Thursday, October 1, 2009

မြန်မာလိင် အလုပ်သမားများအား ဖမ်းဆီးပြီး ဒဏ်ငွေရိုက်

မြန်မာလိင် အလုပ်သမားများအား ဖမ်းဆီးပြီး ဒဏ်ငွေရိုက် PDF Print E-mail
Wednesday, 30 September 2009 17:23

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံနယ်စပ် ဟတ်ယိုင်မြို့ရှိ လိင်လုပ်ငန်းရုံတစ်ခုသို့ ထိုင်းအာဏာပိုင်များက ရှောင်တခင် ၀င်ရောက်ဖမ်းဆီးရာ ထိုင်းလိင်အလုပ်သမများအပါအ၀င် မြန်မာလိင်အလုပ်သမများပါ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သော (၂၇)ရက်နေ့က နိုင်ငံခြားသား အမြောက်အများ လာရောက်ပျော်ပါးသည့် အဆိုပါ လိင်လုပ်ငန်းခွင်တွင် ကိုယ်လုံးတီးချွတ်ပြီး စင်ပေါ်တွင် ကပြနေသော အမျိုးသား (၃)ဦးအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

၎င်းတို့သုံးဦးအား အသေးစိတ် စစ်ဆေးခဲ့ရာတွင် နှစ်ဦးမှာ မြန်မာလူငယ်များ ဖြစ်နေသောကြောင့် အာဏာပိုင်များက လိင်အလုပ်သမား အမျိုးသမီးများကိုလည်း ဆက်လက်စစ်ဆေးခဲ့ရာ ထိုင်းအမျိုးသမီး (၇)ဦးနှင့် မြန်မာအမျိုးသမီး (၃)ဦးတို့ကို ထပ်မံဖော်ထုတ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသော မြန်မာလိင် အလုပ်သမများသည် အသက် (၂၄)နှစ်၊ အသက် (၂၁)နှစ် နှင့် အသက်(၁၉)နှစ် အရွယ်များဖြစ်ကြပြီး လိင်လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်မှာ (၃)နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း ထွက်ဆိုကြသည်။

အဆိုပါ လိင်အလုပ်သမများ၏ ဓါတ်ပုံများကို အလုပ်ရုံရှေ့တွင် ထောင်ထားကြောင်း CNNသတင်းတွင် ဖေါ်ပြထားသည်။ ၎င်းလိင်ငန်းကို တည်ထောင်ထားသူမှာ ဟတ်ယိုင်မြို့မှ တာဝန်ရှိ လူကြီးတစ်ဦးဖြစ်ကြောင်းနှင့် ဖမ်းဆီးခံရသူများကို ဒဏ်ငွေရိုက်ပြီး ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရသည်။

မြန်မာလိင်အလုပ်သမားများမှာ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသူများ ဖြစ်ကြောင်း သတင်းတွင် ဖေါ်ပြထားသည်။

မြန်မာနိုင်ငံတွင် စားဝတ်နေရေး ကြပ်တည်းမှုများကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံအတွင်းသို့ ရရာလမ်းကြောင်းများဖြင့် မြန်မာနိုင်ငံသားများ ၀င်ရောက် အလုပ် လုပ်ကိုင်နေကြသည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ဖြစ်ပြီး ထိုအထဲတွင် ရောင်းစားခံရ၍ဖြစ်စေ၊ အခြားအကြောင်းများကြောင့်ဖြစ်စေ ထိုင်းနိုင်ငံ၌ လိင်ဖျော်ဖြေရေး လုပ်ငန်းတွင် မြန်မာအမျိုးသမီးအချို့ ၀င်ရောက်လုပ်ကိုင်လျှက် ရှိကြသည်။

No comments: