Thursday, October 29, 2009

ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အရေးပေါ် ဆေးဝါးကုသမှု ခံယူရ

၃၀ အောက်တိုဘာ ရန်ကုန် ၊ ၊ဟိန်းခိုင်ထွန်း

Senior General Than Shwe Ill

အောက်တိုဘာလ ၂၆ ရက်နေ့ က ဟွာဟင်းမှ ပြန်လာသည့် ဗိုလ်ချုပ်ကြီး သိန်းစိန်အား သွားရောက်ကြိုဆိုသည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ

အောက်တိုဘာလ ၂၆ ရက်နေ့ က ဟွာဟင်းမှ ပြန်လာသည့် ဗိုလ်ချုပ်ကြီး သိန်းစိန်အား သွားရောက်ကြိုဆိုသည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေမှာ နေပြည်တော်ရှိ ၎င်း၏ လုံခြုံရေးတင်းကျပ်စွာချထားသော အိမ်မှာပင် ၂၉ ရက်နေ့ ည ကတည်းက အရေးပေါ်ဆေးဝါးကုသမှု ခံယူနေရ ကြောင်း သတင်းရရှိသည်။

ကိုယ်တစ်ခြမ်းသေ အာရုဏ်ကြောများရပ်ဆိုင်းသည့် ဝေဒနာ ကဲ့သို့ ရောဂါတစ်
မျိုး ဗုဒ္ဓဟူနေ့ ညကတည်းက စတင်ဖြစ်ပွားခဲ့သောကြောင့် ရန်ကုန် မြို့ ရှိစစ်ဆေးရုံမှ
ဆရာဝန်များ နှင့် စင်္ကာပူ နိုင်ငံမှ သမားတော် တစ်ဦးအရေးပေါ်လာရောက်ကုသခံရ
သည် ဟု သတင်းရရှိသည်။

ရန်ကုန် နှင့် နေပြည်တော် တွင် လုံခြုံရေးများ တင်းကျပ်စွာချထားပြီး ဗိုလ်ချုပ်မှုးကြီး
သန်းရွှေ ၏ ကျန်းမာရေး အတွက် ရန်ကုန် စစ်ဆေးရုံ မှ ဆရာဝန်များက အချိန်ပြည့်စောင့်
ရှောက်ပေးရသည် ။

အသက် ၇၆ နှစ်အရွယ်ရှိပြီ ဖြစ်သော ဗိုလ်ချုပ်မှုးကြီးသန်းရွှေသည် အောက်တိုဘာလ ၂၆
ရက် (တနင်္လာ)နေ့ မနက် က ထိုင်းနိုင်ငံ ဟွာဟင်းတွင် ကျင်းပသည့် ၁၅ ကြိမ်မြောက်အာ
ဆီယံ ထိပ်သီးအစည်း အဝေးကို တက်ရောက်ပြီး ပြန်လာသည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး
သိန်းစိန်အား နေပြည်တော် လေဆိပ် တွင် သွားရောက် ကြိုဆိုပြီး နောက်တစ်နေ့ တွင်
လေဖြတ်ရောဂါ ဖြစ်ပွားခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အရေးပေါ်ဆေးဝါးကုသခံရခြင်း နှင့် ပတ်သက် ၍ သတင်းမျိုးစုံထွက်ပေါ်နေသော်လည်း အတည် မပြုနိုင်သေးသည့် သတင်းတစ်ရပ် အရ
၎င်း ၏ မြေးဖြစ်သူ နေရွှေသွေးအောင်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ မနက်က ရန်ကုန်
လေဆိပ် အနီးရှိ ရမဒါ ဟိုတယ် အနီးတွင် ဓားထိုးခံရသည် ဟု သိရသည်။

စိုးရိမ်ဖွယ်ရာ ရှိသော ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ ကျန်းမာရေး နှင့် ပတ်သက်၍ ရန်ကုန်အ
ခြေစိုက် စာနယ်ဇင်းဆရာ တစ်ဦးက အမေရိကန်က လက်ထောက် နိုင်ငံခြားရေးဝန်ကြီး
ကတ် ကမ်ဘယ်လ် လာဖို့ ရှိတယ်လေ မတွေ့ မကောင်း တွေ့ မကောင်း လို့  တမင်နေ မကောင်းချင်ယောင် ဆောင်တာ လားမသိဘူး “ဟု သုံးသပ်ပြောကြးသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် ၂၀၀၆ ခုနှစ်က စင်္ကာပူ နိုင်ငံရှိဆေးရုံတစ်ခုတွင် သွားရောက်ဆေးကုသမှုခံယူခဲ့ရသည်။
ခံယူ

http://longwalktofreedom.wordpress.com/


No comments: