Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Wednesday, December 10, 2008

တစ်ပတ်အတွင်း သတင်းအစီအစဉ်



တစ်ပါတ်အတွင်း သတင်း အခြေအနေများကို တင်ပြသွားမှာဖြစ်ပါတယ်။

(၁) ရန်ကုန်မြို့ ရွှေဘုံသာလမ်းတွင် ယမန်နေ့ညနေက ပေါက်ကွဲအား အသင့်အတင့်ရှိသော ချိန်ကိုက်ဗုန်းပေါက်ကွဲခဲ့ရာ အနီးတ၀ိုက်တွင် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မှ မတွေ့ရှိခဲ့ပေ။ (စက်ကွင်းမလွတ်သူ အားလုံး တစစီလွင့်စင်ကာ ပွဲချင်းပြီး သေဆုံးသွားခြင်းကြောင့် ဖြစ်၏) အနီးတ၀ိုက်တွင် သွေးသံရဲရဲဖြင့် ပေါင်တစ်ဖက်ပြတ်နေသည်ဟု ယူဆပြီး ထောက်လှမ်းရေးမှ အပူတပြင်း စစ်ဆေးလေ့လာကြည့်ရာ တိုကျိုဖရိုင်းချစ်ကန်းမှ အချဉ်တို့ထားသော ကြက်ပေါင်တစ်ချောင်း ဖြစ်ကြောင်း သိရှိရသည်။ ထိုကြက်ပေါင်အား အတင်းရေးမှူးတစ်မှ မိန်းမစားရန်အလို့ငှာ အိမ်သူပိုင် သိမ်းဆည်းသွားကြောင်း သတင်းရရှိပါသည်။

(၂) သဘာငတိနှင့် အဖွဲ့သည် မနေ့ည၁၀ နာရီခန့်က ပိုင်အိုးနီးယားကလပ်အတွင်း မော်ဒန်မလေးများ လှုပ်ရှား ကခုန်နေမှု အခြေအနေများကို အငမ်းမရ သွားရောက်ကြည့်ရှူကာ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို မှာစားခဲ့သည်။

(၃) လွန်ခဲ့သော သောကြာနေ့က မိုးအပြင်းအထန်ရွာသွန်း၍ ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း ပလက်ဖောင်းနံဘေးတွင် ခြေသလုံးခန့်ထိ ရေများလျှံတက်လျှက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မီးပွိုင့်ထောင့်တွင် ပလက်ဖောင်း ဟိုဘက်ဒီဘက်ကို ဆက်သွယ်သော နှစ်ပေခန့်မြင့်သည့် မြောင်းကူးတံတား ဖောက်လုပ်သွားမည်ဟု သိရှိရသည်။ ခန့်မှန်းကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၃၂ သန်းခန့်ဖြစ်ပြီး ရူးပေါဂိုဏ်းရန်ပုံငွေမှ အသုံးပြုကျခံသွားမည်ဖြစ်သည်။

(၄) အတင်းရေမှူးတစ် ဗိုလ်ချုပ်ဗီလိန်သည် အစိုးရယဉ်မသုံးရနေ့ ဖြစ်သော လွန်ခဲ့သောသောကြာနေ့က ယဉ်များကိုစစ်ဆေးရန် ရန်ကုန်မြို့တွင်း ရဟတ်ယဉ်ဖြင့် လှည့်လည်ကြည့်ရှူခဲ့သည်။



(၅) အမေရိကန်နိုင်ငံ လေ့လာတွေ့ရှိချက်စစ်တမ်းများအရ မြန်မာနိုင်ငံရှိ စီအန်ဂျီကားများသည် လောင်စာဆီ စားရိတ် သက်သာသော်လည်း အသုဘစားရိတ်ပိုမိုများပြားနိုင်သည်ဟု သိရှိရသည်။



(၆) လွန်ခဲ့သော လက မြန်မာနိုင်ငံမှ ရှေးဟောင်းသုတေသနအဖွဲ့များ ရှာဖွေတွေ့ရှိခဲ့သည့် ပုဂံခေတ်က အ၀တ်အထည်ဟု ယူဆရသော အ၀တ်ထည်ကို ရှေးဟောင်းပြတိုက်တွင် ထည့်သွင်းပြသထားခဲ့သည်။ ယမန်နေ့က သဘာပတိသည် သူ၏ ဇနီးသည်ပျောက်သွားသော အတွင်းခံဖြစ်သည်ဟု ဆိုကာ ၄င်းအ၀တ်ထည်ကို ပြတိုက်မှ ပြန်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါသည်။



(၇) ရူးပေါဂိုဏ်းမှ ငှက်ကထကြီးသည် အမေရိကန်နိုင်ငံလွတ်လပ်ရေးနေ့အတွက် ၀မ်းမြောက်ကြောင်းသ၀န်လွှာကို တရုတ်ပြည်ရှိ ငလျင်ဒဏ်ခံရသူပြည်သူများအတွက် ၀မ်းနည်းကြောင်းသ၀န်လွှာနှင့် မှားယွင့်ပေါ့ဆောင်မိသဖြင့် နှစ်နိုင်ငံအကြား အချေအတင် အငြင်းပွားလျှက်ရှိ၏။



(၈) ရူးပေါဂိုဏ်း ပညာရေးဝန်ကြီးမ ဇင်ဇင်သည် မူလတန်းသင်ရိုးညွှန်းတမ်းများတွင် ကျောင်းသူကျောင်းသားများ ပေါချာရေးအတွက် အပေါတကာ့အပေါဆုံး သင်ခန်းစာများ ထည့်သွင်းသွားမည်ဟုသိရသည်။ အင်္ဂလိပ်စာ ပိုမိုတတ်မြောက်စေရေး အတွက်လည်း အင်္ဂလိပ်စာများကို မြန်မာစာများဖြင့်ညပ်၍ သင်ကြားသွားမည်ဟုသိရသည် ။ ဥပမာအားဖြင့်… မမ Fat Fat ထထ Dance ၊ အကမှာ First ၊ Dance ပါ Dance ပါ မမရာ ၊ ညည Moon သာသာ၊ Night အခါ ငါစာရ၊ မမ Fat Fat ထထ Dance…. အစရှိသော ကဗျာများကိုလည်း ထည့်သွင်းသွားမည်ဟုသိရှိရသည်။



(၉) လွန်ခဲ့သောရက်ပိုင်းအတွင်း စက်မှု(၁)၀န်ကြီးဌာနမှ ဆိုလာအင်နာဂျီသုံး မီးသီး၊ မီးချောင်းနှင့် ဓာတ်မီးများ စမ်းသပ်တီထွင် ထုတ်လုပ်ခဲ့သည်။ အဆိုပါ ထုတ်ကုန်များသည် ဆိုလာအင်နာဂျီကို ကြာရှည် သိုလှောင်ထားနိုင်စွမ်း မရှိသော်လည်း နေရောင်ခြည် တိုက်ရိုက်ကျရောက်နိုင်သောနေရာများတွင် ဘက်ထရီမလိုပဲ အလင်းရောင် ထုတ်လုပ်နိုင်သည်ဟု သိရသည်။



(၁၀) ရူးပေါဂိုဏ်းမှ ငှက္ကထသည် စက်မှု(၂)မှ အသစ်တီထွင်ထုတ်လုပ်သော MWE 2345 အမျိုးအစား ပိတ်ဖောက်ဇာဖြင့် ပြုလုပ်သည့် ကျည်ကာအင်္ကျီအား စမ်းသပ်ရန်အလို့ငှာ ကိုယ်တိုင်ဝတ်ဆင်၍ ခြောက်လုံးပြူးဖြင့် ပစ်ခတ်ကြည့်ရာမှ သေလုမျောပါး ဒဏ်ရာရရှိခဲ့သည်။



(၁၁) ကျန်းမာရေးဝန်ကြီး၏ အကြံပြုချက်အရ ရေနံဆီ တကိုယ်လုံး သုတ်လိမ်းထားခြင်းဖြင့် ခြင်ကိုက်ခံရမှုကိုကာကွယ်နိုင်ဟု သိရှိရသည်။ ထို့အပြင် ကလေးသူငယ်များ ဗိုက်မ၀မည်ဆိုးသောကြောင့် ယင်နားစာများ မ၀ယ်စားရန်လည်းသတိပေးခဲ့သည်။



(၁၂) ယမန်နှစ်က ကာကွယ်ရေးဝန်ကြီးဌာနမှ ၀ယ်ယူခဲ့သော MZA 123454321 အမျိုးအစား နောက်ဆုံးပေါ် တိုက်လေယဉ်သည် လောက်စာလုံးမှန်ပြီး လယ်ကွင်းထဲသို့ပျက်ကျခဲ့ရာ လယ်ကွင်းနှင့် မိုင် ၉၀ အကွာတွင် နွားကျောင်းနေသူအား တရားခံဟု ယူဆကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။



(၁၃) ထောက်လှမ်းရေးချုပ်ကြီးသည် လွန်ခဲ့သော ၄လက ကျင်းပသော လေးလပတ် အစည်းအဝေးသို့တက်ရောက်ရန် နေပြည်တော်သို့ ယနေ့နံနက်ခင်း ၁၀ နာရီတွင် ရောက်ရှိခဲ့သည်။ အိမ်အတွက်လိုအပ်သည်များကို မှာကြားပြီး နေ့လည် ၁၂နာရီတွင် ရဟတ်ယာဉ်ဖြင့် ဂေလမ်းသို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိပါသည်။



(၁၄) မွေးမြူရေးဝန်ကြီး၏စီမံချက်အရ မွေးမြူထားသော ငါးသားပေါက်များအနက် ၉၀% နှုန်းမှာ ရေနစ်သေဆုံးလျှက်ရှိသည်။ ထိုငါးသားပေါက်များ အလဟဿမဖြစ်စေရန် မွေးမြူရေးဝန်ကြီးမှ မုန့်ဟင်းခါးချက်စားခဲ့သည်ဟု သိရှိရသည်။



(၁၅) လွန်ခဲ့သော ကြာသာပတေးနေ့တွင်ကျရောက်သော ရူးပေါဂိုဏ်း သဘာငတိကြီး၏ ဇနီးထံသို့ အမေရိကန်သမ္မတလောင်း အိုဘားမား က အောက်ပါ မွေးနေ့ဆုတောင်းလွှာကိုပေးအပ်ခဲ့၏ ။

~~Deer sweet hart,
Happy badday!!!!!! Witch.. u could unjoin with ur new chit chit on ur badday.
Ur fakefully,Mr O (pronounce as O, not zero)~~


တစ်ပါတ်အတွင်းသတင်းအစီအစဉ် ဒီတင်ပြီးဆုံးပါပြီ ။
ပုံ/ ပျံကြားရေးဝန်ကြီး ချမ်းရဲ

ကိုဟန်သစ်ငြိမ်း ဘလော့ခ်မှ ကူးယူဖော်ပြပါသည်။

Monday, November 17, 2008

ရယ်သောသူအသက်ရှည်၏

ပျိုးခင်းသို့ရောက်ရှိလာသောဟာသအတိုအထွာများကိုစုစည်းတင်ပြထားခြင်းဖြစ်ပါသည်။
ပေးပို့သူ(ကိုမီးချောင်း)အားပျိုးခင်းလူငယ်အဖွဲ့မှအထူးကျေးဖူးတင်အပ်ပါသည်။

(၁) သူတောင်းတဲ့ဆု(ပ)
ကျောက်ဆည်သားဖြစ်တဲ့ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သည်မကြာမှီကာလတွင်ကြပ်ပြေး
နေပြည်တော်သို့ပြောင်းရွှေ့ရတော့မည်ဖြစ်လို့မပြောင်းခင်ရန်ကုန်မြို့ရဲ့ညအလှကို
လွတ်လွတ်လပ်လပ်ခံစားကြည့်ချင်စိတ်ကြောင့်ဘယ်သူ့ကိုမှအသိမပေးဘဲညလူချေတိတ်ချိန်
တွင်တစ်ယောက်ထဲကားကိုယူပြီးမောင်းထွက်လာခဲ့သည်။
ရွှေတိဂုံဘုရားကိုကားဖြင့်ပတ်မောင်းပြီးမြေပဒေသာကျွန်းထဲကိုရောက်တော့ကားပေါ်ကဆင်းကာ
ကန်တော်ကြီးေ၇ပြင်ကိုကြည့်ပြီးငယ်စဉ်ကျောင်းသားဘ၀ကရေကူးသည်ကိုသတိယရင်း
ရေမကူးရတာကြာပြီဖြစ်တာမို့ဘေးဘီကိုကြည့်တော့လူကလဲအရိပ်အယောင်တောင်မတွေ့သဖြင့်
ဝတ်ထားတဲ့အ၀တ်အစားတေချွတ်ကာဘောင်းဘီတိုဖြင့်ကန်တော်ကြီးရေထဲသို့ဆင်းကာရေလည်ဖက်သို့
ကူးထွက်ပြီးခပ်လှမ်းလှမ်းကိုရောက်တဲ့အချိန်မှာတော့ အသက်အရွယ်ကြီးပြီဖြစ်တာကတကြောင်း
ရေမကူးတာကြာပြီဖြစ်တာကြောင့်ကြွက်တက်ပြီးရေနစ်ပါလေရော……
ကံကောင်းချင်တော့ အဲဒီနေရာနဲ့မလှမ်းမကမ်းမှာငါးထိုင်မျှားနေတဲ့လူတစ်ယောက်ကတွေ့လို့
အမြန်ဆင်းဆယ်လိုက်လို့သေကံမရောက်သက်မပျောက်ခဲ့ပါဘူး။
သတိယလာတဲ့ဗိုလ်ချုပ်မှူးကြီးက၀မ်းသာအားရနဲ့သူ့ကိုကယ်တင်ခဲ့တဲ့သူကို““ကဲမင်းလိုတဲ့ဆုကို
တောင်းပေတော့မင်းဖြစ်ချင်တာငါအကုန်လုံးလုပ်ပေးနှိုင်ပါတယ်””လို့ပြောတော့ အဲဒီလူက
ဗိုလ်ချုပ်မှူးကြီးကိုမယုံသလိုကြည့်နေတာမြင်ပြီး““မင်းတောင်းချင်တဲ့ဆုကိုတောင်းပါငါအကုန်လုပ်ပေးနှိုင်ပါတယ်
ငါကဒီနိုင်ငံမှာအကြီးဆုံးငါ့လက်ညိုးညွှန်ရာရေဖြစ်တယ်ကဲမင်းဘာလိုလဲပြောစမ်းပါ””လို့ပြောလိုက်တဲ့အခါ
ကျတော့မှအဲဒီလူလဲအထိတ်တလန့်နဲ့ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မျက်နှာကိုကြည့်ပြီးတုန်ရင်နေသောအသံဖြင့်
တောင်းလိုက်တဲ့ဆုကတော့““ဒီညဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အသက်ကိုကျနော်ကယ်ခဲ့တယ်ဆိုတာ
ဘယ်သူ့ကိုမှမပြောပါနဲ့”” တဲ့ဗျာ…။

(၂)အသားဟင်းတစ်ခွက်
နေရာ ... စိတ္တဇဆေးရုံ
ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား?
နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့
ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား..
လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"
နောက်တစ်နေ့ ....
နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင်
ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့်
လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က
ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး
ပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း
မစားချင်ဘူးလားကွ" ဟူတည်း။








(၃)နိုင်ငံတော်ရဲ့ထိပ်တန်းလှို့ဝှက်ချက်
လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို "အသုံးမကျတဲ့လူ" လို့ ပြောလို့
အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ်
၁၀နှစ်နဲ့ ၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့
အပြစ်ကိုပေးရသလဲလို့ မေးတော့ တရားသူကြီးက " ပြစ်ဒဏ် ၆ရက်က
နိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက် ပြစ်ဒဏ် ၁၀နှစ်က
နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကို ထုတ်ဖေါ်ခဲ့တဲ့အတွက်" လို့ပြောလိုက်သတဲ့။


(၄)စားပွဲပေါ်ကမြေပဲဆံ
တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို သတင်းမေးဖို့
ရောက်သွားခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ် တင်ထားတဲ့
မြေပဲဆံတွေကို ယူစားတော့တယ်။ သတင်းမေးပြီး အိမ်ပြန်ခါနီး အဘွားကို
မြေပဲဆံတွေအတွက် ကျေးဇူးတင်ကြောင်းပြောတော့ အဘွားက "အေး.. အဘွားလဲ
အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က ကပ်ထားတဲ့
ချောကလက်တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့" ဟူတည်း။





(၅)SAFETY FIRST
ကင်ဆာရောဂါနဲ့ သေတော့မယ် လူတစ်ယောက်ကို သားဖြစ်သူက
"ကင်ဆာရောဂါ ဖြစ်နေတာကို ဘာဖြစ်လို့ သတင်းလာ မေးသူတိုင်းကို
အေအိုင်ဒီအက်စ် ဖြစ်နေတယ်လို့ ပြောရတာလဲ ဖေဖေ" လို့ မေးတော့ အဖေဖြစ်သူ
ဖြေလိုက်တာက "ဒါမှ ငါသေသွားရင် မင်းအမေကို တစ်ခြားလူ မကြံမှာပေါ့ကွ" ဟူတည်း။


(၆)သူတောင်းတဲ့ဆု(၂)
တစ်ခါက သဲကန္တာရမှာ ဆာလောင်ပြီး သေလုနီးနီး ဖြစ်နေတဲ့ လူမဲတစ်ယောက်ဟာ
နတ်မီးခွက်တစ်လုံး ကောက်တွေ့သတဲ့။ မီးခွက်ကို ပွတ်လိုက်တော့ မီးခွက်
စောင့်နတ်က ထွက်လာပြီး လိုရာဆု သုံးဆုကို တောင်းခိုင်းလိုက်တယ်။ သူက
ခဏလောက် စဉ်းစားပြီး
(၁) နေ့တိုင်း ရေသောက်ရပါစေ
(၂) လူဖြူတစ်ယောက် ဖြစ်ရပါစေ
(၃) နေ့တိုင်း ကောင်မလေးတွေရဲ့ တင်ပါးကို မြင်ရပါစေ
လို့ ဆုတောင်းလိုက်တာနဲ့ ဘုန်းဆိုတဲ့ အသံနဲ့အတူ အဲဒီလူမဲဟာ......
--------
--------
အဖြူရောင် (ဗိုလ်ထိုင်)အိမ်သာအိုးတစ်လုံး ဖြစ်သွားသတဲ့။



(၇)လာမယ်ကြာမယ်
တခါက အမေရိကန်သမ္မတရယ် ၊ တရုတ်သမ္မတရယ် ၊ ကျွန်တော်တို့ရဲ့ ဘဘကြီးရယ်
ထာဝရဘုရား သခင်ကို သွားတွေ့ကြသတဲ့။ထာဝရဘုရားသခင်က သင်တို့သိလိုရာကို မေးကြပါဆိုတော့
တယောက်ပြီးတယောက်မေးကြတော့တာပေါ့။
ပထမဆုံး အမေရိကန်သမ္မတက မေးတယ်။
`ဘယ်တော့များမှ အမေရိကန်နိုင်ငံဟာ ကမ္ဘာကြီးတစ်ခုလုံးကို နိုင်ငံရေး ၊စစ်ရေးအရ ပြိုင်ဘက်မရှိ
လွှမ်းမိုး နိုင်မှာလဲ´တဲ့။ ထာဝရဘုရားသခင်ကခေတ္တခန့်စဉ်းစားပြီး ပြန်ဖြေလိုက်တယ်။
`ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီတော့ဘူး´တဲ့ ။ အမေရိကန်သမ္မတလည်း
ထာဝရဘုရားသခင် အဖြေ ကိုကြားပြီးနောက် ငိုပါလေရော။
တရုပ်သမ္မတကလဲ ထာဝရဘုရားသခင်ကို `ဘယ်တော့များမှ တရုပ်ပြည်ဟာ
ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို လွှမ်းမိုးနိုင်မှာလဲ´တဲ့။ထာဝရဘုရားသခင်က ခုနလိုပဲ
ခနစဉ်းစားပြီး ပြန်ဖြေလိုက်တယ်။`ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီ တော့ဘူး´တဲ့ ။
တရုပ်သမ္မတလဲငိုပြန်ပါလေရော။
နောက်ဆုံး ကျူပ်တို့ရဲ့ ဘဘကြီးက အားကျမခံ ထာဝရဘုရားသခင်ကို မေးလိုက်တယ်။
သူ့မေးခွန်း လဲကြားပြီးရော ထာဝရဘုရားသခင်က ငိုပါလေရော။ သူမေးတာက
`ဘယ်တော့များမှ ကျွန်တော်တို့နိုင်ငံမှာ မီးတွေ ရေတွေ မှန်မှာလဲ´တဲ့။
မျက်ရည်လည်ရွှဲကြားက ထာဝရဘုရားသခင်က ပြန်ဖြေလိုက်တယ်။
`ဖြစ်တော့ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ငါမမှီတော့ဘူးတဲ့´ .... ။


(၈)မင်းကံကောင်းသွားတယ်မှတ်ပါ
တမလွန်ဘ၀မှာ ဂျော့ဘုခ်ျရယ် ၊ ကျွန်တော်တို့ဘဘကြီးရယ် ၊ ဗလာဒီမင်ပူတင်ရယ်
အတူတူတွေ့ပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူတို့တစ်နေရာ အရောက်
လက်ဝါးကပ်တိုင်မှာ ကားစင်အတင်ခံထားရတဲ့ ယေရှုခရစ်တော်နဲ့ တွေ့ပါလေရော။
အဲဒီမှာတော့ ဂျော့ဘုခ်ျက ယေရှုနားကို တိုးသွားပြီးတော့
`အရှင် ၊ သားတော်အသက်ရှင်ခဲ့တဲ့ဘ၀မှာ သားတော်က ကံကောင်းခဲ့ပါသလား´လို့မေးလိုက်တယ်။
ယေရှုက `အေး သားတော်ကံကောင်းပါတယ်။ မင်းက အကြမ်းဖက်သမားတွေကို
နှိမ်နင်းနိုင်ခဲ့လို့ပဲ´ဆိုပြီး ပြန်ဖြေလိုက်တယ်။
ပူတင်လဲ ယေရှုနားတိုးကပ်သွားပြီး `ကျွန်တော်မျိုးကော အသက်ရှင်စဉ်ကဘယ်လိုကံကောင်းခဲ့ပါသလဲ´
လို့ မေးလိုက်ပြန်တယ်။ ယေရှုက `မင်းလဲကံကောင်းခဲ့တာပဲ ။ ဘာလို့လဲဆိုတော့
မင်းက တိုင်းပြည်ကို စိတ်တိုင်းကျပုံဖော်နိုင်ခဲ့လို့ပဲ´ဆိုပြီး ဖြေလိုက်ပါတယ်။
နောက်ဆုံး ဘဘကြီးကလဲ အားကျမခံဘဲ ယေရှုနားသွားပြီး `ကျွန်တော်ရော ဘယ်လို
ကံကောင်း ခဲ့ပါလဲ´လို့မေးလိုက်တယ်။ အဲဒီလို မေးလိုက်တဲ့ခဏမှာ
ယေရှုရဲ့လက်နှစ်ဖက်လုံး လှုပ်သွားတယ်။ ဒါပေမယ့် ကားစင်တင်ခံထားရတာဆိုတော့
ယေရှုက လှုပ်လို့မရဖြစ်နေတယ်။ ပြီးတော့ ဘဘကြီးကို အံကျိတ်ပြီးပြောလိုက်တယ်။
`အေး .. ငါ့လက်နှစ်ဖက်လုံး လှုပ်မရတာ မင်းကံကောင်းတယ်မှတ်´ တဲ့။

Thursday, November 13, 2008

နှစ်သီးစားရဲများ

SB အရာရှိတစ်ဦးနှင့် ပျိုးခင်းတွေ့ဆုံမေးမြန်းခန်း(အင်တာဗျူး)
(ပျိုးခင်း)…….။လက်ရှိအုပ်ချုပ်နေတဲ့ စနစ် နဲ့စစ်အစိုးရခေါင်းဆောင်တွေကိုသဘောကျလား။
SBအရာရှိ…..။ လုံးဝမကြိုတ်ပါဘူး။
(ပျိုးခင်း)…….။ ဒီမိုကရေစီရောမလိုချင်ဘူးလား။
SBအရာရှိ…..။ အရမ်းကိုလိုချင်ပါတယ်။
(ပျိုးခင်း)…….။ ဒါဆိုဘာဖြစ်လို့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကိုဖမ်းဆီးနေတာလဲ။
SBအရာရှိ…..။ HRDP ခေါင်းဆောင်ဦးမြင့်အေးကပြောတယ်..““ဒီမိုကရေစီဆိုတာရရင်လဲ
အဲဒီဒီမိုကရေစီရဘို့တိုက်ပွဲဝင်နေတဲ့ ကျနော်တို့အခွင့်အရေး
၁ကျပ်ဘိုးရရင် ကျနော်တို့ကိုဖမ်းဆီးနှိပ်စက်နေတဲ့ ခင်ဗျားတို့တွေလဲ
၁ကျပ်ဘိုးရမှာဘဲ”” တဲ့ ဒီတော့ အခုဒီမိုကရေစီမရခင်မှာလဲ စစ်ဗိုလ်ချုပ်ကြီးတွေ
အကြိုတ်လိုက်လုပ်ပြီးလုပ်စားရင်းစောင့်နေတာပါ။

စောဖေါချို

Friday, November 7, 2008

မြန်မာ့တပ်မတော်တွင်းကဖြစ်ရပ်မှန်ဟာသများ

တော်ကလူကြီးကိုး သိမှာပေါ့

နေရာကား ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့လေးကျွန်းဆီမီး ရှိ
တပ်မ(၈၈)လက်အောက်ခံ ခလရ(၁၄) အိမ်ထောင်သည်လိုင်းတွင်နေထိုင်သည့်
တပ်ကြပ် ကျော်ဆန်း တပ်ထိပ်အရက်ဆိုင်မှပြန်လာပြီးအိမ်ရှေ့သို့အရောက်
အိမ်ရှေ့လှေခါးထစ်တွင် စပါးလုံးကောက်နေသည့် ဇနီးသည် မကြိုင်၏ အနီးစာထိုင်ကျက်သော
သားကြီး သိန်းစိန်၏ စာအော်ဖတ်သံကိုကြားလိုက်သောအခါ ““ဟေ့ကောင်ပြန်ဆိုစမ်း””ဟု
အာလေးလျှာလေး ပလုန်းပထွေးသံကြီးဖြင့် လှမ်းအော်လိုက်၏။
သားကြီး သိန်းစိန် က““ ကကြီး ရပင်း ၀ဆွဲ နောက်ပစ် ကျွဲ ””ဟုပြန်ဆိုလေ၏
ထိုအခါ ဖခင်ဖြစ်သူ တပ်ကြပ် ကျော်ဆန်း က ““မင်းကွာ ငါ့သားလုပ်နေပြီးဒါလေးတောင်
မသိဘူးလား ကျွဲ ရေးချာ ကျွဲ ဆိုရင် ပြီးနေတဲ့ဥစ္စာကို”” ဟုပြောသံအဆုံးတွင် ဇနီးဖြစ်သူ
မကြိုင်က ၀င်ပြီး ပြောလိုက်တဲ့စကားကတော့““ တော်က လူကြီးကိုး သိမှာပေါ့ ”” တဲ့ဗျို့….။

မြန်မာ့စစ်ရေးလေ့လာသူ(ကိုတိကျ)

Thursday, November 6, 2008

မြန်မာ့တပ်မတော်တွင်းကဖြစ်ရပ်မှန်ဟာသများ

စစ်ဖိနပ်မစီးသောတောထဲကကျား

အချိန်ကား ၁၉၈၂ ခုနှစ် ရှမ်းပြည်တောင်ပိုင်း က လေးမာန်အောင်စစ်ဆင်ရေး ကာလ-
ပင်လောင်းစစ်ဗျူဟာအုပ်ချုပ်မှုအပိုင် ပီကင်းရွာကြီးအနီး စခန်းချနေသော စစ်ကြောင်း(၂)စစ်ကြောင်းမှုး ဗိုလ်မှူး စိုးအောင် ဦးစီးသည့် ခလရ(၉၀) စစ်ကြောင်းရုံးသို့ ပီကင်းရွာသူကြီး နှင့်ကျောင်းဆရာ တို့နှစ်ဦး
ရောက်လာပြီး“ “ ဗိုလ်မှူးကြီး ညတုန်းက ကျနော့်ရွာလယ်က ခွန်ကြီးတို့အိမ်မှာမွေးထားတဲ့ ၀က်မကြီး
တစ်ကောင်ပျောက်သွားတယ် အဲဒါ ဗိုလ်မှူးရဲ့ရဲဘော်တွေကိုမေးကြည့်ပေးပါ ”” လို့ပြောတဲ့စကားအဆုံးမှာ
မကြာသေးခင်နာရီပိုင်းကမှ ဆရာကြီးခင်သန်းကိုယ်တိုင် မော်လမြိုင်ချက် ချက်ထားတဲ့ ၀က်ကလီဇာဟင်း၊
ဆရာဇော်ပိုင်ချက်ထားတဲ့ ၀က်သားနီချက် နှစ်မျိုးကိုစားထားပြီးဖြစ်နေတဲ့ ဗိုလ်မှူးစိုးအောင်က
ခွဲ(၁)တပ်ခွဲမှူး ဗိုလ်ကြီး မောင်မောင်တင့် ကိုကြည့်ပြီး ““ကဲ ကိုယ့်ညီ ရဲဘော်တွေကို
မေးကြည့်လိုက်ပါဦး ”” ဟုခပ်ပြုံးပြုံးလေးပြောလိုက်သည်။
ဝက်သားဟင်း ကိုသူကိုယ်တိုင်လဲ ဗိုလ်မှူးနှင့်အတူစားပြီးနေပြီဖြစ်တဲ့ ဗိုလ်ကြီးမောင်မောင်တင့်က
““ သူကြီးရယ် တောထဲတောင်ထဲမှာ ကျားဆွဲတာရောမဖြစ်နှိုင်ဘူးလား ကျနော်တို့တပ်မတော်သားတွေဆိုတာ ပြည်သူ့ပစ္စည်း ကို ပိုင်ရှင်မသိဘဲ ဘယ်တော့မှယူလို့မရပါဘူး ယူရင်လဲ တပ်မတော်ဥပဒေအရ
ထိရောက်စွာ အရေးယူဆောင်ရွက်ရပါတယ် ”” လို့ခပ်တည်တည်ပြန်ပြောလိုက်သည်။

ထိုအခါ ရွာလယ်ပိုင်းမှာနေတဲ့ ခွန်းကြီးအိမ်အောက် ၀က်ခြံ ထဲက စစ်ဖိနပ်ခြေရာတွေကိုမြင်ခဲ့ကြ
ပြီးဖြစ်တဲ့ ရွာသူကြီးနှင့် ကျောင်းဆရာ တို့နှစ်ဦး ပြိုင်တူ ပြောလိုက်တဲ့စကားကတော့……..

““ တောထဲက ကျားကတော့ စစ်တပ်ကစီးနေတဲ့ တောစီးဖိနပ်မစီးပါဘူး ဗိုလ်မှူးရယ်””.....တဲ့ဗျာ။။

တပ်မတော်တွင်းကဖြစ်ရပ်မှန်ဟာသများကိုဆက်လက်ဖေါ်ပြပါဦးမည်
စောင့်မျှော်ဖတ်ရှုကြပါ။
ပျိုးခင်းစာဖတ်ပရိတ်သတ်အားအစဉ်လေးစားလျှက်

မြန်မာ့စစ်ရေးလေ့လာသူ(ကိုတိကျ)

Wednesday, November 5, 2008

တပ်မတော်အကြောင်းသိကောင်းစရာများ

မြန်မာ့တပ်မတော်ရေးရာသိကောင်းစရာများ-
တပ်မတော်ဖွဲ့စည်းပုံ-(အခြားအဆင့်)
၁။ ၀ါဒဖြန့်ချီရေးစာစောင်များ/ရုပ်ရှင်များ ကြောင့်ဝင်ရောက်သူ ( ၃ %)
၂။ ရာဇ၀တ်မှုကျူးလွန်ပြီးအဖမ်းခံရမည်ကိုကြောက်၍၀င်ရောက်သူ ( ၁၂ %)
၃။ စားဝတ်နေရေးအဆင်မပြေ၍/စာမေးပွဲကျ၍/မိဘနှင့်စိတ်ဆိုး၍/
ရည်းစားနှင့်ကွဲ၍၀င်ရောက်လာသူ ( ၈၅ %)

(အရာရှိအဆင့်)
၁။ အရာရှိအဆင့်အတန်းဝတ်စုံ/ရာထူးဂုဏ်ပုဒ်ကိုသဘောကျ၍၀င်ရောက်သူ ( ၆၀ %)
၂။ စီးပွါးရေးဈေးတွက်ကိန်းဖြင့်ဝင်ရောက်သူ ( ၂၅ %)
၃။ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်လျှင်ထင်ရာစိုင်းနှိုင်သည်ဟုယူဆပြီးဝင်ရောက်သူ(၁၅%)

စခန်းချတည်းခိုစရာရွေးချယ်နည်းဆောင်ပုဒ်-
မည်သည့်နေရာတွင်မဆို - ဈေးနီး ကျောင်းနီး အိမ်ကြီးကြီး သမီးပျိုလဲရှိရမယ် ဟုဆိုထား။၏.

ချီတက်ရာလမ်းကြောင်းကောင်းရွေးချယ်နည်း-
ကား/မော်တော် ရေယာဉ်/လှည်း/လူ အထမ်းသမား ခေါ်ယူရလွယ်ကူပြီး သက်တောင့်သက်သာသွားရမည့် လမ်းကြောင်း ကိုရွေး ရမည်။

လက်နတ်ကြီးပစ်ခတ်နည်းလင်္ကာ-
ရေထဲကျ ငါးရ ၊ ကုန်းပေါ်ကျ နွားရ ၊တောထဲကျ ထင်းရ ၊ ရောက်ချင်ရာရောက်လရော့ဟယ် ဟူသတည်း။

မြန်မာနိုင်ငံစစ်ရေးလေ့လာသူ(ကိုတိကျ)

Sunday, August 31, 2008

ခွဲကြည့်မှသိတော့တယ်...

ဂျိုကုတ်ရူးကြီး မြန်မာပြည်တွင်း လိုအပ်သည်များကို လှည့်လည်မှာယူစားသုံးနေရင်း

အစားအသောက်ပေါင်းစုံအောင်စားရလေး၏... မျိုဆို့ရသောအစားအသောက်များမှာ

မသထာရေစာများ ဖြစ်လင့်ကစား အူမကြီးကင်စာရောဂါဝေဒနာကို ပျင်းထန်စွားခံစားရလေပြီး

စင်္ကာပူနိုင်ငံသို့ သွားရောက်ကုသခဲ့လေ၏...

စင်္ကာပူဆေးရုံမှ တာဝန်ကျ ဆရာဆရာမများကဂျိုကုတ်ရူးကြီးအား

အထူးဂရုစိုက် ကုသပေးကြ၏...ဂျိုကုတ်ရူးကြီးက မိမိခံစားနေရသော ရောဂါဝေဒနာ

အခြေအနေအား မေးမြန်းကြည့်ရာတွင်...

သန်းရွှေ . . . ဆရာမ ကျွန်တော့်ရောဂါအခြေအနေ ဘယ်လိုရှိပါသလဲ...

ဆရာမ. . . ရှင့်ရဲ့အူမကြီးကို ခွဲကြည့်လိုက်တော့ အူထဲမှာ မသထာရေစာ၊ ဓါတ်ငွေ့အမျိုးမျိုးနဲ့

အဂတိလိုက်စားထားတာတွေ ထွက်လာတယ်လေ...

အောင်အောင် (ပျိုးခင်းလူငယ်)

Sunday, August 24, 2008

သူ့အရပ်နှင့်သူ့ဇာတ်

ဘဘဂျိုကုတ်မူးကြီးက မြေးဖြစ်သူ ဖိုးလပြည့်လေးအား အားလပ်နေသော နေ့ရက်များစွားထဲ
မှ တစ်ရက်သောအခါ...
သန်းရွှေ... မြေးဖြစ်သူ ဖိုးလပြည့်အား လည်းကောင်း၏ ရင်ဖက်မှာတတ်ထားတဲ့ ဆုတံဆိပ်
တွေနဲ့ ပခုံးပေါ်မှာတင်ထားတဲ့ ကြယ်ပွင့်တွေကို သန့်ရှင်းရေးလုပ်ခိုင်းလေ၏...မြေးလေးရေ
တံဆိပ်တွေကို သန့်ရှင်းရေးလုပ်ပေးပါကွာ...
လပြည့်... ဟုတ်ကဲ့ပါဘိုးဘိုးဟူ၍ အဘိုးဖြစ်သူ၏ ဆုတံဆိပ်တွေကို ဖြုတ်လေ၏...
သန်းရွှေ... မြေးလေးရေ တံဆိပ်တွေက သန့်ရှင်းရေးမလုပ်တာကြာတော့
ချေး ( ဂျီး ) တွေအရမ်းတက်နေတာတွေကို သေသေချာချာ ပြောင်အောင်လုပ်နော်...
လပြည့်... စိတ်ချပါဘိုးဘိုး... ရွှေတံဆိပ်တွေကို အတုနဲ့လည်းပစ်လိုက်ရင် သန့်ရှင်းရေး
လုပ်စရာမလိုသလို မြေးလေးလည်း ငွေကိုလေလိုသုံးရတာပေါ့ဗျာ...
သန်းရွှေ... အင်း...ဖိုးလပြည့်လေးကတော့ ငါ့မြေးလို့ ပြောစရာမလိုအောင် ငါ့ချေရာလိုက်
နင်းနိုင်သားပဲ...
လပြည့်... ဘိုးဘိုးမြေးပဲဟာကိုး...
သန်းရွှေ... ဘိုးဘိုးကတော့ အဲလိုလုပ်နေတာကြာပြီ မြေးလေးရဲ့..
လပြည့်... ဘိုးဘိုးရဲ့တံဆိပ်တွေက တော်တော်ချေးတက်နေပြီပဲ ဟုညီးတွားရင် သန့်ရှင်း
ရေးလုပ်နေ၏.. ထို့နောက် ချေးများသန့်စင်သလောက်ဖြစ်သွားသောအခါ ဆုတံဆိပ်များ
၏ အပေါ်တွင်ရေးသားထားသောစာများကို တွေ့ရလေ၏... ထိုစာကိုသေချာစွာ
ဖက်လိုက်မိသောအခါ ၁၉၇၀ မုန့်စားပြိုင်ပွဲဆု၊ ၁၉၇၃ အာလူးကောက်ပြိုင်ပွဲဆု၊ ၁၉၇၆ ထုတ်
စည်းတိုးပြိုင်ပွဲဆု၊ ၁၉၇၈တူးတူပုံးတမ်းဆု၊ ၁၉၈၀ သရေကွင်းပစ်ပြိုင်ပွဲဆု၊ ၁၉၈၂ အီစွပ်ကြိုး
ခုန်ပြိုင်ပွဲဆု၊ ၁၉၈၅ အုန်းသီးလုပြိုင်ပွဲဆု၊ ၁၉၈၆ ဖားခုန်ပြိုင်ပွဲဆု၊ ၁၉၉၀ ထိုင်ခုံလုပြိုင်ပွဲဆု၊
၁၉၉၁ ကုလားမစည်းနှင်းပြိုင်ပွဲဆု၊ ၁၉၉၂ ခေါင်းအုံးရိုက်ပြိုင်ပွဲဆု၊ ၁၉၉၃ ၀င်းဦးနှုတ်ခမ်းမွေး
ဆွဲပြိုင်ပွဲဆု၊ ၁၉၉၅ သံပုံးရိုက်ပြိုင်ပွဲဆု၊ ၁၉၉၇ ချောတိုင်တက်ပြိုင်ပွဲဆု၊ ၁၉၉၉ ဂုန်နီအိပ်
စွပ်ပြိုင်ပွဲဆု၊ ၂၀၀၀ ဂေါ်လီရိုက်ပြိုင်ပွဲဆု၊ ၂၀၀၂ ခြေတပေါင်ကျိုးခုန်ပြိုင်ပွဲဆု၊ ၂၀၀၅ ပီတို
( အုန်းမုတ်ခွက်လေးများအားစီ၍ဘောလုံးနှင့်ပစ်ကာ ပြန်လည်စီရသော ကစားနည်း) ပြိုင်ပွဲ
ဆု၊ ၂၀၀၇ ရွှေစွန်ညိုနှင့်မထွေးလေးတို့ပြေးတိုင်းဖမ်းတိုင်းကစားပြိုင်ပွဲ၊
၂၀၀၈ ဗူးသီးခရမ်းသီး(ဗူးသီးခရမ်းသီးပါသလား....မပါဘူးဟူ၍ဆိုကာ ရဲလုပ်သူလုပ် သူခိုး
လုပ်သူကလုပ်) ပြိုင်ပွဲဆုများပင်ဆု အဆိုပါဆုများ၏အရှေ့တွင် ဗိတ်ချီးဟုပါလိုက်သေး
သည်.... ထို့နောက်ဖခုံးပေါ်၌တင်ထားသောအပွင့်အား သန့်ရှင်းရေးလုပ်ရာတွင်တော့
ကြယ့်ပွင့်သုံးပွင့်ပေါ်တွင်ရေးသားထားသော စာများကိုထပ်မြင်ရပြန်သည်...ညာဖက်ဖခုံး
ပေါ်၌ရှိသော အပွင့်သုံးပွင့်၌ရေးသားထားသောစာများမှာ.. (၁) အာဏာရူး (၂) တဏာရူး
(၃) ဥစ္စာရူး ဘယ်ဖက်ဖခုံးပေါ်ရှိ အပွင့်သုံးပွင့်ပေါ်တွင်မူ... (၁) အာကျယ်(၂) လေကျယ်
(၃) ဖင်ခေါင်းကျယ် ဟူ၍ပင်ဖြစ်ပါသည်။ နောက်ဆုံးတွင်တော့ အကြီးဆုံးအပွင့်ဖြစ်သော
အ၀ိုင်းအခက်ပေါ်တွင် ရေးထားသောစာမှာ... ဂျီပုန်းမခေါင်းဆောင်ဆုရှင် ဟူ၍ဖြစ်ပေ
တော့သည်....
သန်းရွှေ ... အဲဒါဘိုးဘိုရဲ့အရည့်အချင်းတွေပေါ့ မြေးလေးရဲ့
လပြည့် ... မြေးလေးလည်း အဘိုးခြေရာကို မှီအောင်လိုက်နိုင်ဖို့ ဘိုးဘိုးလို
အခြောက်ဖြစ်အောင်လုပ်ရမှာပေါ့နော် ဘိုးဘိုးဟူ၍ပင် ဖြစ်လေပါတော့သည်။
အောင်အောင် (ပျိုးခင်းလူငယ်)