Tuesday, August 19, 2008

ပြည့်ရှင်သူခိုး

ပြည်သူ့ရိက္ခာ ဖြည့်တင်းပေးရှာ
မှန်ကန်ရိုးသား လယ်သမားများ

ဝမ်းစာစပါး မဆိုထားနှင့်

ဆပ်ရန်အကြွေး မကျေသေး၍

ကြွေးသစ်ကြွေးဟောင်း နှစ်ခုပေါင်းလျှင်

ထွက်လာစပါး ကျေပါ့မလား

နောင်လာမည့်ဘေး ရတက်မအေး

ဆပ်ရန်အကြွေး ကျေဖို့အရေး

ဆန်ပြုတ်နဲ့လွေး။

လက်လုပ်လက်စား အလုပ်သမား

နေ့စဉ်ဆတိုး ကုန်ဈေးနှုန်းကို

ရင်ဆိုင်ကျော်လွှား မတတ်အား၍

ပြုတ်ရင်းမနပ် လုပ်ရင်းနဲ့ငတ်။

ကြုံရဆုံရ ဒီဘ၀မှာ

အတိတ်ကကံ ဖန်လေရော့လား

တမြေတည်းနေ တရေထဲသောက်

အာဏာပိုင်စိုး ပြည့်ရှင်သူခိုး

ရန်းကားသည့်ဒဏ် တို့ပြည်သူခံ။ ။


(မောင်စနေ)

No comments: