Sunday, August 31, 2008

ခွဲကြည့်မှသိတော့တယ်...

ဂျိုကုတ်ရူးကြီး မြန်မာပြည်တွင်း လိုအပ်သည်များကို လှည့်လည်မှာယူစားသုံးနေရင်း

အစားအသောက်ပေါင်းစုံအောင်စားရလေး၏... မျိုဆို့ရသောအစားအသောက်များမှာ

မသထာရေစာများ ဖြစ်လင့်ကစား အူမကြီးကင်စာရောဂါဝေဒနာကို ပျင်းထန်စွားခံစားရလေပြီး

စင်္ကာပူနိုင်ငံသို့ သွားရောက်ကုသခဲ့လေ၏...

စင်္ကာပူဆေးရုံမှ တာဝန်ကျ ဆရာဆရာမများကဂျိုကုတ်ရူးကြီးအား

အထူးဂရုစိုက် ကုသပေးကြ၏...ဂျိုကုတ်ရူးကြီးက မိမိခံစားနေရသော ရောဂါဝေဒနာ

အခြေအနေအား မေးမြန်းကြည့်ရာတွင်...

သန်းရွှေ . . . ဆရာမ ကျွန်တော့်ရောဂါအခြေအနေ ဘယ်လိုရှိပါသလဲ...

ဆရာမ. . . ရှင့်ရဲ့အူမကြီးကို ခွဲကြည့်လိုက်တော့ အူထဲမှာ မသထာရေစာ၊ ဓါတ်ငွေ့အမျိုးမျိုးနဲ့

အဂတိလိုက်စားထားတာတွေ ထွက်လာတယ်လေ...

အောင်အောင် (ပျိုးခင်းလူငယ်)

Sunday, August 24, 2008

အဆင့်အတန်း

ဆောင်းရာသီရဲ့အအေးဓါတ်ကိုခံယူရင်း အမေ့ရဲ့ဗိုက်ထဲမှ ရုန်းကန်ထွက်လာခဲ့သည်။ ငွေပ
ဒေသာပင်တွေ ဝေေ၀ဆာနေတဲ့ တန်ဆောင်မုန်းလမှာ လူလောကကြီးထဲရောက်ရှိလာတာက ဗုဒ္ဓဘာသာကို ယုံကြည်လေးမြတ်စွာ ကိုးကွယ်ကြတဲ့ ယဉ်ကျေးမူ့ထွန်းကားရာ မြန်မာ
ပြည်… မြန်မာပြည်တွင် နေထိုင်ကြတဲ့တိုင်းရင်းသားများ၏ ဓလေ့နှင့် ဗုဒ္ဓဘာသာတို့ရဲ့ ယဉ်
ကျေးမူ့များအကြား ကြီးပျင်းလာခဲ့ရသည်မို့ တစ်ဦးနှင့်တစ်ဦး ရိုသေလေးစားမူ့ ကူညီရိုင်းပင်း
မူ့ များစွာများစွာသော မိသားစုနှင့် ပတ်ဝန်းကျင်ကြားထဲတွင်…

အသက်ငါးနှစ်ရောက်တော့ မူလတန်းတန်းကျောင်းတွင် စတင်လို့ ပညာသင်ကြားရတော့မည်

ဆိုသည်က မဖြစ်နေလုပ်ရမည့်တာဝန်… အဖြူအစိမ်းကို ၀တ်ဆင်လို့ မိုးဖွားကျနေတဲ့ နယုန်
လရဲ့ လဦးပိုင်း နံနက်ခင်းပိုင် ( ၇ ) နာရီလောက်မှာတော့ အမေကကျောင်းလို့လိုက်ပို့ပေးခဲ့ပါတော့တယ်… မှတ်မိနေပါသေးတယ်…မူလတန်းကျောင်း ဖြစ်နေသောကြောင့် အတန်းကြီး
သမားဆိုလို့ စတုတ္တတန်းပေါ့… အဆိုပါစတုတ္တတန်းတွင်မှ ကျောင်းသားကြီးတစ်ဦးက အား
လုံးကို မတ်တက်ရပ်စေလျှက် နိုင်ငံတော်အလံနှင့် သီချင်းဆိုရန် အမိန့်ပေးလေသည်။ သည်
နေရာတွင် အနည်းငယ်ဖြည့်စွပ်ပြောကြားလိုသည်က ထိုကျောင်းသားကြီးပြောသော


(၁)“ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံအား အလေးပြု…”
ထိုသို့ပြောလိုက်သောအခါတွင် ကျောင်းသူကျောင်းသားအားလုံးက ခါးကိုညွန့်၍ ခေါင်းကိုငုံ့
ကာ နိုင်ငံတော်အလံအား အလေးပြုကြရသည်..

(၂) ဆက်လက်ပြောသည့်အမိန့်က “ဗိုလ်ချူပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော

အာဇာနည်ခေါင်းဆောင် ကြီးများအား အလေးပြု…”
(၃) ပြီးတွင်မှ “နိုင်ငံတော်သီချင်းစဆို…” ဟုပင်…
ပြီးတွင်မှာ မိမိအခန်းသို့ ပြန်ဝင်ကြရသည်...
မိမိပညာသင်ကြားရမည့် အခန်းထဲတွင်တော့ ဆရာမက ကျောင်းသူကျောင်းသူအားလုံးအား
ဘုရားရှိခိုးရန်နှင့် ဘုရားရှိခိုးစာများကို အရှေ့မှနှုတ်ဖြင့်တိုင်ပေးသည်…ငါးပါးသီလခံယူရ
သည်။ ငါးပါးသီလခံယူရာတွင်လည်း ဆရာမက မြန်မာလိုပါပြောပီးတိုင်ပေးသည်။ ထို့ကြောင့်
ငါးပါးသီလ၏ ရှောင်ကျဉ်ရမည့် အနက်အဓ္ဓိပ္ပါယ်များကိုပါ ငယ်စဉ်ကပင် သိခဲ့သည်။ ပြီးနောက်တွင်မှ က ခ မှ အစချီလို့ သင်ကြားပေးသည်များကို သင်ယူကြရသည်။ နေ့လည်
၁၁း၃၀ဆိုလျင်တော့ ဆရာမက စာသင်ကြားခြင်းကို ရပ်နားပြီး ကျောင်းသူကျောင်းသားများ
ကို လိမ္မာရေးခြားရှိစေရန် လူ့ကျင့်ဝတ်များကို သိစေရန်အလို့ငှာ (၃၈) ဖြာ မင်္ဂလာတရား
နှင့်လောကနိတိများကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြတက်သည်။ ဆရာမ ပထမဆုံး
ပြောပြသည့် မင်္ဂလာတရားတော်ကဖြင့်…

လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့

မမှီဝဲနဲ့ ကင်းအောင်နေ

ပညာရှိကို အရှည်တွဲလို့

မှီဝဲဆည်းကပ် နည်းယူစေ

သုံးပါးရတနာ မိဘများအနက်

ဆရာသမားကို ပူဇော်လေ

ချမ်းသာဖို့ရေး ဆက်ဆံရေး မျှော်တွေးသုံးချက်ပေး

အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ…

လည်းကောင်းမင်္ဂလာ တရားတော်ဟာဆိုရင်ဖြင့် ရွတ်ဆိုလို့ကောင်းသလို တကယ်လိုက်နာ

ကျင့်ကြံနေထိုင်ရမည် မဟုတ်ပေလား…

ထို့ကြောင့် လူတိုင်းလူတိုင်း လူမိုက်ကိုမပေါင်းသင်းပဲ ပညာရှိကိုသာ ပေါင်းသင်းဖို့ အနန္တော
အနန္တ ငါးပါးကို ပူဇော်ဆည်းကပ်ဖို့ စည်းစိမ်ဥစ္စာ ရတနာနှင့် ပညာများ ချမ်းသာကြွယ်ဝဖို့ နေ့
ည နှင့် ဥာဉ့်ဦးယံတို့၌ အမြဲတမ်းဆင်ချင်တွေးတောနေထိုင်မှသာလျင်ပင် ဗုဒ္ဓဘာသာကို ကမ္ဘာ
ကပင်သိမှာ အမှန်ပင်ဖြစ်သည်။ ယခုဆိုလျှင် ဗုဒ္ဓဘာသာထွန်းကားရာ မြန်မာပြည်တွင်တော့
ဗုဒ္ဓ၏တရားတော်များကို လိုက်နာကျင့်ကြံခြင်းမရှိပဲ ရဟန်းသံဃာတော်များနှင့် ပြည်သူလူထု
အား သက်ဖြတ် ရိုက်နှက် ဖမ်းဆီးထောင်ချခြင်းများကိုပင် မကြောက်မ၀ံ့ပဲ သက်ဖြတ်လုပ်ကိုင်
နေခြင်းဟာ ဆိုရင်ဖြင့် ဗုဒ္ဒ၏စောင့်ထိမ်းရမည့် သီလများနှင့်မကိုက်ညီသည့်အပြင် ငရဲလည်း
ကြီးပါသည်။ ဘ၀ကိုနောက်ဆုံးအချိန်ထိ ဘယ်လိုနေရမယ်ဆိုတာသိဖို့လိုပါတယ်… အဲဒီလိုမ
သိတဲ့သူဟာ ကြာလေအသုံးမကျလေ ဖြစ်လာတတ်ပါတယ်… ဘ၀မှာ ဒီလိုနေပါလို့ ပြောတဲ့
သူတွေ လိုအပ်သလို ဘ၀ကိုဒီလိုနေပါလို့ နေပြသွားတဲ့သူတွေလဲလိုအပ်ပါတယ်။ ယခုအခါ
တွင်တော့ ဗုဒ္ဓဘာသာ ထွန်းကားရာ မြန်မာပြည်ကို ခေါင်းဆောင်လုပ် ဗိုလ်ကြအုပ်ချုပ်နေတဲ့
စစ်အာဏာရှင် ခေါင်းဆောင်ကြီးများကိုယ်တိုင် ဗုဒ္ဓ၏မူဝါဒများကို ချိုးဖောက်ဖျက်ဆီးနေထိုင်
နေကြသဖြင့် လည်းကောင်းတို့၏ မော်ကွန်းတွင် တွင်ရစ်မည့်သမိုင်းက မကောင်းသလို နောင်
လာနောက်သားများကလည်း လည်းကောင်းတို့တို့ကဲ့သို့ အတုခိုး၍ နေထိုင်ကြမည်ဆိုပါက…

အချုပ်အားဖြင့်ဆိုရသော် နိုင်ငံခေါင်းဆောင်ကြီးများက သူငယ်တန်းတောင်တက်ခဲ့ဖူးရဲ့လား…

ထိုသူများ၏ အမိအဖများကရော လိမ္မာရေးခြားရှိစေရန် သွင်သင်ဆုံးမခြင်းမရှိခဲ့လေသလား…

ဗုဒ္ဓသာသဏံ စိရံတိတ္ထတု



အောင်အောင် (ပျိုးခင်းလူငယ်)

သူ့အရပ်နှင့်သူ့ဇာတ်

ဘဘဂျိုကုတ်မူးကြီးက မြေးဖြစ်သူ ဖိုးလပြည့်လေးအား အားလပ်နေသော နေ့ရက်များစွားထဲ
မှ တစ်ရက်သောအခါ...
သန်းရွှေ... မြေးဖြစ်သူ ဖိုးလပြည့်အား လည်းကောင်း၏ ရင်ဖက်မှာတတ်ထားတဲ့ ဆုတံဆိပ်
တွေနဲ့ ပခုံးပေါ်မှာတင်ထားတဲ့ ကြယ်ပွင့်တွေကို သန့်ရှင်းရေးလုပ်ခိုင်းလေ၏...မြေးလေးရေ
တံဆိပ်တွေကို သန့်ရှင်းရေးလုပ်ပေးပါကွာ...
လပြည့်... ဟုတ်ကဲ့ပါဘိုးဘိုးဟူ၍ အဘိုးဖြစ်သူ၏ ဆုတံဆိပ်တွေကို ဖြုတ်လေ၏...
သန်းရွှေ... မြေးလေးရေ တံဆိပ်တွေက သန့်ရှင်းရေးမလုပ်တာကြာတော့
ချေး ( ဂျီး ) တွေအရမ်းတက်နေတာတွေကို သေသေချာချာ ပြောင်အောင်လုပ်နော်...
လပြည့်... စိတ်ချပါဘိုးဘိုး... ရွှေတံဆိပ်တွေကို အတုနဲ့လည်းပစ်လိုက်ရင် သန့်ရှင်းရေး
လုပ်စရာမလိုသလို မြေးလေးလည်း ငွေကိုလေလိုသုံးရတာပေါ့ဗျာ...
သန်းရွှေ... အင်း...ဖိုးလပြည့်လေးကတော့ ငါ့မြေးလို့ ပြောစရာမလိုအောင် ငါ့ချေရာလိုက်
နင်းနိုင်သားပဲ...
လပြည့်... ဘိုးဘိုးမြေးပဲဟာကိုး...
သန်းရွှေ... ဘိုးဘိုးကတော့ အဲလိုလုပ်နေတာကြာပြီ မြေးလေးရဲ့..
လပြည့်... ဘိုးဘိုးရဲ့တံဆိပ်တွေက တော်တော်ချေးတက်နေပြီပဲ ဟုညီးတွားရင် သန့်ရှင်း
ရေးလုပ်နေ၏.. ထို့နောက် ချေးများသန့်စင်သလောက်ဖြစ်သွားသောအခါ ဆုတံဆိပ်များ
၏ အပေါ်တွင်ရေးသားထားသောစာများကို တွေ့ရလေ၏... ထိုစာကိုသေချာစွာ
ဖက်လိုက်မိသောအခါ ၁၉၇၀ မုန့်စားပြိုင်ပွဲဆု၊ ၁၉၇၃ အာလူးကောက်ပြိုင်ပွဲဆု၊ ၁၉၇၆ ထုတ်
စည်းတိုးပြိုင်ပွဲဆု၊ ၁၉၇၈တူးတူပုံးတမ်းဆု၊ ၁၉၈၀ သရေကွင်းပစ်ပြိုင်ပွဲဆု၊ ၁၉၈၂ အီစွပ်ကြိုး
ခုန်ပြိုင်ပွဲဆု၊ ၁၉၈၅ အုန်းသီးလုပြိုင်ပွဲဆု၊ ၁၉၈၆ ဖားခုန်ပြိုင်ပွဲဆု၊ ၁၉၉၀ ထိုင်ခုံလုပြိုင်ပွဲဆု၊
၁၉၉၁ ကုလားမစည်းနှင်းပြိုင်ပွဲဆု၊ ၁၉၉၂ ခေါင်းအုံးရိုက်ပြိုင်ပွဲဆု၊ ၁၉၉၃ ၀င်းဦးနှုတ်ခမ်းမွေး
ဆွဲပြိုင်ပွဲဆု၊ ၁၉၉၅ သံပုံးရိုက်ပြိုင်ပွဲဆု၊ ၁၉၉၇ ချောတိုင်တက်ပြိုင်ပွဲဆု၊ ၁၉၉၉ ဂုန်နီအိပ်
စွပ်ပြိုင်ပွဲဆု၊ ၂၀၀၀ ဂေါ်လီရိုက်ပြိုင်ပွဲဆု၊ ၂၀၀၂ ခြေတပေါင်ကျိုးခုန်ပြိုင်ပွဲဆု၊ ၂၀၀၅ ပီတို
( အုန်းမုတ်ခွက်လေးများအားစီ၍ဘောလုံးနှင့်ပစ်ကာ ပြန်လည်စီရသော ကစားနည်း) ပြိုင်ပွဲ
ဆု၊ ၂၀၀၇ ရွှေစွန်ညိုနှင့်မထွေးလေးတို့ပြေးတိုင်းဖမ်းတိုင်းကစားပြိုင်ပွဲ၊
၂၀၀၈ ဗူးသီးခရမ်းသီး(ဗူးသီးခရမ်းသီးပါသလား....မပါဘူးဟူ၍ဆိုကာ ရဲလုပ်သူလုပ် သူခိုး
လုပ်သူကလုပ်) ပြိုင်ပွဲဆုများပင်ဆု အဆိုပါဆုများ၏အရှေ့တွင် ဗိတ်ချီးဟုပါလိုက်သေး
သည်.... ထို့နောက်ဖခုံးပေါ်၌တင်ထားသောအပွင့်အား သန့်ရှင်းရေးလုပ်ရာတွင်တော့
ကြယ့်ပွင့်သုံးပွင့်ပေါ်တွင်ရေးသားထားသော စာများကိုထပ်မြင်ရပြန်သည်...ညာဖက်ဖခုံး
ပေါ်၌ရှိသော အပွင့်သုံးပွင့်၌ရေးသားထားသောစာများမှာ.. (၁) အာဏာရူး (၂) တဏာရူး
(၃) ဥစ္စာရူး ဘယ်ဖက်ဖခုံးပေါ်ရှိ အပွင့်သုံးပွင့်ပေါ်တွင်မူ... (၁) အာကျယ်(၂) လေကျယ်
(၃) ဖင်ခေါင်းကျယ် ဟူ၍ပင်ဖြစ်ပါသည်။ နောက်ဆုံးတွင်တော့ အကြီးဆုံးအပွင့်ဖြစ်သော
အ၀ိုင်းအခက်ပေါ်တွင် ရေးထားသောစာမှာ... ဂျီပုန်းမခေါင်းဆောင်ဆုရှင် ဟူ၍ဖြစ်ပေ
တော့သည်....
သန်းရွှေ ... အဲဒါဘိုးဘိုရဲ့အရည့်အချင်းတွေပေါ့ မြေးလေးရဲ့
လပြည့် ... မြေးလေးလည်း အဘိုးခြေရာကို မှီအောင်လိုက်နိုင်ဖို့ ဘိုးဘိုးလို
အခြောက်ဖြစ်အောင်လုပ်ရမှာပေါ့နော် ဘိုးဘိုးဟူ၍ပင် ဖြစ်လေပါတော့သည်။
အောင်အောင် (ပျိုးခင်းလူငယ်)

Saturday, August 23, 2008

ခွဲစိတ်ခန်းရှေ့ဧည့်ခန်းကခုံရှည်ပေါ်မှာတောင်းတဲဆု

ဖုန်းမြည်သံကြောင့် အိပ်ရာမှလန့်နိုးခဲ့သည်။ ဖုန်းနံပါတ်ကိုကြည့်တော့ ဆေးရုံတက်နေ
သည့်ကျွန်တော့်ဇနီးသည်ထံမှဖြစ်နေသည်။ " ယောက်ျားရေ မိန်းမဗိုက်ခွဲဖို့အတွက်
လက်မှတ်လာထိုးပေးပါတဲ့ "။ နာရီကြည့်လိုက်တော့ ၈း၃၀ရှိနေပြီ။ ရေအမြန်ချိုးပြီး ဆေး
ရုံကို အပြေအလွှားသွားခဲ့သည်။
ဆေးရုံကိုအသွားလမ်းမှာ ဒုတိယအကြိမ်ဖုန်းမြည်လို့ကိုင်လိုက်တော့ ဆေးရုံကတာဝန်ရှိ
ဒေါက်တာထံမှဖြစ်နေသည်။ ဆေးရုံကိုရောက်ရင် ဇနီးသည်ခွဲစိတ်မွေးဖွားတာကို လက်မှတ်
ထိုးခိုင်းဖို့ သားဖွားဆောင်ရှေ့ဧည့်ခန်းက စောင့်နေပါတဲ့။ ဆေးရုံကိုရောက်တော့ ခွဲစိတ်ခန်း
ရှေ့ဧည့်ခန်းကလွတ်နေတဲ့ခုံရှည်ပေါ်မှာ ၀င်ထိုင်လိုက်သည်။

ဧည့်ခန်းထဲမှာ ကျွန်တော့်လိုပဲထိုင်နေတဲ့သူတွေကို တွေ့ရပါသည်။ ကျွန်တော်မှလွဲ၍ အားလုံး
နိုင်ငံသားတွေချည်းပဲ။ မလေးလူမျိုးမိသားစုတစ်စုထဲက အသက်အကြီးဆုံးလို့ထင်ရသူ အ
မျိုးသမီးကတော့ ဆိုဖာခုံပေါ်မျာထိုင်ရင်း ဘုရားစာရွတ်နေသည်။ လူလတ်ပိုင်းအရွယ်အမျိုး
သားတစ်ဦးကတော့ သားဖွားဆောင်တံခါးမကို မကြာခဏဖွင့်ပြီး အထဲမှဆေးရုံဝန်ထမ်းတွေ
ကိုလှမ်းမေးလိုက၊် ပြန်ထွက်လာလိုက်၊ ဖုန်းဆက်လိုက်၊ လမ်းလျှောက်လိုက်နဲ့ သူ့ကြည့်ရတာ
စိတ်လှုပ်ရှားနေပုံရသည်။ တခါတခါ ကျွန်တော်ရှိရာကိုလည်း လှမ်းပြီးကြည့်တတ်သည်။ ခံစား
မှုကင်းမဲ့နေသလိုဖြစ်နေတဲ့ ကျွန်တော့်အမူအရာကိုကြည့်ပြီး မသိမသာသူမျက်မှောင်ကြုတ်
သွားတာကိုသတိထားမိသည်။
သားဖွားဆောင်ထဲက သူနာပြုဆရာမတစ်ဦး စာရွက်ကိုင်ကာအခန်းပြင်ထွက်လာသည်။ ဇနီး
ဖြစ်သူရဲ့နာမည်ကိုဖတ်ပြပြီး ခင်ပွန်းသည်ဖြစ်သူ ကောင်တာမှာ လက်မှတ်လာထိုးပေးပါလို့
ပြောသွားသည်။ လက်မှတ်ထိုးပြီးတာနဲ့ ရောက်လာကတည်းကထိုင်ခဲ့တဲ့ ထိုင်ခုံပေါ်ပဲပြန်ထိုင်
လိုက်သည်။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော့်အတွေးတွေဟာ လွန်ခဲ့သော သုံးနှစ်ကျော်အချိန်
ဒီနေရာ၊ ဒီထိုင်ခုံပေါ်မှာထိုင်ခဲ့စဉ်က အကြောင်းတွေဆီပြန်ရောက်သွားသည်။
အဖမ်းအဆီးတွေကလည်းအရမ်းကြမ်း၊ သူဌေးဖြစ်သူတွေကလည်း ပါမစ်မရှိသူတွေကို မခိုင်း
ရဲတော့။ အလုပ်နားရမယ့်ရက်ကိုလည်း ပြောပြီးပါပြီ။ ဒီကြားထဲက အခန်းပိုင်ရှင်ကလည်း
ဆက်ပြီးမငှားရဲတဲ့အတွက် ပေးစရာရှိတဲ့အခန်းခကိုတောင် မတောင်းတော့ဘဲ အစိုးရကနေ
တရားမ၀င်အလုပ်သမားတွေကို နေထိုင်မှုအတွက် နောက်ဆုံးသတ်မှတ်ထားတဲ့ ရက်မတိုင်မီ
အိမ်ပေါ်မှဆင်းပေးဖို့ကိုလည်း ပြောထားသည်။ အဲဒီတုန်းက ကျွန်တော့်အတွက် အချိန်တိုင်း
မှာပူပင်နေရသည်။
တရားမ၀င်လာရောက်အလုပ်လုပ်နေတဲ့ အလုပ်သမားတွေအတွက် အရေးကြီးဆုံးကိစ္စဟာ နေ
ထိုင်ရေးပဲဆိုတာ ကျွန်တော်တို့အားလုံးသိပြီးသားပါ။ မိသားစုနဲ့ဆိုရင် ပိုလို့ပင်အရေးကြီးပါ
သည်။ စိတ်ညစ်စရာတွေက ကျွန်တော့်ဆီကို တပြိုင်နက်တည်းလာဖို့အတွက် တိုင်ပင်ထားသ
လားလို့တောင်ထင်ရသည်။ ဒီလောက်စိတ်ဒုက္ခရောက်နေချိန်မှာမှ လူ့လောကကိုလာပြီးကျွန်
တော်တို့မိသားစုဝင်ဖြစ်လာမယ့် အပြစ်မဲ့ရင်သွေးလေးဟာ ကျွန်တော်တို့လိုအဖြစ်မျိုးမှ ကင်း
လွတ်ပြီး သူ့ရဲ့အနာဂတ်ဘ၀ ဖြောင့်ဖြုးပါစေလို့ ဒီခုံလေးပေါ်မှာထိုင်းရင်း ဆုတောင်းခဲ့ဖူးပါ
သည်။
ယခုဆိုရင် ကျွန်တော့်သမီးနှစ်ယောက်လုံးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါပြီ။ သို့သော်လည်း
လူတိုင်းကြုံတွေ့ခံစားနေရသည့် အခက်အခဲတွေ၊ ဒုက္ခတွေကတော့ရှိနေဆဲပါပဲ။ ဒါပေမယ့်
ကျွန်တော့်ဘ၀အတွက် အဖိုးမဖြတ်နိုင်လောက်အောင် ကြီးမားတဲ့ အသိတရားတစ်ခုကို ဒုက္ခ
တွေ ကြားထဲကနေရလိုက်ပါသည်။ ကျွန်တော်ဒုက္ခရောက်နေချိန်မှာ အသိတစ်ယောက်က
လက်ဆောင်အဖြစ်ပေးတဲ့ စာအုပ်တွေထဲက စာအုပ်ကောင်းတစ်အုပ်ကိုဖတ်ဖြစ်ခဲ့သည်။
စာအုပ်နာမည်က " နယ်စပ်လမ်းက ပန်းကလေးများနှင့် အခြားစာစုများ" ။ ရေးသူက ခိုင်မာ
ကျော်ဇော။ ထိုင်းမြန်မာနယ်စပ်တလျှောက်မှာ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသား ကလေး
ငယ်တွေရဲ့ဘ၀ကို ရေးဖွဲ့ထားတာပါ။ စာရေးသူရဲ့စေတနာနဲ့ ရင်နင့်အောင်ကြေကွဲစရာ
ကောင်းတဲ့ နယ်စပ်က ကလေးငယ်တွေရဲ့ဖြစ်ရပ်မှန်ဘ၀တို့ ပေါင်းစပ်ပြီးရေးဖွဲ့ထားတာ
ကြောင့် စာအုပ်ထဲမှာပါတဲ့ကလေးတွေကိုသနားလွန်းလို့ စာဖတ်ရင်းမျက်ရည်တောင်ကျခဲ့ရ
ပါသည်။
စာသင်ခန်းဆိုတာ လုံးသလား၊ ပြားသလား လုံးဝမသိတဲ့ကလေးတွေ၊ သေနတ်သံကြားရင်
မွေးရာပါအလေ့အထလိုဖြစ်နေပြီး အငိုတိတ်တဲ့ကလေးတွေ၊ သစ်ဥသစ်ဖုတွေကိုလနဲ့ချီပြီး
စားသုံးနေရတဲ့ကလေးတွေ၊ ဗုံးကျင်းထဲမှာ အမိရောအဖပါ ဆုံးသွားခဲ့ပေမယ့် " အမေထ
တော့၊ အဖေထတော့" လို့ လှုပ်နှိုးကာ မိဘနေလို့သေမှန်းမသိတဲ့ကလေးတွေ၊ ကျွန်တော်
တို့နိုင်ငံထဲမှာ ထောင်ပေါင်းများစွာရှိနေတယ်ဆိုတာကို ကျွန်မမိတ်ဆွေသိအောင် အချိန်ယူ
ပြီးပြောပြရဦးမည်လို့ အစချီထားသည်။
သည့်အပြင်" စစ်တိုက်တမ်းကစားတာကိုကျွန်တော်တို့ပျော်တယ်။ ရေကူးတာလည်း ကျွန်
တော်တို့အတွက် ကျွန်တော်တို့အတွက် ပျော်စရာပါ။ မပျောတာက ပုန်းခိုနေရတဲ့ ရက်တွေ
ပါပဲ။ ကလေးတွေက စာအုပ်တအုပ်တည်းကို ကြီးကြီးငယ်ငယ် အတူတူသင်ကြသလို စာမေး
ပွဲဆိုတာလည်းမရှိ၊ အောင်တယ်၊ ကျတယ်ဆိုတာလည်းမရှိ၊၊ ဒီလို ဖရိုဖရဲကျောင်းလေးတွေနဲ့
ဖတ်စာအုပ်တအုပ်တည်းကို အသက်ကြီးကြီး ငယ်ငယ် သင်နေရပြီး စာအုပ်၊ ခဲတံပေတံဆို
တာတခါမှမမြင်ရ၊ မကိုင်ရတဲ့ကလေးတွေ၊ ၀ါးပိုးဝါးခြမ်းကြီးတွေကိုသာ ကျောက်သင်ပုန်းကြီး
တွေလို့သိထားတဲ့ ကလေးတွေ၊ စစ်တိုက်တမ်း၊ သေနတ်ပစ်တမ်းကလွဲလို့ တခြားကစားနည်း
တွေကို တကြိမ်တစ်ခါမှ မမြင်ဘူး၊ မတွေ့ဘူးတဲ့ကလေးတွေ မြန်မာနိုင်ငံနယ်စပ်တလျှောက်
မှာ ထောင်ပေါင်းများစွာရှိနေတယ်ဆို ကျွန်မမိတ်ဆွေသိပါစ" လို့ စာရေးသူက ကလေးငယ်
တွေရဲ့ဘ၀အစုံကို ရေးသားထားပါသည်။
မိဘမဲ့ကျောင်းကို သွားရောက်လေ့လာစဉ်က မိမိရဲ့ခံစားချက်ကို စာရေးသူမှ ယခုလိုရေးထား
ပါသည်။ " မေမေရေ သမီးလေးကိုနမ်းပါ၊၊ ဖေဖေရေသမီးလေးကိုနမ်းပါ။ မေမေရောဖေဖေပါ
သမီးလေးကိုချစ်ပါနော်"လို့ အဓိပ္ပါယ်ရတဲ့ ကရင်ကဗျာလေးတစ်ပိုဒ်ဟာ ကျွန်တော်ရင်ထဲကို
ရင့်ရင့်သီးသီးဝင်ရောက်လာပါတော့သည်။ "သမီးလေးရဲ့ အဖေနဲ့အမေဟာ သဘောထားချင်း
မတိုက်ဆိုင်လို့ကွဲကွာနေတာ တစ်နှစ်ကျော်ကြာပါပြီ။ အထီးကျန်ဖြစ်နေတဲ့ သမီးလေးမှာ ဆွေ
မျိုးနီးစပ်တွေရှိကြပေမယ့် ကလေးကို ကြည့်ရှုစောင့်ရှောက်ဖို့အထိတော့ မပြေလည်ကြဘူး"
လို့ ကျောင်းရဲ့တာဝန်ရှိသူမှ ရှင်းလင်းပြောကြားတာကိုပါ ထည့်သွင်းရေးသားထားပါသည်။
အမှိုက်ပုံ၊ အမှိုက်ပုံးများမှ စွန့်ပစ်ပစ္စည်းများဖြင့် တစ်နေ့စာ ၀မ်းရေးဖြေရှင်းနေရသည့် က
လေးငယ်များလည်းထိုင်နိုင်ငံအတွင်းမှာ တွေ့နိုင်ပါသည်။ မိသားစုဝမ်းရေးပြဿနာကို ဒူး
ယားစီးကရက်ရောင်းကာ တဘက်တလှမ်းမှ ၀င်ငွေရှာနေရသော ကျောင်းနေအရွယ်ကလေး
များကိုလည်း မဲဆောက်၊ မြ၀တီကမ်းနားတွင် မြင်တွေ့နိုင်ပါသည်။ အရွယ်မရောက်သေးပဲ
ရုန်းကန်နေရသည့်ကလေးငယ်များနှင့် တွေ့ဆုံကာ မေးမြန်းထားသည်များကိုလည်း ထည့်
သွင်းရေးသားထားပါသေးသည်။
" ဒီလိုနေ့တွေဆို အမေနဲ့ညီလေး၊ ညီမလေးတွေက တမျှော်မျှော်နဲ့။ အမေကတော့ထိုင်းရဲ
တွေဖမ်းလို့ အချုပ်ထဲရောက်နေမှာကို စိတ်ပူနေတယ်။ ညီလေးတွေ၊ ညီမလေးတွေကတော့
ကျွန်တော်ဝယ်လာမယ့်မုန့်ကို တမျှော်မျှော်နဲ့စောင့်နေကြတာ။ အဆင်မပြေတဲ့နေ့တွေဆို
ကျွန်တော် အိမ်ပြန်နောက်ကျတတ်တယ်"။
" ကျွန်တော်ကျောင်းအရမ်းနေချင်ပါတယ်။ ကျွန်တော်တို့အရွယ်ထိုင်းကျောင်းသားလေးတွေ
ကျောင်းဝတ်စုံလေးဝတ်၊ ခြေစွပ်နဲ့ဖိနပ်ကို ကျကျနနစီး ကျောပိုးအိတ်ကလေးတွေလွယ်ပြီး
ကျောင်းသွားတာကိုမြင်ရတိုင်း ကျွန်တော်လည်း ကျောင်းသားတစ်ဦးဖြစ်ချင်တယ်။ ဒါပေ
မယ့် ကျွန်တော်တခါမှ ကျောင်းမနေရသေးဘူး" ဒါကတော့ ငါးဂိုထောင်ကြီးတစ်ခုမှာ အလုပ်
လုပ်နေတဲ့ ၁၂နှစ်အရွယ် ကောင်ကလေးတစ်ဦးရဲ့ သူ့ရင်ထဲက ဆန္ဒတွေပါ။
ရွာကလေးကိုမီးရှို့ဖျက်ဆီးလို့ တဲပုန်းလေးနဲ့ နေရရုံမက အသက်အန္တရာယ်ကြောင့် အသက်
လုပြီး ထွက်ပြေးခဲ့ရတဲ့မိသားစုလေးရဲ့အဖြစ်ကလည်း ကြေကွဲစရာပါ။ အသက်လုပြေးခဲ့ရတာ
မို့ သူတိှု့မှာ အ၀တ်တစ်ထည်ကိုယ်တစ်ခုသာ ပါလာရှာသည်။ အသက်ရှင်နိုင်ဖို့အတွက် ညမှာ
ထွက်ပြီး ကြွေဥတွေကိုတူးစားရပါသည်။ နေစဉ်ရက်ဆက် ကြွေဥတွေကို တူးစားနေရတော့
သူတို့ရဲ့ တစ်ဦးတည်းသောသားက " ထ္မင်းစားချင်တယ် အဖေရယ်" လို့ပူဆာသည်။ မိဘနှစ်
ပါးက ဒုက္ခသည်စခန်းရောက်ရင် သားကို ထ္မင်းလည်းကျွေးမယ်။ မုန့်တွေလည်းကျွေးပါ့မယ်လို့
ချော့ပါသည်။
အလွန်အေးတဲ့ဒီဇင်္ဘာဆောင်းတစ်ညမှာ သူတို့သားလေးဟာ အဖျားတက်လာပါသည်။ ခြေ
ဖျား၊ လက်ဖျားတွေအေးစက်လာပြီး နှုတ်ခမ်းတွေပြာနေတဲ့သားလေးအတွက် မီးလေးတစ်ပုံ
ဖိုပေးဖို့ ကြိုးပမ်းခဲ့ပါသည်။ မီးဖိုလို့မီးခိုးတွေထွက်ရင် သူတို့နေရာကို ရန်သူတွေသိသွားမယ်။
ဒီလိုသိသွားရင် အတူနေတဲ့ ဘ၀တူမိသားစုတွေအတွက်လည်း အန္တရာယ်ရှိမှာဖြစ်တဲ့အတွက်
သားအတွက်မီးလေးတစ်ပုံဖိုပေးဖို့ အခွင့်အရေးကို လက်လွတ်ခဲ့ရသည်။ နောက်တနေ့မနက်
မှာတော့အ သက်မဲ့နေတဲ့ သားလေးရဲ့အလောင်းကို ၀ါးရုံပင်လေးတစ်ပင်အောက်မှာ မြှပ်နှံ
ထားရစ်ခဲ့ပါတော့သည်။
သစ်ပင်ကိုမှီရင်း ကလေးငယ်ကိုနို့တိုက်နေစဉ် ပေါင်ကိုသေနတ်မှန်ကာ သွေးထွက်လွန်ပြီး
သေဆုံးနေတဲ့မိခင်ကို တစ်ရက်လောက်ကြာလို့ ရွာသားတွေရှာတွေ့လိုက်ချိန်မှာ သမီးငယ်
လေးကတော့ အမေနို့ကို အငမ်းမရတွယ်ဖက်စို့နေတုန်းပါပဲ။ သမီးလေးရဲ့ငိုရှိုက်သံကို သေ
ဆုံးသွားတဲ့မိခင်နှင့်အတူ မတရားဖမ်းဆီးခံခဲ့ရတဲ့ ဖခင်ပါကြားနိုင်လိမ့်မည်မဟုတ်ပါ။ ဒီမြင်
ကွင်းသာ ကျွန်တော်တို့အားလုံးမျက်ဝါးထင်ထင်မြင်တွေ့ရမယ်ဆိုပါလျှင်...။
စာအုပ်ကပါးပါးလေးပါ။ မှတ်တမ်းဓါတ်ပုံတွေကိုပါ ထည့်သွင်းထားပါသည်။ ယခု ကျွန်တော်
တင်ပြခဲ့သည်တို့မှာ စာအုပ်မှ ကောက်နှုတ်ချက်အချို့သာဖြစ်ပါသည်။ သို့ပေမယ့် စာဖတ်
သူရဲ့မေတ္တာအတိမ်အနက်ပေါ်မူတည်ပြီး ရေးသားခဲ့ပြီးသော ဖြစ်စဉ်တွေအပေါ်မှာ စာနာမှု၊
ကြေကွဲမှု၊ နာကြဉ်းမှုတို့ရဲ့ထုထည်အတိုင်းအဆသည်ကား ပမာဏအမျိုးမျိုးဖြင့် ကျန်ရစ်ခဲ့
လိမ့်မည်အမှန်ပါ။ နယ်စပ်က ကလေးငယ်တွေရဲ့ဘ၀ဟာ သနားစရာကောင်းလွန်းလှပါ
သည်။
လွန်ခဲ့သောသုံးနှစ် ခွဲစိတ်ခန်းရှေ့ဧည့်ခန်းက ခုံရှည်ပေါ်မှာ လူ့လောကထဲကိုရောက်လာမယ့်
ကျွန်တော့်သမီးလေးရဲ့အနာဂတ်ဘ၀ သာယာဖြောင့်ဖြူးပါစေလို့ဆုတောင်းနေစဉ်မှာ မိဘမဲ့
ဖြစ်သွားရှာတဲ့ ကလေးတွေ၊ အသက်ရှင်နိုင်ရေးအတွက် သစ်ဥသစ်ဖုတွေကိုသာ စားသုံးနေရ
တဲ့ကလေးတွေ၊ ပြေးလွှားရှောင်တိမ်းနေရတဲ့ မြန်မာပြည်နယ်စပ်တလျှောက်က ကလေးတွေ
အတွက် ကျွန်တော် ဘာဆုမှမတောင်းမိခဲ့ဘူး။
ကျွန်တော်တို့ဟာ ကျွန်တော်တို့ကြုံတွေ့ခံစားနေတာကိုမှ ဒုက္ခလို့ထင်မှတ်နေကြသည်။ ကျွန်
တော်တို့ဘ၀မြင့်နေချိန်မှာ နိမ့်ပါးသူတွေရဲ့ဒုက္ခကို မမြင်တတ်၊ မသိတတ်ကြသော်လည်း
ကိုယ်အခက်အခဲကြုံတာလောက်ကိုတော့ ဒုက္ခလို့စာလုံးကြီးကြီးရေးပြီး လူတိုင်းကို မြင်စေချင်
ကြသည်။ သိစေချင်ကြသည်။
တကယ်တမ်းမှာတော့ ကျွန်တော်တို့ဟာ စနစ်တစ်ခု၏သားကောင်တွေသာဖြစ်ပြီး စစ်မှန်တဲ့
သုခဘုံတစ်ခုဆီသို့လျှောက်လှမ်းနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့အတ္တတွေကို လျော့ချဖို့အချိန်
တန်နေပြီဖြစ်ကြောင်းပြောကြားရင်း ခွဲစိတ်ခန်းရှေ့ဧည့်ခန်းက ခုံရှည်ပေါ်မှာထိုင်ရင်းလူ့လော
ကထဲကိုရောက်လာမယ့် ကျွန်တော့်သမီးကလေးနှင့်တကွ နယ်စပ်ဒေသကလေးများအပါအ
ဝင် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးရဲ့ဘ၀တွေ သာယာဖြောင့်ဖြူးပါစေလို့ ဆုမွန်ကောင်း
တောင်းလိုက်ကြောင်းပါခင်ဗျား...။
ထွန်းထွန်းနိုင်(ပျိုးခင်းလူငယ်)


ပညာခေတ်လူ့အဖွဲ့အစည်း

“ရောဘတ်ရူးလား”ဆိုသော စာရေးဆရာကြီးက “လူများသည် အာလူးနှင့်တူကြသည်”ဟုဆို

ပါသည်။ မည့်သည့်အတွက် အားလူးနှင့်လူကို ဆက်စပ်၍ နှိုင်းယှဉ်မှုပြုထားရကြောင်းကို သူ

ကယခုကဲ့သို့ ရှင်းပြထားခဲ့ပါသည်။


“အိုင်ဒါဟိုး”ဆိုသော ဒေသတခုတွင် နေထိုင်ကြသော ယာသမားတို့သည် အာလူးစိုက်ကြ

သည်။ အချိန်တန်၍ အာလူးအများဖော်ကြသည့်အခါ တော်လေးဦးနှောက်ခြောက်စရာ

ကောင်းသည့် အလုပ်တခုကို လုပ်ကြရသည်ဟုဆို၏။ ထိုအလုပ်မှာ ဖော်ထားသောအာလူး

များကို အကြီး၊ အလတ်၊ အသေးခွဲခြားရွေးချယ်ပြီး တောင်းသုံးတောင်းထဲထည့်ရခြင်းဖြစ်

သည်။


ယာသမားများအဖို့ အာလူးစိုက်ရခြင်းမှာ သူတို့အတွက် ဘာမှအပန်းမကြီးသော်လည်း

အားလူးတစ်လုံးကိုကိုင်ပြီး ဟိုတောင်းထဲထည့်ရကောင်းနိုးနိုး၊ ဒီတောင်းထဲထည့်ရကောင်း

နိုးနိုးဟု စဉ်းစားဝေဖန်ရသောအလုပ်ကိုမူ သူတို့အတော်လေးကြောက်ကြပါသည်။ သို့သော်

လည်းထိုအလုပ်ကို မလုပ်ချင်ဘဲနှင့် လုပ်နေကြရပါသည်။ မြို့ကဒိုင်သို့ အာလူးများသွားရောင်း

သောအခါ သောင်းပြောင်းရောပြီး ရောင်း၍မရ။ ဒိုင်ကသုံးမျိုးသွင်းမှလက်ခံသည်။


ထိုကဲ့သို့ ခွဲခြား၍ ဒိုင်ကလက်ခံရာ၌လည်း ဈေးသုံးမျိုးပေးပါသည်။ အကြီးဆုံးအာလူးက ဈေး
အ ကောင်းဆုံးရသည်။ ထို့ကြောင့်အာလူးစိုက်သောယာသမားတို့မှာ မလွှဲသာမရှောင်သာ
တော့ပဲ အာလူးများကို အကြီး၊ အလတ်၊ အသေးရွေး၍ အိတ်များထဲသို့ သီးခြားခွဲထည့်ရသော
အလုပ်ကို စိတ်အပင်ပန်းခံ၍လုပ်ဆောင်နေကြရပါတော့သည်။


“အိုင်ဒါဟိုး”ရှိယာသမားများထဲမှ တစ်ယောက်မှာမူထူးခြားသည်။ သူကအာလူးများကို အကြီး၊

အလတ်၊ အသေး ဘာမှခွဲခြားခြင်းမရှိ။ ဘာအိတ်နှင့်မှလည်းမသွတ်။ တွေ့သမျှအားလုံးကို

လည်း နှင့်တိုက်သွားပြီး မြို့ပေါ်ရှိ ဒိုင်ရောက်သောအခါကျမှသာ အိတ်တွေထဲ ခတ်မြန်မြန်

ထည့်ပြီး သွားရောင်းတတ်သည်။ ဒိုင်ကလည်း သူ၏အိတ်များကိုလက်ခံ၏။


ထိုကိစ္စနှင့်ပတ်သက်၍ အခြားယာသမားတို့မှာ နားမလည်နိုင်အောင်ဖြစ်ကုန်ကြပါသည်။

မည်ကဲ့သို့အတတ်ပညာနည်းလမ်းများရှိလေသနည်းဟုလည်း သိချင်နေကြသည်။ တစ်နေ့

တွင် မနေနိုင်သော ယာသမားတဦးက ဖွင့်၍မေးမြန်းခြင်းပြုသောအခါမှ ထိုပုဂ္ဂိုလ်ရှင်းပြပုံ

မှာ…။ “လွယ်ပါတယ်ဗျာ မြို့တက်တော့မယ်ဆိုရင် ဖော်ထားတဲ့အာလူးတွေအားလုံး ဘာမှမ

ရွေးတောပဲ လှည်းထဲအားလုံးသွန်ထည့်လိုက်။ ပြီးရင် မြို့ပေါ်တက်တဲ့လမ်းတွေထဲက အကြမ်း

ဆုံးဖြစ်တဲ့လမ်းမပေါ် လှည်းကိုမောင်းချသွားလိုက်တာပဲ”။ ကျွန်တော့်ယာခင်းက မြို့နဲ့ရှစ်မိုင်

လောက်ဝေးတယ်ဆိုတော့ လမ်းတလျှောက်လုံးမှာ လှည်းကလှုပ်ရင်း၊ ဆောင့်ရင်းနဲ့ အသေး

ဆုံးအာလူးတွေက တဖြည်းဖြည်းအောက်ဆုံးထိ ဆင်းသွားကုန်ပြီး၊ အရွယ်လတ်တွေကအ

လယ် မှာရောက်ရောပေါ့၊ အကြီးဆုံးအာလူးတွေကတော့ ထိပ်ဆုံးတက်လာကြတော့တာပေါ့။


“အဲ…မြို့ပေါ်ရောက်တဲ့အခါကျတော့ အာလူးတွေဟာ အကြီး၊ အလတ်၊ အသေး သုံးလွှာဆင့်

ထားသလိုဖြစ်နေတော့ တစ်လွှာစီကဲ့ပြီး အိတ်တွေထဲသွတ်လိုက်တဲ့အခါ တစ်လုံးချင်းရွေးထား

သူတွေနဲ့ ဘာမှမကွာပဲ အလွယ်တကူရောင်းနိုင်တာပေါ့ဗျာ” ဟူသတဲ့။

ကြမ်းတမ်းသည့်ခရောင်း လမ်းတွင်မောင်းလိုက်သည့်အခါ အညံ့ဆုံးအသေးဆုံးအာလူးတို့
သည် အောက်ဆုံးရောက်သွားကာ အကြီးဆုံးအကောင်းဆုံးများသည် ထိပ်ဆုံးတက်လာဘိ
သကဲ့သို့ အခက်အခဲအကျပ်အတည်းတွေ၊ လောကဓံလှိုင်းဂရက်တွေကြား၌ အတန်ကြာဖြတ်
သန်းနိုင်ဖို့အတွက် ပညာ၊ ဇွဲနှင့်စိတ်အားထက်သန်မှုဆိုသည့် အခံမရှိသော လူညံ့လူဖျင်းတို့
သည် အာလူး ညံ့များကဲ့သို့အောက်ဆုံးရောက်သွားမည်သာဖြစ်သည်။ ထိုနည်းတူ အတတ်ပ
ညာ၊ အသိပ်ညာရှိ အရည်အချင်းရှိသူတို့သည် အောင်မြင်ကြီးမားသည့် အာလူးကြီးများကဲ့သို့
ထိပ်ဆုံးတက်လာမည်ဖြစ်သည်။


ယနေ့ခေတ်သည် ပညာကိုဦးထိပ်ထားသော ပညာခေတ်ပင်ဖြစ်သည်။ ယနေ့၂၁ရာစုခေတ်ကို
ပညာလူ့အဖွဲ့အစည်းခေတ်ဟုလည်း ခေါ်နိုင်ပါသည်။ လူမှု့ရေး၊ စီးပွားရေး၊ နိုင်ငံရေးစသည့်
နယ်ပယ်အားလုံးတို့၌ (ယနေ့သည်) ပညာကိုသာ အရင်းတည်အသုံးချသောခေတ်ဖြစ်နေပါပြီ။
ထို့ကြောင့် “ပညာခေတ်” ကိုကြည်လင်ပြတ်သားစွာလိုက်ပြီး မြင်နိုင်ဖို့လည်းလိုအပ်သည်။


ခေတ်နောက်ကျန်ခဲ့ပြီဖြစ်သော လက်နက်အင်အားကောင်းမှ၊ မြေပေါ်မြေအောက် သယံဇာ

တကြွယ်ဝမှာတိုးတက်မည်ဆိုသည့်အမြင်များ ပြောင်းပစ်၊ ပယ်ပစ်ရန် မလွဲမသွေ လိုအပ်နေ

ပါသည်။ ကမ္ဘာတွင် “ပညာသည် တန်ခိုး” ဆိုသောခေတ်ရောက်နေကြောင်းလည်း သိဖို့လို

သည်။လက်ရုံးသည်တန်ခိုး၊ ဥစ္စာဓနသည်တန်ခိုးဆိုသောခေတ်သည် ဆိပ်သုန်းခဲ့ပါပြီ။ ထို့အ

ပြင်၎င်းတို့သည် အာလူးညံ့များကဲ့သို့ တဖြည်းဖြည်းအောက်ရောက်သွားရန်သာရှိပေသည်။


ပညာခေတ်ဆိုသည့်နေရာ၌ ခေတ်နောက်တွင်ကျန်ခဲ့သော “နည်းပညာ” အဟောင်းများကိုပါ

စွန့်တန်စွန့်ရပေလိမ့်မည်။ ခေတ်မှီ၍ အဆင့်မြင့်သောနည်းပညာသစ် “Hi-Tech” များကို သိရှိ

တတ်ကျွမ်းရန်လည်းလိုပါသည်။ သို့မှသာပညာခေတ် လူ့အဖွဲ့အစည်းထဲသို့ လှမ်းဝင်နိုင်မည်

ဖြစ်သည်။ ပညာလူ့အဖွဲ့အစည်းဆိုသည်မှာ တတ်ကျွမ်းနားလည်သောသူများက စီမံသော

ခေတ်(meritocracy) ပင်ဖြစ်ပါသည်။

ထိုကဲ့သို့တတ်ကျွမ်းနားလည်သူများက စီမံခန့်ခွဲသောခေတ်ထဲသို့ ပညာမတတ်ပဲနှင့်လှမ်းဝင်

လာခဲ့ပါက

“ပညာလွတ်ကင်း၊ မတတ်လျင်းမူ
ဟင်္သာဘောင်ဝယ်၊ ဥဗျိုင်းနှယ်သို့
ပွဲလယ်မတင့်”
ဆိုသောအဖြစ်မျိုးနှင့် မလွှဲမသွေ ကြုံတွေ့ရပါလိမ့်မည်။ ထို့ကြောင့်လူ့အောက်တန်းကျသည့်
လူ့အာလူးညံ့ဘ၀မျိုးသို့ မရောက်အောင် လူငယ်များ စွမ်းဆောင်နိုင်ကြပါစေ။

(သိုက်ထွန်း)

ဝန်ခံချက်။ ။ ဒေါက်တာမောင်သင်း၏ တိုးတက်ခြင်းဆောင်းပါးနှင့် ဆရာဖေမြင့်၏
စာဖတ်သမား၏မှတ်စုစာအုပ်များမှ ထုတ်နှုတ်ကိုးကားပါသည်။Type the

Friday, August 22, 2008

သူတို့တွေ ဘာတွေလဲ

ဒီမိုကရေစီစနစ်မှာ ပြည်သူကရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူကိုယ်စားလှယ်တွေသည်
အဲဒီပြည်သူကို အုပ်ချုပ်မည့် အစိုးရဖြစ်မည်ဆိုလျှင်....
အဲဒီအစိုးရဖြစ်လာမယ့် ပြည်သူ့ကိုယ်စားလှယ်တွေကို နှောင့်ယှက်နေတဲ့
ယနေ့စစ်အုပ်စုဝင်တွေနဲ့ အပေါင်းအပါတွေ ဟာ ဘာတွေဖြစ်မလဲ ...?
သောင်းကျန်းသူ အဖျက်သမား အဆိုးမြင်ဝါဒီ တွေလား....?

Tuesday, August 19, 2008

Video

Type the rest of your post here.


Attitude of Pyoe Khinn about Nargis Cyclone











Type the rest of your post here.

Activites for Refugees Education


























Type the rest of your post here.

Free of Charge Information Technology Class













Type the rest of your post here.

Electronics & Electrical Class












Type the rest of your post here.

Free of Charge Computer Class














Type the rest of your post here.

Free of Charge English Speaking Class







Type the rest of your post here.

ပြည့်ရှင်သူခိုး

ပြည်သူ့ရိက္ခာ ဖြည့်တင်းပေးရှာ
မှန်ကန်ရိုးသား လယ်သမားများ

ဝမ်းစာစပါး မဆိုထားနှင့်

ဆပ်ရန်အကြွေး မကျေသေး၍

ကြွေးသစ်ကြွေးဟောင်း နှစ်ခုပေါင်းလျှင်

ထွက်လာစပါး ကျေပါ့မလား

နောင်လာမည့်ဘေး ရတက်မအေး

ဆပ်ရန်အကြွေး ကျေဖို့အရေး

ဆန်ပြုတ်နဲ့လွေး။

လက်လုပ်လက်စား အလုပ်သမား

နေ့စဉ်ဆတိုး ကုန်ဈေးနှုန်းကို

ရင်ဆိုင်ကျော်လွှား မတတ်အား၍

ပြုတ်ရင်းမနပ် လုပ်ရင်းနဲ့ငတ်။

ကြုံရဆုံရ ဒီဘ၀မှာ

အတိတ်ကကံ ဖန်လေရော့လား

တမြေတည်းနေ တရေထဲသောက်

အာဏာပိုင်စိုး ပြည့်ရှင်သူခိုး

ရန်းကားသည့်ဒဏ် တို့ပြည်သူခံ။ ။


(မောင်စနေ)

ရှစ်လေးလုံးအဓိဌာန်

တို့ပြည်သူကို

နှိပ်စက်ကလူ
ပြုလာသူအား
တွန်းလှန်မြစ်ဖြုတ်

တိုက်ထုတ်ပစ်မည် ရှေသို့ချီ။ ။

တို့ပြည်သူတွက် ၀မ်းစာခက်ရင်

ငါတို့ခန္ဓာ

ပြည့်ဝမ်းစာဟေ့
ပြည်သူ့တွက်ရေ

တို့သွေးပေဟု

ခိုင်ကြည်မြင့်မြတ်

တို့စိတ်ဓါတ်ကို

သော့ခတ်ထားလို့မရနိုင်။ ။


(တာတေ)Type the rest of your post here.

ဖယောင်းတိုင်နှင့်လူငယ်

ဖယောင်းတိုင်ငယ်
သေးသွယ်ရယ်ဟု
မထီမဲမြင်
အတွေးဝင်ရင်ကွယ်
မှားလေမယ်…
မည်သို့မည်မျှ
သေးသွယ်လှလည်း
အမှောင်ထုပိတ်ဖုန်း
ဂူတလုံးသို့
လင်းရောင်ချယ်
ငါတို့ပြည်ဝယ်။
တဂူမှာလည်း
များစွာအမှောင်
ပျောက်ကွယ်အောင်သို့
လမ်းပြကြယ်သဖွယ်။
ဖယောင်းတိုင်ငယ်များမှ
အမှောင်ထုကိုဘေးဖယ်
အလင်းရောင်သို့ရောက်စေကွယ်။
ဟေး…ဖယောင်းတိုင်ငယ်
မည်မျှခရီးကြမ်း
ခက်ထန်ပန်းလည်း
အားမလျှော့နှင့်
လျှောက်လေကွယ်
ဟေး…ဖယောင်းတိုင်ငယ်
ငါတို့ရဲ့မျှော်လင့်ချက်ကြီး
လမ်းဆုံခရီးသည်
ဖယောင်းတိုင်များစုစည်း
အပြုံးခရီးနှင့်
အမှောင်ထုပျောက်
အလင်းသို့ရောက်အောင်
ပေါင်းစည်းခြင်းနှင့်
ခရီးနှင်မည်
နောက်ဆုံးရလဒ်
အလင်းရောင်ခြည်သို့ဆီ။ ။

(မောင်ဖုန်း) post here.

ပျိုးခင်းလူငယ်အဖွဲ့


ပျိုး
ထောင်ပေးချင်သူတွေရဲ့ စေတနာနဲ့
ခင်းခင်းကျင်းကျင်းဖြစ်ပြီး လမ်းလို
လူသားအရင်းအမြစ်တွေဖွံ့ဖြိုးဖို့
ငယရွယ်နုနယ်သူတို့ရဲ့ အားမာန်တွေရင်းပြီး
ကိုညီရင်းတွေလို
ဖွဲ့စည်းခဲ့ကြပြီ။
လူငယ်ဆိုတာ အနာတ်အတွက် အဖူးအငုံတွေဖြစ်တယ်
လူငယ့်အားမာန်တွေဟာ တိုင်းပြည်ရဲ့သွေတွေဖြစ်တယ်
လူငယ်တွေရဲရင့်ကြ
ပညာရည်ဖြည့်တင်းကြ
သူ့အောက်မှာနေကြရပေမယ့်
တိတ်ဆိတ်စွာမာန်တင်း
ဆိတ်ငြိမ်စွာအားမွေးပြီး
တို့မိုးတွေပြန်ရွာမယ့်တနေ့
တို့တာဝန်တွေကျေကြစေ့မယ်။ ။

ညီညီ(ဘူမိ)Type the rest of your post here.

Sunday, August 17, 2008

“ လွမ်း...လွမ်းမိသေးတော့...”

တစ်လောက အမေ့ရွာကိုဖုန်းဆက်ဖြစ်သည်။ အိမ်နှင့်စကားမပြောဖြစ်တာကြာပီ။ အိမ်ကလဲ
မျှော် ရော့မည်။ မလေးရှား မှာ (၁၂)နာရီထိုးပြီ။ ရန်ကုန်မှာတော့ ဆယ် နာရီခွဲပဲရှိသေးသည်
ဟူသော အတွေးနှင့်...။ တစ်ဖက်မှဖုန်းလာကိုင်သူက သား တော်မောင်ဖြစ်နေ၏၊ အိမ်သား
တွေကိုမေးတော့ အိပ်ကုန်ကြပြီဟုပြောသည်။ သားနှင့်ပဲစကားပြောဖြစ်သည်။ သားတော်
မောင်အသံက သြသြကြီးဖြစ်နေသည်။ အော်...ဆယ်တန်းတက်နေသော လူပျိုကြီးဖားဖား
တစ်ဦးဖြစ်နေပြီပဲ...သည်လောက်တော့ ရှိမည်ပေါ့လေ...

သူတို့ပညာရေးစနစ်က ကိုယ့်တုန်းကလိုမဟုတ်တော့ လက်ရှိအခြေအနေကို မေးမိသည်။

စာတွေလိုက်နိုင်ရဲ့လားလို့ မေးမိသည်။ လိုက်နိုင်ပါသည်ဟု ပြန်ဖြေသံကြားရ၏။ မိမိရင်ထဲ

စိတ်အေးသွားရသည်။ ဟုတ်သည်...သားကိုစာကိုဂရုစိုက်သည်။ ကင်းကွာခဲ့တာ ငါးနှစ်ခန့်

ရှိပြီမို့ လက်တလောအခြေအနေကို သိချင်သည်ကအမှန်။ သားကနှစ်တိုင်းအတန်းထဲမှာ

အဆင့်တစ်မှခုနှစ် အမြဲဝင် သူမို့ သောကမဖြစ်မိပါ။ ကျူရှင်ရောတက်သေးလားဟု မေးမိသော

အခါ...“သားကခြောက်ဘာသာ ကျူရှင်ယူထားတယ်”ဟုပြောသည်။ “တစ်ဘာသာကို ငွေ

လေးထောင်”ဟုပြော၏။ တစ်ဘာသာလေးထောင် ခြောက်ဘာသာဆိုလျင် နှစ်သောင်းလေး

ထောင်ဟု အလန့်တကြားရေတွက်မိသည်။ အလိုလေးလေး...ကျူရှင်စရိတ် တစ်ခုတည်းပင်

လျှင် နှစ်သောင်းလေးထောင် .... အ၀တ်အစားဖိုး ၊မုန့်ဖိုး ၊ဖိနပ်ဖိုး မပါသေး။ စေ့စေ့ပေါက်

ပေါက် ရေမွေး ၊၀ါကင်းရူး ဆိုသောတစ်ကိုယ်ရည် အသုံးအဆောင်ဖိုးမပါသေး။ အိမ်နှင့်နဲနဲဝေး

ရင် ဘတ်(စ်ကားခရှိဦးမည်။ ဗိုက်ဆာလျှင် လ္ဘက်ရည်ဖိုး၊ မုန့်ဟင်းခါးဖိုး ထည့်မတွက်ထား

သေး။ (မိမိနှင့်ကင်းကွာနေတာ ကြာပြီမို့ ယခုဆေးလိပ်သောက်တက်နေပြီလား လုံးဝမသိ...)

ရှိလျှင်ဘာဖိုး ညာဖိုးတွေတွက်ရင်း တစ်နှစ်တစ်နှစ်ဆိုလျှင် ဆိုသောအချိန်ကို စိတ်ထဲမှ စိတ်

တွက်တွက်ကြည့်မိရာ...ရင်မောရုံမက တစ်ကိုယ်လုံး မောသွားသည်။

ခေတ်ပျက်စနစ်ပျက်ကြီးထဲ လူဖြစ်လာကြသော သားတို့မျိုးဆက်ရှေ့ရေးကိုတွေးကာ ပညာ

တွေတက်ပြီး ဘာမှသုံးမရသော လူတစ်ဦးဖြစ်လာမည်ကို တွေးလို့စိုးရိမ်မိသည်။ အို... မိမိ

ရောဘာထူးလို့လဲ ဒီခေတ် ဒီစနစ်ကြီးထဲ မွေးခဲ့သည်။ အိမ်စောင့်အစိုးရ အာဏာသိမ်းပြီး မ

ရှေးမနှောင်း မိမိလူဖြစ်လာခဲ့သည်ပဲ...။ မိမိကိုယ်တိုင် ဘာအသုံးကျခဲ့သည်လဲ... တစ်နေရာ

မှမရှိ ၊ တစ်ခုတော့ရှိသည် ပန်းချီပညာလေး မတောက်တခေါက်ဖြင့်... မိမိမိသားစုကို တစ်

ဖက်တစ်လှမ်းမှ ပံ့ပိုးပေးခဲ့ဖူးသည်။ ဒါကလွဲလို့..လွဲလို့ပေါ့လေ... မှတ်မှတ်ရရ အစိုးရ၏ လှည့်

လုံး ပတ်လုံးတွေထဲမှ တစ်ခုဖြစ်သော တရုတ်အရေးအခင်းကိုပင် တစ်စွန်းတစ်စ မြင်လိုက်ရ

သေးသည်။ တရုတ်ဆိုင်တွေဖျက်ဆီးရိုက်ချိုး လမ်းမပေါ်ပစ္စည်းတွေ ပြန့်ကျဲတစ်ချို့ပစ္စည်းတွေ

ကို မီးပုံရှို့ကြတာ မိမိအာရုံထဲ ယခုတိုင်မြင်ယောင်ဆဲ...။

သားဖြစ်သူရဲ့ ပညာရေးနှင့်ပတ်သက်ပြီး တောင်စဉ်ရေမရ လျှောက်တွေးနေမိပြန်သည်။ မိမိ

ငယ်စဉ်ကပညာရေးကို ပြန်တွေးမိသည်။ မိမိမူလတန်းကျောင်းသားဘ၀မှာ ဂွတ္တလစ်ဦးချစ်

မောင်လမ်းမမှ ရန်ကင်းကို ပြောင်းခဲ့ရသည်။ စဉ်းစားမိသမျှ တတိယတန်းဟုထင်သည်။ ရန်

ကင်း အ.မ.က (၁၂) တွင် ပညာသင်ခဲ့ရသည်။ အုတ်နံရံကာ ကျောင်းလေးကတစ်ဆောင်

နှစ်ပေပတ်လည်သစ်သားတိုင်၊ ဓနိမိုးထရံကာ ကျောင်းကနှစ်ဆောင်...။ အိမ်နှင့်ကျောင်းက

မဝေး... မိမိနေထိုင်ရာတိုက်မှ တစ်တိုက်ကျော်လျှင် လမ်းကွေ့တစ်ခုကိုချိုး ဒါဆိုရောက်ပြီ။ ရံ

ဖန်ရံခါ ကျောင်းကိုမြင်ရရုံပင်ရှိသေး...။

ဆရာမကြီးကခေါင်းလောင်းထိုးသဖြင့် ပျက်စီးယိုယွင်းနေသော သံဆူးကြိုးဝင်းကို ခေါင်းငုံ့ဝင်
ကဗျာကရာ မိမိအခန်းကိုဖြတ်လမ်းမှ ပြေးဝင်ခဲ့ဖူးသည်လည်းရှိ၏။ ရာဇာနေ၀င်းတို့မောင်နှမ
က ကျောင်းထဲရောက်နှင့်ပြီ။ သူတို့ဖခင် ကောလိပ်ဂျင်နေ၀င်းက အော်စတင်ကားလို အနက်
ရောင် ကားတစ်စီးနှင့် ရံဖန်ရံခါ ကျောင်းလာပို့တက်၏။ ဆရာမရောက်လာတော့ မင်္ဂလာပါ
ဆရာမဟု သံပြိုင်အော်ရင်း မိမိနေရာတွင်ထိုင် ငုတ်တုတ်အားလုံး လက်အုပ်ချီ ဘုရားရှိခိုးငါး
ပါးသီလယူပြီးမှစာသင်သည်။ ပညာရေးစနစ်ထဲတွင် သိမ်မွေ့စွာယဉ်ကျေးလိမ်မာအောင် ဘာ
သာရေးကိုပါ ဦးတင်ထည့်သွင်းထားသည်။ ဒါက ကလေးဘ၀ ...။ တဖြည်းဖြည်း နှင့် အလယ်
တန်းသို့ရောက်လာသည်။ ပဉ္စမတန်းခေါ် (၅)တန်းရောက်တော့ အ.ထ.က (၁) ရန်ကင်းသို့
ပြောင်းရသည်။ ထို အ.ထ.က(၁) က (၅)တန်းမှ(၁၀)တန်းအထိ ပညာသင်ကြားပေးသည်။
ငါးတန်းမှာပင်မိမိတို့သင်ရသော သင်ရိုးများမြင့်လာသည်။ မူလတန်းတုန်းက မြန်မာစာ၊ သင်္ချာ၊
ပတ်ဝင်းကျင် သည်မျှသာရှိသေးသည်။ (၄)တန်းတွင်ပုံမှန်ဟုထင်၏။ (၅)တန်းရောက်တော့
မြန်မာစာက သုံးမျိုးခွဲလာသည်။ ပင်ရင်းစကားပြေ၊ သဒ္ဒါ၊ ကဗျာဖြစ်လာသည်။ ပတ်ဝန်းကျင်က
သိပံ္ပဖြစ်ပြီး ပထ၀ီ၊ သမိုင်းတိုးလာသည်။ ပထ၀ီ၊ သမိုင်းမှာပင် ကမ္ဘာ၊ မြန်မာ နှစ်ပိုင်းကွဲသွား
သည်။ သင်္ချာမှာလည်း ထိုနည်းလည်းကောင်းပင်.. သင်္ချာ(၁)၊ သင်္ချာ(၂) ကွဲသွား၏။ ရိုးရိုး
သင်္ချာအပြင် ဂဲသြဟုခေါ်သော ဂျီသြမေထွီဘာသာတိုးလာ၏။ အထူးစသင်ရသည်က ပဉ္စမ
တန်းရောက်တော့မှ အင်္ဂလိပ်စာစသင်ရခြင်းပင်... (ထိုစဉ် ပဉ္စမတန်းရောက်တော့မှ ဖေါင်
တိန်ကိုင်ရ၏။ မိမိတို့ငယ်စဉ်က ပိုင့်လော့ဖေါင်တိန် တစ်ချောင်း ၅ကျပ်မှင်အိုးကသပ်သပ်...
သို့သော်နှစ်စဉ် တွဲရောင်ပေး၏။)

အစွန်းအထင်းများစွာနှင့် ပညာသင်ကြားရ၏။ အဖြူအစိမ်းတစ်ချို့မှာ မှင်စွန်းထားတာမြင်ရ
သည်။ စည်းကမ်းမရှိသူများ ပိုလို့ဆိုးကာစွန်း၏။ မူလတန်းအစကတည်းက A B C D သင်မ
ပေး ဒီမျိုးဆက်တွေ ဒီလောက်ပဲထားတာကောင်းသည်ဟု ယူဆလေသလားမသိ...စောစော
တက် စောစောသိလျှင် အမြင်၊ အသိတွေ ကြွယ်သွားမှာဆိုးလို့ထင့်... (၅) တန်းရောက်မှ
အင်္ဂလိပ်စာ စသင်ရသည်။သူတစ်ပါး တိုင်းပြည်တွင် ကျောင်းထားပြီဆိုကတည်းက A B C D
ကစပြီးသား...ဆရာတွေကလည်းများလာသည်။ ပထ၀ီဆရာ၊ သမိုင်းဆရာ စသည် စသည်ဖြင့်
တိုးလာသလို ဖက်စာအုပ်တွေလည်း များလာ၏။ လေ့ကျင့်ခန်းနှင့် မှတ်စုစာအုပ်တွေတိုးလာ
၏။ လွယ်အိတ်ကပိုလို့ကြီးလာ၏။ လေးသထက်လေးလာ၏။ မိမိငယ်စဉ်က ကျောပိုးအိတ်ဆို
တာ မပေါများ၊ ခေတ်မစား။ ပုခုန်းနင့်နေအောင် (၅) တန်းမှစကာ သယ်လွယ်ရ၏။ ဒီကြားထဲ
ကျူရှင်... မိမိကျောင်းက မနက်ပိုင်းဆို ကျူရှင်က ညနေပိုင်း (သို့) ညပိုင်း...ထိုစဉ်က ကျူရှင်
ဆိုတာတွေ ခေတ်မရှိ.. ကျူရှင်ဆရာဆိုတာ ဘယ်မှာနေလို့နေမှန်းမသိသေး။ အနီးအပါး လူ
ကြီးသူမများဘွဲ့ရ ပညာတက် အစ်ကိုကြီး အစ်မကြီးများက မုန့်ဖိုးပဲဖိုး သဘောမျှ ယူကာသင်
ပေးသည်။ သို့သော်မနည်း တစ်ဆယ်လား ဆယ့်ငါးကျပ်လား မိမိအသိဥာဏ် ၀ိုးတစ်ဝါးသို့
တိုင်... ငယ်စဉ်က နဂါးနီ ဇီးထုတ် ၅ပြား၊ ကျားမသန်းဌေး ငါးလိပ် တစ်မတ်၊ စီးကရက်အရွယ်
သာသာ ပဲဆုပ်စာကလေးခွေ ငါးပြားဟူသော တန်ဖိုးကိုကြားလျှင် ရယ်ရမည်ထင်သည်....
( ယခုမြန်မာပြည်တွင် တစ်ဆယ့်ငါးကျပ်တန်ကို ကောက်သူမရှိဟုကြားရ၏။ သိပ်ဆင်းရဲလွန်း
လျှင်တော့ ကောက်ပါလိမ့်မည်။) ထာအုံးတော့ ကျူရှင်ကိစ္စ ဆက်ဦးမည်။

ဆရာနာမည်က ဦးသန်းဆွေ သင်္ချာနှင့် အင်္ဂလိပ် နှစ်မျိုးပဲသင်သည်။ စုံစည်နဖာမသင်..
ကျောင်းမှာလို ( မူလတန်း ) ကျူရှင်ချိန် ဆရာ့အိမ်ရောက်လျှင် ဘုရားစင်ကို အားလုံးတန်းစီ
ထိုင်ကာ ဘုရားရှိခိုးရသည်။ ပြီးလျှင် နောက်ဆုံး သံဗုဒ်ဓေဂါထာရွတ်ပြီးလျှင် စာစသင်သည်။
ဆရာက အနောက်နိုင်ငံရောက်ဖူးသည်။ ( ထိုစဉ် ၁၉၇၀ ခန့်က နိုင်ငံခြားရောက်ဖူးသူ လူကြီး
များရှားပါ၏။ )စာသင်ချိန်အတွင်းမှာပင် ဆရာက အင်္ဂလိပ်စာနှင့် ဗဟုသုတ ကျွမ်းကျင်သူမို့
အင်္ဂလိပ်လိုပင် မာန်မဲတက် ဆူတက်သည်။ မဆူကြနဲ့ တိတ်တိတ်နေကြ စကားမများကြနဲ့ ဟူ
သော စကားကိုပင် အင်္ဂလိပ်လိုပြောသည်။ အိမ်သာဝင်ချင်လျှင်ပင် “ ပလိစ် ” အစချီပြီး
အင်္ဂလိပ်လို “မေအိုင်ဂိုးတူတွိုင်းလက်” ဟု ခွင့်တောင်းရသည်။ မြန်မာလိုမတောင်းရ..
မြန်မာလိုပြောမိလျှင်ဆယ်ပြားဒဏ်တပ်ကာ ဆုရန် ဆုဗူးတစ်ဗူးလုပ်ပေးထားသည်။ ကျူရှင်ဆို
သော်ငြား စားပွဲ ၊ ထိုင်ခုံ မယ်မယ်ရရမရှိ.. ထမင်းစား စားပွဲဝိုင်းနှစ်လုံးကို ကြမ်းပြင်တွင် ထိုင်
သင်ခြင်းသာ...။

စာမရလျှင် လက်ထိပ်လေးတွခေါက်ကာ ဒဏ်ပေးတက်သည်။ စာမေးပွဲနီးလို့ စာမရလျှင် အ
လွန်စိတ်ဆိုးတက်သည်။ ဆရာမျက်နှာထားတင်းတင်းနှင့် အရိုက်ခံရဖို့သာ ပြင်ပေတော့...။
ကြိမ်လုံးကိုလည်း သုံးလေးမျိုးလုပ်ထားသည်။ သေးသေး၊ လတ်လတ်၊ အကြီးအပြင် နှစ်
ချောင်းပူးပင်ပါလိုက်သေး။ မိမိကိုရိုက်ရန် ကြိမ်လုံးကို ကိုယ်တိုင်ရွေးယူလာပြီး ဆရာ့လက်ထဲ
အပ်ရသည်။ ထိုကြိမ်ကိုစကာ တစ်ချက်နှစ်ချက်တန်ကာရိုက်၏။ အရိုက်ခံရသည်မှာ အရှိုးရာ
က သုံး လေးရက်မပျောက်၊ အရိုက်ခံရမှာဆိုးတော့ စာကျက်၏။ နောက်အရိုက်မခံရတော့။

ဆရာ့အထက်မှာ အစ်မကြီးက တီတီဆီခေါ် ဆရာအတက်သင်သိပ်ပံ ကျောင်းအုပ်ဆရာမကြီး
ဆရာ့အောက်မှာ ညီမက အလယ်တန်းပြ ဆရာမ၊ ဆရာတစ်ယောက်တည်း ကျောင်းဆရာမ
ဟုတ် သင်ရိုးကိုကြည့်ကာ သင်ရိုးအတိုင်း သူ့နည်းနှင့်သူသင်သည်။ စာသင်ရင်းနှင့်ပင် နိုင်င်
ံခြား ဗဟုသုတ၊ လူမူရေး လောဂီ လောကုတ္တရာပါမကျန်စေရ ဓမ္မပဒ်ဓ ငါးရာ့ငါးဆယ် နိပါတ်မှ
အစပြုကာ ဘာသာရေးအထိ ဆုံးမသည်။ နေ့ကျောင်းတွင် ကျောင်းပြေးသည်။ (အင်းလျားကန်
နှင့်နီးသဖြင့်) ရေသွားခိုးကူးသည်ဆိုလျှင် ဆရာသိပါက ပရုတ်ဆီလိမ်းဖို့ ပြင်ပေတော့... တင်
ပါးနှင့် ခြေသလုံးတစ်ခုခု မိမိတို့ကျောင်းသားမိဘများက ဆရာရိုက်လျှင် ကျေနပ်သော သ
ဘောရှိသည်။ ပိုတိုးဆုံးမရန် အပ်ကြသည်။ စာသင်ရုံမက၊ ဘ၀တွင်နေတက်အောင် စည်းကမ်း
ရှိအောင် သင်ပေးခဲ့သောဆရာကို ခုတိုင်အမှတ်တရရှိဆဲ... ခုချိန်မသိသော စကားလုံးများကို
အဘိဓါန်တွင် ရှာဖွေတိုင်း ဆရာ့ကို လွမ်း... လွမ်းမိသည်။ ခုတော့ မိမိက မလေးရှားတွင် စီးပွား
လာရှာရာ အမူထမ်းသူထမ်း၊ အိမ်ထောင်ကျသူတွေကလည်းများစွာ၊ တစ်ချို့လည်း လူပျိုကြီး
အပျိုကြီး လုပ်တုန်း၊ ကျောင်းဆရာ/ဆရာမတွေ ဖြစ်လာသူတွေကလည်း ၀ိုင်း ကျူရှင်ခေတ်
“ရှယ်” ဆိုတာပင်ပါလိုက်သေး..ကျောင်းသားလေးငါးခြောက်ယောက်ဆိုလျှင် တစ်ဝိုင်းရပြီ။
နှစ်ဝိုင်းသုံးဝိုင်းထက်ပိုလျှင်တော့ ထိုဆရာ/ဆရာမ အတွက် တွက်ချေကိုပြီပေါ့။ ထိုငွေက
ကိုယ်ပိုင်ဝင်ငွေ သူတို့တွေတင်လား မဟုတ်သေး၊၊ နိုင်ငံရပ်ခြားများမှ တက္ကသိုလ် ၀င်ခွင့်
ကျောင်း ( ကောလိပ် ) များပါ ပေါများလာသည်။ ငွေကြေးချမ်းသာသူများက မိမိတို့ ကလေး
များကို I.L.B.C ခေါ် ပြည်ပမှ ဆရာများသင်သည့် ကျောင်းတွင်ထားလာကြသည်။ ဒေါ်လာ
နှင့်ပေးရသည်။

ပညာရေးက ပိုက်ဆံရှိလျှင် လိုက်နိုင်သလောက် ကြယ်ဝန်းလာကာ မသင်နိုင်၊ ငွေမတက်
နိုင်သူများ မသင်နိုင်လျှင် နေခဲ့ပေရော့.... ဆယ်တန်းမအောင်ဘူးလား ပြဿနာမရှိ၊ ပိုက်
ဆံပေးကာ အောင်ယူလို့ရသည်။ မိမိရှိစဉ်က ဆယ်တန်းအောင်သူတစ်ဦး တစ်ဘာသာ နှစ်
သောင်း၊ နှစ်ဘာသာလေးသောင်းပေးကာအောင်... မိမိကိုယ်တွေ့ကြုံတွေ့ဖူးသည်။ တစ်ခြား
နိုင်ငံတွေရော ဒီလိုပဲဖြစ်နေသလားဟု ဖြန့်တွေးဖူးသည်။ ဆယ်တန်းအောင်လက်မှတ် လိုချင်
သလား...မပူနှင့် ပိုက်ဆံပေးကာ လုပ်ယူလျှင်ရသည်။ ပညာရေးဌာနမှ တံဆိပ်တုံးနှင့် ထွက်
လာစေရမည်။ “ အလိမ္မာ စာမှာရှိ ” ဆိုသောစကားက တော်တော်ဆွေးမြေ့သွားခဲ့ပြီ၊ ထိုအ
လိမ္မာဆိုသောစကားကို ငွေကြေးတက်နိုင်သူများကသာ ရှေ့ရှောက်ပိုင်ဆိုင်တော့မည်။ ပညာ
မတက် ပိုက်ဆံမရှိတဲ့သူတွေ ဆိုက္ကားနင်းရင်း ဈေးရောင်းရင်း ဘ၀ခရီး လျှောက်ပေကြမည်။
ထို့ထက် စာရိတ္တ အခြေခံမကောင်းသူများက ခါးပိုက်နှိုက်ရင်း ခိုးဆိုးလုယက်ရင်း ကြီးပြင်းကြ
တော့မည်။ အဘယ်မှာနည်း မိမိတို့ လူမူဘ၀ အခွင့်အရေး မွေးရာပါအခွင့်အရေးများ ပျောက်
ဆုံးကုန်ကြသည်မှာ ကြာပြီ။ ဆိုရှယ်လစ် သမ္မတပြည်ထောင်စုမြန်မာနိုင်ငံ ဟု ကင်းမွန်းတပ်
ကတည်းက ယခုအချိန်အထိ ပညာတက်သူ တက်နိုင်သူတွေက ( များစွာ ) အမေရိကန် လန်
ဒန် သြစတေးလျ စသော တိုးတက်သော နိုင်ငံများသို့ ပြေးကုန်ကြပြီ၊ ဇွဲကောင်းကောင်းနှင့်
သတ္တိရှိသူတွေကလည်း ကုတ်ကပ်ကျိုးစားတုန်း...

တက္ကသိုလ်တွေမှာ လူစုမည်စိုးကာ ရီဂျင်နယ်ကောလိပ် ( ဒေသကောလိပ် ) များဖြင့်လူစုခွဲ
သည်။ အဝေးသင်စာပေးစာယူဆို သဘောကျသည်။ ကျူရှင်တွေက မိုးဦးကျ မှိုထက်များ
သေး... တက္ကသိုလ်ရောက်နေသဖြင့် ကျူရှင်မရှိတော့ဟု မထင်နှင့် ဘွဲ့မယူခင်အထိ ကျူရှင်
ယူရတုံး.. ပညာရေးဝန်ကြီး တစ်ဦးပြောင်းလျင် သင်ရိုးပြင်သည်က ထုံးစံလိုဖြစ်နေသည်။ ရှေး
ဘုန်းကြီးနှင့် နောက်ဘုန်းကြီးနှစ်ပါးပေါင်းလျင် မိမိတို့မျိုးဆက်သစ်ခေါင်းတွေအားလံး ပိန်းနှဲ
သီးက အဖေခေါ်ယူရတော့မည်။ ဟိုမရောက် ဒီမရောက်နှင့် မိမိတို့အရွယ်ဝန်းကျင်တွေ ဘာ
မျှ ဟုတ်တိပတ်တိမတက်ကြ.. သိပ်ပံဆို ပန်လိုက်ကြ .. ၀ိတ်ဇာဆို ဇာလိုက်ကြ..ရောယိမ်း
လိုက် ဘသားယိမ်းလိုက်တွေများသည်။

ဆယ်တန်းအောင်တာချင်းအတူတူ A B ခွဲသဖြင့် B သမားအလုပ်လျှောက်မရ..မျက်နှာငယ်
၏။ ပညာတက်တွေ မြောက်များစွာ ထွက်ပေါ်လာမည်စိုးလို့ထင့်... ဘယ်နှစ်ရာခိုင်နှုန်း
အောင်ချက်ဆိုသော စကားက ပေါ်လာသည်။ အဖက်ဖက်မှ ယိုယွင်းပျက်စီးနေသော တိုင်း
ပြည် မိမိတို့မျိုးဆက်အပြင် နောက်မျိုးဆက်တွေပါ A I D S ထက် ဆိုးဝါးသော ရောဂါစိတ်
ဓါတ်တွေလည်း ကူးစက်သွားမှာ စိုးရိမ်မိသည်။ ခေါင်ရော တစက်မြိတ်ရော ဘာမှသုံးမရ
တော့... တစ်အိမ်လုံး ရွှဲရွှဲဆိုကာ ကြာလျင် ဒီအိမ်ကြီးမည်မှာ မြေကြီးလက်ခတ်မလွဲ မိမိ
ကိုယ်တိုင်လည်း တိုင်းပြည်အတွက် ဘာမှလုပ်မပေးနိုင်ခဲ့ ယခုပင်လျှင် ပြည်ပမှာ ရုန်းကန်
ရှာဖွေရဆဲ၊ ပိုက်ဆံရှိသူတွေက အမျှော်အမြင်ရှိသူတွေက နိုင်ငံကြီးတွေကို ရုန်းထွက်ကြ
သည်။ ပြည်တွင်မှာ သုံးစွဲနိုင်သူတွေက “ ဂုဏ်ဆိုတာ ငွေကိုခေါ်တယ် ” ဟူသော သီချင်း
ရှင်လေးများကို ပန်းကုန်းစွပ်ရန် ကျန်နေခဲ့ကြသည်။ မဆီမဆိုင် “ ကျန်းကျန်းမာမာ ချမ်းချမ်း
သာသာ ဘေးရန်ကာစီးမည် လူမွဲတွေက မနှေးခေတ်မှီ သူဌေးဖြစ်တော့မည် ” ဆိုသော န
ဂါးနီသီချင်းက ၀င်ရောက်လာပြန်သည်။
ဆရာသိန်းဖေမြင့်၏ ၀တ္ထုထဲကလို “ တို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ ” ဆိုသော ခင်ညွန့်
ရီ ပြန်လည်သီဆိုထားသည့် သီချင်းကို မိမိသဲ့သဲ့မျှ မကြားရသေး..မိမိယုံကြည်ပါသည်။ တစ်
နေ့တော့ ထိုသီချင်းသံကြားလာရပါအုံးမည်။ မိမိမသေသေးလျှင်လည်း ထိုသီချင်းကို မက်မောစွာ
နားထောင်ချင်ပါသေးသည် .......... ။
“ ယောနိသော မနသိကာယ ”
ရေးသားပေးပို့သူ “ ဘိုထွဋ် ”

us campaign for burma သို့ပေးစာ

သို့
ဦးအောင်ဒင်
Us campaign for Burma
အကြောင်းအရာ။ ။ နအဖ စစ်အုပ်စု အားလိုအပ်သလိုအရေးယူဆောင်ရွက်နိုင်ရေး
ကူညီဆောင်ရွက်ပေးပါရန်ကိစ္စ။
မြန်မာပြည်တွင်(၂)နှစ်အတွင်းလူ(၁၀၈၀)ဦး
တရားဝင်သေဆုံးခဲ့သော
နအဖစစ်အစိုးရရဲ့လူသတ်စခန်း၏မှတ်တမ်း
စခန်းအမည်။ ` ။ နမ့်စန် အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းဖေါက်လုပ်ရေး စခန်း
ထိုလေယာဉ်ကွင်းအားလက်ရှိအသုံးပြုနေမှု။ နမ့်စန်လေတပ်စခန်းဌာနချုပ်
ဖြစ်စဉ်ကာလ ။ ၁၉၉၃ ခုနှစ် ဧပြီ လ မှ ၁၉၉၅ ခုနှစ် မတ် လ
တည်နေရာ ။ ရှမ်းပြည်တောင်ပိုင်း လွိုင်လင် ခရိုင် နမ့်စန်မြို့
စခန်းတာဝန်ခံ ။ ထောင်ပိုင် ဦးစိုးအောင်( ယ္ခင်မဆလပါတီဌာနချုပ်တွင်အရာခံဗိုလ်အဆင့်ဖြင့်
တာဝန်ထမ်းဆောင်ပြီးမဆလပါတီဖျက်သိမ်းချိန်တွင်အကျဉ်းဦးစီးဌာနသို့အသွင်ကူးပြောင်းလာသူ)
လေယာဉ်ပြေးလမ်းအရှည် ။ ၁၂၀၀၀ ပေ
လေယာဉ်ပြေးလမ်းအကျယ် ။ ၂၀၀ ပေ
Taxi way ပြေးလမ်းအကျယ် ။ ၅၀ ပေ
Taxi way ပြေးလမ်းအရှည် ။ ၁၂၀၀၀ ပေ
အုပ်ချုပ်မှု စနစ် ။ နအဖ စစ်ကောင်စီမှ ရပခ စစ်တိုင်းမှူး၊ပြည်ထဲရေးဝန်ကြီး၊
ဗျူဟာမှူး ၊ အကျဉ်းဦးစီးဌာနညွှန်ချုပ် အစရှိသဖြင့်တိုက်ရိုက်ကွပ်ကဲသည်
အကျဉ်းသားအရေအတွက် ။ ၁၂၀၀ ဦး (၃-လ တစ်ကြိမ် လူသစ်ထပ်မံပို့ပေးသည်)
အကျဉ်းသားအမျိုးအစား ။ ထောင်ပိုင်၏နေအိမ်တွင်နေထိုင်လုပ်ကိုင်ပေးရသူ( ၅ )ဦး
ထောင်ပိုင်မှအခကြေးငွေယူပြီးနောက်တန်းတွင်သာနေထိုင်သူ( ၇၀)ဦး
ထောင်မှူးနှင့်လက်ထောက်ထောင်မှူးများမှအခကြေးငွေယူပြီး
ကျောက်ထုတ်လုပ်ငန်းတွင်မပါဝင်သူ(၈၀)ဦး
အာဏာပိုင်အဆင့်ဆင့်အပါအ၀င်ထောင်ပိုင်နှင့်ထောင်ဝန်ထမ်းများ၏စီးပွါးရေးလုပ်ငန်းများတွင်
လုပ်ကိုင်သူ(၁၂၀)ဦး
ကျောက်ထုတ်လုပ်ငန်းများအပါအ၀င်အထွေထွေအလုပ်ကြမ်းမျိုးစုံလုပ်ကိုင်နေရသူ( ၉၀၀ )ဦးခန့်
အစားအသောက် ။သတ်မှတ်နှုန်းထား၏(၃ ပုံ ၁ ပုံ ) ရရှိသည်
အကျဉ်းသားတစ်ဦးဆိုရင် မွေးကာစ ခွေးသားပေါက်အရှင်လေးကို အစိမ်းလိုက် ကိုက်စားနေတာ
တွေ့ခဲ့ရတယ်၊ အကျဉ်းသားအများစုကတော့ အနီးနားမှာတွေ့တဲ့ အပင်ကအရွက်တွေကိုထမင်းနဲ့
စားကြတယ်ထမင်းပန်းကန်ထဲမှာ ထမင်းကိုမတွေ့ရဘူး အရွက်တွေဘဲတွေ့နေရတယ်။
တစ်ကိုယ်ရေသန့်ရှင်းမှု ။ သန့်ရှင်းသောသောက်ရေသန့်မရရှိခြင်း၊ထမင်းစာသောက်ရန်
လက်ဆေးသည့်အခါ လူ(၁၈၀)အတွက်ရေ(၂)ဂါလံခန့်သာရရှိခြင်း၊
လူတစ်ယောက်တစ်နေ့တာရေချိုးခြင်းမျက်နှာသစ်ခြင်းအတွက်
ရေ(၁)ဂါလံခန့်သာရရှိခြင်း၊တရက်လျှင် အိမ်သာ(နှစ်ကြိမ်သာတက်ခွင့်ရပြီး
တစ်ကြိမ်တွင်၃ မိနစ်ထက်ပိုမရခြင်း)ရက်သတ္တပတ် တစ်ပတ်လျှင်အ၀တ်(၁)စုံသာ
လျှော်ဖွတ်ခွင့်ရရှိခြင်း၊ လုပ်ငန်းအမျိုးအစား ။ ကျောက်ထုပ်လုပ်ငန်း
ထုပ်လုပ်ရေးသတ်မှတ်ချက် ။ အကျဉ်းသား(၃)ဦးလျှင် ကျောက်(၁)ကျဉ်း (တစ်ရက်စာ)
ကျောက်ထုပ်လုပ်ပုံအဆင့်ဆင့် ။ မြေသားရှင်းလင်းခြင်း၊ကျောက်သားထုအားလွန်ဖြင့်(ဂန်းစက်)
သုံးပြီးအပေါက်ဖေါက်ခြင်း၊မိုင်းခွဲခြင်း၊လိုအပ်သောပမာဏ(ကျောက်ဆိုက်) များကို
လူအားသုံး ပြီးထုခွဲခြင်း၊ကျောက်ကျဉ်းဖွဲ့ခြင်း၊ကားပေါ်တင်ခြင်း၊တို့ဖြစ်သည်။
ထပ်ဆင့်အပိုလုပ်ဆောင်ပေးရသောလုပ်ငန်းများ။ ထုံးဖုတ်ခြင်း၊ထင်းခုတ်ခြင်းစက်အုတ်ရိုက်ခြင်း(ဗြုံးကျောက်ဖြင့်) ဘိလပ်မြေအိပ်ခွံခါခြင်း၊ဘိလပ်မြေအခဲများအားထုခြေခြင်း၊
ဘိလပ်မြေအိပ်သွတ်ခြင်း၊ဘိလပ်မြေအိပ်ချုပ်ခြင်း၊တောင်ယာစိုက်ပျိုးခြင်း၊တို့ဖြစ်သည်။
ကျမ္မာရေးကုသမှုတာဝန်ခံ ။ ဒေါက်တာ အောင်အောင် (ပြည်နယ်ကျမ္မာရေးမှတာဝန်ပေးမှုဖြင့်)
ငှက်ဖျားအင်စပက်တာ ဦးမြမောင်((ပြည်နယ်ကျမ္မာရေးမှ တာဝန်ပေးမှုဖြင့်)
အကျဉ်းသားအိပ်ဆောင် ။ ( ၈) ဆောင် ဆေးရုံဆောင် (၃)ဆောင်
အလုပ်ချိန် ။ မနက်(၀၅း၃၀) နာရီ အိပ်ယာထ လူစစ်၊ထောင်ဖွင့်ပြီး(၀၇း၀၀)နာရီလုပ်ငန်းဝင်
နေ့လည်(၁၂း၃၀)နာရီ ထမင်းစား (၀၁း၀၀)နာရီလုပ်ငန်းပြန်ဝင်ညနေ(၀၅း၀၀)နာရီ
စခန်းသို့ပြန်ထမင်းစားပြီးနောက် ထပ်ဆင့်အပိုအလုပ်များလုပ်ဆောင် ၊ည(၀၉း၀၀)နာရီအိပ်ယာဝင်
ရိုတ်နှက်ခံရခြင်း ။ ကျောက်ထုတ်လုပ်ငန်းလုပ်ကိုင်ရသူအကျဉ်းသားတစ်ဦးသည်
တနေ့လျှင် အနည်းဆုံးအချက်(၃၀)ခန့်အရိုက်ခံရသည်။
သေဆုံးခြင်းများ၏အကြောင်းရင်းများ။ ။
(၁) တစ်ရက်လျှင်အကျဉ်းသား(၃)ဦးကိုကျောက်တစ်ကျင်းနှုန်းဖြင့်
အကျဉ်းသား(၁၂၀၀)အတွက်ကျောက်ကျင်း (၄၀၀)ကိုအကျဉ်းသား(၉၀၀)တည်းဖြင့်
ထုတ်ပေးရသဖြင့်အင်အားပိုမိုစိုက်ထုတ်ရခြင်းကြောင့်လည်းကောင်း။
(၂) ကျောက်တောင်ကိုလွန်ဖြင့်ဖေါက်ချိန်တွင်တပေါက်နှင့်တပေါက်(၃)ပေသာခြားပြီး
ဖေါက်ရမည့်အစား(၅)ပေစီ ခြားပြီးဖေါက်သောကြောင့်မိုင်းခွဲပြီးချိန်တွင်
ကျောက်တုံးပမာဏထုထည်လွန်စွာကြီးမား
သဖြင့်ပြန်လည်ထုခွဲရာတွင်အင်အားပိုမိုစိုက်ထုတ်ရခြင်းကြောင့်လည်းကောင်း။
(၃) အမျိုးမျိုးသောအကြောင်းများကြောင့်တနေ့လျှင်အချက်(၃၀)ကျော်ခန့်နေ့စဉ်
ရက်ဆက်ဆိုသလိုအရိုက်နှက်ခံရခြင်းကြောင့်လည်းကောင်း
(၄) တစ်ကိုယ်ရေသန့်ရှင်းမှု ပြုလုပ်ခွင့်မရရှိခြင်းကြောင့်လည်းကောင်း
(၅) နေ့စဉ်ကုန်ဆုံးသောခွန်အားအတွက်အဟာရပြန်လည်မဖြည့်ဆည်းနှိုင်ခြင်းကြောင့် လည်းကောင်း
(၆) လုံလောက်သောဆေးကုသခွင့်မရရှိခြင်းကြောင့်လည်းကောင်း
(၇) စိတ်ပိုင်းဆိုင်ရာနှင့်ကိုယ်ပိုင်းဆိုင်ရာပါ နှိပ်စက်ခြင်းခံရခြင်းကြောင့်လည်းကောင်း
(၈) ထောင်အာဏာပိုင်များ၏လက်သတ်မွေးရာဇ၀င် လူဆိုးများ၏လူမဆန်စွာနှိပ်စက်ခံရခြင်း၊
လိင်တူအဓမ္မပြုခံ ရခြင်းကြောင့်လည်းကောင်း
အထက်ပါအကြောင်းများကြောင့်၁၉၉၃ ခုနှစ် ဧပြီလမှ ၁၉၉၅ မတ် လအတွင်း
အကျဉ်းသား(၁၀၈၀)ဦး သည် အသက်ဆုံးပါးခဲ့ကြရသည်။
လူသားဖြစ်သော်လည်းတရားဝင်သေဆုံးခွင့်မရရှိခဲ့ကြရပုံများ။ ။မည်သို့ပင်ကျမ္မာရေး
ကောင်းပါသည်ဆိုသည့်
အကျဉ်းသားသည် ထိုစခန်းသို့ရောက်ရှိပြီး(၃) လထက်ပိုပြီးဆက်လက်အသက်ရှင်လိုပါက
ငွေ(၃၀၀၀၀)မှ(၅၀၀၀၀) ပေးရန်လိုအပ်ပြီး မပေးနှိုင်ပါက (၃)လထက်ပို ၍ အသက်မရှင်နှိုင်သည်မှာသေချာသကဲ့သို့သေဆုံးသည့်အခါတွင်လည်းတရားဝင်သေဆုံးခွင့်
မရကြဘဲ ထောင်ပိုင်က အသက်အရှင်ပြပြီးရိက္ခာထုတ်ယူစားခြင်း၊
လွတ်ရက်နီးအကျဉ်းသားများဆိုလျှင်လွှတ်ပေး၍ရသည့်ကာလအထိ
အရှင်ပြထားခြင်းခံရပြီး နောက် အကျဉ်းထောင်မှ အလွတ်စရင်းပြ ခံကြရပါတယ်။
လွတ်ရက်ဝေးသည့်နှစ်ကြီးသမားဆိုလျှင် ထောင်မှထွက်ပြေးသွားသည်ဟု(အပြေးပြ)
စာရင်းပြခံရပါသည်။ ငွေဝယ်ကျွန်ထက်ပိုမိုနှိပ်စက်ခံရသည့်ကံကြွေးချခံရသူများဘ၀ ။
။ ငွေပေးပြီးဝယ်ယူထားရသည့်
ကျွန်များဆိုလျှင်ဤကဲ့သို့ပြုမူခြင်းမခံရနှိုင် ယခကဲ့သို့လိုသလောက်ခေါ်ယူရရှိနှိုင်သော
ကံကြွေးချခြင်းကိုခံနေရသည့်သန်း(၅၀)ကျော်သောမြန်မာပြည်သူများရှိနေခြင်းကြောင့်အသက်များကိုတန်ဘိုးမထား
လုပ်ချင်သလိုလုပ်နေခြင်းဖြစ်သည်။
သို့ဖြစ်ပါ၍ အထက်ပါ နအဖ ၏ လူသတ်စခန်းတစ်ခုအကြောင်းကို ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအစိုးရများအား
အသိပေးစေချင်သလို တတ်နှိုင်တဲ့အရေးယူဆောင်ရွက်မှုတွေကိုလဲ ဖြစ်လာအောင်
us campaign for Burma အဖွဲ့အနေနဲ့လုပ်ဆောင်မယ်ဆိုရင်လွန်စွာထိရောက်နှိုင်မယ်လို့လဲ ကျနော်ယုံကြည်ပါတယ်။
တရားမ၀င်သေဆုံးသူအရေအတွက်သည်လဲ ( ၄၀၀ )ကျော်ခန့်ရှိနှိုင်ပါသည် ။
ဒီထက်ပိုပြီးအသေးစိတ်သိလိုပါက ကျနော်ပြောပြနှိုင်ပါတယ်။
အဲဒီ နအဖ ရဲ့ လူသတ်စန်း အကြောင်းကို သေသေချာချာပြောပြနှိုင်တဲ့ မျက်မြင်သက်သေ
များစွာဟာလည်း မြန်မာပြည်အတွင်းမှာ သက်ရှိထင်ရှားရှိနေကြပါသည်။
ကို တာတေ
( ပျိုးခင်းလူငယ်အဖွဲ့)
ကျနော့်ရဲ့ Phone: +6016 9482 376
E mail: TarTay88@gmail.com

Sunday, August 10, 2008

ပျိုးခင်း ဘလော့ဂ် မိတ်ဆက်ခြင်း

ပထမဦးစွာ ပျိုးခင်း(လူငယ်အဖွဲ့)(Pyoe Khinn Youth Association) အကြောင်း အတိုချုပ်
ပြောချင်ပါတယ်။ ပျိုးခင်းကို ၀ါသနာတူ၊ စိတ်တူ၊ ရည်ရွယ်ချက်တူလူငယ်တစုက မြန်မာ့အမျိုး
သားပညာရေးအတွက် အဓိကရည်ရွယ်ပြီး ဖွဲ့စည်းထားတာဖြစ်ပါတယ်။ပညာရေးဆိုတာ
မှာ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် လူငယ်တွေမှာ ပြည့်ဝပြီးမှန်ကန်တဲ့ပညာရေး၊
အသိဉာဏ်မျိုးရှိဖို့လိုအပ်တယ်လို့ ပျိုးခင်းကယူဆပါတယ်။ ပညာရေးဟာလည်း နိုင်ငံရဲ့အ
ရေးကြီးတဲ့ အရေးကိစ္စတစ်ခုဖြစ်တဲ့အတွက် ဒါဟာနိုင်ငံရေးလို့ပြောမယ်ဆိုလည်းပြောနိုင်
ပါတယ်။ မည်သို့ပင်ဆိုစေ ပျိုးခင်းကတော့ ကိုယ့်မြန်မာလူငယ်တွေ ပညာရေးတိုးတက်ရေး
အတွက် တက်စွမ်းသ၍ဆောင်ရွက်ကြမှာပါ။ တကယ်တော့ ပျိုးခင်းအဖွဲ့သားတွေဟာ ကမ္ဘာ
ကြီးပေါ်မှာတနေရာတည်းစုနေကြသူများမဟုတ်ကြပါ။ ဒါကြောင့်အဖွဲ့ဝင်တွေအချင်းချင်း
ဆုံမှတ်ကလေးတခုဖြစ်လာစေဖို့ရယ်၊ နောက်တခုက ပျိုးခင်းကလုပ်ဆောင်နေတဲ့ ပညာရေး
ဒါနတွေမှာ အများသူငါတွေလည်းပါဝင်နိုင်ကြစေဖို့ ၊ ဒီမွန်မြတ်တဲ့လုပ်ငန်းကို လူအများစိတ်ဝင်
စားလာစေဖို့ စတဲ့ဖို့ပေါင်းများစွာတွေနဲ့ ဒီဘလော့ဂ်လေးကို ဖန်တီးထားကြတာဖြစ်ပါတယ်။
ဒီဘလော့ဂ်လေးထဲ လာရောက်လည်ပတ်ပြီးတဲ့အခါ ဘလော့ဂ်လေးနဲ့ပတ်သတ်လို့ပဲဖြစ်ဖြစ်၊
ပျိုးခင်းရဲ့ပညာရေးလုပ်ငန်းတွေနဲ့ပတ်သတ်လို့ပဲဖြစ်ဖြစ် ဝေဖန်အကြံပြုမယ်ဆိုရင် ပျိုးခင်းမှ
ဝမ်းမြောက်
ဝမ်းသာကြိုဆိုလျှက်ပါခင်ဗျား။ ။






I am pleased to day these words in recognition of the good work
carried out by the Pyoe Khinn Youth Association, one of several Burmese people
support groups in Malaysia.
Considering the nightmarish condition under which people in this
part of the word seeking refuge for personal and family safety suffer in Malaysia,
there will be no physical, emotional or spiritual support for distressed asylum
seekers if not for organization like Pyoe Khinn Youth Association.
This association has, as its primary objective, developing the
human resource of Burmese youth in the country. This is a noble case, for it
enables the young Burmese refugees to learn skills that will better equip them
when resettled.
In this aspect, Pyoe Khinn Youth Association’s running of a
certificate course in electrical and electronics engineering is admirable. This
programme is now being evaluated by Petaling Jaya-based Paramount College,
for possible recognition as a formal training course.
Pyoe Khinn Youth Association was started in Puchong, Selangor,
by five young Burmese in August 2006 with the aim of getting Burmese residing
temporarily in Malaysia to become more self-reliant; to learn more skills while
here, so as to become useful citizens of theglobal community. It is now run by a
committee of 17, and has establishes a website-
www.pyoekhinnyouth.blogspot.com/ to enable to be linked with similar
groups worldwide.
It is estimated that there are 50,000 Burmese refugees in the
country, and only a little over30,000 of them have been registered as refugees
with the United HighCommissioner for Refugees in Malaysia.
As a Malaysian, I am ashamed that these people, running away
from their home country out of fear for the safety of themselves and their
families, denied the right to live free and in dignity, are not given the dignity of
human living in my country. Leave alone all the other persecution from the likes
of such as RELA.
I am very impressed with the work of Pyoe Khinn Youth Association
and its committee, and I wish them every success in all their endeavours.

G.Umakanthan
English teacher