Sunday, August 17, 2008

us campaign for burma သို့ပေးစာ

သို့
ဦးအောင်ဒင်
Us campaign for Burma
အကြောင်းအရာ။ ။ နအဖ စစ်အုပ်စု အားလိုအပ်သလိုအရေးယူဆောင်ရွက်နိုင်ရေး
ကူညီဆောင်ရွက်ပေးပါရန်ကိစ္စ။
မြန်မာပြည်တွင်(၂)နှစ်အတွင်းလူ(၁၀၈၀)ဦး
တရားဝင်သေဆုံးခဲ့သော
နအဖစစ်အစိုးရရဲ့လူသတ်စခန်း၏မှတ်တမ်း
စခန်းအမည်။ ` ။ နမ့်စန် အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းဖေါက်လုပ်ရေး စခန်း
ထိုလေယာဉ်ကွင်းအားလက်ရှိအသုံးပြုနေမှု။ နမ့်စန်လေတပ်စခန်းဌာနချုပ်
ဖြစ်စဉ်ကာလ ။ ၁၉၉၃ ခုနှစ် ဧပြီ လ မှ ၁၉၉၅ ခုနှစ် မတ် လ
တည်နေရာ ။ ရှမ်းပြည်တောင်ပိုင်း လွိုင်လင် ခရိုင် နမ့်စန်မြို့
စခန်းတာဝန်ခံ ။ ထောင်ပိုင် ဦးစိုးအောင်( ယ္ခင်မဆလပါတီဌာနချုပ်တွင်အရာခံဗိုလ်အဆင့်ဖြင့်
တာဝန်ထမ်းဆောင်ပြီးမဆလပါတီဖျက်သိမ်းချိန်တွင်အကျဉ်းဦးစီးဌာနသို့အသွင်ကူးပြောင်းလာသူ)
လေယာဉ်ပြေးလမ်းအရှည် ။ ၁၂၀၀၀ ပေ
လေယာဉ်ပြေးလမ်းအကျယ် ။ ၂၀၀ ပေ
Taxi way ပြေးလမ်းအကျယ် ။ ၅၀ ပေ
Taxi way ပြေးလမ်းအရှည် ။ ၁၂၀၀၀ ပေ
အုပ်ချုပ်မှု စနစ် ။ နအဖ စစ်ကောင်စီမှ ရပခ စစ်တိုင်းမှူး၊ပြည်ထဲရေးဝန်ကြီး၊
ဗျူဟာမှူး ၊ အကျဉ်းဦးစီးဌာနညွှန်ချုပ် အစရှိသဖြင့်တိုက်ရိုက်ကွပ်ကဲသည်
အကျဉ်းသားအရေအတွက် ။ ၁၂၀၀ ဦး (၃-လ တစ်ကြိမ် လူသစ်ထပ်မံပို့ပေးသည်)
အကျဉ်းသားအမျိုးအစား ။ ထောင်ပိုင်၏နေအိမ်တွင်နေထိုင်လုပ်ကိုင်ပေးရသူ( ၅ )ဦး
ထောင်ပိုင်မှအခကြေးငွေယူပြီးနောက်တန်းတွင်သာနေထိုင်သူ( ၇၀)ဦး
ထောင်မှူးနှင့်လက်ထောက်ထောင်မှူးများမှအခကြေးငွေယူပြီး
ကျောက်ထုတ်လုပ်ငန်းတွင်မပါဝင်သူ(၈၀)ဦး
အာဏာပိုင်အဆင့်ဆင့်အပါအ၀င်ထောင်ပိုင်နှင့်ထောင်ဝန်ထမ်းများ၏စီးပွါးရေးလုပ်ငန်းများတွင်
လုပ်ကိုင်သူ(၁၂၀)ဦး
ကျောက်ထုတ်လုပ်ငန်းများအပါအ၀င်အထွေထွေအလုပ်ကြမ်းမျိုးစုံလုပ်ကိုင်နေရသူ( ၉၀၀ )ဦးခန့်
အစားအသောက် ။သတ်မှတ်နှုန်းထား၏(၃ ပုံ ၁ ပုံ ) ရရှိသည်
အကျဉ်းသားတစ်ဦးဆိုရင် မွေးကာစ ခွေးသားပေါက်အရှင်လေးကို အစိမ်းလိုက် ကိုက်စားနေတာ
တွေ့ခဲ့ရတယ်၊ အကျဉ်းသားအများစုကတော့ အနီးနားမှာတွေ့တဲ့ အပင်ကအရွက်တွေကိုထမင်းနဲ့
စားကြတယ်ထမင်းပန်းကန်ထဲမှာ ထမင်းကိုမတွေ့ရဘူး အရွက်တွေဘဲတွေ့နေရတယ်။
တစ်ကိုယ်ရေသန့်ရှင်းမှု ။ သန့်ရှင်းသောသောက်ရေသန့်မရရှိခြင်း၊ထမင်းစာသောက်ရန်
လက်ဆေးသည့်အခါ လူ(၁၈၀)အတွက်ရေ(၂)ဂါလံခန့်သာရရှိခြင်း၊
လူတစ်ယောက်တစ်နေ့တာရေချိုးခြင်းမျက်နှာသစ်ခြင်းအတွက်
ရေ(၁)ဂါလံခန့်သာရရှိခြင်း၊တရက်လျှင် အိမ်သာ(နှစ်ကြိမ်သာတက်ခွင့်ရပြီး
တစ်ကြိမ်တွင်၃ မိနစ်ထက်ပိုမရခြင်း)ရက်သတ္တပတ် တစ်ပတ်လျှင်အ၀တ်(၁)စုံသာ
လျှော်ဖွတ်ခွင့်ရရှိခြင်း၊ လုပ်ငန်းအမျိုးအစား ။ ကျောက်ထုပ်လုပ်ငန်း
ထုပ်လုပ်ရေးသတ်မှတ်ချက် ။ အကျဉ်းသား(၃)ဦးလျှင် ကျောက်(၁)ကျဉ်း (တစ်ရက်စာ)
ကျောက်ထုပ်လုပ်ပုံအဆင့်ဆင့် ။ မြေသားရှင်းလင်းခြင်း၊ကျောက်သားထုအားလွန်ဖြင့်(ဂန်းစက်)
သုံးပြီးအပေါက်ဖေါက်ခြင်း၊မိုင်းခွဲခြင်း၊လိုအပ်သောပမာဏ(ကျောက်ဆိုက်) များကို
လူအားသုံး ပြီးထုခွဲခြင်း၊ကျောက်ကျဉ်းဖွဲ့ခြင်း၊ကားပေါ်တင်ခြင်း၊တို့ဖြစ်သည်။
ထပ်ဆင့်အပိုလုပ်ဆောင်ပေးရသောလုပ်ငန်းများ။ ထုံးဖုတ်ခြင်း၊ထင်းခုတ်ခြင်းစက်အုတ်ရိုက်ခြင်း(ဗြုံးကျောက်ဖြင့်) ဘိလပ်မြေအိပ်ခွံခါခြင်း၊ဘိလပ်မြေအခဲများအားထုခြေခြင်း၊
ဘိလပ်မြေအိပ်သွတ်ခြင်း၊ဘိလပ်မြေအိပ်ချုပ်ခြင်း၊တောင်ယာစိုက်ပျိုးခြင်း၊တို့ဖြစ်သည်။
ကျမ္မာရေးကုသမှုတာဝန်ခံ ။ ဒေါက်တာ အောင်အောင် (ပြည်နယ်ကျမ္မာရေးမှတာဝန်ပေးမှုဖြင့်)
ငှက်ဖျားအင်စပက်တာ ဦးမြမောင်((ပြည်နယ်ကျမ္မာရေးမှ တာဝန်ပေးမှုဖြင့်)
အကျဉ်းသားအိပ်ဆောင် ။ ( ၈) ဆောင် ဆေးရုံဆောင် (၃)ဆောင်
အလုပ်ချိန် ။ မနက်(၀၅း၃၀) နာရီ အိပ်ယာထ လူစစ်၊ထောင်ဖွင့်ပြီး(၀၇း၀၀)နာရီလုပ်ငန်းဝင်
နေ့လည်(၁၂း၃၀)နာရီ ထမင်းစား (၀၁း၀၀)နာရီလုပ်ငန်းပြန်ဝင်ညနေ(၀၅း၀၀)နာရီ
စခန်းသို့ပြန်ထမင်းစားပြီးနောက် ထပ်ဆင့်အပိုအလုပ်များလုပ်ဆောင် ၊ည(၀၉း၀၀)နာရီအိပ်ယာဝင်
ရိုတ်နှက်ခံရခြင်း ။ ကျောက်ထုတ်လုပ်ငန်းလုပ်ကိုင်ရသူအကျဉ်းသားတစ်ဦးသည်
တနေ့လျှင် အနည်းဆုံးအချက်(၃၀)ခန့်အရိုက်ခံရသည်။
သေဆုံးခြင်းများ၏အကြောင်းရင်းများ။ ။
(၁) တစ်ရက်လျှင်အကျဉ်းသား(၃)ဦးကိုကျောက်တစ်ကျင်းနှုန်းဖြင့်
အကျဉ်းသား(၁၂၀၀)အတွက်ကျောက်ကျင်း (၄၀၀)ကိုအကျဉ်းသား(၉၀၀)တည်းဖြင့်
ထုတ်ပေးရသဖြင့်အင်အားပိုမိုစိုက်ထုတ်ရခြင်းကြောင့်လည်းကောင်း။
(၂) ကျောက်တောင်ကိုလွန်ဖြင့်ဖေါက်ချိန်တွင်တပေါက်နှင့်တပေါက်(၃)ပေသာခြားပြီး
ဖေါက်ရမည့်အစား(၅)ပေစီ ခြားပြီးဖေါက်သောကြောင့်မိုင်းခွဲပြီးချိန်တွင်
ကျောက်တုံးပမာဏထုထည်လွန်စွာကြီးမား
သဖြင့်ပြန်လည်ထုခွဲရာတွင်အင်အားပိုမိုစိုက်ထုတ်ရခြင်းကြောင့်လည်းကောင်း။
(၃) အမျိုးမျိုးသောအကြောင်းများကြောင့်တနေ့လျှင်အချက်(၃၀)ကျော်ခန့်နေ့စဉ်
ရက်ဆက်ဆိုသလိုအရိုက်နှက်ခံရခြင်းကြောင့်လည်းကောင်း
(၄) တစ်ကိုယ်ရေသန့်ရှင်းမှု ပြုလုပ်ခွင့်မရရှိခြင်းကြောင့်လည်းကောင်း
(၅) နေ့စဉ်ကုန်ဆုံးသောခွန်အားအတွက်အဟာရပြန်လည်မဖြည့်ဆည်းနှိုင်ခြင်းကြောင့် လည်းကောင်း
(၆) လုံလောက်သောဆေးကုသခွင့်မရရှိခြင်းကြောင့်လည်းကောင်း
(၇) စိတ်ပိုင်းဆိုင်ရာနှင့်ကိုယ်ပိုင်းဆိုင်ရာပါ နှိပ်စက်ခြင်းခံရခြင်းကြောင့်လည်းကောင်း
(၈) ထောင်အာဏာပိုင်များ၏လက်သတ်မွေးရာဇ၀င် လူဆိုးများ၏လူမဆန်စွာနှိပ်စက်ခံရခြင်း၊
လိင်တူအဓမ္မပြုခံ ရခြင်းကြောင့်လည်းကောင်း
အထက်ပါအကြောင်းများကြောင့်၁၉၉၃ ခုနှစ် ဧပြီလမှ ၁၉၉၅ မတ် လအတွင်း
အကျဉ်းသား(၁၀၈၀)ဦး သည် အသက်ဆုံးပါးခဲ့ကြရသည်။
လူသားဖြစ်သော်လည်းတရားဝင်သေဆုံးခွင့်မရရှိခဲ့ကြရပုံများ။ ။မည်သို့ပင်ကျမ္မာရေး
ကောင်းပါသည်ဆိုသည့်
အကျဉ်းသားသည် ထိုစခန်းသို့ရောက်ရှိပြီး(၃) လထက်ပိုပြီးဆက်လက်အသက်ရှင်လိုပါက
ငွေ(၃၀၀၀၀)မှ(၅၀၀၀၀) ပေးရန်လိုအပ်ပြီး မပေးနှိုင်ပါက (၃)လထက်ပို ၍ အသက်မရှင်နှိုင်သည်မှာသေချာသကဲ့သို့သေဆုံးသည့်အခါတွင်လည်းတရားဝင်သေဆုံးခွင့်
မရကြဘဲ ထောင်ပိုင်က အသက်အရှင်ပြပြီးရိက္ခာထုတ်ယူစားခြင်း၊
လွတ်ရက်နီးအကျဉ်းသားများဆိုလျှင်လွှတ်ပေး၍ရသည့်ကာလအထိ
အရှင်ပြထားခြင်းခံရပြီး နောက် အကျဉ်းထောင်မှ အလွတ်စရင်းပြ ခံကြရပါတယ်။
လွတ်ရက်ဝေးသည့်နှစ်ကြီးသမားဆိုလျှင် ထောင်မှထွက်ပြေးသွားသည်ဟု(အပြေးပြ)
စာရင်းပြခံရပါသည်။ ငွေဝယ်ကျွန်ထက်ပိုမိုနှိပ်စက်ခံရသည့်ကံကြွေးချခံရသူများဘ၀ ။
။ ငွေပေးပြီးဝယ်ယူထားရသည့်
ကျွန်များဆိုလျှင်ဤကဲ့သို့ပြုမူခြင်းမခံရနှိုင် ယခကဲ့သို့လိုသလောက်ခေါ်ယူရရှိနှိုင်သော
ကံကြွေးချခြင်းကိုခံနေရသည့်သန်း(၅၀)ကျော်သောမြန်မာပြည်သူများရှိနေခြင်းကြောင့်အသက်များကိုတန်ဘိုးမထား
လုပ်ချင်သလိုလုပ်နေခြင်းဖြစ်သည်။
သို့ဖြစ်ပါ၍ အထက်ပါ နအဖ ၏ လူသတ်စခန်းတစ်ခုအကြောင်းကို ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအစိုးရများအား
အသိပေးစေချင်သလို တတ်နှိုင်တဲ့အရေးယူဆောင်ရွက်မှုတွေကိုလဲ ဖြစ်လာအောင်
us campaign for Burma အဖွဲ့အနေနဲ့လုပ်ဆောင်မယ်ဆိုရင်လွန်စွာထိရောက်နှိုင်မယ်လို့လဲ ကျနော်ယုံကြည်ပါတယ်။
တရားမ၀င်သေဆုံးသူအရေအတွက်သည်လဲ ( ၄၀၀ )ကျော်ခန့်ရှိနှိုင်ပါသည် ။
ဒီထက်ပိုပြီးအသေးစိတ်သိလိုပါက ကျနော်ပြောပြနှိုင်ပါတယ်။
အဲဒီ နအဖ ရဲ့ လူသတ်စန်း အကြောင်းကို သေသေချာချာပြောပြနှိုင်တဲ့ မျက်မြင်သက်သေ
များစွာဟာလည်း မြန်မာပြည်အတွင်းမှာ သက်ရှိထင်ရှားရှိနေကြပါသည်။
ကို တာတေ
( ပျိုးခင်းလူငယ်အဖွဲ့)
ကျနော့်ရဲ့ Phone: +6016 9482 376
E mail: TarTay88@gmail.com

No comments: