညာရှိကြီးများသဖွယ် နေကြ၊ ထိုင်ကြ၊ ပြောတတ် ဆိုတတ် ကြသူများဖြစ်ကြသည်။ သူတို့သည်လည်း အောက်ဆီဂျင် မျိုးနွယ်စုဝင်များပင်ဖြစ်သည်။ နိုင်ငံရေးတုပ်ကွေးမိနေသည့် နှာစေးချောင်းဆိုး နိုင်ငံရေးမျိုးနွယ်စု တမျိုး ဖြစ်သည်။

၎) ပုတ်ရှပ်နိုင်ငံရေး၊ ဂျင်ပေါ်ကထုံး နှင့် ပွဲလှန့်ဖျာခင်းသူများ

နောက်ထပ် နိုင်ငံရေးတမျိုးကား အမျိုးသားသွေးစည်းမှုရှိကြောင်းပြသလုပ်ကိုင်နေသည့် နိုင်ငံရေးတမျိုးဖြစ်သည်။ သူတို့သည် မတူညီသည့် လူများအဖွဲ့အစည်းများစုစည်းထားကြပြီး နိုင်ငံရေးကို စုပေါင်းစပ်ပေါင်းလုပ်ကြသည်။

သူတို့နိုင်ငံရေးကား ဆိုင်းဘုတ်ကြီးကြီးထောင်သည်။ စကားလုံးကြီးကြီးပြောသည်။ သူတို့အတော်များများမှာ အသားမည်း နက် သော်လည်း ရှပ်အင်္ကျီအဖြူရောင်ကို နှစ်နှစ်ခြိုက်ခြိုက် ၀တ်ဆင်တတ်သည်။ တခါတရံ အပေါ်အင်္ကျီ (ပင်နီရောင်မဟုတ်သည့်) တိုက်ပုံများ(၀ါးတီးကုတ်များ) ၀တ်ဆင်တတ်ကြသည်။ နိုင်ငံရေးကို စုပေါင်းစပ်ပေါင်းလုပ်ကြသည်။ စုပေါင်းစပ်ပေါင်းထဲတွင် ကျွတ်မုန်းဝင် တို့လည်းပါသည်။ အေးလွင်နှင့်သူ၏ညီအကိုများ၊ တိုးချဲ့ထုတ်လုပ်မှုကျောင်းတော်သားအစု ဦးလှမြင့်၊ သခင်စိုး ရဲ့ သား ခင်မောင်စိုး၊ နိုင်ငံရေးဘောဂဗေဒလေ့လာရေး မျိုးဆက်သစ်ကျောင်းတော်သား ဦးအုန်းလွင် စသဖြင့် စသဖြင့် .. နောက် တော့ ကနေဒါကရောက် ရောင်နီတို့ မြင့်ရွှေတို့။ စုမိကြစပ်မိကြသည်။

သူတို့ကား အမျိုးသားနိုင်ငံရေးအင်အားစုများ အဖြစ် သူတို့ကိုသူတို့ ဆိုင်းဘုတ်တင် သတ်မှတ်ခေါ်ဆိုကြသည်။ အမှန်က စစ် အစိုးရဆီမှာ နိုင်ငံရေးပါတီတရပ်အဖြစ် မှတ်ပုံမတင်ရသေး။ မှတ်ပုံမတင်ရသေးခင်မှာတင်ပဲ ကွဲကြပြဲကြ၊ သူ့အဖွဲ့က ငါနှုတ်ထွက်၊ ငါ့အဖွဲ့ကတခါ သူကနှုတ်ထွက်ကြနှင့် လုံးလည် ချာလည်လိုက်နေသည့် အမျိုးသားနိုင်ငံရေးဖြစ်သည်။

သူတို့နိုင်ငံရေးမှာ အလံနီဟောင်းများချယ်လှယ်နေသည့် နိုင်ငံရေးဖြစ်သည်။ အလံနီဟောင်းတွေက ဆရာကြီးတွေများသည်။ သဘောတရားကြီးတွေ အကိုးအကားကြီးတွေ အဆိုအမိန့်ကြီးတွေနဲ့ ကိုင်ပေါက်နိုင်သည်။ အလံနီဟောင်းများက သဘော တရားတွေထုတ်ကြသည်။ လမ်းညွှန်ချက်တွေပေးသည်။ တခါတရံ သူတို့ထုတ်ပြန်သည့် လမ်းညွှန်ချက်များကို စစ်အစိုးရက ငြိုငြင်တာမျိုးရှိသည်။ တခါတရံ သူတို့အချင်းချင်း ၀ိရောဓိဖြစ်ပြီး ကွဲလွဲမှုတွေဖြစ်သည်။ညောင်မြစ်တူးလို့ ပုတ်သင်ဥ ပေါ်ကုန် ကြသည်။

ဦးလှမြင့်တို့က ရွေးကောက်ပွဲကော်မရှင်မြန်မြန်ထက်ထက်အကောင်အထည်ပေါ်စေချင်သည်။ ရော့ပတ္တမြား ရော့နဂါး၊ မြန်မြန် သွက်သွက် လုပ်ချင်သည်။ ဒီအချက်က စစ်အစိုးရကို ငြိုငြင်အောင်လုပ်သလိုဖြစ်နေသည်။

ဦးအုန်းလွင်တို့က နိုင်ငံရေးကို စုစုစည်းစည်းသွားချင်သည့်သဘောရှိသည်။ ရွေးကောက်ပွဲကိုလည်း အမျိုးသားနိုင်ငံရေး ပါတီ တရပ်ဖွဲ့ပြီး ၀င်ချင်ကြသည်။ ဒီအချက်ကား စစ်အစိုးရမကြိုက်သည့်အချက်လည်းဖြစ်သည်။ ကျွတ်မုန်းဝင်တို့ကလည်း ဒီအ ချက်ကိုမကြိုက်။ စစ်အစိုးရအကြိုက်အတိုင်း တသီးပုဂ္ဂလလုပ်ချင်သည်။ကွဲလွဲချက်ကြီးသည်။

အမျိုးသားနိုင်ငံရေးအင်အားစုထဲမှာ အရေးပါပြီးပြောခွင့်ဆိုခွင့်ရှိသူနောက်တယောက်က ကိုဇင်အောင်။ လူ့ဘောင်သစ်ဒီမိုက ရက်တစ်ပါတီ(ပြည်ထောင်စုမြန်မာနိုင်ငံ) အမည်နဲ့ လှုပ်ရှားနေသူ။ သူ့အမြင်က ကျွတ်မုန်းဝင်တို့နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် သည်။ တသီးပုဂ္ဂလအသွင်ကို ကိုဇင်အောင်က မယုံကြည်။ တသီးပုဂ္ဂလိုဆိုတာ တချိန်ကျရင် အင်အားကြီးသူ(ပါတီကြီး)တွေရဲ့ ၀ါးမျိုတာကိုခံရသူတွေဖြစ်သည်ဟုယုံကြည်နေသူ။

ဒီအစုထဲမှာ အေးလွင်တို့က activist နေရာကို အပြည့်အ၀ယူထားပြီး ပြည်တွင်းမှာ ၈၈ ဆိုင်းဘုတ်နဲ့ လုပ်စား နေနိုင်သည်။ စစ်အစိုးရ၏မျက်နှာသာပေးမှုကို အထူးရရှိထားသူများဖြစ်သည့်အလျောက် စီးပွားရေးပိတ်ဆို့မှုတွေကို ဆန့်ကျင့်တဲ့ ကမ်ပိန်း တွေထုရင်း အရင်းအနှီးတွေတိုးပွားလာသည်။ ပြည်ပအဆက်အသွယ် (ရောင်နီတို့) တိုးချဲ့လာနိုင်သည်။ အေးလွင်က သူ့အဖွဲ့ကို ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် အဖြစ်ဆိုင်းဘုတ်ကြီးကြီးလုပ်ထားလိုက်သည်။ သူက ဥက္ကဌ လုပ်သည်။ သူ့ညီတွေက အမှုဆောင်တွေ အတွင်းရေးမှူးတွေလုပ်ကြသည်။ အေးလွင်တို့အဖွဲ့ကနေ အစောဆုံး နှုတ်ထွက် သွားတာက ကိုသိန်းတင်အောင်။ အေးလွင်မှာက လူမှုရေးအားနည်းချက်တွေ ငွေကြေးပိုင်းဆိုင်ရာနာမည်ပျက်တွေနှင့်။ မီးခိုးမဆုံး မိုးမဆုံး။

အမျိုးသားနိုင်ငံရေးအစုထဲမှာ ကျွတ်မုန်းဝင်တို့အနေအထားက အသေးငယ်ဆုံးအနေအထားဖြစ်သည်။ လှုပ်ရှားမှုမရှိ။ လှုပ်ရှား နိုင်တဲ့စွမ်းအားလည်းမရှိ။ ထို့ကြောင့် အတွင်းစည်းလူယုံလိုလို၊ သတင်းပြန်ကြားရေးလိုလို ဟိုလိုလို သည်လိုလို။ ဘလော့တခု လုပ်ထားပြီး ရှိသမျှအကုန်တင် အကုန်ဖြန့်လုပ်နေရသည်။

ဦးလှမြင့် တို့ရဲ့ သဘောတရားနယ်ချဲ့မှုနဲ့ လူတွင်ကျယ်လုပ်တာကို မခံနိုင်။ ထို့ကြောင့် သူ့ကိုယ်သူ ကြော်ငြာရသည်။ တခါမှ မသိမြင်ဘူးသည့် ကိုကျော်ဝင်း မောင်စူးစမ်းတို့ရဲ့ ပို့ချချက်တွေကို နာယူနေသည့် အဝေးသင်ကျောင်းတော်သား တယောက် လိုလို ဘာလိုလို။ သူလည်း ပါရာဒိုင်းတယောက်ပေါ့။ အလံနီသြဇာအောက်ကရုန်းထွက်ခြင်းဖြစ်သည်။

ဦးအုန်းလွင်တို့အဖွဲ့ကို ကျွတ်မုန်းဝင်က ချသည်။ နိုင်ငံရေး ဘောဂ ဗေဒဘာသာရပ်ကို ဦးအုန်းလွင်တို့မပိုင်၊ ဦးအုန်းလွင်တို့က ဘယ်လောက်များ သဘောတရားတွေကြေညက်လို့လဲ …. မေးခွန်း ထုတ်သည်။ အမည်ခေါင်းစဉ်နဲ့ပါတ်သက်ပြီး စစ်အစိုးရ သတိပြုမိစေရန် မျက်စပြစ်ပြသည်။ စစ်အစိုးရက ကျွတ်မုန်းဝင် ကို နည်းနည်းတော့မျက်စိကြသည်။ သို့သော် အချိန်မကျသေး ဟုယူဆထားပုံရသည်။

လောလောဆယ် စစ်အစိုးရမျက်စိကြနေသည်မှာ အေးလွင်တို့ဖြစ်သည်။ အေးလွင်တို့က ၂၀၀၇ မှာ Sanction တွေ ရုပ်သိမ်းဖို့ ကမ်ပိန်းတွေလုပ်ခဲ့သည့် စစ်အစိုးရလက်တံဖြစ်သည်။ ၂၀၀၈ မှာ ဖွဲ့စည်းပုံအတည်ဖြစ်စေဖို့ အေးလွင်တို့လုပ်ခဲ့သည်။ အခု လည်း ၂၀၁၀ ရွေးကောက်ပွဲအထမြောက်စေဖို့ လှုပ်ရှားမှုတွေလုပ်ရန် တိုင်းမှူးတွေဆီ တင်ပြတောင်းခံနေသည်။ ထို့ကြောင့် ကျွတ်မုန်းဝင်က အေးလွင်တို့ကို ပခုံးချင်းမယှဉ်ရဲသေး။ သို့သော် သူ့အချိန်မကြာမှီရောက်လာတော့မည်ကိုတော့ ကြိုတင်တွက် ဆထားပုံရသည်။ ထိုကြောင့် တသီးပုဂ္ဂလကွန်ယက်ကို တိုးချဲ့တည်ဆောက်သည်။ အင်တာနက်ပေါ်မှာ အော်ကြက်ထုတ်သည်။ နာမည်ကြီးတွေကိုချရင် ကိုယ်လည်း နာမည်ကြီးလာမည်ဆိုတဲ့ နည်းဟောင်းကြီးကိုအသုံးပြုသည်။ ယက်တောအမှုကို အခွင့် ကောင်းယူပြီး ကျွတ်မုန်းဝင် က ဒေါ်စုကို တိုက်ခိုက်ပုတ်ခတ် စော်ကားတာမျိုးလုပ်သည်။ တသီးပုဂ္ဂလအမြင်ကို အသေဆုပ်ကိုင် ထားရင် စစ်အစိုးရကတချိန်မှာ သူ့ကိုခေါ်သုံးမှာပဲလို့ တထစ်ချယုံကြည်မှုရှိနေသူဖြစ်သည်။ (ပြန်ကြားရေးဝန်ကြီးကို ဂဂျီဂဂျောင် လုပ်သည့်အကြောင်း အပေါ်မှာရေးခဲ့ပြီးပြီ။)

အေးလွင်တို့ကို တိုက်ရိုက်မတွယ်ရဲတော့ ဇင်အောင်တို့နှင့်မဟာမိတ်လုပ်သည်။ ဇင်အောင်တို့ကလည်း ကျွတ်မုန်းဝင်ကို မယုံ။ ယုံကြည်လို့မရသူတွေထဲမှာ ကျွတ်မုန်းဝင် ထိပ်ဆုံးကပါနေကြောင်းသိသည်။ တချိန်က ကျွတ်မုန်းဝင်က သူတို့ကို ဝေဖန်ထား ဖူးသည်။ ဇင်အောင့်အဖွဲ့မှာ ပညာတတ်တွေမပါ။ လူငယ်မျိုးဆက်သစ်တွေထောက်ခံမှုမရှိ။ အဲသည်ဟာကိုမမေ့။ အခု လာကပ် တာကိုလည်းဘာကြောင့်ကပ်သည်ဆိုတာသိသည်။ ကျွတ်မုန်းဝင်က လူရေလည်လာပြီ။ ပြောချင်ရာလျှောက်ပြောနေသည့် ရူးတူးတူးပေါတောတော အဆင့်မှာ အစောပိုင်းက သဘောထားခဲ့ကြပေမည့် အခုမှ သူရဲမွေးမိမှန်းသိလာကြသည်။ စိတ်မထင် လျှင် လက်တို့ဖမ်းခိုင်းမှာ သတိထားနေကြရသည်။

ဤအချင်းအရာများသည်ကား အမျိုးသားနိုင်ငံရေးအင်အားစုများ၏ အတွင်းရေး တစိတ်တပိုင်းကိစ္စများပင်ဖြစ်ပေတော့သည်။ သူတို့၏နိုင်ငံရေးသည်ကား အချင်ချင်းခွက်စောင်းခုတ်ကာ ပတ်ရှုတ်နေသည့် ပုတ်ရှပ်နိုင်ငံရေး ဖြစ်ပေတော့သည်။ သူတို့နိုင်ငံ ရေးကိုကြည့်ရသည်မှာ ဂျင်ပေါက်တန်းကစားနေသည်နှင့်တူသည်။ တယောက် ထွက်သွားလိုက်၊ နောက်တယောက် ထပ် ထွက်သွားလိုက်။ တော်ကြာတယောက်ဝင်လာလိုက်။ တော်ကြာပြန်ထွက်သွားလိုက်။ ၀င်စို့ ထွက်စို့။ ဂျင်ပေါက်နေကြသည်။ အမှန်က ဂျင်မဟုတ်။ ဂျင်ပေါ်ကထုံးတွေဖြစ်သည်။

ဂျင်ပေါ်ကထုံးတွေနှင့် နင်လားငါလား မတိမ်းမယိမ်းအဆင့်ရှိသည့် နိုင်ငံရေးတမျိုးရှိသေးသည်။ ၄င်းနိုင်ငံရေးမျိုးကို တိုင်းရင်း သား တချို့ထံမှာ တွေ့မြင်ရသည်။ အထူးသဖြင့် ရွေးကောက်ပွဲဝင်ဖို့ ငမ်းငမ်းတက်ဖြစ်နေသည့် တိုင်းရင်းသား ခေါင်းဆောင် တချို့တွင် တွေ့ရသည်။ သူတို့လည်း ဂျင်ပေါ်က ထုံးတွေပင်ဖြစ်သည်။ ယနေ့ဖြစ်နေသည့် ပြဿနာကို ဗမာ - ဗမာချင်း ဖြစ်နေ သည့်ပြဿနာအဖြစ်သဘောထားကြသည်။ ဗမာ - ဗမာချင်း မတည့်တာကို တို့က အခွင့်ကောင်းယူမည်။ ရသမျှအခွင့် အရေး အကုန်ယူမည်။ နယ်ခြားစောင့်ဆိုလည်း စောင့်လိုက်မည်။ ရွေးကောက်ပွဲဝင်ဆိုလည်း ၀င်လိုက်မည်။ ဤသည်ကား ပွဲလှန့်ဖျာ ခင်းသည့် နိုင်ငံရေးမျိုးဖြစ်သည်။

ပွဲလန့်တိုင်းဖျာခင်းတတ်သူများထဲမှာ တည်မြဲ/သန့်ရှင်း ဖဆပလ လူကြီးသားသမီးတွေလည်းပါဝင်တတ်သည်။ သူတို့သည် လည်း အမျိုးသားနိုင်ငံရေးကို ကြိုက်ကြသည်။ ရတာယူမည့်စိတ်ရှိသူများဖြစ်ကြကုန်သည်။ အမျိုးသားနိုင်ငံရေးအင်အားစုကား အတော်ရှုပ်သည့်နိုင်ငံရေးအမှိုက်ပုံကြီးနှင့်တူနေလေတော့သည်။ ထိုအထဲမှာ နိုင်ငံရေးက အခုထွက်လိုက်၊ တော်ကြာ ပြန်ဝင် လာလိုက်၊ တော်ကြာ ၄၀ ရာခိုင်နှုန်းတောင်းလိုက်နဲ့ အောင်ဘာလေထီ ကစားသူများလည်းရှိသေးသည်။ ပုတ်ရှပ် ပတ်ရှုတ် နေကြသည်။

၅) လူထုအခြေပြုနိုင်ငံရေး

ဤနိုင်ငံရေးအမျိုးအစားသည်ကား လူထူအကျိုးစီးပွားကိုဦးတည်သည့်နိုင်ငံရေး၊ လူထုထောက်ခံမှုကိုအခြေပြုသည့် နိုင်ငံရေး ဖြစ်သည်။လူထုကြီးလိုက်ပါဆောင်ရွက်ဖို့တွန်းအားပေးသည်။လူထုကြီ့းတသားတည်းချီတက်လာအောင်စွမ်းဆောင်မှုပြုသည်။လူထုကြီးကို လက်ညိုးထောင်ခေါင်းငြိမ့်ဘ၀ကနေ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်တဲ့ဘ၀ဆီ ပို့ဆောင်ပေးမည့် နိုင်ငံရေးဖြစ်သည်။

ဤနိုင်ငံရေးမျိုးကား မြင့်မြတ်တည်ကြည်သည့် နိုင်ငံရေးအမျိုးအစားဖြစ်သည်။ ဤနည်းဖြင့် ဗမာ့လွပ်လပ်ရေးရယူနိုင်ခဲ့သည်။

သည်နိုင်ငံရေးမျိုးနဲ့ လူထုကြီးကို ဗိုလ်ချုပ်အောင်ဆန်းက ထဆိုထ ချဆိုချ လုပ်နိုင်ခဲ့သည်။

သည်နိုင်ငံရေးမျိုးနဲ့ လူထုကြီးကို သူနဲ့အတူလိုက်ပါ ချီတက်ရဲအောင် ဒေါ်အောင်ဆန်းစုကြည်စွမ်းဆောင်နိုင်ခဲ့သည်။

သည်နိုင်ငံရေးမျိုးနဲ့ လူထုကြီးကို စည်းကမ်းရှိအောင် ကိုမင်းကိုနိုင်တို့ ၈၈မျိုးဆက်တွေက သွန်သင်ပြသနိုင်ခဲ့သည်။

သည်နိုင်ငံရေးမျိုးနဲ့ ရွှေဝါရောင်တော်လှန်ရေးကို ရဟန်းသံဃာများ ဦးဆောင်ဆင်နွှဲခဲ့ကြသည်။

သည်နိုင်ငံရေးမျိုးနဲ့ ကျောင်းသားလူငယ်တွေဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေကြသည်။

သည်နိုင်ငံရေးမျိုးနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို လူထုကြီးကန့်ကွက်မဲပေးခဲ့ကြသည်။

လူထုအခြေပြုနိုင်ငံရေးက အလိုတော်ရိ ဘုရားငဆောင် နိုင်ငံရေးနည်းများကိုဆန့်ကျင်သည်။

လူထုအခြေပြုနိုင်ငံရေးက ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်သည်။

လူထုအခြေပြုနိုင်ငံရေးက ၂၀၁၀ ရွေးကောက်ပွဲကို အထွေထွေနိုင်ငံရေးထိုးစစ် (သပိတ်မှောက်ပွဲ)နဲ့ဖြတ်သန်းမည်။

လူထုအခြေပြုနိုင်ငံရေးက နိုင်ငံရေးပါတီတွေ နဲ့ ပြည်သူလူထုကို ပေါင်းစည်းမိစေမည်။

ပြည်သူလူထုအတွက် …

၁) ဖွဲ့စည်းပုံမလို။

၂) ရွေးကောက်ပွဲမလို။

၃) တွေ့ဆုံဆွေးနွေးရေးသာလိုသည်။

ဤအချက်ကား လူထုအခြေပြုနိုင်ငံရေး၏ ယုံကြည်မှုပင်ဖြစ်ပေတော့သတည်း။ ။

http://komoethee.blogspot.com/ မှ ကူးယူဖော်ပြပါသည်။

Read More...