Sunday, August 17, 2008

“ လွမ်း...လွမ်းမိသေးတော့...”

တစ်လောက အမေ့ရွာကိုဖုန်းဆက်ဖြစ်သည်။ အိမ်နှင့်စကားမပြောဖြစ်တာကြာပီ။ အိမ်ကလဲ
မျှော် ရော့မည်။ မလေးရှား မှာ (၁၂)နာရီထိုးပြီ။ ရန်ကုန်မှာတော့ ဆယ် နာရီခွဲပဲရှိသေးသည်
ဟူသော အတွေးနှင့်...။ တစ်ဖက်မှဖုန်းလာကိုင်သူက သား တော်မောင်ဖြစ်နေ၏၊ အိမ်သား
တွေကိုမေးတော့ အိပ်ကုန်ကြပြီဟုပြောသည်။ သားနှင့်ပဲစကားပြောဖြစ်သည်။ သားတော်
မောင်အသံက သြသြကြီးဖြစ်နေသည်။ အော်...ဆယ်တန်းတက်နေသော လူပျိုကြီးဖားဖား
တစ်ဦးဖြစ်နေပြီပဲ...သည်လောက်တော့ ရှိမည်ပေါ့လေ...

သူတို့ပညာရေးစနစ်က ကိုယ့်တုန်းကလိုမဟုတ်တော့ လက်ရှိအခြေအနေကို မေးမိသည်။

စာတွေလိုက်နိုင်ရဲ့လားလို့ မေးမိသည်။ လိုက်နိုင်ပါသည်ဟု ပြန်ဖြေသံကြားရ၏။ မိမိရင်ထဲ

စိတ်အေးသွားရသည်။ ဟုတ်သည်...သားကိုစာကိုဂရုစိုက်သည်။ ကင်းကွာခဲ့တာ ငါးနှစ်ခန့်

ရှိပြီမို့ လက်တလောအခြေအနေကို သိချင်သည်ကအမှန်။ သားကနှစ်တိုင်းအတန်းထဲမှာ

အဆင့်တစ်မှခုနှစ် အမြဲဝင် သူမို့ သောကမဖြစ်မိပါ။ ကျူရှင်ရောတက်သေးလားဟု မေးမိသော

အခါ...“သားကခြောက်ဘာသာ ကျူရှင်ယူထားတယ်”ဟုပြောသည်။ “တစ်ဘာသာကို ငွေ

လေးထောင်”ဟုပြော၏။ တစ်ဘာသာလေးထောင် ခြောက်ဘာသာဆိုလျင် နှစ်သောင်းလေး

ထောင်ဟု အလန့်တကြားရေတွက်မိသည်။ အလိုလေးလေး...ကျူရှင်စရိတ် တစ်ခုတည်းပင်

လျှင် နှစ်သောင်းလေးထောင် .... အ၀တ်အစားဖိုး ၊မုန့်ဖိုး ၊ဖိနပ်ဖိုး မပါသေး။ စေ့စေ့ပေါက်

ပေါက် ရေမွေး ၊၀ါကင်းရူး ဆိုသောတစ်ကိုယ်ရည် အသုံးအဆောင်ဖိုးမပါသေး။ အိမ်နှင့်နဲနဲဝေး

ရင် ဘတ်(စ်ကားခရှိဦးမည်။ ဗိုက်ဆာလျှင် လ္ဘက်ရည်ဖိုး၊ မုန့်ဟင်းခါးဖိုး ထည့်မတွက်ထား

သေး။ (မိမိနှင့်ကင်းကွာနေတာ ကြာပြီမို့ ယခုဆေးလိပ်သောက်တက်နေပြီလား လုံးဝမသိ...)

ရှိလျှင်ဘာဖိုး ညာဖိုးတွေတွက်ရင်း တစ်နှစ်တစ်နှစ်ဆိုလျှင် ဆိုသောအချိန်ကို စိတ်ထဲမှ စိတ်

တွက်တွက်ကြည့်မိရာ...ရင်မောရုံမက တစ်ကိုယ်လုံး မောသွားသည်။

ခေတ်ပျက်စနစ်ပျက်ကြီးထဲ လူဖြစ်လာကြသော သားတို့မျိုးဆက်ရှေ့ရေးကိုတွေးကာ ပညာ

တွေတက်ပြီး ဘာမှသုံးမရသော လူတစ်ဦးဖြစ်လာမည်ကို တွေးလို့စိုးရိမ်မိသည်။ အို... မိမိ

ရောဘာထူးလို့လဲ ဒီခေတ် ဒီစနစ်ကြီးထဲ မွေးခဲ့သည်။ အိမ်စောင့်အစိုးရ အာဏာသိမ်းပြီး မ

ရှေးမနှောင်း မိမိလူဖြစ်လာခဲ့သည်ပဲ...။ မိမိကိုယ်တိုင် ဘာအသုံးကျခဲ့သည်လဲ... တစ်နေရာ

မှမရှိ ၊ တစ်ခုတော့ရှိသည် ပန်းချီပညာလေး မတောက်တခေါက်ဖြင့်... မိမိမိသားစုကို တစ်

ဖက်တစ်လှမ်းမှ ပံ့ပိုးပေးခဲ့ဖူးသည်။ ဒါကလွဲလို့..လွဲလို့ပေါ့လေ... မှတ်မှတ်ရရ အစိုးရ၏ လှည့်

လုံး ပတ်လုံးတွေထဲမှ တစ်ခုဖြစ်သော တရုတ်အရေးအခင်းကိုပင် တစ်စွန်းတစ်စ မြင်လိုက်ရ

သေးသည်။ တရုတ်ဆိုင်တွေဖျက်ဆီးရိုက်ချိုး လမ်းမပေါ်ပစ္စည်းတွေ ပြန့်ကျဲတစ်ချို့ပစ္စည်းတွေ

ကို မီးပုံရှို့ကြတာ မိမိအာရုံထဲ ယခုတိုင်မြင်ယောင်ဆဲ...။

သားဖြစ်သူရဲ့ ပညာရေးနှင့်ပတ်သက်ပြီး တောင်စဉ်ရေမရ လျှောက်တွေးနေမိပြန်သည်။ မိမိ

ငယ်စဉ်ကပညာရေးကို ပြန်တွေးမိသည်။ မိမိမူလတန်းကျောင်းသားဘ၀မှာ ဂွတ္တလစ်ဦးချစ်

မောင်လမ်းမမှ ရန်ကင်းကို ပြောင်းခဲ့ရသည်။ စဉ်းစားမိသမျှ တတိယတန်းဟုထင်သည်။ ရန်

ကင်း အ.မ.က (၁၂) တွင် ပညာသင်ခဲ့ရသည်။ အုတ်နံရံကာ ကျောင်းလေးကတစ်ဆောင်

နှစ်ပေပတ်လည်သစ်သားတိုင်၊ ဓနိမိုးထရံကာ ကျောင်းကနှစ်ဆောင်...။ အိမ်နှင့်ကျောင်းက

မဝေး... မိမိနေထိုင်ရာတိုက်မှ တစ်တိုက်ကျော်လျှင် လမ်းကွေ့တစ်ခုကိုချိုး ဒါဆိုရောက်ပြီ။ ရံ

ဖန်ရံခါ ကျောင်းကိုမြင်ရရုံပင်ရှိသေး...။

ဆရာမကြီးကခေါင်းလောင်းထိုးသဖြင့် ပျက်စီးယိုယွင်းနေသော သံဆူးကြိုးဝင်းကို ခေါင်းငုံ့ဝင်
ကဗျာကရာ မိမိအခန်းကိုဖြတ်လမ်းမှ ပြေးဝင်ခဲ့ဖူးသည်လည်းရှိ၏။ ရာဇာနေ၀င်းတို့မောင်နှမ
က ကျောင်းထဲရောက်နှင့်ပြီ။ သူတို့ဖခင် ကောလိပ်ဂျင်နေ၀င်းက အော်စတင်ကားလို အနက်
ရောင် ကားတစ်စီးနှင့် ရံဖန်ရံခါ ကျောင်းလာပို့တက်၏။ ဆရာမရောက်လာတော့ မင်္ဂလာပါ
ဆရာမဟု သံပြိုင်အော်ရင်း မိမိနေရာတွင်ထိုင် ငုတ်တုတ်အားလုံး လက်အုပ်ချီ ဘုရားရှိခိုးငါး
ပါးသီလယူပြီးမှစာသင်သည်။ ပညာရေးစနစ်ထဲတွင် သိမ်မွေ့စွာယဉ်ကျေးလိမ်မာအောင် ဘာ
သာရေးကိုပါ ဦးတင်ထည့်သွင်းထားသည်။ ဒါက ကလေးဘ၀ ...။ တဖြည်းဖြည်း နှင့် အလယ်
တန်းသို့ရောက်လာသည်။ ပဉ္စမတန်းခေါ် (၅)တန်းရောက်တော့ အ.ထ.က (၁) ရန်ကင်းသို့
ပြောင်းရသည်။ ထို အ.ထ.က(၁) က (၅)တန်းမှ(၁၀)တန်းအထိ ပညာသင်ကြားပေးသည်။
ငါးတန်းမှာပင်မိမိတို့သင်ရသော သင်ရိုးများမြင့်လာသည်။ မူလတန်းတုန်းက မြန်မာစာ၊ သင်္ချာ၊
ပတ်ဝင်းကျင် သည်မျှသာရှိသေးသည်။ (၄)တန်းတွင်ပုံမှန်ဟုထင်၏။ (၅)တန်းရောက်တော့
မြန်မာစာက သုံးမျိုးခွဲလာသည်။ ပင်ရင်းစကားပြေ၊ သဒ္ဒါ၊ ကဗျာဖြစ်လာသည်။ ပတ်ဝန်းကျင်က
သိပံ္ပဖြစ်ပြီး ပထ၀ီ၊ သမိုင်းတိုးလာသည်။ ပထ၀ီ၊ သမိုင်းမှာပင် ကမ္ဘာ၊ မြန်မာ နှစ်ပိုင်းကွဲသွား
သည်။ သင်္ချာမှာလည်း ထိုနည်းလည်းကောင်းပင်.. သင်္ချာ(၁)၊ သင်္ချာ(၂) ကွဲသွား၏။ ရိုးရိုး
သင်္ချာအပြင် ဂဲသြဟုခေါ်သော ဂျီသြမေထွီဘာသာတိုးလာ၏။ အထူးစသင်ရသည်က ပဉ္စမ
တန်းရောက်တော့မှ အင်္ဂလိပ်စာစသင်ရခြင်းပင်... (ထိုစဉ် ပဉ္စမတန်းရောက်တော့မှ ဖေါင်
တိန်ကိုင်ရ၏။ မိမိတို့ငယ်စဉ်က ပိုင့်လော့ဖေါင်တိန် တစ်ချောင်း ၅ကျပ်မှင်အိုးကသပ်သပ်...
သို့သော်နှစ်စဉ် တွဲရောင်ပေး၏။)

အစွန်းအထင်းများစွာနှင့် ပညာသင်ကြားရ၏။ အဖြူအစိမ်းတစ်ချို့မှာ မှင်စွန်းထားတာမြင်ရ
သည်။ စည်းကမ်းမရှိသူများ ပိုလို့ဆိုးကာစွန်း၏။ မူလတန်းအစကတည်းက A B C D သင်မ
ပေး ဒီမျိုးဆက်တွေ ဒီလောက်ပဲထားတာကောင်းသည်ဟု ယူဆလေသလားမသိ...စောစော
တက် စောစောသိလျှင် အမြင်၊ အသိတွေ ကြွယ်သွားမှာဆိုးလို့ထင့်... (၅) တန်းရောက်မှ
အင်္ဂလိပ်စာ စသင်ရသည်။သူတစ်ပါး တိုင်းပြည်တွင် ကျောင်းထားပြီဆိုကတည်းက A B C D
ကစပြီးသား...ဆရာတွေကလည်းများလာသည်။ ပထ၀ီဆရာ၊ သမိုင်းဆရာ စသည် စသည်ဖြင့်
တိုးလာသလို ဖက်စာအုပ်တွေလည်း များလာ၏။ လေ့ကျင့်ခန်းနှင့် မှတ်စုစာအုပ်တွေတိုးလာ
၏။ လွယ်အိတ်ကပိုလို့ကြီးလာ၏။ လေးသထက်လေးလာ၏။ မိမိငယ်စဉ်က ကျောပိုးအိတ်ဆို
တာ မပေါများ၊ ခေတ်မစား။ ပုခုန်းနင့်နေအောင် (၅) တန်းမှစကာ သယ်လွယ်ရ၏။ ဒီကြားထဲ
ကျူရှင်... မိမိကျောင်းက မနက်ပိုင်းဆို ကျူရှင်က ညနေပိုင်း (သို့) ညပိုင်း...ထိုစဉ်က ကျူရှင်
ဆိုတာတွေ ခေတ်မရှိ.. ကျူရှင်ဆရာဆိုတာ ဘယ်မှာနေလို့နေမှန်းမသိသေး။ အနီးအပါး လူ
ကြီးသူမများဘွဲ့ရ ပညာတက် အစ်ကိုကြီး အစ်မကြီးများက မုန့်ဖိုးပဲဖိုး သဘောမျှ ယူကာသင်
ပေးသည်။ သို့သော်မနည်း တစ်ဆယ်လား ဆယ့်ငါးကျပ်လား မိမိအသိဥာဏ် ၀ိုးတစ်ဝါးသို့
တိုင်... ငယ်စဉ်က နဂါးနီ ဇီးထုတ် ၅ပြား၊ ကျားမသန်းဌေး ငါးလိပ် တစ်မတ်၊ စီးကရက်အရွယ်
သာသာ ပဲဆုပ်စာကလေးခွေ ငါးပြားဟူသော တန်ဖိုးကိုကြားလျှင် ရယ်ရမည်ထင်သည်....
( ယခုမြန်မာပြည်တွင် တစ်ဆယ့်ငါးကျပ်တန်ကို ကောက်သူမရှိဟုကြားရ၏။ သိပ်ဆင်းရဲလွန်း
လျှင်တော့ ကောက်ပါလိမ့်မည်။) ထာအုံးတော့ ကျူရှင်ကိစ္စ ဆက်ဦးမည်။

ဆရာနာမည်က ဦးသန်းဆွေ သင်္ချာနှင့် အင်္ဂလိပ် နှစ်မျိုးပဲသင်သည်။ စုံစည်နဖာမသင်..
ကျောင်းမှာလို ( မူလတန်း ) ကျူရှင်ချိန် ဆရာ့အိမ်ရောက်လျှင် ဘုရားစင်ကို အားလုံးတန်းစီ
ထိုင်ကာ ဘုရားရှိခိုးရသည်။ ပြီးလျှင် နောက်ဆုံး သံဗုဒ်ဓေဂါထာရွတ်ပြီးလျှင် စာစသင်သည်။
ဆရာက အနောက်နိုင်ငံရောက်ဖူးသည်။ ( ထိုစဉ် ၁၉၇၀ ခန့်က နိုင်ငံခြားရောက်ဖူးသူ လူကြီး
များရှားပါ၏။ )စာသင်ချိန်အတွင်းမှာပင် ဆရာက အင်္ဂလိပ်စာနှင့် ဗဟုသုတ ကျွမ်းကျင်သူမို့
အင်္ဂလိပ်လိုပင် မာန်မဲတက် ဆူတက်သည်။ မဆူကြနဲ့ တိတ်တိတ်နေကြ စကားမများကြနဲ့ ဟူ
သော စကားကိုပင် အင်္ဂလိပ်လိုပြောသည်။ အိမ်သာဝင်ချင်လျှင်ပင် “ ပလိစ် ” အစချီပြီး
အင်္ဂလိပ်လို “မေအိုင်ဂိုးတူတွိုင်းလက်” ဟု ခွင့်တောင်းရသည်။ မြန်မာလိုမတောင်းရ..
မြန်မာလိုပြောမိလျှင်ဆယ်ပြားဒဏ်တပ်ကာ ဆုရန် ဆုဗူးတစ်ဗူးလုပ်ပေးထားသည်။ ကျူရှင်ဆို
သော်ငြား စားပွဲ ၊ ထိုင်ခုံ မယ်မယ်ရရမရှိ.. ထမင်းစား စားပွဲဝိုင်းနှစ်လုံးကို ကြမ်းပြင်တွင် ထိုင်
သင်ခြင်းသာ...။

စာမရလျှင် လက်ထိပ်လေးတွခေါက်ကာ ဒဏ်ပေးတက်သည်။ စာမေးပွဲနီးလို့ စာမရလျှင် အ
လွန်စိတ်ဆိုးတက်သည်။ ဆရာမျက်နှာထားတင်းတင်းနှင့် အရိုက်ခံရဖို့သာ ပြင်ပေတော့...။
ကြိမ်လုံးကိုလည်း သုံးလေးမျိုးလုပ်ထားသည်။ သေးသေး၊ လတ်လတ်၊ အကြီးအပြင် နှစ်
ချောင်းပူးပင်ပါလိုက်သေး။ မိမိကိုရိုက်ရန် ကြိမ်လုံးကို ကိုယ်တိုင်ရွေးယူလာပြီး ဆရာ့လက်ထဲ
အပ်ရသည်။ ထိုကြိမ်ကိုစကာ တစ်ချက်နှစ်ချက်တန်ကာရိုက်၏။ အရိုက်ခံရသည်မှာ အရှိုးရာ
က သုံး လေးရက်မပျောက်၊ အရိုက်ခံရမှာဆိုးတော့ စာကျက်၏။ နောက်အရိုက်မခံရတော့။

ဆရာ့အထက်မှာ အစ်မကြီးက တီတီဆီခေါ် ဆရာအတက်သင်သိပ်ပံ ကျောင်းအုပ်ဆရာမကြီး
ဆရာ့အောက်မှာ ညီမက အလယ်တန်းပြ ဆရာမ၊ ဆရာတစ်ယောက်တည်း ကျောင်းဆရာမ
ဟုတ် သင်ရိုးကိုကြည့်ကာ သင်ရိုးအတိုင်း သူ့နည်းနှင့်သူသင်သည်။ စာသင်ရင်းနှင့်ပင် နိုင်င်
ံခြား ဗဟုသုတ၊ လူမူရေး လောဂီ လောကုတ္တရာပါမကျန်စေရ ဓမ္မပဒ်ဓ ငါးရာ့ငါးဆယ် နိပါတ်မှ
အစပြုကာ ဘာသာရေးအထိ ဆုံးမသည်။ နေ့ကျောင်းတွင် ကျောင်းပြေးသည်။ (အင်းလျားကန်
နှင့်နီးသဖြင့်) ရေသွားခိုးကူးသည်ဆိုလျှင် ဆရာသိပါက ပရုတ်ဆီလိမ်းဖို့ ပြင်ပေတော့... တင်
ပါးနှင့် ခြေသလုံးတစ်ခုခု မိမိတို့ကျောင်းသားမိဘများက ဆရာရိုက်လျှင် ကျေနပ်သော သ
ဘောရှိသည်။ ပိုတိုးဆုံးမရန် အပ်ကြသည်။ စာသင်ရုံမက၊ ဘ၀တွင်နေတက်အောင် စည်းကမ်း
ရှိအောင် သင်ပေးခဲ့သောဆရာကို ခုတိုင်အမှတ်တရရှိဆဲ... ခုချိန်မသိသော စကားလုံးများကို
အဘိဓါန်တွင် ရှာဖွေတိုင်း ဆရာ့ကို လွမ်း... လွမ်းမိသည်။ ခုတော့ မိမိက မလေးရှားတွင် စီးပွား
လာရှာရာ အမူထမ်းသူထမ်း၊ အိမ်ထောင်ကျသူတွေကလည်းများစွာ၊ တစ်ချို့လည်း လူပျိုကြီး
အပျိုကြီး လုပ်တုန်း၊ ကျောင်းဆရာ/ဆရာမတွေ ဖြစ်လာသူတွေကလည်း ၀ိုင်း ကျူရှင်ခေတ်
“ရှယ်” ဆိုတာပင်ပါလိုက်သေး..ကျောင်းသားလေးငါးခြောက်ယောက်ဆိုလျှင် တစ်ဝိုင်းရပြီ။
နှစ်ဝိုင်းသုံးဝိုင်းထက်ပိုလျှင်တော့ ထိုဆရာ/ဆရာမ အတွက် တွက်ချေကိုပြီပေါ့။ ထိုငွေက
ကိုယ်ပိုင်ဝင်ငွေ သူတို့တွေတင်လား မဟုတ်သေး၊၊ နိုင်ငံရပ်ခြားများမှ တက္ကသိုလ် ၀င်ခွင့်
ကျောင်း ( ကောလိပ် ) များပါ ပေါများလာသည်။ ငွေကြေးချမ်းသာသူများက မိမိတို့ ကလေး
များကို I.L.B.C ခေါ် ပြည်ပမှ ဆရာများသင်သည့် ကျောင်းတွင်ထားလာကြသည်။ ဒေါ်လာ
နှင့်ပေးရသည်။

ပညာရေးက ပိုက်ဆံရှိလျှင် လိုက်နိုင်သလောက် ကြယ်ဝန်းလာကာ မသင်နိုင်၊ ငွေမတက်
နိုင်သူများ မသင်နိုင်လျှင် နေခဲ့ပေရော့.... ဆယ်တန်းမအောင်ဘူးလား ပြဿနာမရှိ၊ ပိုက်
ဆံပေးကာ အောင်ယူလို့ရသည်။ မိမိရှိစဉ်က ဆယ်တန်းအောင်သူတစ်ဦး တစ်ဘာသာ နှစ်
သောင်း၊ နှစ်ဘာသာလေးသောင်းပေးကာအောင်... မိမိကိုယ်တွေ့ကြုံတွေ့ဖူးသည်။ တစ်ခြား
နိုင်ငံတွေရော ဒီလိုပဲဖြစ်နေသလားဟု ဖြန့်တွေးဖူးသည်။ ဆယ်တန်းအောင်လက်မှတ် လိုချင်
သလား...မပူနှင့် ပိုက်ဆံပေးကာ လုပ်ယူလျှင်ရသည်။ ပညာရေးဌာနမှ တံဆိပ်တုံးနှင့် ထွက်
လာစေရမည်။ “ အလိမ္မာ စာမှာရှိ ” ဆိုသောစကားက တော်တော်ဆွေးမြေ့သွားခဲ့ပြီ၊ ထိုအ
လိမ္မာဆိုသောစကားကို ငွေကြေးတက်နိုင်သူများကသာ ရှေ့ရှောက်ပိုင်ဆိုင်တော့မည်။ ပညာ
မတက် ပိုက်ဆံမရှိတဲ့သူတွေ ဆိုက္ကားနင်းရင်း ဈေးရောင်းရင်း ဘ၀ခရီး လျှောက်ပေကြမည်။
ထို့ထက် စာရိတ္တ အခြေခံမကောင်းသူများက ခါးပိုက်နှိုက်ရင်း ခိုးဆိုးလုယက်ရင်း ကြီးပြင်းကြ
တော့မည်။ အဘယ်မှာနည်း မိမိတို့ လူမူဘ၀ အခွင့်အရေး မွေးရာပါအခွင့်အရေးများ ပျောက်
ဆုံးကုန်ကြသည်မှာ ကြာပြီ။ ဆိုရှယ်လစ် သမ္မတပြည်ထောင်စုမြန်မာနိုင်ငံ ဟု ကင်းမွန်းတပ်
ကတည်းက ယခုအချိန်အထိ ပညာတက်သူ တက်နိုင်သူတွေက ( များစွာ ) အမေရိကန် လန်
ဒန် သြစတေးလျ စသော တိုးတက်သော နိုင်ငံများသို့ ပြေးကုန်ကြပြီ၊ ဇွဲကောင်းကောင်းနှင့်
သတ္တိရှိသူတွေကလည်း ကုတ်ကပ်ကျိုးစားတုန်း...

တက္ကသိုလ်တွေမှာ လူစုမည်စိုးကာ ရီဂျင်နယ်ကောလိပ် ( ဒေသကောလိပ် ) များဖြင့်လူစုခွဲ
သည်။ အဝေးသင်စာပေးစာယူဆို သဘောကျသည်။ ကျူရှင်တွေက မိုးဦးကျ မှိုထက်များ
သေး... တက္ကသိုလ်ရောက်နေသဖြင့် ကျူရှင်မရှိတော့ဟု မထင်နှင့် ဘွဲ့မယူခင်အထိ ကျူရှင်
ယူရတုံး.. ပညာရေးဝန်ကြီး တစ်ဦးပြောင်းလျင် သင်ရိုးပြင်သည်က ထုံးစံလိုဖြစ်နေသည်။ ရှေး
ဘုန်းကြီးနှင့် နောက်ဘုန်းကြီးနှစ်ပါးပေါင်းလျင် မိမိတို့မျိုးဆက်သစ်ခေါင်းတွေအားလံး ပိန်းနှဲ
သီးက အဖေခေါ်ယူရတော့မည်။ ဟိုမရောက် ဒီမရောက်နှင့် မိမိတို့အရွယ်ဝန်းကျင်တွေ ဘာ
မျှ ဟုတ်တိပတ်တိမတက်ကြ.. သိပ်ပံဆို ပန်လိုက်ကြ .. ၀ိတ်ဇာဆို ဇာလိုက်ကြ..ရောယိမ်း
လိုက် ဘသားယိမ်းလိုက်တွေများသည်။

ဆယ်တန်းအောင်တာချင်းအတူတူ A B ခွဲသဖြင့် B သမားအလုပ်လျှောက်မရ..မျက်နှာငယ်
၏။ ပညာတက်တွေ မြောက်များစွာ ထွက်ပေါ်လာမည်စိုးလို့ထင့်... ဘယ်နှစ်ရာခိုင်နှုန်း
အောင်ချက်ဆိုသော စကားက ပေါ်လာသည်။ အဖက်ဖက်မှ ယိုယွင်းပျက်စီးနေသော တိုင်း
ပြည် မိမိတို့မျိုးဆက်အပြင် နောက်မျိုးဆက်တွေပါ A I D S ထက် ဆိုးဝါးသော ရောဂါစိတ်
ဓါတ်တွေလည်း ကူးစက်သွားမှာ စိုးရိမ်မိသည်။ ခေါင်ရော တစက်မြိတ်ရော ဘာမှသုံးမရ
တော့... တစ်အိမ်လုံး ရွှဲရွှဲဆိုကာ ကြာလျင် ဒီအိမ်ကြီးမည်မှာ မြေကြီးလက်ခတ်မလွဲ မိမိ
ကိုယ်တိုင်လည်း တိုင်းပြည်အတွက် ဘာမှလုပ်မပေးနိုင်ခဲ့ ယခုပင်လျှင် ပြည်ပမှာ ရုန်းကန်
ရှာဖွေရဆဲ၊ ပိုက်ဆံရှိသူတွေက အမျှော်အမြင်ရှိသူတွေက နိုင်ငံကြီးတွေကို ရုန်းထွက်ကြ
သည်။ ပြည်တွင်မှာ သုံးစွဲနိုင်သူတွေက “ ဂုဏ်ဆိုတာ ငွေကိုခေါ်တယ် ” ဟူသော သီချင်း
ရှင်လေးများကို ပန်းကုန်းစွပ်ရန် ကျန်နေခဲ့ကြသည်။ မဆီမဆိုင် “ ကျန်းကျန်းမာမာ ချမ်းချမ်း
သာသာ ဘေးရန်ကာစီးမည် လူမွဲတွေက မနှေးခေတ်မှီ သူဌေးဖြစ်တော့မည် ” ဆိုသော န
ဂါးနီသီချင်းက ၀င်ရောက်လာပြန်သည်။
ဆရာသိန်းဖေမြင့်၏ ၀တ္ထုထဲကလို “ တို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ ” ဆိုသော ခင်ညွန့်
ရီ ပြန်လည်သီဆိုထားသည့် သီချင်းကို မိမိသဲ့သဲ့မျှ မကြားရသေး..မိမိယုံကြည်ပါသည်။ တစ်
နေ့တော့ ထိုသီချင်းသံကြားလာရပါအုံးမည်။ မိမိမသေသေးလျှင်လည်း ထိုသီချင်းကို မက်မောစွာ
နားထောင်ချင်ပါသေးသည် .......... ။
“ ယောနိသော မနသိကာယ ”
ရေးသားပေးပို့သူ “ ဘိုထွဋ် ”

No comments: