Saturday, August 23, 2008

ခွဲစိတ်ခန်းရှေ့ဧည့်ခန်းကခုံရှည်ပေါ်မှာတောင်းတဲဆု

ဖုန်းမြည်သံကြောင့် အိပ်ရာမှလန့်နိုးခဲ့သည်။ ဖုန်းနံပါတ်ကိုကြည့်တော့ ဆေးရုံတက်နေ
သည့်ကျွန်တော့်ဇနီးသည်ထံမှဖြစ်နေသည်။ " ယောက်ျားရေ မိန်းမဗိုက်ခွဲဖို့အတွက်
လက်မှတ်လာထိုးပေးပါတဲ့ "။ နာရီကြည့်လိုက်တော့ ၈း၃၀ရှိနေပြီ။ ရေအမြန်ချိုးပြီး ဆေး
ရုံကို အပြေအလွှားသွားခဲ့သည်။
ဆေးရုံကိုအသွားလမ်းမှာ ဒုတိယအကြိမ်ဖုန်းမြည်လို့ကိုင်လိုက်တော့ ဆေးရုံကတာဝန်ရှိ
ဒေါက်တာထံမှဖြစ်နေသည်။ ဆေးရုံကိုရောက်ရင် ဇနီးသည်ခွဲစိတ်မွေးဖွားတာကို လက်မှတ်
ထိုးခိုင်းဖို့ သားဖွားဆောင်ရှေ့ဧည့်ခန်းက စောင့်နေပါတဲ့။ ဆေးရုံကိုရောက်တော့ ခွဲစိတ်ခန်း
ရှေ့ဧည့်ခန်းကလွတ်နေတဲ့ခုံရှည်ပေါ်မှာ ၀င်ထိုင်လိုက်သည်။

ဧည့်ခန်းထဲမှာ ကျွန်တော့်လိုပဲထိုင်နေတဲ့သူတွေကို တွေ့ရပါသည်။ ကျွန်တော်မှလွဲ၍ အားလုံး
နိုင်ငံသားတွေချည်းပဲ။ မလေးလူမျိုးမိသားစုတစ်စုထဲက အသက်အကြီးဆုံးလို့ထင်ရသူ အ
မျိုးသမီးကတော့ ဆိုဖာခုံပေါ်မျာထိုင်ရင်း ဘုရားစာရွတ်နေသည်။ လူလတ်ပိုင်းအရွယ်အမျိုး
သားတစ်ဦးကတော့ သားဖွားဆောင်တံခါးမကို မကြာခဏဖွင့်ပြီး အထဲမှဆေးရုံဝန်ထမ်းတွေ
ကိုလှမ်းမေးလိုက၊် ပြန်ထွက်လာလိုက်၊ ဖုန်းဆက်လိုက်၊ လမ်းလျှောက်လိုက်နဲ့ သူ့ကြည့်ရတာ
စိတ်လှုပ်ရှားနေပုံရသည်။ တခါတခါ ကျွန်တော်ရှိရာကိုလည်း လှမ်းပြီးကြည့်တတ်သည်။ ခံစား
မှုကင်းမဲ့နေသလိုဖြစ်နေတဲ့ ကျွန်တော့်အမူအရာကိုကြည့်ပြီး မသိမသာသူမျက်မှောင်ကြုတ်
သွားတာကိုသတိထားမိသည်။
သားဖွားဆောင်ထဲက သူနာပြုဆရာမတစ်ဦး စာရွက်ကိုင်ကာအခန်းပြင်ထွက်လာသည်။ ဇနီး
ဖြစ်သူရဲ့နာမည်ကိုဖတ်ပြပြီး ခင်ပွန်းသည်ဖြစ်သူ ကောင်တာမှာ လက်မှတ်လာထိုးပေးပါလို့
ပြောသွားသည်။ လက်မှတ်ထိုးပြီးတာနဲ့ ရောက်လာကတည်းကထိုင်ခဲ့တဲ့ ထိုင်ခုံပေါ်ပဲပြန်ထိုင်
လိုက်သည်။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော့်အတွေးတွေဟာ လွန်ခဲ့သော သုံးနှစ်ကျော်အချိန်
ဒီနေရာ၊ ဒီထိုင်ခုံပေါ်မှာထိုင်ခဲ့စဉ်က အကြောင်းတွေဆီပြန်ရောက်သွားသည်။
အဖမ်းအဆီးတွေကလည်းအရမ်းကြမ်း၊ သူဌေးဖြစ်သူတွေကလည်း ပါမစ်မရှိသူတွေကို မခိုင်း
ရဲတော့။ အလုပ်နားရမယ့်ရက်ကိုလည်း ပြောပြီးပါပြီ။ ဒီကြားထဲက အခန်းပိုင်ရှင်ကလည်း
ဆက်ပြီးမငှားရဲတဲ့အတွက် ပေးစရာရှိတဲ့အခန်းခကိုတောင် မတောင်းတော့ဘဲ အစိုးရကနေ
တရားမ၀င်အလုပ်သမားတွေကို နေထိုင်မှုအတွက် နောက်ဆုံးသတ်မှတ်ထားတဲ့ ရက်မတိုင်မီ
အိမ်ပေါ်မှဆင်းပေးဖို့ကိုလည်း ပြောထားသည်။ အဲဒီတုန်းက ကျွန်တော့်အတွက် အချိန်တိုင်း
မှာပူပင်နေရသည်။
တရားမ၀င်လာရောက်အလုပ်လုပ်နေတဲ့ အလုပ်သမားတွေအတွက် အရေးကြီးဆုံးကိစ္စဟာ နေ
ထိုင်ရေးပဲဆိုတာ ကျွန်တော်တို့အားလုံးသိပြီးသားပါ။ မိသားစုနဲ့ဆိုရင် ပိုလို့ပင်အရေးကြီးပါ
သည်။ စိတ်ညစ်စရာတွေက ကျွန်တော့်ဆီကို တပြိုင်နက်တည်းလာဖို့အတွက် တိုင်ပင်ထားသ
လားလို့တောင်ထင်ရသည်။ ဒီလောက်စိတ်ဒုက္ခရောက်နေချိန်မှာမှ လူ့လောကကိုလာပြီးကျွန်
တော်တို့မိသားစုဝင်ဖြစ်လာမယ့် အပြစ်မဲ့ရင်သွေးလေးဟာ ကျွန်တော်တို့လိုအဖြစ်မျိုးမှ ကင်း
လွတ်ပြီး သူ့ရဲ့အနာဂတ်ဘ၀ ဖြောင့်ဖြုးပါစေလို့ ဒီခုံလေးပေါ်မှာထိုင်းရင်း ဆုတောင်းခဲ့ဖူးပါ
သည်။
ယခုဆိုရင် ကျွန်တော့်သမီးနှစ်ယောက်လုံးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါပြီ။ သို့သော်လည်း
လူတိုင်းကြုံတွေ့ခံစားနေရသည့် အခက်အခဲတွေ၊ ဒုက္ခတွေကတော့ရှိနေဆဲပါပဲ။ ဒါပေမယ့်
ကျွန်တော့်ဘ၀အတွက် အဖိုးမဖြတ်နိုင်လောက်အောင် ကြီးမားတဲ့ အသိတရားတစ်ခုကို ဒုက္ခ
တွေ ကြားထဲကနေရလိုက်ပါသည်။ ကျွန်တော်ဒုက္ခရောက်နေချိန်မှာ အသိတစ်ယောက်က
လက်ဆောင်အဖြစ်ပေးတဲ့ စာအုပ်တွေထဲက စာအုပ်ကောင်းတစ်အုပ်ကိုဖတ်ဖြစ်ခဲ့သည်။
စာအုပ်နာမည်က " နယ်စပ်လမ်းက ပန်းကလေးများနှင့် အခြားစာစုများ" ။ ရေးသူက ခိုင်မာ
ကျော်ဇော။ ထိုင်းမြန်မာနယ်စပ်တလျှောက်မှာ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသား ကလေး
ငယ်တွေရဲ့ဘ၀ကို ရေးဖွဲ့ထားတာပါ။ စာရေးသူရဲ့စေတနာနဲ့ ရင်နင့်အောင်ကြေကွဲစရာ
ကောင်းတဲ့ နယ်စပ်က ကလေးငယ်တွေရဲ့ဖြစ်ရပ်မှန်ဘ၀တို့ ပေါင်းစပ်ပြီးရေးဖွဲ့ထားတာ
ကြောင့် စာအုပ်ထဲမှာပါတဲ့ကလေးတွေကိုသနားလွန်းလို့ စာဖတ်ရင်းမျက်ရည်တောင်ကျခဲ့ရ
ပါသည်။
စာသင်ခန်းဆိုတာ လုံးသလား၊ ပြားသလား လုံးဝမသိတဲ့ကလေးတွေ၊ သေနတ်သံကြားရင်
မွေးရာပါအလေ့အထလိုဖြစ်နေပြီး အငိုတိတ်တဲ့ကလေးတွေ၊ သစ်ဥသစ်ဖုတွေကိုလနဲ့ချီပြီး
စားသုံးနေရတဲ့ကလေးတွေ၊ ဗုံးကျင်းထဲမှာ အမိရောအဖပါ ဆုံးသွားခဲ့ပေမယ့် " အမေထ
တော့၊ အဖေထတော့" လို့ လှုပ်နှိုးကာ မိဘနေလို့သေမှန်းမသိတဲ့ကလေးတွေ၊ ကျွန်တော်
တို့နိုင်ငံထဲမှာ ထောင်ပေါင်းများစွာရှိနေတယ်ဆိုတာကို ကျွန်မမိတ်ဆွေသိအောင် အချိန်ယူ
ပြီးပြောပြရဦးမည်လို့ အစချီထားသည်။
သည့်အပြင်" စစ်တိုက်တမ်းကစားတာကိုကျွန်တော်တို့ပျော်တယ်။ ရေကူးတာလည်း ကျွန်
တော်တို့အတွက် ကျွန်တော်တို့အတွက် ပျော်စရာပါ။ မပျောတာက ပုန်းခိုနေရတဲ့ ရက်တွေ
ပါပဲ။ ကလေးတွေက စာအုပ်တအုပ်တည်းကို ကြီးကြီးငယ်ငယ် အတူတူသင်ကြသလို စာမေး
ပွဲဆိုတာလည်းမရှိ၊ အောင်တယ်၊ ကျတယ်ဆိုတာလည်းမရှိ၊၊ ဒီလို ဖရိုဖရဲကျောင်းလေးတွေနဲ့
ဖတ်စာအုပ်တအုပ်တည်းကို အသက်ကြီးကြီး ငယ်ငယ် သင်နေရပြီး စာအုပ်၊ ခဲတံပေတံဆို
တာတခါမှမမြင်ရ၊ မကိုင်ရတဲ့ကလေးတွေ၊ ၀ါးပိုးဝါးခြမ်းကြီးတွေကိုသာ ကျောက်သင်ပုန်းကြီး
တွေလို့သိထားတဲ့ ကလေးတွေ၊ စစ်တိုက်တမ်း၊ သေနတ်ပစ်တမ်းကလွဲလို့ တခြားကစားနည်း
တွေကို တကြိမ်တစ်ခါမှ မမြင်ဘူး၊ မတွေ့ဘူးတဲ့ကလေးတွေ မြန်မာနိုင်ငံနယ်စပ်တလျှောက်
မှာ ထောင်ပေါင်းများစွာရှိနေတယ်ဆို ကျွန်မမိတ်ဆွေသိပါစ" လို့ စာရေးသူက ကလေးငယ်
တွေရဲ့ဘ၀အစုံကို ရေးသားထားပါသည်။
မိဘမဲ့ကျောင်းကို သွားရောက်လေ့လာစဉ်က မိမိရဲ့ခံစားချက်ကို စာရေးသူမှ ယခုလိုရေးထား
ပါသည်။ " မေမေရေ သမီးလေးကိုနမ်းပါ၊၊ ဖေဖေရေသမီးလေးကိုနမ်းပါ။ မေမေရောဖေဖေပါ
သမီးလေးကိုချစ်ပါနော်"လို့ အဓိပ္ပါယ်ရတဲ့ ကရင်ကဗျာလေးတစ်ပိုဒ်ဟာ ကျွန်တော်ရင်ထဲကို
ရင့်ရင့်သီးသီးဝင်ရောက်လာပါတော့သည်။ "သမီးလေးရဲ့ အဖေနဲ့အမေဟာ သဘောထားချင်း
မတိုက်ဆိုင်လို့ကွဲကွာနေတာ တစ်နှစ်ကျော်ကြာပါပြီ။ အထီးကျန်ဖြစ်နေတဲ့ သမီးလေးမှာ ဆွေ
မျိုးနီးစပ်တွေရှိကြပေမယ့် ကလေးကို ကြည့်ရှုစောင့်ရှောက်ဖို့အထိတော့ မပြေလည်ကြဘူး"
လို့ ကျောင်းရဲ့တာဝန်ရှိသူမှ ရှင်းလင်းပြောကြားတာကိုပါ ထည့်သွင်းရေးသားထားပါသည်။
အမှိုက်ပုံ၊ အမှိုက်ပုံးများမှ စွန့်ပစ်ပစ္စည်းများဖြင့် တစ်နေ့စာ ၀မ်းရေးဖြေရှင်းနေရသည့် က
လေးငယ်များလည်းထိုင်နိုင်ငံအတွင်းမှာ တွေ့နိုင်ပါသည်။ မိသားစုဝမ်းရေးပြဿနာကို ဒူး
ယားစီးကရက်ရောင်းကာ တဘက်တလှမ်းမှ ၀င်ငွေရှာနေရသော ကျောင်းနေအရွယ်ကလေး
များကိုလည်း မဲဆောက်၊ မြ၀တီကမ်းနားတွင် မြင်တွေ့နိုင်ပါသည်။ အရွယ်မရောက်သေးပဲ
ရုန်းကန်နေရသည့်ကလေးငယ်များနှင့် တွေ့ဆုံကာ မေးမြန်းထားသည်များကိုလည်း ထည့်
သွင်းရေးသားထားပါသေးသည်။
" ဒီလိုနေ့တွေဆို အမေနဲ့ညီလေး၊ ညီမလေးတွေက တမျှော်မျှော်နဲ့။ အမေကတော့ထိုင်းရဲ
တွေဖမ်းလို့ အချုပ်ထဲရောက်နေမှာကို စိတ်ပူနေတယ်။ ညီလေးတွေ၊ ညီမလေးတွေကတော့
ကျွန်တော်ဝယ်လာမယ့်မုန့်ကို တမျှော်မျှော်နဲ့စောင့်နေကြတာ။ အဆင်မပြေတဲ့နေ့တွေဆို
ကျွန်တော် အိမ်ပြန်နောက်ကျတတ်တယ်"။
" ကျွန်တော်ကျောင်းအရမ်းနေချင်ပါတယ်။ ကျွန်တော်တို့အရွယ်ထိုင်းကျောင်းသားလေးတွေ
ကျောင်းဝတ်စုံလေးဝတ်၊ ခြေစွပ်နဲ့ဖိနပ်ကို ကျကျနနစီး ကျောပိုးအိတ်ကလေးတွေလွယ်ပြီး
ကျောင်းသွားတာကိုမြင်ရတိုင်း ကျွန်တော်လည်း ကျောင်းသားတစ်ဦးဖြစ်ချင်တယ်။ ဒါပေ
မယ့် ကျွန်တော်တခါမှ ကျောင်းမနေရသေးဘူး" ဒါကတော့ ငါးဂိုထောင်ကြီးတစ်ခုမှာ အလုပ်
လုပ်နေတဲ့ ၁၂နှစ်အရွယ် ကောင်ကလေးတစ်ဦးရဲ့ သူ့ရင်ထဲက ဆန္ဒတွေပါ။
ရွာကလေးကိုမီးရှို့ဖျက်ဆီးလို့ တဲပုန်းလေးနဲ့ နေရရုံမက အသက်အန္တရာယ်ကြောင့် အသက်
လုပြီး ထွက်ပြေးခဲ့ရတဲ့မိသားစုလေးရဲ့အဖြစ်ကလည်း ကြေကွဲစရာပါ။ အသက်လုပြေးခဲ့ရတာ
မို့ သူတိှု့မှာ အ၀တ်တစ်ထည်ကိုယ်တစ်ခုသာ ပါလာရှာသည်။ အသက်ရှင်နိုင်ဖို့အတွက် ညမှာ
ထွက်ပြီး ကြွေဥတွေကိုတူးစားရပါသည်။ နေစဉ်ရက်ဆက် ကြွေဥတွေကို တူးစားနေရတော့
သူတို့ရဲ့ တစ်ဦးတည်းသောသားက " ထ္မင်းစားချင်တယ် အဖေရယ်" လို့ပူဆာသည်။ မိဘနှစ်
ပါးက ဒုက္ခသည်စခန်းရောက်ရင် သားကို ထ္မင်းလည်းကျွေးမယ်။ မုန့်တွေလည်းကျွေးပါ့မယ်လို့
ချော့ပါသည်။
အလွန်အေးတဲ့ဒီဇင်္ဘာဆောင်းတစ်ညမှာ သူတို့သားလေးဟာ အဖျားတက်လာပါသည်။ ခြေ
ဖျား၊ လက်ဖျားတွေအေးစက်လာပြီး နှုတ်ခမ်းတွေပြာနေတဲ့သားလေးအတွက် မီးလေးတစ်ပုံ
ဖိုပေးဖို့ ကြိုးပမ်းခဲ့ပါသည်။ မီးဖိုလို့မီးခိုးတွေထွက်ရင် သူတို့နေရာကို ရန်သူတွေသိသွားမယ်။
ဒီလိုသိသွားရင် အတူနေတဲ့ ဘ၀တူမိသားစုတွေအတွက်လည်း အန္တရာယ်ရှိမှာဖြစ်တဲ့အတွက်
သားအတွက်မီးလေးတစ်ပုံဖိုပေးဖို့ အခွင့်အရေးကို လက်လွတ်ခဲ့ရသည်။ နောက်တနေ့မနက်
မှာတော့အ သက်မဲ့နေတဲ့ သားလေးရဲ့အလောင်းကို ၀ါးရုံပင်လေးတစ်ပင်အောက်မှာ မြှပ်နှံ
ထားရစ်ခဲ့ပါတော့သည်။
သစ်ပင်ကိုမှီရင်း ကလေးငယ်ကိုနို့တိုက်နေစဉ် ပေါင်ကိုသေနတ်မှန်ကာ သွေးထွက်လွန်ပြီး
သေဆုံးနေတဲ့မိခင်ကို တစ်ရက်လောက်ကြာလို့ ရွာသားတွေရှာတွေ့လိုက်ချိန်မှာ သမီးငယ်
လေးကတော့ အမေနို့ကို အငမ်းမရတွယ်ဖက်စို့နေတုန်းပါပဲ။ သမီးလေးရဲ့ငိုရှိုက်သံကို သေ
ဆုံးသွားတဲ့မိခင်နှင့်အတူ မတရားဖမ်းဆီးခံခဲ့ရတဲ့ ဖခင်ပါကြားနိုင်လိမ့်မည်မဟုတ်ပါ။ ဒီမြင်
ကွင်းသာ ကျွန်တော်တို့အားလုံးမျက်ဝါးထင်ထင်မြင်တွေ့ရမယ်ဆိုပါလျှင်...။
စာအုပ်ကပါးပါးလေးပါ။ မှတ်တမ်းဓါတ်ပုံတွေကိုပါ ထည့်သွင်းထားပါသည်။ ယခု ကျွန်တော်
တင်ပြခဲ့သည်တို့မှာ စာအုပ်မှ ကောက်နှုတ်ချက်အချို့သာဖြစ်ပါသည်။ သို့ပေမယ့် စာဖတ်
သူရဲ့မေတ္တာအတိမ်အနက်ပေါ်မူတည်ပြီး ရေးသားခဲ့ပြီးသော ဖြစ်စဉ်တွေအပေါ်မှာ စာနာမှု၊
ကြေကွဲမှု၊ နာကြဉ်းမှုတို့ရဲ့ထုထည်အတိုင်းအဆသည်ကား ပမာဏအမျိုးမျိုးဖြင့် ကျန်ရစ်ခဲ့
လိမ့်မည်အမှန်ပါ။ နယ်စပ်က ကလေးငယ်တွေရဲ့ဘ၀ဟာ သနားစရာကောင်းလွန်းလှပါ
သည်။
လွန်ခဲ့သောသုံးနှစ် ခွဲစိတ်ခန်းရှေ့ဧည့်ခန်းက ခုံရှည်ပေါ်မှာ လူ့လောကထဲကိုရောက်လာမယ့်
ကျွန်တော့်သမီးလေးရဲ့အနာဂတ်ဘ၀ သာယာဖြောင့်ဖြူးပါစေလို့ဆုတောင်းနေစဉ်မှာ မိဘမဲ့
ဖြစ်သွားရှာတဲ့ ကလေးတွေ၊ အသက်ရှင်နိုင်ရေးအတွက် သစ်ဥသစ်ဖုတွေကိုသာ စားသုံးနေရ
တဲ့ကလေးတွေ၊ ပြေးလွှားရှောင်တိမ်းနေရတဲ့ မြန်မာပြည်နယ်စပ်တလျှောက်က ကလေးတွေ
အတွက် ကျွန်တော် ဘာဆုမှမတောင်းမိခဲ့ဘူး။
ကျွန်တော်တို့ဟာ ကျွန်တော်တို့ကြုံတွေ့ခံစားနေတာကိုမှ ဒုက္ခလို့ထင်မှတ်နေကြသည်။ ကျွန်
တော်တို့ဘ၀မြင့်နေချိန်မှာ နိမ့်ပါးသူတွေရဲ့ဒုက္ခကို မမြင်တတ်၊ မသိတတ်ကြသော်လည်း
ကိုယ်အခက်အခဲကြုံတာလောက်ကိုတော့ ဒုက္ခလို့စာလုံးကြီးကြီးရေးပြီး လူတိုင်းကို မြင်စေချင်
ကြသည်။ သိစေချင်ကြသည်။
တကယ်တမ်းမှာတော့ ကျွန်တော်တို့ဟာ စနစ်တစ်ခု၏သားကောင်တွေသာဖြစ်ပြီး စစ်မှန်တဲ့
သုခဘုံတစ်ခုဆီသို့လျှောက်လှမ်းနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့အတ္တတွေကို လျော့ချဖို့အချိန်
တန်နေပြီဖြစ်ကြောင်းပြောကြားရင်း ခွဲစိတ်ခန်းရှေ့ဧည့်ခန်းက ခုံရှည်ပေါ်မှာထိုင်ရင်းလူ့လော
ကထဲကိုရောက်လာမယ့် ကျွန်တော့်သမီးကလေးနှင့်တကွ နယ်စပ်ဒေသကလေးများအပါအ
ဝင် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးရဲ့ဘ၀တွေ သာယာဖြောင့်ဖြူးပါစေလို့ ဆုမွန်ကောင်း
တောင်းလိုက်ကြောင်းပါခင်ဗျား...။
ထွန်းထွန်းနိုင်(ပျိုးခင်းလူငယ်)


1 comment:

thiha said...

အရမ်းကောင်းတယ်ဗျာ...