Monday, January 5, 2009

မလေးရှားရောက်မြန်မာပြည်သူများ၏သဘောထား

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ
ပြင်ဆင်ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍
မလေးရှားရောက်မြန်မာနိုင်ငံသားမဲဆန္ဒရှင်ပြည်သူများ၏သဘောထား


၁။ ၁၉၈၈ခုနှစ် လူထုအုံကြွမှုကြီးကတစ်ပါတီအာဏာရှင်စနစ်ကိုဖျက်သိမ်းစေခဲ့ပြီးနောက်
၁၉၉၀ ခုနှစ်မေလ(၂၇)ရက်နေ့တွင်လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲကျင်းပကာမြန်မာနိုင်ငံ၏
အနာဂတ်အားပုံဖေါ်တည်ဆောက်ရန်အတွက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကိုရွေးချယ်
တင်မြှောက်ခဲ့ပြီး လုပ်ပိုင်ခွင့်အာဏာ(Mandate Power)အပ်နှင်းခဲ့ပါသည်။
၂။ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲရလဒ်နှင့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားအပ်နှင်းခဲ့သော
လုပ်ပိုင်ခွင့်အာဏာ(Mandate Power) တို့ကို မဲဆန္ဒရှင်မြန်မာပြည်သူတစ်ရပ်လုံးနှင့်ပြည်တွင်းရှိ
NLD ပါတီသည်လည်းကောင်း၊ပြည်ပရှိတိုင်းရင်းသားပေါင်းစုံအပါအ၀င် နိုင်ငံရေးအင်အားစုများ
အားလုံးက ယနေ့ထက်တိုင် အသိအမှတ်ပြု စွဲကိုင်ထားကြဆဲဖြစ်ပါသည်။
၃။ စစ်အာဏာသိမ်းအုပ်စုသည် ပြည်သူလူထု၏စစ်မှန်သောဆန္ဒဖြစ်သည့်၁၉၉၀ခုနှစ်
ရွေးကောက်ပွဲရလဒ်ကို လစ်လှူရှုကာစစ်ဗိုလ်ချုပ်ကြီးများက ခေါင်းခေါက်ရွေးထားသည့်
(ပြည့်သူ့ကိုယ်စားလှယ်မဟုတ်သည့်)သူများဖြင့် အမျိုးသားညီလာခံကြီးကိုခေါ်ယူပြီး
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲခြင်း၊ မသမာသည့် ကောက်ကျစ်ယုတ်မာသောနည်း
မျိုးစုံကိုအသုံးပြုပြီး စစ်ခေါင်းဆောင်များအလိုကျရေးဆွဲထားသော အခြေခံဥပဒေကို မြန်မာပြည်သူပြည်သားများနာဂစ်မုန်တိုင်းကြောင့်ဒုက္ခများနေကြသည့်ကြားကပင် ဇွတ်အတင်း
ရယူ အတည်ပြုခဲ့ပါသည်။
၎။အာဏာသိမ်းစစ်အုပ်စုသည် ပြည်သူလူထုကရွေးချယ်ထားသည့် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်များမပါဝင်ဘဲရေးဆွဲ အတည်ပြုခဲ့သည့် အခြေခံဥပဒေကို စွဲကိုင်ကာ ၂၀၁၀ ခုနှစ်တွင်
ရွေးကောက်ပွဲက်ုကျင်းပပြီး စစ်ခေါင်းဆောင်များအလိုကျ အစိုးရတရပ်ဖွဲ့စည်းတော့မည်ဆိုသည်ကို
အားလုံးအသိပင်ဖြစ်ပါသည်။
၅။ NCGUB ဟုခေါ်တွင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရစတင်ဖွဲ့စည်းသည့်
ကာလမှယနေ့တိုင်မြန်မာ့ဒီမိုကရေစီရေးကြိုးပန်းဆောင်ရွက်ခဲ့မှုများကိုလည်းမလေးရှားရောက်
မြန်မာနိုင်ငံသားအားလုံးက လွန်စွာအားရကျေနပ်ကျေးဇူးတင်ဂုဏ်ယူလျှက်ရှိပါသည်။
၆။မြန်မာပြည်သားများအတွက်ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများကိုအရယူပေးရန်ဆောင်ရွက်
နေကြသောအဖွဲ့အစည်းအသီးသီးမှနိုင်ငံရေးခေါင်းဆောင်များအနေဖြင့်လည်းပြည်သူလူထုကြီးရဲ့
ဆန္ဒအမှန်ဖြစ်တဲ့ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲရလဒ်ကိုစွဲကိုင်ပြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့်
စည်းလုံးညီညွတ်ခိုင်မာသည့်အစိုးရတရပ်ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး ပြည်သူလူထု၏လူ့အခွင့်အရေးများ
ကိုအာာမခံပေးနှိုင်မည့်ပြည်ထောင်စုဒီမိုကရေစီနိုင်ငံတော်ကြီးထူထောင်ရေးလုပ်ငန်းများတွင်ပူးပေါင်း
ဆောင်ရွက်သင့်ပါသည်။

၇။ ယနေ့အချိန်တွင် ပြည်ပသို့ရောက်ရှိလာသောပြည်သူ့လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းမှာ(၃၂)ဦး
ရှိနေပြီးဖြစ်ပါသဖြင့်ယခင်NCGUB ၏အင်အားပိုမိုတောင့်တင်းရန်နှင့်ရှေ့လုပ်ငန်းစဉ်
များပိုမိုသွတ်လက်စွာဆောင်ရွက်နှိုင်ရန်အတွက် အလျှင်အမြန်ပြန်လည်ပြင်ဆင်တိုးချဲ့
ဖွဲ့စည်းသင့်ပါကြောင်း လေးစားစွာဖြင့်တင်ပြပါသည်။
၈။ မြန်မာနိုင်ငံ၏အနာဂတ်အားသာယာလှပစေရန် ပုံဖေါ်ဆောင်ရွက်ကြမည့် လူထုကိုယ်စားလှယ်
တော်ကြီးများ(သို့)လူထုခေါင်းဆောင်ကြီးများ စည်းလုံးညီညွတ်စွာဖြင့်လမ်းညွှန်မှုများ ချမှတ်ကာ
ပေးအပ်လာမည့် တာဝန်များကိုလည်း ကျေပွန်စွာထမ်းဆောင်ရန်အသင့်ရှိနေကြပါကြောင်းကိုလည်း
ရိုးသားစွာအစီရင်ခံအပ်ပါသည်။
၉။သို့ပါ၍စစ်အာဏာသိမ်းခေါင်းဆောင်များသည်သာမကမည်သည့်အဖွဲ့အစည်းကပင်ဖြစ်စေ
၁၉၉၀ခုနှစ်ရွေးကောက်ပွဲတွင်ပြည်သူကရွေးချယ်တင်မြှောက်ထားသောပြည်သူ့လျှတ်တော်ကိုယ်စားလှယ်
များမပါဝင်ဘဲ(၁၉၉၀ရွေးကောက်ပွဲ၇လဒ်ကိုပစ်ပယ်ပြီး)အစိုးရတရပ်ဖွဲ့စည်းခြင်းအား မလေးနိုင်ငံရောက်
မိမိတို့မြန်မာနိုင်ငံ သား မဲဆန္ဒရှင်ပြည်သူများအနေဖြင့်ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်ပါကြောင်း
အသိပေးတင်ပြအပ်ပါသည်။


အစဉ်လေးစားယုံကြည်အားကိုးလျှက်

မြန်မာနိုင်ငံသားမဲဆန္ဒရှင်ပြည်သူများ
မလေးရှား
ရက်စွဲ။၂၀၀၉ခုနှစ်ဇန္န၀ါရီလ(၅)ရက်။

No comments: