Thursday, July 16, 2009

နအဖသတင်းစာရဲ့ ဟာသဆောင်းပါးရှင်ကိုကျော်ရဲမင်းသို့

ဟယ်လို ကိုကျော်ရဲမင်း


(၁၆-၇-၀၉) ရက်နေ့ကြေးမှုံသတင်းစာမှာပါတဲ့ခင်ဗျားရဲ့“ တည်ငြိမ်အေးချမ်း ရှေ့ခရီးလမ်း” ဆိုတဲ့
ဟာသဆောင်းပါးကိုဖတ်ရပြီးအတော်ကိုရယ်ရတယ်ဗျာ(အူတက်မတတ်အောင်ပါဘဲ)။
ဖတ်လို့ကောင်းတယ်ဗျ ခင်ဗျားရဲ့ဟာသဆောင်းပါးတွေနောင်ကိုလဲများများရေးပါ
ကျနော်ကတော့ ပျင်းပျင်းရှိတဲ့အခါ ခင်ဗျားတို့လိုဟာသကလောင်ရှင်တွေရဲ့ဟာသဆောင်းပါးတွေနဲ့
ဟာသ သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ ကိုခင်ရီတို့ကိုကျော်ဆန်းတို့ရဲ့ပြည်တွင်းပြည်ပကသတင်းစာ
ဆရာကြီးတွေကိုဖိတ်ကြားပြီး ပြောဆိုတဲ့ဟာသတွေကိုရှာဖတ်ပြီးအပျင်းဖြေနေရတာဗျ။
ဘာတဲ့
“ ဒီမိုကရေစီစနစ်မှာ ပြည်သူဟာအရှင်သခင်ဖြစ်ပြီး
ပြည်သူရဲ့ဆန္ဒဟာ အခရာကျပါတယ်။
ပြည်သူရဲ့ဆန္ဒဖြစ်တဲ့အများစုရဲ့အဆုံးအဖြတ်ဟာအတည်ဖြစ်ပါတယ်။
အများစုဖြစ်တဲ့ပြည်သူရဲ့ဆန္ဒကိုအလေးထားပြီး ပြည်သူရဲ့အဆုံးအဖြတ်ကို
လက်ခံသဘောတူ လိုက်နာလုပ်ဆောင်ရခြင်းဟာဒီမိုကရေစီစနစ်ရဲ့ အင်မတန်
အခြေခံကျတဲ့၊အင်မတန်ရိုးရှင်းတဲ့၊လူတိုင်းသိနားလည်တဲ့ကျင့်စဉ်ပဲဖြစ်ပါတယ်။”
အရမ်းမှန်တယ် ဒါဟာဒီမိုကရေစီရဲ့ သစ္စာ ပါဘဲ။
အောက်အပိုဒ်မှာခင်ဗျားရေးတာကိုစာစီတဲ့ဆရာမှာပြီးဖေါ်ပြထားလို့
ကျနော်ကဘဲပြင်ပေးလိုက်ပါတယ်
ဒါပေမယ့် ဒီနေ့အချိန်မှာ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်တွေနဲ့
သူတို့ရဲ့နောက်လိုက်ခွေးတွေကတော့ဒီမိုကရေစီဆိုတဲ့စကားကို
အမြှုပ်ထွက်အောင် ဆီမန်းမန်းသလိုရွတ်နေကြပေမယ့် အများပြည်သူ
ရဲ့ဆန္ဒနဲ့အဆုံးအဖြတ်(၁၉၉၀ ရွေးကောက်ပွဲရလဒ်)ကိုလိုက်နာလက်ခံ
ဆောင်ရွက်ပေးဖို့အတင်းအဓမ္မငြင်းဆိုရှောင်လွှဲနေကြတာကို
တွေ့မြင်နေရပါတယ်။မဟုတ်ဖူးလားဗျာ ကိုကျော်ရဲမင်း ၁၉၈၈ လူထုအုံကြွ
တောင်းဆိုမှုကြီးဟာ ပြည်သူရဲ့ ဆန္ဒ လို့ပြောမယ်ဆိုရင်၁၉၉၀ ရွေးကောက်ပွဲကြီးမှာ
မြန်မာပြည်သူတွေကမဲဆန္ဒပေးခဲ့တဲ့ရလဒ်ဟာ မြန်မာပြည်သူတွေရဲ့ အဆုံးအဖြတ်လို့ပြော
ရင် မမှားပါဘူးနော် ကိုကျော်ရဲမင်း။
နိုင်ငံတော်တာဝန်ကိုမလွှဲမရှောင်သာလို့ယူလိုက်ရပါတယ်ဆိုတဲ့စစ်ဗိုလ်အစုတ်တွေ
ခောတ်မှီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်အသစ်ကြီးထူထောင်ချင်ပါတယ်ဆိုတဲ့
စစ်ဗိုလ်အစုတ်တွေနဲ့နောက်လိုက်ခွေးတွေ
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်နေပါတယ်ဆိုတဲ့
စစ်ဗိုလ်အစုတ်တွေနဲ့နောက်လိုက်ခွေးတွေဟာ(ကိုကျော်ရဲမင်းရဲ့လေသံအတိုင်းပြောရရင်)
အင်မတန် အခြေခံကျလှတဲ့ ဒီမိုကရေစီကျင့်စဉ်ကလေးကိုတောင် လက်ခံလိုက်နာခြင်း
မရှိတာဟာ မသင့်လျှော်ပါဘူး။ဟုတ်တယ်နော် ကိုကျော်ရဲမင်းကြီး
မြန်မာစစ်ခေါင်းဆောင်တွေသည် -(၁)နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊
(၂)နိုင်ငံတော်နှင့်နိုင်ငံသားတို့ရဲ့စီးပွါးရေးဘဝခိုင်မာတောင့်တင်းရေး၊
(၃)အမျိုးသားပညာရည်မြင့်မားရေး တို့ကိုဆောင်ရွက်ခဲ့လို့
အခုဆိုရင်““အနာဂတ်နိုင်ငံတော်အတွက်လိုအပ်တဲ့ Infra-structure အားလုံးနီးပါးကိုလဲ
တည်ဆောက်နှိုင်ခဲ့ပါပြီ ၊ ပြည်သူတွေရဲ့ လူမှုစီးပွါးဘဝ မြင့်မားမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း
အတိုင်းအတာတခုအထိဆောင်ကြဉ်းပေးနှိုင်ခဲ့ပါပြီ ”” ဆိုတဲ့အပိုဒ်ကအရယ်(ရီ)ရဆုံးပါဘဲ။
ကိုကျော်ရဲမင်း စိတ်တော့မဆိုးနဲ့ဗျာ ခင်ဗျားရဲ့ဆောင်းပါးကိုဖတ်ပြီးကျနော် ခင်ဗျားကို
အရမ်းသနားနေမိတယ် ခင်ဗျားမြန်မာပြည်ကလွဲပြီးဘယ်ကိုမှရောက်ဖူးပုံမပေါ်ဘူး။
ကျနော်ဘာဖြစ်လို့အခုလိုပြောရတာလဲဆိုတော့-
တိုင်းပြည်ရဲ့သူရဲကောင်း၊စစ်တပ်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမီး
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကပြောဖူးတယ်
““ ကိုယ့်ကလေးကိုပဲ ကြည့်ပြီး ငါ့ကလေးထွားလိုက်တာလို့ မပြောပါနဲ့တဲ့
သူများကလေးတွေနဲ့ယှဉ်ကြည့်ပြီးမှ ကိုယ့်ကလေးထွား သလားပြောပါတဲ့””လေ။
ဒီလိုလုပ်ပါဗျာ- ကျနော်လေယဉ်လက်မှတ်နဲ့အသုံးစရိတ်လုံလုံလောက်လောက်ခင်ဗျားအတွက်
ထုတ်ပေးပါ့မယ် ကိုယ်နိုင်ငံနဲ့ကပ်နေတဲ့ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံ၊တရုပ်နိုင်ငံတွေကို
ထွက်ကြည့်လိုက်ပါဦးအဲဒီနိုင်ငံတွေရဲ့ အနေအထားတွေကိုလေ့လာ ပြီးမှ
ကိုယ့်တိုင်းပြည်ရဲ့အခြေအနေနဲ့ လူထုရဲ့လူမှုစီးပွါးတိုးတက်လား ဆုတ်ယုတ်လား
ဆက်ရေးပေါ့ဗျာ။နောက်ပြီး ကိုယ်နေတဲ့နိုင်ငံရဲ့သမိုင်းကိုလဲပြန်လေ့လာသင့်တယ်၊
ကိုယ်ရဲ့ဘာသာရေးစာပေတွေကိုလဲလေ့လာစေချင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ မိစ္ဆာဒိဌိ ဆိုတာသိပ်ကိုကြောက်စရာကောင်းတယ်ဗျ၊
ခင်ဗျားသိပ်နားလည်မယ့်ပုံမပေါ်ဘူး ကဲပါဗျာ လူပိန်းတွေနားလည်အောင်ပြောရမယ်ဆိုရင်
ဘုရားဟောထားတဲ့တရားတွေထဲမှာ““ အယူမှားရင်ကျန်တာတွေအားလုံးမှားသွားပြီတဲ့””
““သူတော်မဟုတ် သူယုတ်မာတွေနဲ့ ပေါင်းသင်းခြင်းဟာလဲ မင်္ဂလာတရားတော်နဲ့
ဆန့်ကျင်နေတယ် အမင်္ဂလာတဲ့””ဗျာ။
ကဲ ကိုကျော်ရဲမင်း လေ့လာရေးခရီးအတွက် လေယဉ်လက်မှတ်နဲ့ငွေ ဘယ်ကိုပို့ပေးရမလဲ
အမြန်ဆုံးအကြောင်းပြန်လိုက်ဗျ နောက်မို့ဆိုရှက်စရာကြီးဗျာ ဘာမသိညာမသိနဲ့
လူတွင်ကျယ်လုပ်ပြီးဆောင်းပါးတွေလျှောက်ရေးနေ ဖတ်မိတဲ့သူတွေက ဟာသဆောင်းပါးလို့
ထင်နေပါဦးမယ်။
တကယ်တမ်းပြောရရင် ခင်ဗျားရဲ့ဆောင်းပါးက အကြောင်းအရာကမမှန်ကန်၊အရေးအသားက
မကောင်းပေမယ့် အတော့်အတော်လေးကို ရယ်(ရီ)ရပါတယ်ဗျို့။

ကိုပါကြီး
(၁၆-၇-၀၉)


Wednesday, July 15, 2009

ကုလအတွင်းရေးမှူးဆောင်ရွက်ချက်မြန်မာပြည်သူတို့ဆန္ဒနှင့်လွဲချော်နေ

ကုလသမဂ္ဂ အဖွဲ့ကြီးနှင့် နိုင်ငံတကာစေတနာရှင်များက မြန်မာနိုင်ငံအတွင်းရှိပြည်သူများ
အတွက်-တီဘီရောဂါတိုက်ဖျက်ရေး၊ငှက်ဖျားရောဂါတိုက်ဖျက်ရေး၊အေအိုင်ဒီအက်စ်ရောဂါ
တိုက်ဖျက်ရေး၊နာဂစ်မုန်တိုင်းသင့်ဒေသပြန်လည်ထူထောင်ရေး၊စာသင်ကျောင်းများပြန်လည်
တည်ဆောက်ရေး၊ပြည်သူတွေအမိုးအကာအောက်ရောက်ရှိရေး၊စီးပွါးရေးပြန်လည်ထူထောင်ရေး
အတွက်အကူအညီပေးရေး၊ကရင်ပြည်နယ်တွင်းတိုက်ပွဲများကြောင့်ထွက်ပြေးတိမ်းရှောင်သူစစ်ဘေးသင့်
ပြည်သူများအကူအညီပေးရေး၊ချင်းပြည်နယ်အတွင်းကြွက်များသောင်းကျန်း၍အငတ်ဘေးသင့်
ပြည်သူများအားအကူအညီပေးရေး၊အစရှိတဲ့အရေးပေါင်းများစွာအပြင်ရာသီအလိုက်ဖြစ်ပွါးလေ့ရှိတဲ့ ဝမ်းပျက်ဝမ်းလျှော၊သွေးလွန်တုပ်ကွေးရောဂါနှစ်ရှည်စီမံချက်ချပြီးဆောင်ရွက်ပေးနေရတဲ့ ပိုလီယိုအကြောသေရောဂါကာကွယ်ဆေးထိုး ဆေးတိုက်ရေးမွေးကင်းစကလေးငယ်များ
အသေအပျောက်နည်းရေးအတွက် မိခင်လောင်းများအားမေးခိုင်ကာကွယ်ဆေးထိုးဆောင်ရွက်ပေးရေး၊
အစရှိတဲ့ အရေးပေါင်းများစွာကိုနိုင်ငံတကာမှလှူဒါန်းကူညီပေးနေကြတာကိုမြန်မာနိုင်ငံသား
တစ်ဦးအနေဖြင့် နိုင်ငံတကာမိသားစုများအားအထူးကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။
ဒါ့အပြင်ကျနော်ပြောချင်တာက ကျနော်တို့မြန်မာပြည်တွင်းမှာ မိန်းကလေးတွေ အလိုမတူဘဲအဓမ္မပြုကျင့်ခံရမှုများ၊ညအချိန် အာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းခံရပြီးလူတွေ
ပျောက်ဆုံးနေမှုများ၊အရွယ်မရောက်သေးတဲ့ကလေးငယ်တွေကိုအဓမ္မဖမ်းဆီးပြီးအတင်းအကြပ်
စစ်မှုထမ်းခိုင်းနေမှုများ၊ဘာသာရေးဖိနှိပ်ခံနေရမှုများ၊နိုင်ငံရေးအရနှိပ်စက်ညှဉ်းပန်းခံရခြင်း
ထောင်နှစ်ရှည်ချခြင်း စီးပွါးရေးနှိပ်ကွပ်မှုများပြုလုပ်နေခြင်း၊အလုပ်အကိုင်ရှားပါးလာ၍
ဆင်းရဲမွဲတေမှုများတိုးပွါးနေပြီးအိမ်နီးချင်းတိုင်းပြည်များသို့တရားဝင်ရောတရားမဝင်ပါသွားရောက်အလုပ်
လုပ်ကိုင်နေကြရခြင်း၊အမျိုမျိုးသောလူ့အခွင့်အရေးချိုးဖေါက်မှုများခံနေကြရခြင်း၊တိုင်းပြည်
အတွင်းအကျင့်ပျက်ချစားမှုများတရားဝင်ကဲ့သို့ဖြစ်ပေါ်လာနေခြင်း၊နိုင်ငံတော်ရဲ့အဓိကကျတဲ့
သမိုင်းကြောင်းတွေကိုဖျောက်ဖျက်ခံနေကြရခြင်း၊ပြည်တွင်းစစ်ဘေးဒဏ်ကြောင့်ထွက်ပြေးတိမ်းရှောင်
နေကြရခြင်း အစရှိသောပြဿနာပေါင်းများစွာတို့လဲရှိနေပါသေးသည်။
ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာရဲ့ငွေကြေးအကူအညီများသည်-
မြန်မာပြည်တွင်းကပြဿနာတွေထဲကတစိတ်တပိုင်းကိုတောင်အကူအညီလုံလောက်မှုမရှိသလို
စစ်အစိုးရအားစီးပွါးရေးပိတ်ဆို့ခြင်း၊သံတမန်ရေးနည်းလမ်းများဖြင့်ချဉ်းကပ်ခြင်းတို့သည်လည်း
ဘာမှထူးခြားမှုမရရှိခဲ့ပါ။
ထို့အပြင်ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းရဲ့ ဆောင်ရွက်ချက်တွေသည်
မြန်မာပြည်သူတွေ(ဆန္ဒအမှန်)ဖြစ်တဲ့လိုအပ်ချက်တွေနှင့်ဆန့်ကျင်နေတာကိုလဲတွေ့ရပါတယ်၊
အဲဒါကတော့ မြန်မာပြည်သူတွေရဲ့အဓိကလိုအပ်ချက်ဆန္ဒအမှန်ဖြစ်တဲ့၁၉၉၀ခုနှစ်
ရွေးကောက်ပွဲရလဒ်ကိုပစ်ပယ်ပြီး ၂၀၁၀ရွေးကောက်ပွဲကျင်ပရေးအတွက်
စစ်အစိုးရနဲ့ဆွေးနွေးနေလို့ပါဘဲ။
ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်း ကိုမေးချင်ပါတယ် ယခင်ကုလသမဂ္ဂ အထွေထွေ
ညီလာခံများမှာအသိအမှတ်ပြုခဲ့တဲ့၁၉၉၀ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖေါ်ရန်
ဆွေးနွေးခြင်းမရှိဘဲ၂၀၁၀ရွေးကောက်ပွဲလုပ်မယ်လို့ဆိုတဲ့စစ်အစိုးရရဲ့အဆိုကိုလိုက်လျှော
ဆွေးနွေးတာ ဘာအကြောင်းပြချက်ကြောင့်ပါလဲ၊အဲဒီ၂၀၁၀ရွေးကောက်ပွဲရလဒ်ကိုရော
ဘယ်သူကအာမခံချက်ပေးမှာလဲ၊၂၀၁၀ရွေးကောက်ပွဲရဲ့ရလဒ်ကိုစစ်ခေါင်းဆောင်ကြီးတွေက
သဘောမကျဘူးဆိုရင်ရောနောက်တက်လာမယ့်စစ်ခေါင်းဆောင်အသစ်အလိုကျရွေးကောက်ပွဲ
အသစ်တစ်ထပ်လုပ်ဖို့ကုလသမဂ္ဂ အနေဖြင့် ဆွေးနွေးဦးမှာလား၊ မြန်မာနိုင်ငံရဲ့ပြည်သူတစ်ရပ်လုံးက
၈၂% ကျော်မဲဆန္ဒပေးထားတဲ့အဓိကပါတီကြီးရဲ့တွေ့ဆုံဆွေးနွေးအဖြေရှာရေး၊
အခြေခံဥပဒေပြန်လည်ပြင်ဆင်ရေး ဆိုတဲ့သဘောထားကိုလဲ အရေးယူဆွေးနွေးရန်မလိုအပ်ဟု
ယူဆထားပါသလား လို့ပါ။
အမှန်တကယ်မြန်မာ့အရေးကိစ္စမှာအဓိကကျတာက
ပြည်သူလူထုကရွေးချယ်တင်မြှောက်ထားတဲ့လူထုကိုယ်စားလှယ်တော်များမပါဝင်ဘဲ
စစ်ခေါင်းဆောင်များအလိုကျရေးဆွဲထားတဲ့ဖွဲ့စည်ပုံအခြေခံဥပဒေကိုအသုံးပြုပြီးကျင်းပမည့်
၂၀၁၀ရွေးကောက်ပွဲလုပ်ဖို့မဟုတ်ပါဘူး၊
ကုလသမဂ္ဂကဦးဆောင်ပြီးလက်ရှိစစ်ခေါင်းဆောင်တွေ၊ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့
အတိုက်အခံအင်အားစုကိုယ်စားလှယ်တွေနှင့်တိုင်းရင်းသားကိုယ်စားလှယ်တွေ
မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးရေးကိစ္စပါ။
အဲဒီဆွေးနွေးပွဲ ကမှ ပြည်တွင်းစစ်ကင်းဝေးပြီး လူ့အခွင့်အရေးများကိုအာမခံချက်ပေးနှိုင်မယ့်
စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးဆီဦးတည်သွားနှိုင်မှာဖြစ်တယ်လို့
တင်ပြလိုက်ပါတယ်။
( ကိုပါကြီး)
၁၅-၇-၀၉
တို့တာဝန်အရေး(၃)ပါး
(၁) စစ်မှန်သောတွေ့ဆုံဆွေးနွေးအဖြေရှာရေး (တို့အရေး)
(၂) ဖွဲ့စည်ပုံအခြေခံဥပဒေပြင်ဆင်ရေးဆွဲရေး (တို့အရေး)
(၃) စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး (တို့အရေး)
ပြည်သူ့သဘောထား
ပြည်သူလူထုတစ်ရပ်လုံး၏အနာဂတ်ရောင်ခြည်ကို ဗီဒို အာဏာစွဲကိုင်ပိတ်ပင်နေသည့်
တရုပ်အစိုးရအား ဘုံရန်သူအဖြစ်သတ်မှတ်ကြ။

Tuesday, June 30, 2009

ဆရာ/ဆရာမများအတွက်စေတနာစကား

ဦးသောင်း ကတော့အချွန်နဲ့ မနေပြန်ပြီ
မြန်မာစစ်အစိုးရထုတ်(ဇွန်လ ၃၀)ကြေးမှုံသတင်းစာတွင်ပါရှိသော
ရန်ကုန်တိုင်းလှည်းကူးမြို့နယ်ဖေါင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်၌ကျင်းပသော
ဆရာ/ဆရာမများအထူးမွန်းမံသင်တန်းဖွင့်ပွဲတွင်သိပ္ပံနှင့်နည်းပညာဝန်ကြီးဦးသောင်း
ပြောကြားခဲ့သောအမှာစကား
“ နိုင်ငံ၏သမိုင်းကိုမှန်ကန်စွာသိမြင်မှု၊အတိတ်သမိုင်းနှင့်မျက်မှောက်ကာလပြည်တွင်းပြည်ပ
ဖြစ်ပေါ်ပြောင်းလဲမှုများအပေါ်ရှု့ထောင့်အမျိုးမျိုးမှအသိပညာနှင့်ယှဉ်ပြီးဝေဖန်သုံးသပ်နှိုင်မှု
အမျိုးသားရေးသင်ခန်းစာရယူနှိုင်မှုများအစဉ်ရှိဖို့လို” ဆိုတဲ့စကားကိုအခြေခံပညာဆရာ
ဆရာမတွေအသေအချာပြန်စဉ်းစားကြဖို့ သူပြောတဲ့စကားနားမယောင်ကြဖို့
ကျနော်အလေးအနက်သတိပေးလိုပါတယ်။
ဘာဖြစ်လို့ဒီလိုပြောရတာလဲဆိုတာကျနော်သက်သေအခိုင်အမာပြနှိုင်လို့ပါဘဲ။
ဆရာ/ဆရာမတွေတောင်ဖြစ်နေပြီဆိုတဲ့သူတွေဟာသာမန်လူမဟုတ်လို့မိမိတို့နိုင်ငံ၏
သမိုင်းကိုမှန်ကန်စွာသိပြီးသားဆိုတာဘယ်သူမှမငြင်းနှိုင်ပါဘူး၊အဲ့ဒီဆရာ/ဆရာမတွေကို
အတိတ်သမိုင်းနှင့်မျက်မှောက်ကာလ ပြည်တွင်းပြည်ပ ကဖြစ်ပေါ်ပြောင်းလဲနေမှုများအပေါ်
ရှုထောင့်အမျိုးမျိုးမှအသိပညာနှင့်ယှဉ်ပြီး ဝေဖန်သုံးသပ် ခိုင်းတာဟာ
ဆရာ/ဆရာမတွေကိုထောင်ထဲဝင်ခိုင်းတာဖြစ်တယ်။
ကျနော်ပြောတာဟုတ်မဟုတ်မှန်မမှန်ဆိုတာနောင်တော်ဆရာဆရာမတွေကိုမေးကြည့်ကြပါ။
စစ်အာဏာသိမ်းကာလများအစမှယနေ့အထိ မိမိတို့နိုင်ငံ၏သမိုင်းကို
မှန်ကန်စွာသိပြီးအတိတ်သမိုင်းနှင့်မျက်မှောက်ကာလ ပြည်တွင်းပြည်ပ က
ဖြစ်ပေါ်ပြောင်းလဲနေမှုများအပေါ်ရှုထောင့်အမျိုးမျိုးမှအသိပညာနှင့်ယှဉ်ပြီး
ဝေဖန်သုံးသပ်မိခဲ့ကြတဲ့ ဆရာ/ဆရာမတွေ တချို့ကအလုပ်ပြုတ် တချို့ကတော့ထောင်ကျ
ဖြစ်ခဲ့ရတယ်ဆိုတာပြောပြကြပါလိမ့်မယ်။
တချို့သောဆရာ/ဆရာမတွေဆိုရင်ကိုယ်တိုင်တောင်မသုံးသပ်ရသေးပါဘူး အိမ်ကခင်ပွန်း/
ဇနီး တွေသုံးသပ်မိတာနဲ့တင် နယ်ပြောင်းခံရ/အလုပ်ပြုတ်ခံရတာတွေရှိခဲ့ဘူးပါတယ်။
ဥပမာတစ်ခုပြေရရင် ၀ါးခယ်မမြို့မှာနေတဲ့ ခင်ပွန်းသည်ရှေ့နေ ဦးတင်အောင်က
ပြည်တွင်းပြည်ပဖြစ်ပေါ်ပြောင်းလဲနေမှုများအပေါ်ရှုထောင့်အမျိုးမျိုးမှအသိပညာနှင့်ယှဉ်ပြီး
ဝေဖန်သုံးသပ်ခဲ့တာကြောင့်ပုသိမ်ကောလိပ်ကဇနီးသည်ဆရာမဟာစစ်တွေကောလိပ်ကို
ပြောင်းရွှေ့ခံခဲ့ရပါတယ်။ဆရာ/ဆရာမတွေသာမကကျနော်တို့မြန်မာနိုင်ငံသားများအားလုံးလဲ
အဲဒီလိုသုံးသပ်ပြောဆိုမိခဲ့ကြလို့အဖမ်းအဆီးခံနေကြရတာ၊မိတကွဲဖတကွဲသားတကွဲ
မယားတကွဲနဲ့ထွက်ပြေးနေကြရတာလဲဆရာတွေဆရာမတွေသိပြီးမြင်ပြီးကြားပြီးဖြစ်မယ်လို့
ကျနော်ယုံကြည်ပါတယ်။
အထူးသဖြင့်အောင်သောင်းနဲ့မောင်သောင်းပြောရင်ပိုပြီးသတိထားကြပါလို့
တစ်ချိန်က တပည့်ဖြစ်ခဲ့ဖူးတဲ့ကျနော် ဆရာဆရာမတွေအတွက်စိုးရိမ်မိလို့ ကျေးဇူးဆပ်တဲ့အနေဖြင့်
အချိန်မှီအသိပေးလိုက်တာပါ။
(တပည့်ဟောင်း တာတေ)
(၃၀-၆-၀၉)

Tuesday, March 10, 2009

BBC သို့ပေးစာ

BBC ခင်ဗျား
ဘီဘီစီရဲ့လွတ်လပ်အတွေးဆွေးနွေးဖလှယ်အစီအစဉ်ကနေပေးထားတဲ့Dr ရမ်းကုအကြောင်း ကို
ကျနော့်အမြင်လေးနည်းနည်းလောက်ပြောပြချင်ပါတယ်။
Dr ရမ်းကု ဆိုတာတွေကိုကျနော်တွေ့ဖူးပါတယ် များသောအားဖြင့်သူတို့ဟာဆေးပညာရပ်တစ်ခုကို
အနည်းဆုံး(၄)လခွဲ ကနေ(၁)နှစ်ခွဲအထိတရားဝင်သင်ကြားခဲ့ကြသူများဖြစ်ကြသည်ကိုတွေ့ခဲ့ရပြီး
မျက်မှောက်ကာလဗမာပြည်ရဲ့စနစ်ဆိုးကြောင့်ကျေးလက်နေပြည်သူတွေအတွက်Dr ရမ်းကု
တွေဟာမရှိမဖြစ်တဲ့လိုအပ်ချက်တစ်ခုအဖြစ်ရှိနေတာဖြစ်ပါတယ်။
Drရမ်းကုတွေရဲ့သမိုင်းကိုကြည့်ရင် တရုပ်နိုင်ငံတွင်မော်စီတုံး လက်အောက်တပ်နီတော်ထဲမှာ
Drရမ်းကုတွေကိုမွေးထုတ်ပြီးအဲဒီကာလရဲ့လူထုလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးခဲ့ရဖူးးပါတယ်။
ဒါကတော်လှန်ရေးကာလတစ်ခုမှာအသုံးပြုဘို့ရည်ရွယ်ခဲ့တယ်လို့မြင်ပါတယ်။
Drရမ်းကုကြောင့်လူနာအသက်ဆုံးရှုံးတာတွေ့ဘူးလားဆိုတဲ့မေးခွန်းကိုပြောရမယ်ဆိုရင်-
ကျနော်တွေ့ဖူးတာကတော့ Drရမ်းကုကြောင့်တော့မဟုတ်ပါဘူး တရားဝင်ဆေးကျောင်းကနေ
ဆရာဝန်ဘွဲ့ ရရှိခဲ့တဲ့ လုပ်သက်ရင့်နေပြီဖြစ်တဲ့ဆရာဝန်မကြီးတဦးရန်ကုန်တိုင်းကြည့်မြင်တိုင်မြို့နယ်
မှာဆေးခန်းဖွင့်ပြီးဆေးကုသနေတယ်ကျနော့်အိမ်ဘေးကဦးခင်ထွန်းရဲ့ဇနီးသည်ဟာချောင်းဆိုးတယ်
ဆိုပြီးအဲဒီဆေးခန်းကိုသွားပြတယ်ဆရာဝန်မကြီးကနားကြပ်နဲ့ထောက်ကာနားထောင်ပြီးTB ဆေးတွေ
တိုက်ပါတော့တယ်လူနာဟာဆေးသောက်ပြီးတပတ်လောက်ရတော့မူးတယ်ဆိုပြီးအိပ်ယာထဲ
လဲသွားတယ် နောက်တော့အသက်ပါဆုံးသွားခဲ့တယ်။
သေချာတာကတော့ဘယ်သူကမှDrရမ်းကုထံဆေးသွားကုချင်မှာမဟုတ်သလို ဘယ်ဆရာဝန် ဘယ်သမားတော်ကမှမိသားစုကိုဆင်းဆင်းရဲရဲထားပြီးကျေးလက်တောရွာသွားဆေးကုပေးချင်မှာ
မဟုတ်ပါဘူး။
Drရမ်းကုတွေပပျောက်အောင်လိုက်ဖမ်းဆီးထောင်ချလို့မပပျောက်နှိုင်ပါဘူး
Drရမ်းကုတွေကိုဗမာပြည်မှာပပျောက်စေချင်ရင်တော့…..
စနစ်ဆိုးရဲ့အောက်မှာပိတ်လှောင်နေတဲ့ဆေးဖက်ဆိုင်ရာဝန်ထမ်းတွေ ဆရာဝန်တွေ
သမားတော်တွေရဲ့လိုအပ်ချက်တွေကိုအတိုင်းအတာတခုအထိဖြည့်ဆည်းပေးနှိုင်မယ်ဆိုရင်.။
စနစ်ဆိုးရဲ့စီးပွါးရေးနွံထဲမှနစ်မွန်းနေတဲ့ ပြည်သူတွေရဲ့တဦးချင်းဝင်ငွေတိုးတက်အောင်
ဆောင်ရွက်ပေးနှိုင်မယ့် ပြည်သူတွေအားလုံးနဲ့ဝန်ထမ်းတွေရဲ့အခွင့်အရေးတွေကို
အကာအကွယ်ပေးနှိုင်ပြီး တရားဥပဒေစိုးမိုးမယ့် စနစ်တခုပေါ်ထွန်းခဲ့မယ်ဆိုရင်။
ကျနော်တို့ဗမာပြည်ထဲမှာ ဘယ် Dr ရမ်းကုမှမရပ်တည်နှိုင်သလိုဘယ်လိုကွမ်းယာဆိုင်ကမှ
ဆေးစပ်ရောင်းချတာကိုဥပဒေကခွင့်ပြုမှာမဟုတ်ပါဘူးး

လေးစားစွာဖြင့်

ကိုဈေးဆိုင်
(၁၀-၀၃-၂၀၀၉)

Sunday, February 22, 2009

မြန်မာစစ်ခေါင်းဆောင်များသို့ပန်ကြားချက်

မြန်မာစစ်ဗိုလ်ချုပ်ကြီးများခင်ဗျား-
အခုတလောမြန်မာသတင်းမီဒီယာတွေ ဘလော့တွေမှာ အလွန်ရေပန်းစားနေတဲ့မဖတ်ချင်မှ
အဆုံးမကြားချင်လို့လဲမရတဲ့သတင်းကတော့
““ မြန်မာစစ်အစိုးရကအကျဉ်းသား(၆၃၁၃)ဦးကိုလွှတ်ပေးလိုက်သည်””
““ နိုင်ငံရေးအကျဉ်းသားတချို့ကိုပြစ်ဒဏ်များလျှော့ချပေးလိုက်သည်””ဆိုတာတွေပါဘဲ။
စပြီးဖမ်းဆီးစဉ်ကာလကတည်းက တိုင်းပြည်ကောင်းဘို့ တိုးတက်ဘို့ ရည်ရွယ်ချက်တွေနဲ့
ပြောကြဆိုကြ လုပ်ကြကိုင်ကြတဲ့ရဟန်းရှင်လူကျောင်းသားပြည်သူတွေ အသိပညာအတတ်ပညာရှင်ကို
ငါ့မှာလက်နက်ရှိတယ် ငါ့မှာအာဏာရှိတယ်ဆိုပြီးမတရားသဖြင့်ဖမ်းဆီးရိုက်နှက် နှိပ်စက်
တပ်ချင်တဲ့ပုဒ်မ ထင်သလိုတပ်ပြီးအမြင့်ဆုံးဆိုတဲ့ပြစ်ဒဏ်တွေချထားခဲ့တာပါ ။
ဥပမာတခုကတော့-မြန်မာစစ်အုပ်စုဟာ(၁၀၀)တန်ပစ္စည်းကို(၃၀၀)လို့ဈေးနှုန်းကပ်ထားပြီး
ရာသီကုန်လို့သူတို့ရောင်းချင်တဲ့အခါကျတော့်မှ(၅၀%)လျှော့ဈေးနဲ့ထုတ်ရောင်းတဲ့ပုံစံပါ။
အခုပြန်လွှတ်ပေးတဲ့အကျဉ်းသား(၆၃၁၃)ဦးဆိုတာကိုပြန်ကြည့်ပါဦး
ရိုးရိုးရာဇ၀တ်အကျဉ်းသားအရေအတွက်ဘယ်လောက်နဲ့နိုင်ငံရေးအကျဉ်းသားအရေအတွက်
ဘယ်လောက်များပါလို့လဲ။
ကုလသမဂ္ဂ နဲ့ နိုင်ငံတကာအစိုးရတွေရဲ့ဖိအားပေးမှုတွေလျှော့ပါးသွားအောင်၊
၂၀၁၀ ရွေးကောက်ပွဲ အတွက်မြန်မာပြည်သူလူထုကိုစည်းရုံးရေးမှာဝါဒဖြန်ချီရေးတွင်တွင်
ကျယ်ကျယ်ပြုလုပ်နှိုင်ဘို့စစ်အစိုးရထုတ်သတင်းစာတွေမှာချဲ့ကားရေးသားဖေါ်ပြကြဘို့
အတွက်လုပ်ကွက်တခုဆိုတာအားလုံးကသိနေကြပါတယ်။


ဒါ့ကြောင့်စစ်သည်ဟောင်းတဦးအနေနဲ့ဘဲဖြစ်ဖြစ်မြန်မာနိုင်ငံသားတဦးအနေနဲ့ဘဲဖြစ်ဖြစ်
တိုင်းပြည်ကောင်းဘို့ကျွန်တော်ချစ်တဲ့တပ်မတော်ကြီးရဲ့ဂုဏ်သိက္ခာတိုးတက်ဘို့အတွက်
စစ်ခေါင်းဆောင်ကြီးများကိုမေတ္တာရပ်ခံပန်ကြားလိုတာကတော့…..
မြန်မာစစ်ခေါင်းဆောင်များသည်
အမှန်တကယ်တိုင်းပြည်ကိုချစ်သလား၊တိုင်းပြည်ကိုတိုးတက်စေချင်သလား-…..
အမှန်တကယ်တပ်မတော်ကြီးရဲ့ဂုဏ်သိက္ခာတိုးတက်စေချင်သလား…….
တိုင်းပြည်ကိုလဲချစ်တယ်တပ်မတော်ကြီးကိုလဲသိက္ခာရှိစေချင်တယ်ဆိုရင်တော့...
ငါနဲ့မတူငါ့ရန်သူဆိုတဲ့အတွေးအခေါ်ကိုစွန့်ပစ်သင့်နေပါပြီ။
မြေပေါ်မြေအောက်လွှတ်ငြိမ်းချမ်းသာပေးပြီးပြည်ပရောက်နေသူများကိုပြန်ခေါ်ယူသင့်ပါသည်။
တိုင်းရင်းသားလူမျိုးစုတွေကိုအမှန်တကယ်ကိုယ်စားပြုတဲ့တိုင်းရင်းသားခေါင်းဆောင်တွေ၊
နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ပြည်ပကနိုင်ငံရေးပညာရှင်တွေ၊နဲ့စစ်ခေါင်းဆောင်တွေ
စားပွဲဝိုင်းတခုတည်းမှာထိုင်ပြီးရိုးသားပွင့်လင်းစွာဆွေးနွေးအဖြေရှာသင့်ပါသည်။
တိုင်းပြည်တိုးတက်မယ့်ကိစ္စတွေကိုတိုင်းရင်းသားခေါင်းဆောင်များနိုင်ငံရေးပါတီခေါင်းဆောင်များနှင့်
အတူလက်တွေ့ကျကျအကောင်အထည်ဖေါ်ဆောင်ရွက်ပေးသင့်ပါသည်။
စစ်တပ်ဆိုတာတိုင်းပြည်ကိုတာကွယ်ဘို့တာဝန်ပေးထားတဲ့ စစ်ဝန်ထမ်းသာဖြစ်တယ်ဆိုတာမမေ့သင့်ပါဘူး
အဲဒီလို နတ်လူသာဓုခေါ်မယ့်အလုပ်ကိုသာလုပ်ပေးလိုက်မယ်ဆိုရင်…..
(၁)ပြည်တွင်းစစ်ကင်းရှင်းပြီးစည်းလုံးညီညွတ်ဖွံ့ဖြိုးတိုးတက်တဲ့ဒီမိုကရေစီတိုင်းပြည်အဖြစ်
အမြန်ဆုံးရောက်သွား မှာပါ။
(၂)တပ်မတော်နဲ့ပြည်သူအကြားမှာရှိနေတဲ့တင်းမာမှုတွေပျောက်ပြီးတပ်မတော်ရဲ့ဂုဏ်သိက္ခာ
တက်လာမယ်ဆိုတာသေချာပါတယ်။
(၃)စစ်ခေါင်းဆောင်ကြီးများသည်လည်းတိုင်းပြည်ကိုချောက်ထဲရောက်မည့်အရေးမှရဲဝံ့စွန့်စား
စွာဖြင့်ကယ်တင်ခဲ့သူများအဖြစ်မြန်မာပြည်သူတရပ်လုံးကသတ်မှတ်ပြီးသမိုင်းစာမျက်နှာသစ် ပေါ်မှာကဗျည်းတင်ကြမှာပါ။
(၄)မြန်မာနိုင်ငံနှင့်မြန်မာနိုင်ငံသားတွေဟာလည်းနိုင်ငံတကာအလယ်မှာခေါင်းမော့ရင်ကော့သွားလာ
နေထိုင်နှိုင်မှာဖြစ်ပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်ကြီးများတိုင်းပြည်ကိုအမှန်တကယ်ချစ်မြတ်နိုးနှိုင်ပါစေ။
မြန်မာစစ်ဗိုလ်ချုပ်ကြီးများတပ်မတော်ရဲ့ဂုဏ်သိက္ခာကိုအမှန်တကယ်မြှင်တင်ချင်သူများဖြစ်ကြပါစေ။

ရဲဘော်တာတေ
၂၂-၂-၂၀၀၉

Tuesday, February 10, 2009

မမေ့မလျှော့ဘဲအားထုတ်ကြစေချင်သည်

ဒီမိုကရေစီအမည်ခံပြီးလုပ်စားနေကြသောခေါင်းဆောင်များသို့ပန်ကြားချက်

မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက်ပြည်တွင်းရှိရဲရင့်တက်ကြွစွာလှုပ်ရှားသူများက
နည်းလမ်းပေါင်းစုံအသုံးပြုတိုက်ပွဲဝင်နေချိန်တွင်ပြည်ပရောက်နိုင်ငံရေးအဖွဲ့အစည်းများမှ
ခေါင်းဆောင်များကလဲဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါသည်။
ပြည်တွင်းရှိရဲရင့်တက်ကြွသူများကသာအန္တရာယ်များသည့်ကြားကကြိုးပမ်းလှုပ်ရှားနေပြီး
ပြည်ပရောက် နိုင်ငံရေးအဖွဲ့အစည်းများမှခေါင်းဆောင်များအနေဖြင့်လုပ်စားဘို့လုပ်ကွက်ဖေါ်ဆောင်ရေး
များကိုသာ ဦးစားပေးဆောင်ရွက်နေသည် ကိုတွေ့ရကြားနေရသဖြင့်လွန်စွာစိတ်ပျက်မိပါသည်။
မြန်မာပြည်သားတဦးအနေဖြင့်လည်းကောင်းတာဝန်သိမဲဆန္ဒရှင်ပြည်သူတဦးအနေဖြင့်လည်းကောင်း
အင်အားစုများအားလုံးကိုစည်းလုံးညီညွတ်စွာဖြင့်ပူးပေါင်းဆောင်ရွက်ကြသည်ကိုမြင်တွေ့လိုပါသည်။
ဒီမိုကရေစီအင်အားစုအမည်ခံပြီးမိမိအဖွဲ့အစည်းအတွက်သော်လည်းကောင်းမိမိပြည်သူနှင့်
တိုင်းပြည်အတွက်သော်လည်းကောင်းဘာအကျိုးအမြတ်မှမရရှိဘဲတန်ဘိုးရှိသည့်အချိန်များကိုဖြုန်းတီး
နေခြင်းမှာဒီမိုကရေစီတော်လှန်ရေးကိုသစ္စာဖေါက်ခြင်းပြည်သူတို့၏ယုံကြည်မှုကိုအလွဲသုံးစားပြုလုပ်ခြင်း
သာဖြစ်ပါမည်။
ထို့ကြောင့်ပြည်သူများကိုစည်ရုံးကာပြည်သူ့အားဖြင့်တိုက်ပွဲဝင်ရမည့်အဖွဲ့အစည်းအသီးသီးမှ
ခေါငးဆောင်များသည်လုပ်စားခြင်းအိမ်မက်မှနိုးထကာတက်ညီလက်ညီလှုပ်ရှားကြပါရန်တိုက်တွန်း
အပ်ပါသည်။
မှတ်ချက်။သိက္ခာကိုတန်ဘိုးထားကာဘ၀နှင့်အချိန်ကိုပေးဆပ်လှုပ်ရှားနေကြသောခေါင်းဆောင်များကို
မဆိုလိုပါ။
လေးစားစွာဖြင့်(ကိုဈေးဆိုင်)

စုလွတ်မြောက်ရေး လူထုလှုပ်ရှားမှုရန်ကုန်မှာစပြီမြင့်မိုးဇော်/ ၁၀ ဖေဖော်ဝါရီ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အန်အယ်လ်ဒီ၏ လူထုပန်ကြားချက်ကို ထောက်ခံသည့်
အနေဖြင့် မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှ ဦးဆောင်ပြီး ဖေဖော်ဝါရီလဆန်းပိုင်းက ရန်ကုန်မြို့
နေရာအနှံ့တွင် စာတန်းများကပ်ပြီး ပိုစတာများ ချိတ်ဆွဲခဲ့သည်။
မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက်ကို ထောက်ခံခြင်းနှင့် လူထုတရပ်လုံး ပါဝင်လာအောင် နှိုးဆော်ထားသည့် ထုတ်ပြန်ကြေညာချက်များကို လူထုတရပ်လုံးအတွက် စတေးခံအကောင်းဆုံးမြေသြဇာအဖွဲ့မှ ရဲဘော်များက လမ်းဆုံလမ်းခွများတွင် လိုက်လံကပ်ခြင်း၊ ကြဲချခြင်းများ လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်ဟု စုံစမ်းသိရသည်။
“ကျနော်တို့အနေနဲ့ကတော့ မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် ဘယ်အဖွဲ့စည်းကပဲ ဘာပဲလုပ်လုပ် ပြည်သူများအနေနဲ့ ပါဝင်ဆောင်ရွက်စေချင်ပါတယ်” ဟု အဆိုပါ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်တွင်
ပါဝင်သူ လူငယ်တဦးက ပြောကြားသည်။
မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်ကို အကောင်းဆုံးမြေသြဇာအဖွဲ့ နှင့် လူထုတိုက်ပွဲ ဖော်ဆောင်ရေး ကော်မတီ (ရန်ကုန်တိုင်း) တို့ က ပူးပေါင်းဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး စတင်ဖွဲ့ စည်းစဉ်ကပင် လူထုအား အသိပေးလှုံ့ဆော်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း အဆိုပါလူငယ်က ဆက်လက်ပြောကြားသည်။
အန်အယ်လ်ဒီမှ ထုတ်ပြန်ထားချက်အရ ဒေါ်အောင်ဆန်းစုကြည်အား ချုပ်နှောင်သည့်ကာလများမှ-ပထမအကြိမ်- ၁၉၈၉ ခု ဇူလိုင် (၁၉) ရက်မှ ၁၉၉၅ ခု ဇူလိုင် (၁၀) ရက်ထိ၊ဒုတိယအကြိမ်-
၂၀၀၀ ပြည့်နှစ် စက်တင်ဘာ (၂၁) ရက်မှ ၂၀၀၂ ခု မေလ (၆) ရက်ထိ၊တတိယအကြိမ်-
၂၀၀၃ ခု မေ (၃၀) ဒီပဲယင်းအရေးအခင်းမှ ယနေ့ထိ ချုပ်နှောင်ထားဆဲ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လူထုလှုပ်ရှားမှုကို လက်ဖက်ရည်ဝိုင်းမှာ
ထောက်ခံသည့်ပုံစံမျိုးမှ လူစုလူဝေးဖြင့် စစ်အစိုးရကို တောင်းဆိုသည့်ပုံစံမျိုးထိ နှစ်သက်ရာ
ပုံစံမျိုးစုံဖြင့် ထောက်ခံနိုင်ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က
ခေတ်ပြိုင်သို့ ပြောခဲ့သည်။

ခေတ်ပြိုင်သတင်းမှဖေါ်ပြပါသည်။

Tuesday, January 13, 2009

ပျိုးခင်းလူငယ်အဖွဲ့မှ
မြန်မာပြည်တွင်း၌
လူ့အခွင့်အရေးအတွက်
တိုက်ပွဲဝင်နေသူများ၏ သားသမီးများအား
ပညာသင်ထောက်ပံ့ကြေးဆုချီးမြှင့်ရန်
လစဉ်ကောက်ခံရရှိငွေစာရင်း
ဒီဇင်္ဘာလ၊ ၂၀၀၈ခုနှစ်
၁။ ကိုအောင်အောင်............................................ ၃၀
၂။ ကိုဂျွန်......................................................... ၂၀
၃။ ကိုဆန်း....................................................... ၁၀
၎။ ကိုဖိုးပြည့်..................................................... ၃၀
၅။ ကိုရဲ............................................................ ၃၀
၆။ ကိုညီ.......................................................... ၃၀
၇။ ကိုသီဟ....................................................... ၃၀
၈။ ကိုတင်........................................................ ၁၀
၉။ ကိုရဲကျော်စွာလင်း.......................................... ၃၀
၁၀။ ကိုသန်းလင်း................................................၃၀
၁၁။ မစမ်းစမ်း.....................................................၃၀
၁၂။ ကိုထွန်းလင်း.................................................၃၀
၁၄။ ကိုအောင်မျိုးဦး..............................................၃၀
၁၅။ ကိုမျိုးကျော်သူ...............................................၃၀
၁၆။ ကိုဂျက်နှင့် သူငယ်ချင်းများ................................၁၀
၁၇။ ကိုထွန်းထွန်းနိုင်...........................................၁၀၀
ယခုလကောက်ခံရရှိငွေ.........= ၄၈၀
ယခင်လကောက်ခံရရှိငွေ..........= ၃၅၂၅
စုစုပေါင်း.............................= ၄၀၀၅
ပျိုးခင်းလူငယ်အဖွဲ့မှ
မြန်မာပြည်တွင်း၌
လူ့အခွင့်အရေးအတွက်
တိုက်ပွဲဝင်နေသူများ၏ သားသမီးများအား
ပညာသင်ထောက်ပံ့ကြေးဆုချီးမြှင့်ရန်
လစဉ်ကောက်ခံရရှိငွေစာရင်း
၂၇၊ ၁၁၊ ၀၈
၁။ ကိုအောင်အောင်............................................ ၃၀
၂။ ကိုဂျွန်......................................................... ၂၀
၃။ ကိုဆန်း....................................................... ၁၀
၎။ ကိုဖိုးပြည့်..................................................... ၃၀
၅။ ကိုရဲ............................................................ ၃၀
၆။ ကိုညီ.......................................................... ၃၀
၇။ ကိုသီဟ....................................................... ၃၀
၈။ ကိုတင်........................................................ ၁၀
၉။ ကိုရဲကျော်စွာလင်း.......................................... ၃၀
၁၀။ ကိုသန်းလင်း................................................၃၀
၁၁။ မစမ်းစမ်း.....................................................၃၀
၁၂။ ကိုထွန်းလင်း.................................................၃၀
၁၄။ ကိုအောင်မျိုးဦး..............................................၃၀
၁၅။ ကိုမျိုးကျော်သူ...............................................၃၀
၁၆။ ကိုဇော်ဝင်း...................................................၅၀
၁၇။ ကိုဂျက်........................................................၁၀
၁၈။ ကိုလင်းခိုင်...................................................၂၀
၁၉။ ကိုအောင်သူ.................................................၁၀
၂၀။ ကိုသဲမောင်..................................................၁၅
၂၁။ ကိုထွန်းထွန်းနိုင်...........................................၂၀၀
ယခုလကောက်ခံရရှိငွေ.........= ၆၇၅
ယခင်လကောက်ခံရရှိငွေ..........၂၈၅၀
စုစုပေါင်း...........................= ၃၅၂၅
ပျိုးခင်းလူငယ်အဖွဲ့မှ
မြန်မာပြည်တွင်း၌
လူ့အခွင့်အရေးအတွက်
တိုက်ပွဲဝင်နေသူများ၏ သားသမီးများအား
ပညာသင်ထောက်ပံ့ကြေးဆုချီးမြှင့်ရန်
လစဉ်ကောက်ခံရရှိငွေစာရင်း
၂၁၊ ၁၀၊ ၀၈
၁။ ကိုအောင်အောင်............................................ ၃၀
၂။ ကိုဂျွန်......................................................... ၂၀
၃။ ကိုဆန်း....................................................... ၁၀
၎။ ကိုဖိုးပြည့်..................................................... ၃၀
၅။ ကိုရဲ............................................................ ၃၀
၆။ ကိုညီ.......................................................... ၃၀
၇။ ကိုသီဟ....................................................... ၃၀
၈။ ကိုတင်........................................................ ၃၀
၉။ ကိုရဲကျော်စွာလင်း.......................................... ၃၀
၁၀။ ကိုသန်းလင်း............................................... ၃၀
၁၁။ မစမ်းစမ်း.................................................... ၃၀
၁၂။ကိုအောင်လေး.............................................. ၃၀
၁၃။ ကိုထွန်းလင်း................................................ ၃၀
၁၄။ ကိုအောင်မျိုးဦး............................................. ၃၀
၁၅။ ကိုထွန်းထွန်းနိုင်...........................................၁၅၀
ယခုလကောက်ခံရရှိငွေ..........၅၄၀
ယခင်လကောက်ခံရရှိငွေ......၂၃၁၀
စုစုပေါင်း.........................၂၈၅၀
ပျိုးခင်းလူငယ်အဖွဲ့မှ
မြန်မာပြည်တွင်း၌
လူ့အခွင့်အရေးအတွက်
တိုက်ပွဲဝင်နေသူများ၏ သားသမီးများအား
ပညာသင်ထောက်ပံ့ကြေးဆုချီးမြှင့်ရန်
လစဉ်ကောက်ခံရရှိငွေစာရင်း
၀၈၊ ၀၉၊ ၀၈
(၁) ကိုအောင်အောင်....................................... ၃၀
(၂) ကိုတင်................................................... ၃၀
(၃) ကိုဆန်း.................................................. ၃၀
(၄) ကိုဖိုးကျော်.............................................. ၂၀
(၅) ကိုထွန်းလင်း............................................ ၃၀
(၆) ကိုသီဟ.................................................. ၃၀
(၇) ကိုညီညီ.................................................. ၃၀
(၈)ကိုရဲ....................................................... ၁၀
(၉) ကိုသန်းလင်း............................................ ၃၀
(၁၀) မစမ်းစမ်း.............................................. ၃၀
(၁၁) ကိုအောင်မျိုးဦး....................................... ၃၀
(၁၂) ကိုရဲကျော်စွာလင်း................................... ၁၀
(၁၃) ကိုဂျွန်.................................................. ၁၀
(၁၄) ကိုဖုန်း................................................ ၁၀၀
(၁၅) ကိုထွန်းထွန်းနိုင်..................................... ၁၅၀
ယခုလကောက်ခံရရှိငွေ ရင်းဂစ် ............ ၅၇၀
ယခင်လအထိကောက်ခံရရှိငွေ ရင်းဂစ်....၁၇၄၀
စုစုပေါင်း ရင်းဂစ်..............................၂၃၁၀
ပျိုးခင်းလူငယ်အဖွဲ့မှ
မြန်မာပြည်တွင်း၌
လူ့အခွင့်အရေးအတွက်
တိုက်ပွဲဝင်နေသူများ၏ သားသမီးများအား
ပညာသင်ထောက်ပံ့ကြေးဆုချီးမြှင့်ရန်
လစဉ်ကောက်ခံရရှိငွေစာရင်း
၂၄၊ ၀၈၊ ၀၈
ယခုလကောက်ခံရရှိငွေ ရင်းဂစ်................ ၃၄၀
ယခင်လများတွင်ကောက်ခံရရှိငွေ ရင်းဂစ်...၁၄၀၀
စုစုပေါင်းရင်းဂစ်..................................၁၇၄၀