Saturday, August 23, 2008

ပညာခေတ်လူ့အဖွဲ့အစည်း

“ရောဘတ်ရူးလား”ဆိုသော စာရေးဆရာကြီးက “လူများသည် အာလူးနှင့်တူကြသည်”ဟုဆို

ပါသည်။ မည့်သည့်အတွက် အားလူးနှင့်လူကို ဆက်စပ်၍ နှိုင်းယှဉ်မှုပြုထားရကြောင်းကို သူ

ကယခုကဲ့သို့ ရှင်းပြထားခဲ့ပါသည်။


“အိုင်ဒါဟိုး”ဆိုသော ဒေသတခုတွင် နေထိုင်ကြသော ယာသမားတို့သည် အာလူးစိုက်ကြ

သည်။ အချိန်တန်၍ အာလူးအများဖော်ကြသည့်အခါ တော်လေးဦးနှောက်ခြောက်စရာ

ကောင်းသည့် အလုပ်တခုကို လုပ်ကြရသည်ဟုဆို၏။ ထိုအလုပ်မှာ ဖော်ထားသောအာလူး

များကို အကြီး၊ အလတ်၊ အသေးခွဲခြားရွေးချယ်ပြီး တောင်းသုံးတောင်းထဲထည့်ရခြင်းဖြစ်

သည်။


ယာသမားများအဖို့ အာလူးစိုက်ရခြင်းမှာ သူတို့အတွက် ဘာမှအပန်းမကြီးသော်လည်း

အားလူးတစ်လုံးကိုကိုင်ပြီး ဟိုတောင်းထဲထည့်ရကောင်းနိုးနိုး၊ ဒီတောင်းထဲထည့်ရကောင်း

နိုးနိုးဟု စဉ်းစားဝေဖန်ရသောအလုပ်ကိုမူ သူတို့အတော်လေးကြောက်ကြပါသည်။ သို့သော်

လည်းထိုအလုပ်ကို မလုပ်ချင်ဘဲနှင့် လုပ်နေကြရပါသည်။ မြို့ကဒိုင်သို့ အာလူးများသွားရောင်း

သောအခါ သောင်းပြောင်းရောပြီး ရောင်း၍မရ။ ဒိုင်ကသုံးမျိုးသွင်းမှလက်ခံသည်။


ထိုကဲ့သို့ ခွဲခြား၍ ဒိုင်ကလက်ခံရာ၌လည်း ဈေးသုံးမျိုးပေးပါသည်။ အကြီးဆုံးအာလူးက ဈေး
အ ကောင်းဆုံးရသည်။ ထို့ကြောင့်အာလူးစိုက်သောယာသမားတို့မှာ မလွှဲသာမရှောင်သာ
တော့ပဲ အာလူးများကို အကြီး၊ အလတ်၊ အသေးရွေး၍ အိတ်များထဲသို့ သီးခြားခွဲထည့်ရသော
အလုပ်ကို စိတ်အပင်ပန်းခံ၍လုပ်ဆောင်နေကြရပါတော့သည်။


“အိုင်ဒါဟိုး”ရှိယာသမားများထဲမှ တစ်ယောက်မှာမူထူးခြားသည်။ သူကအာလူးများကို အကြီး၊

အလတ်၊ အသေး ဘာမှခွဲခြားခြင်းမရှိ။ ဘာအိတ်နှင့်မှလည်းမသွတ်။ တွေ့သမျှအားလုံးကို

လည်း နှင့်တိုက်သွားပြီး မြို့ပေါ်ရှိ ဒိုင်ရောက်သောအခါကျမှသာ အိတ်တွေထဲ ခတ်မြန်မြန်

ထည့်ပြီး သွားရောင်းတတ်သည်။ ဒိုင်ကလည်း သူ၏အိတ်များကိုလက်ခံ၏။


ထိုကိစ္စနှင့်ပတ်သက်၍ အခြားယာသမားတို့မှာ နားမလည်နိုင်အောင်ဖြစ်ကုန်ကြပါသည်။

မည်ကဲ့သို့အတတ်ပညာနည်းလမ်းများရှိလေသနည်းဟုလည်း သိချင်နေကြသည်။ တစ်နေ့

တွင် မနေနိုင်သော ယာသမားတဦးက ဖွင့်၍မေးမြန်းခြင်းပြုသောအခါမှ ထိုပုဂ္ဂိုလ်ရှင်းပြပုံ

မှာ…။ “လွယ်ပါတယ်ဗျာ မြို့တက်တော့မယ်ဆိုရင် ဖော်ထားတဲ့အာလူးတွေအားလုံး ဘာမှမ

ရွေးတောပဲ လှည်းထဲအားလုံးသွန်ထည့်လိုက်။ ပြီးရင် မြို့ပေါ်တက်တဲ့လမ်းတွေထဲက အကြမ်း

ဆုံးဖြစ်တဲ့လမ်းမပေါ် လှည်းကိုမောင်းချသွားလိုက်တာပဲ”။ ကျွန်တော့်ယာခင်းက မြို့နဲ့ရှစ်မိုင်

လောက်ဝေးတယ်ဆိုတော့ လမ်းတလျှောက်လုံးမှာ လှည်းကလှုပ်ရင်း၊ ဆောင့်ရင်းနဲ့ အသေး

ဆုံးအာလူးတွေက တဖြည်းဖြည်းအောက်ဆုံးထိ ဆင်းသွားကုန်ပြီး၊ အရွယ်လတ်တွေကအ

လယ် မှာရောက်ရောပေါ့၊ အကြီးဆုံးအာလူးတွေကတော့ ထိပ်ဆုံးတက်လာကြတော့တာပေါ့။


“အဲ…မြို့ပေါ်ရောက်တဲ့အခါကျတော့ အာလူးတွေဟာ အကြီး၊ အလတ်၊ အသေး သုံးလွှာဆင့်

ထားသလိုဖြစ်နေတော့ တစ်လွှာစီကဲ့ပြီး အိတ်တွေထဲသွတ်လိုက်တဲ့အခါ တစ်လုံးချင်းရွေးထား

သူတွေနဲ့ ဘာမှမကွာပဲ အလွယ်တကူရောင်းနိုင်တာပေါ့ဗျာ” ဟူသတဲ့။

ကြမ်းတမ်းသည့်ခရောင်း လမ်းတွင်မောင်းလိုက်သည့်အခါ အညံ့ဆုံးအသေးဆုံးအာလူးတို့
သည် အောက်ဆုံးရောက်သွားကာ အကြီးဆုံးအကောင်းဆုံးများသည် ထိပ်ဆုံးတက်လာဘိ
သကဲ့သို့ အခက်အခဲအကျပ်အတည်းတွေ၊ လောကဓံလှိုင်းဂရက်တွေကြား၌ အတန်ကြာဖြတ်
သန်းနိုင်ဖို့အတွက် ပညာ၊ ဇွဲနှင့်စိတ်အားထက်သန်မှုဆိုသည့် အခံမရှိသော လူညံ့လူဖျင်းတို့
သည် အာလူး ညံ့များကဲ့သို့အောက်ဆုံးရောက်သွားမည်သာဖြစ်သည်။ ထိုနည်းတူ အတတ်ပ
ညာ၊ အသိပ်ညာရှိ အရည်အချင်းရှိသူတို့သည် အောင်မြင်ကြီးမားသည့် အာလူးကြီးများကဲ့သို့
ထိပ်ဆုံးတက်လာမည်ဖြစ်သည်။


ယနေ့ခေတ်သည် ပညာကိုဦးထိပ်ထားသော ပညာခေတ်ပင်ဖြစ်သည်။ ယနေ့၂၁ရာစုခေတ်ကို
ပညာလူ့အဖွဲ့အစည်းခေတ်ဟုလည်း ခေါ်နိုင်ပါသည်။ လူမှု့ရေး၊ စီးပွားရေး၊ နိုင်ငံရေးစသည့်
နယ်ပယ်အားလုံးတို့၌ (ယနေ့သည်) ပညာကိုသာ အရင်းတည်အသုံးချသောခေတ်ဖြစ်နေပါပြီ။
ထို့ကြောင့် “ပညာခေတ်” ကိုကြည်လင်ပြတ်သားစွာလိုက်ပြီး မြင်နိုင်ဖို့လည်းလိုအပ်သည်။


ခေတ်နောက်ကျန်ခဲ့ပြီဖြစ်သော လက်နက်အင်အားကောင်းမှ၊ မြေပေါ်မြေအောက် သယံဇာ

တကြွယ်ဝမှာတိုးတက်မည်ဆိုသည့်အမြင်များ ပြောင်းပစ်၊ ပယ်ပစ်ရန် မလွဲမသွေ လိုအပ်နေ

ပါသည်။ ကမ္ဘာတွင် “ပညာသည် တန်ခိုး” ဆိုသောခေတ်ရောက်နေကြောင်းလည်း သိဖို့လို

သည်။လက်ရုံးသည်တန်ခိုး၊ ဥစ္စာဓနသည်တန်ခိုးဆိုသောခေတ်သည် ဆိပ်သုန်းခဲ့ပါပြီ။ ထို့အ

ပြင်၎င်းတို့သည် အာလူးညံ့များကဲ့သို့ တဖြည်းဖြည်းအောက်ရောက်သွားရန်သာရှိပေသည်။


ပညာခေတ်ဆိုသည့်နေရာ၌ ခေတ်နောက်တွင်ကျန်ခဲ့သော “နည်းပညာ” အဟောင်းများကိုပါ

စွန့်တန်စွန့်ရပေလိမ့်မည်။ ခေတ်မှီ၍ အဆင့်မြင့်သောနည်းပညာသစ် “Hi-Tech” များကို သိရှိ

တတ်ကျွမ်းရန်လည်းလိုပါသည်။ သို့မှသာပညာခေတ် လူ့အဖွဲ့အစည်းထဲသို့ လှမ်းဝင်နိုင်မည်

ဖြစ်သည်။ ပညာလူ့အဖွဲ့အစည်းဆိုသည်မှာ တတ်ကျွမ်းနားလည်သောသူများက စီမံသော

ခေတ်(meritocracy) ပင်ဖြစ်ပါသည်။

ထိုကဲ့သို့တတ်ကျွမ်းနားလည်သူများက စီမံခန့်ခွဲသောခေတ်ထဲသို့ ပညာမတတ်ပဲနှင့်လှမ်းဝင်

လာခဲ့ပါက

“ပညာလွတ်ကင်း၊ မတတ်လျင်းမူ
ဟင်္သာဘောင်ဝယ်၊ ဥဗျိုင်းနှယ်သို့
ပွဲလယ်မတင့်”
ဆိုသောအဖြစ်မျိုးနှင့် မလွှဲမသွေ ကြုံတွေ့ရပါလိမ့်မည်။ ထို့ကြောင့်လူ့အောက်တန်းကျသည့်
လူ့အာလူးညံ့ဘ၀မျိုးသို့ မရောက်အောင် လူငယ်များ စွမ်းဆောင်နိုင်ကြပါစေ။

(သိုက်ထွန်း)

ဝန်ခံချက်။ ။ ဒေါက်တာမောင်သင်း၏ တိုးတက်ခြင်းဆောင်းပါးနှင့် ဆရာဖေမြင့်၏
စာဖတ်သမား၏မှတ်စုစာအုပ်များမှ ထုတ်နှုတ်ကိုးကားပါသည်။Type the

No comments: