Wednesday, June 29, 2011

လူငယ်နှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

3 comments:

သစ္စာ said...

ဒီမိုကရေစီရေး အတွက်တိုက်ပွဲဝင်နေသူများသည်
အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ပြန်လည်အစားထိုးကုစားလို့မရနှိုင်တဲ့ဆုံးရှုံးနစ်နာမှုတွေကိုတိုးလို့ခံစားရပြီး အသက်သေဆုံးခဲ့ရသူများ ၊ဘ၀ပျက်သွားရသည့်မိသားစုများ ၊စီးပွါးပျက်သွားရသည့်မိသားစုများ၊စိတ်ပိုင်းဆိုင်ရာချို့ယွင်းသွားသူများ၊ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံး ခဲ့သူများ နှင့် ၄င်းတို့၏ မိသားစုများ ၊၄င်းတို့ကိုမှီခိုနေသည့် ကလေးငယ်များ၏အနာဂတ် အစရှိသည်တှိုကို ထည့်သွင်းစဉ်းစားရန်လိုအပ်ပါမည်။
တရားဥပဒေ ဆိုင်ရာအခွင့်အရေးများအရ လူတို့အည်မိမိကိုယ်မိမိ ကာကွယ်ပိုင်ခွင့်လည်းရှိပါသည်
မိမိတို့၏ အသက်အိုးအိမ်နှင့် ဘ၀လုံခြုံရေးအတွက် ကာကွယ်ခုခံခြင်းသည် အကြမ်းဖက်ခြင်းဟုမခေါ်ဆိုနှိုင်သလို အကြမ်းဖက်သည်ဟုလည်းမသုံးစွဲသင့်ပါ ဥပမာ။ တိရိစ္ဆာန် တစ်ကောင်က မိမိ၏ ရင်သွေးငယ်ကိုရန်မူနေပါက သင်သည်ထိုတိရိစ္ဆာန်နှင့်
တွေ့ဆုံဆွေးနွေးပြီးငြိမ်းချမ်းစွာဖြေရှင်းသင်ပါသလား သို့တည်းမဟုတ် သင့်ရင်သွေးငယ်အတွက် ထိုတိရိစ္ဆာန်ကို ရင်ဆိုင်တိုက်ခိုက်သင့်ပါသလား ထိုသို့တိုက်ခိုက်သည်ကား အကြမ်းဖက်ခြင်းဟုခေါ်ဆိုနှိုင်ပါမည်လော......။
ထို့ကြောင့် မဖြစ်မနေ ကြုံတွေ့လာရသော
အခြေအနေအချိန်အခါပေါ်တွင်မူတည်ပြီးလက်နက်ကိုင်ခုခံ တိုက်ခိုက်ခြင်းကို သုံးသင့်လျှင်သုံးကိုသုံးရပါမည်
ထိုခုခံတိုက်ခိုက်ခြင်းကားတရားသော မိမိကိုမိမိကာကွယ်ခြင်းသာဖြစ်ပြီးအကြမ်းဖက်ခြင်းဟုမခေါ်ဆိုသင့်ပါ။

ထိုခုခံတိုက်ခိုက်ခြင်းကားတရားသော မိမိကိုမိမိကာကွယ်ခြင်းသာဖြစ်ပြီးအကြမ်းဖက်ခြင်းဟ
ုမခေါ်ဆိုသင့်ပါ။

June 29, 2011 1:33 PM

thiha said...

အားပေးသွားတယ်နော်...