- အနာဂတ်ကောင်းကင်ထဲမှာ
သစ္စာအောင်ပွဲ
တစ်နေ့နွှဲဖို့
တွဲတဲ့လက်တွေမဖြုတ်နဲ့
ဆုတ်တဲ့ခြေထောက် ရှေ့ပြန်လျှောက် ။ ။
- ရင်မချိစရာ သခင်အမိမြန်မာရဲ့
ဗုဒ္ဓသာသနာ မြတ်သံဃာတွေ
သွေးမြေကျခဲ့ရပါပြီ _____________။ ။
- စစ်မင်းခွေးစုတ် စစ်ဗိုလ်ချုပ်တို့
စက်တင်ဘာ၊ နှစ်ထောင့်ခွန်
မွန်မြတ်သူတွေ ကျဆုံးကြွေကျ
ထိုကာလဟာ မေ့စရာမရှိ
အာဏာရူးတွေရဲ့စစ်ဖိနပ်အောက်
သာသနာ့အလံတော် ရောက်ရသည်အထိ
မင်္ဂလာရှိသည့် ပြည်မြန်မာကို
ဒီ မသာတွေထင်တိုင်းလုပ်သမျှ
ငုတ်တုတ်ထိုင်ကြည့်နေရအောင်လည်း
တို့တစ်တွေ ရွှံ့ရုပ်မဟုတ်ပါဘူး
တွန့်ဆုတ်နေရင် အောင်ပွဲဝေးမှာမို့
နောင်အမြဲအေးရန် ပေါင်းစုရုန်းကြ
ထကြ၊ ကြွကြ တော်လှန်ကြဟေ့
ရွှေမြန်မာ ဒီသတ္တိကိုဖြင့်
ကမ္ဘာသိအောင်ပြ _____________။ ။
(မြေအုတ်တို့ ပြိုလေရာ ကျောက်အုတ်တို့နဲ့အစားထိုး ငါတို့သမိုင်းမပုတ်သိုးစေနဲ့)
စက်တင်ဘာ 2007။
ရွှေဝါရောင်တော်လှန်ရေးတစ်နှစ်ပြည့်အထိမ်းအမှတ်။
ဗမာ့မျိုးချစ်လူငယ်များအဖွဲ့
ဇော်မြင့် (B.Y.N.A)
(22.9.2008)
No comments:
Post a Comment