Tuesday, August 19, 2008

ဖယောင်းတိုင်နှင့်လူငယ်

ဖယောင်းတိုင်ငယ်
သေးသွယ်ရယ်ဟု
မထီမဲမြင်
အတွေးဝင်ရင်ကွယ်
မှားလေမယ်…
မည်သို့မည်မျှ
သေးသွယ်လှလည်း
အမှောင်ထုပိတ်ဖုန်း
ဂူတလုံးသို့
လင်းရောင်ချယ်
ငါတို့ပြည်ဝယ်။
တဂူမှာလည်း
များစွာအမှောင်
ပျောက်ကွယ်အောင်သို့
လမ်းပြကြယ်သဖွယ်။
ဖယောင်းတိုင်ငယ်များမှ
အမှောင်ထုကိုဘေးဖယ်
အလင်းရောင်သို့ရောက်စေကွယ်။
ဟေး…ဖယောင်းတိုင်ငယ်
မည်မျှခရီးကြမ်း
ခက်ထန်ပန်းလည်း
အားမလျှော့နှင့်
လျှောက်လေကွယ်
ဟေး…ဖယောင်းတိုင်ငယ်
ငါတို့ရဲ့မျှော်လင့်ချက်ကြီး
လမ်းဆုံခရီးသည်
ဖယောင်းတိုင်များစုစည်း
အပြုံးခရီးနှင့်
အမှောင်ထုပျောက်
အလင်းသို့ရောက်အောင်
ပေါင်းစည်းခြင်းနှင့်
ခရီးနှင်မည်
နောက်ဆုံးရလဒ်
အလင်းရောင်ခြည်သို့ဆီ။ ။

(မောင်ဖုန်း) post here.

No comments: