Thursday, November 13, 2008

မြန်မာ့လေကြောင်းလိုင်းများဖြင့်ခရီးသွားမည်ဆိုရင်ဒါတွေဖတ်ပြီးမှသွားပါ

မြန်မာပြည်တွင်းပြည်ပမှ လေယာဉ်စီး ခရီးသည်များအတွက် အရေးပေါ်
သတိပေးချက်။
မြန်မာပြည်တွင်းပြည်ပမှ လေယာဉ်စီးကြသူများ အရေးပေါ် သတိပြုစရာ အချက်အလက်
အချို့ကို တာဝန်သိစွာဖြင့် အသိပေးအပ်ပါသည်။ ယခုအခါ နိုင်ငံတကာမှ
အာမခံကုမ္မဏီများအားလုံး တညီတညွှတ်တည်း ဆုံးဖြတ်၍ မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံ၍
စပ်တူလုပ်ကိုင်နေသော လေကြောင်းလိုင်းများ၏ အာမခံကိစ္စများကို ဆက်လက် လုပ်ဆောင်
တော့မည် မဟုတ်ကြောင်း ကြေညာထားပါသည်။
ဒါကြောင့် အဲဒီလေကြောင်းလိုင်းတွေဟာ မြန်မာအစိုးရပိုင် မြန်မာ့အာမခံလုပ်ငန်းတွင်သာ
အာမခံထားနိုင်တော့မည် ဖြစ်ပါသည်။ နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့်အညီ
ထားရှိရန်လိုအပ်သော အာမခံတန်ဖိုး၏ မဖြစ်စလောက်သော အစွန်းထွက် တန်ဖိုးကိုသာ
မြန်မာ့အာမခံလုပ်ငန်းက လက်ခံ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
နိုင်ငံတကာမှ သတ်မှတ် ထားသော အာမခံတန်ဖိုးမပြည့်မီသည့် လေယာဉ်ကို
မည်သည့်နိုင်ငံတကာလေယာဉ်ကွင်းကမှ ဆင်းသက်ခွင့်ပေးမည် မဟုတ်ပါ။ MAI
လေကြောင်းလိုင်းအနေဖြင့် ၊မလေးရှားနိုင်ငံမှ MAS ၊ ထိုင်းနိုင်ငံမှ Thai Airway နှင့် jetstar
စသည်တို့နှင် Code Sharing Agreement ရှိထားသောကြောင့် ပျံသန်းမည့်လေယာဉ်၏
စံသတ် မှတ်ချက် တို့ အဆင့်မှီလျှင် ဆင်းသက်ခွင့် ရနိုင်ပါသည်။
နိုင်ငံတော်ပုငိငွေများဖြင့် ၀ယ်ယူထားသော နိုင်ငံပိုင်လေယာဉ်များကို Air Bagan
တံဆိပ်တပ်ကာ ကိုယ်ပိုင်လေယာဉ် သဘွယ် အလွဲသုံးစားလုပ်ထားသော ဦးတေဇ
ခေါင်းဆောင်သည့်အုပ်စုက MAI လေကြောင်းလိုင်းကို အပိုင်စီးဘို့ ကြိုးစားနေသည်ဟု
ပို့ဆောင်ရေးဝန်ကြီးဌာန မှအမည်မဖေါ်လိုသည့် အဆင့်မြင့်အရာရှိကြီးတဦးက
ပြောကြားခဲ့ပါသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် MAI လေကြောင်းလိုင်းမှ
တာဝန်ယူဆောင်ရွက်လျှက်ရှိသော Ground Handling လုပ်ငန်းများကိုလည်း
စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ တချက်လွှတ်အမိန့်ဖြင့် ဦးတေဇ ပိုင်ဆိုင် သော
Air Bagan လေကြောင်းလိုင်းသို့ လုပ်ငန်းတာဝန်များ လွှဲပြောင်းပေးလိုက်ရကြောင်း DCA
တာဝန်ရှိပုဂ္ဂိုလ်တဦးမှ အတည်ပြု ပြောကြားခဲ့ပါသည်။
Air Bagan မှ နိုင်ငံခြားခရီးစဉ် ပြေးဆွဲခွင့်မရဘဲ မြေပြင်တွင်ရပ်ဆိုင်းထားရသော
လေယာဉ်တစင်းကို စစ်အာဏာပိုင် အဖွဲ့၏ အမိန့်ဖြင့် MAI မှ ငှားရမ်းသုံးစွဲနေရပါသည်။
အာမခံ မရှိသော်လည်း MAI နှင့် Code Sharing ပြုလုပ်ထား သော နိုင်ငံများမှ
လေယာဉ်ကွင်းများတွင် ဆင်းသက်နိုင်ရန် ကြံစီခြင်းဖြစ်ပါသည်။ သို့သော်လည်း အဆိုပါ Code
Sharing ပြုလုပ်ထားသော၊နိုင်ငံများမှ လိုအပ်ချက်တစ်ခုမှာ ယင်းလေယာဉ်၏
ကြံ့ခိုင်ထိန်းသိမ်းမှူ စစ်ဆေးခြင်းများကို ကြားခံအဖွဲ့အစည်းတစ်ခု၏ စစ်ဆေးထားသည့်
ထောက်ခံချက်ပါမှ ဆင်းသက်ခွင့်ပြုနိုင်သည့်အတွက်၊ ၄င်းကြားခံအဖွဲ့မှ စစ်ဆေးသောအခါ
အဆိုပါ Air Bagan လေယာဉ်မှာ စိုးရိမ်ဖွယ် ကောင်းလောက်အောင် ပြုပြင်ထိန်းသိမ်းမှု
ညံ့ဖျင်းပြီး လက်ခံနိုင်ဖွယ်ရာ လုံးဝမရှိ ဟုသောအဖြေထွက်ပေါ်လာသည့် အတွက် MAI
လေကြောင်းလိုင်းတွင် အမိန့်အာဏာကို မလွန်ဆန်နိုင်သဖြင့် ဌားရမ်းသုံးစွဲနေရသည့်
အဆိုပါလေယာဉ်မှာ၊ မကြာမီရပ်ဆိုင်းရ တော့မည်ဖြစ်ပါသည်။ နိုင်ငံတ ကာမှလည်း Air
Bagan သို့ မည်သည့်လေယာဉ်အပိုပစ္စည်းမှ ရောင်းချ ခြင်း မရှိတော့ပါ။
နိုင်ငံတကာ ခရီးစဉ်ပြေးဆွဲရန် သတ်မှတ်ထားသော Air Bagan လေယာဉ်၏
ပြုပြင်ထိန်းသိမ်းမှုမှာ စိုးရိမ်ဖွယ်ကောင်း လောက်အောင် ညံ့ဖျင်းနေလျှင်
ပြည်တွင်းမှာပြေးဆွဲနေသော Air Bagan လေယာဉ်တို့၏ အခြေအနေမှာ စဉ်းစားကြည့်
ယုံမျှနှင့် ကြောက်စရာကောင်းလှပါသည်။
ယခုလိုအန္တရာယ်ရှိသည့် Air Bagan လေယာဉ်များကို ပြည်တွင်းပြည်ပ ပျံသန်းခွင့်ပြုခဲ့သည့်
မြန်မာစစ်အစိုးရ နှင့် DCA တာဝန်ရှိသူများအား လူ့အသက်ပေါင်းများစွာသတ်ဖြတ်မည့်
ရာဇ၀တ်မှုကြီး ကျူးလွန်ရန်ကြိုးစားသည့် တရားခံများ အ ဖြစ် သတ်မှတ်သင့်ပါသည်။
ပြည်တွင်းခရီးသွားများ အနေဖြင့် ကုန်းလမ်း၊ ရေလမ်းတို့ဖြင့်သာ အနည်းငယ်အပင်ပန်းခံ၍
ခရီးသွားကြစေလိုပါသည်။ မိမိ၏အသက်အန္တရာယ် စိုးရိမ်ရသည့် Air Bagan
လေယာဉ်များဖြင့် ခရီးသွားလာခြင်းများ မပြုလုပ်ကြပါရန် အရေးပေါ် သတိပေးအပ်ပါသည်။
(မြန်မာပြည်သူပြည်သားများ Air Bagan လေယာဉ်ပျက်ကြမည့်ဘေးဒုက္ခမှ
ကင်းဝေးကြပါစေ။)
သူရဲကောင်း။

No comments: