Tuesday, March 29, 2011

Military Intervention Petition

Monday, March 28, 2011

ရက်စွဲ။ ။ ၂၅ရက်၊ မတ်လ၊ ၂၀၁၁
လေးစားအပ်ပါသော မြန်မာနိုင်ငံသားများခင်ဗျာ-

စစ်အာဏာရှင်တို့ အုပ်ချုပ်သော နှစ်ငါးဆယ်ကာလအတွင်း မြန်မာနိုင်ငံသည် ဘက်ပေါင်းစုံမှ ယိုယွင်းပျက် ဆီးနေသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။ အာဏာရှင်စနစ်အောက်တွင် အနာဂတ်ပျောက် နေသော လူငယ်များသည် နေ့စဉ်နှင့်အမျှ ပြည်ပသို့ထွက်ခွာ၍ ရရာအလုပ်များကို လုပ်ကိုင်ရင်း မိမိတို့၏ နေ့စဉ်ဘ၀ ကို ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်နေရပါသည်။
အလုပ်ရှင်တို့၏ အနိုင်ကျင့်မှု၊ ဒေသခံတို့၏ ခွဲခြားဆက်ဆံမှု၊ မြန်မာသံရုံး၏ တာဝန်မဲ့မှုတို့ကြောင့်ပြည်ပ ရောက် မြန်မာများ၏ ဒုက္ခမှာလည်း တနေ့ထက်တနေ့ ကြီးထွားလာနေသည်။ ဤတွင် မြန်မာတို့၏ ဒုက္ခကို တတ်နိုင်သမျှ ကူညီဖြေရှင်းပေမည့် ကိုယ်ထူကိုယ်ထအဖွဲ့များ ပေါ်ပေါက်လာကြရသည်။ ဤအထဲတွင် ပျိုးခင်း(လူငယ်)အဖွဲ့သည် တစ်ခုအပါအ၀င်ဖြစ်သည်။
လူအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ တက်ကြွလူငယ်တို့၏ ပံ့ပိုးကူညီမှုဖြင့် မလေးရှားရောက် မြန်မာနိုင်ငံသားများအတွက် အခမဲ့သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပါသည်။ မိမိတို့ဘ၀ တိုးတက်မြင့်မားရေး သည် တမျိုးသားလုံး၏ အကျိုးစီးပွားနှင့် ဆက်စပ်နေသည်။ အမျိုးသားအကျိုးစီပွားသည် နိုင်ငံရေးစနစ် အပေါ်တွင် မူတည်သည်။ ကောင်းမွန်သည့် နိုင်ငံရေးစနစ်သည်သာလျှင် မိမိတို့ဘ၀ တိုးတက်မြင့်မားရေး၊ ဂုဏ်သိက္ခာရှိသော လူသားအဖြစ်ရပ်တည်ရေးကို အာမခံပေးနိုင်မည်ဟု လူငယ်တချို့၏ စိတ်တွင် စွဲမြဲစွာ ယုံကြည်လာသည်နှင့်အညီ အဖွဲ့၏လှုပ်ရှားမှုတိုင်းတွင် နိုင်ငံရေးအမြင်နှင့် လူမှုရေးအသိတို့ကို ပေါင်းစပ်ခဲ့ ကြသည်။
အမာခံလူငယ်တို့၏ အဓိကပံ့ပိုးကူညီမှုဖြင့် နိုင်ငံရေးစနစ် ကောင်းမွန်လာစေရန် ကိုယ်ကျိုးမဖက်တိုက်ပွဲ ၀င်ရင်း မတရားဖမ်းဆီးခံနေရသော နိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုဝင်အချို့အား အစဉ်တစိုက်ပံ့ပိုး ကူညီခဲ့ပါသည်။

ပျိုးခင်း(လူငယ်)အဖွဲ့မှ-

() ရွှေဝါရောင်တော်လှန်ရေးအတွက် - မလေးရှား (ရင်းဂစ်) ၁၇၇၄၅
() နိုင်ငံရေးအကျဉ်းသားမိသားစုများအတွက် - မြန်မာ (ကျပ်ငွေ) ၁၀၀၀၀၀၀
() နိုင်ငံရေးအကျဉ်းသားမိသားစုများအတွက် - အမေရိကန်(ဒေါ်လာ) ၅၉၀

ကို ပေးပို့လှူဒါန်းပြီးဖြစ်ပါသည်။

ယခုတဖန် နိုင်ငံရေးအကျဉ်းသားနှင့် မိသားစုများအား ကူညီထောက်ပံ့ရေးအတွက် ရံပုံငွေရရှိရန် အရီဇိုးနား ရောက် မြန်မာနိုင်ငံသားအား မြန်မာအစားအစာများ ရောင်းချရန် စီစဉ်ထားပါသည်။

() ဒံပေါက်                     .၀၀ ဒေါ်လာ
() နန်းကြီးသုတ်              .၀၀ ဒေါ်လာ
() ထမင်းကြော်               .၀၀ ဒေါ်လာ
() ခေါက်ဆွဲကြော်            .၀၀ ဒေါ်လာ
() မုန့်ဟင်းခါး                 .၀၀
() အုန်းနို့ခေါက်ဆွဲ           .၀၀
() ကြာဇံချက်                 .၀၀

အထက်ဖော်ပြပါ အစားအစာများကို ဧပြီလ() ရက်နေ့မှစ၍ လစဉ် ပထမပတ်နှင့် တတိယပတ် တနင်္ဂနွေ နေ့( နံနက် - ၁၀:၀၀ မှ ညနေ – ၄:၀၀ ထိ ) တပတ်လျှင် တမျိုးစီ အလှည့်ကျ အိမ်အရောက် ရောင်းချပေး သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။


ချက်ပြုတ်ရာနေရာသို့ လာရောက် အားပေးကူညီချင်သည့် မိတ်ဆွေများအတွက်

နေရာ - ကိုဇေဇေအောင် နှင့် ဇနီးမ၀င်းဝင်းဌေး တို့၏နေအိမ်
3413 W Frier Dr. phoenix, AZ 85051

 အသေးစိပ်သိလိုသူများအတွက်

ဆက်သွယ်ရန် - ကိုထွန်းထွန်းနိုင် ( ၄၈၀ ၂၄၃ ၀၁၁၉ )
ကိုဇေဇေအောင် ( ၆၀၂ ၄၀၃ ၅၆၂၂ )

ကျွန်တော်တို့အဖွဲ့မှ ရောင်းချသော မြန်မာအစားအစာများကို ၀ယ်ယူစားသုံးခြင်းဖြင့်
နိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုများအား ကူညီကြပါစို့- - -











Tuesday, March 22, 2011

နောက်ကြည့်မှန် ( ကိုမင်းကိုနိုင် )

Min Ko Naing - Novel Type your summary here. Type the rest of your post here.

ဘာလဲဟဲ့ လူ့ငရဲ ( ဦးဝင်းတင် )

pyoekhinnyouth2006@gmail.com