Friday, September 5, 2008

ရန်ကုန်မှာညမထွက်ရအမိန့်တရားမ၀င်ထုတ်

၎ စက်တင်ဘာ ၂၀၀၈ ရန်ကုန်။

ရန်ကုန်မြို့ တွင်းရှိမြို့နယ်များတွင် ည (၁၀) နာရီကစပြီး ညမထွက်ရအမိန့်တရားမ၀င်
ထုတ်ပြန်ခဲ့သည်ဟု ရန်ကုန်တိုင်း ဗဟန်းမြို့နယ်တွင်နေထိုင်သူတဦးက ပျိုးခင်းအဖွဲ့သို့
သတင်းပေးပို့ခဲ့ပါတယ်။ '' တရားဝင်တီဗွီ၊ ရေဒီယို နဲ့သတင်းစာတွေမှာ ကြေငြာတာတော
့မဟုတ်ဘူး။ ရယကအဖွဲ့တွေကနေလိုက်ပြောတာ။ ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်အတော်များ
များမှာလဲ အကြမ်းဖက် နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ၊ အရပ်ဝတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊
ကြံ့ဖွံ့အဖွဲ့ဝင်တွေ၊ ရယက တွေကိုတွေ့နေရတယ်။ ပြည်သူအများစုကတော့
မကျေနပ်ကြဘူး။ အခြေအနေကတော့ ခပ်လှုပ်လှုပ်ဘဲ '' ဟု သူကဆက်ပြောပြပါတယ်။
ဒီအတိုင်းဆက်သွားနေအုံးမယ်ဆိုရင် ဈေးသည်၊ လက်လုပ်လက်စားအခြေခံလူတန်းစားတွေ၊
ပိုပြီးစာဝတ်နေရေးခက်ခဲနိုင်ကြောင်းပြည်သူလူထုကြားမှာ
ပြောဆိုငြီးတွားနေကြကြောင်းသိရပါတယ်။
ပျိုးခင်း(နက်)

No comments: