Type your summary here. Type the rest of your post here.
Sunday, March 18, 2012
Tuesday, February 21, 2012
ပျိုးခင်း၏ နောက်ဆုံး နှုတ်ဆက်စကား
မလေးရှားမှာ နိုင်ငံရေးနှင့် လူမှုရေးအဖွဲ့အစည်းတွေ အားကောင်းလာတာဟာ ၂၀၀၃ ဒီပဲယင်းလုပ် ကြံမှု နောက်ပိုင်းလို့ ပြောလို့ရနိုင်ပါသည်။ ဟိုတဖွဲ့ ဒီတဖွဲ့စသည်ဖြင့် အဖွဲ့ပေါင်းများစွာ ပေါ်ထွက်ခဲ့ပါသည်။ အဖွဲ့တွေကြောင့် ကောင်းလာတာရှိသလို ဆိုးသွားတာတွေလည်း အများကြီးရှိပါသည်။ မလေးမှာရှိတဲ့ အဖွဲ့တွေအားလုံးနီးပါးဟာ အဖွဲ့ဖွဲ့ပြီးတာနဲ့ ကဒ်ရောင်းပြီး ရံပုံငွေရှာတဲ့အလုပ်ကို အားကြိုးမာန်တက်လုပ် တတ်ကြပါသည်။ အဖွဲ့အစည်းတွေက အဖွဲ့ရပ်တည်ဖို့အတွက် ကဒ်ရောင်းတယ်လို့ အကြောင်းပြကြသည်။ အဖွဲ့ဝင်တဲ့သူတွေက ရဲအကာအကွယ်(သို့) လိုအပ်ချက်တစ်ခုကြောင့် ကဒ်ဝယ်ကြသည်။ သည်နည်းဖြင့် အဖွဲ့ ၀င်သစ်တွေကို အပြိုင်အဆိုင် စည်းရုံးကြခြင်းသည်ပင် မလေးရှားရှိ နိုင်ငံရေး၊ လူမှုရေး အသင်းအဖွဲ့များ၏ ယဉ်ကျေးမှုဟုပင် ခေါ်ဆိုနိုင်ပါသည်။
အဖွဲ့ဝင်တစ်ယောက်အတွက် ကဒ်ကြေး ရင်းဂစ်(၅၀)နှင့် လစဉ်ကြေး ရင်းဂစ်(၁၀) စသည်ဖြင့် အဖွဲ့ဝင်သောင်းဂဏန်းရှိတဲ့ အဖွဲ့တစ်ဖွဲ့ရဲ့တစ်လ၀င်ငွေသည်လည်း သောင်းဂဏန်းပင်ရှိကြသည်။ ၀င်ငွေ ကောင်းမှန်းသိတော့ အဖွဲ့တွေလည်း မှိုလိုပေါက်လာကြသည်။ “မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ” ဆိုသလိုပါပဲ အဖမ်းအဆီးများလေ အဖွဲ့တွေရဲ့ ၀င်ငွေဟာလည်း တိုးလေပါပဲ။ အထင်ကရ အဖွဲ့ကြီး တစ်ခုရဲ့ ဥက္ကဌ ဆိုသူက စီးကရက်ကို စတိုင်ကျကျဖွာရင်း လစဉ်ဝင်ငွေအတွက် ကြွားလုံး ထုတ်တာလေးကို ပြန်သတိရလို့ပင်နေမိသည်။
အပေးအယူစနစ်နဲ့ လည်ပတ်နေတဲ့ နိုင်ငံရေးနှင့် လူမှုရေး အဖွဲ့အစည်းတွေရဲ့ ၀ဲဂယက်ထဲက ဖေါက်ထွက်သူ တချို့တော့ရှိခဲ့ပါသည်။ နိုင်ငံရေးသမား၊ ကျောင်းသားခေါင်းဆောင် စသည်ဖြင့် အမည် အမျိုးမျိုးတပ်ပြီး လုပ်စားနေတဲ့လူတွေကြောင့် ပျိုးခင်း(လူငယ်)ဆိုတဲ့အဖွဲ့ ဖြစ်လာခဲ့ရသည်။ အဖွဲ့ဝင် ကဒ်မရှိ၊ အဖွဲ့ဝင်ကြေးမလို၊ ယုံကြည်ချက်ရှိဖို့ပဲလိုပါသည်။ အင်းအားထက် တကယ်အလုပ်လုပ်မည့် လူတွေသာ လိုပါသည်။
မိမိဘ၀ကို တိုးတက်အောင်ကြိုးစားရင်း အများပြည်သူအကျိုးကို စဉ်ဆက်မပြတ် သယ်ပိုးနေ ခြင်းဟာ ပျိုးခင်းရဲ့စိတ်ဓါတ်ပါ။
၂၀၀၆ခုနှစ်၊ သြဂုတ်လ၊ ၂၇(ရက်)နေ့ က စတင်ဖွဲ့ခဲ့တဲ့ ပျိုးခင်းဟာ စဉ်ဆက်မပြတ် ရုန်းကန် ခဲ့ပါသည်။
မလေးရှားရောက် မြန်မာအလုပ်သမားတွေ အတွက်
၁။ ကွန်ပြူတာသင်တန်း
၂။ အင်္ဂလိပ်စာ၊ စကားသင်တန်း
၃။ အခြေခံ IT သင်တန်း
တို့ကို ၂၀၀၆ မှ ၂၀၀၉ ထိ ဖွင့်လှစ်ပေးခဲ့ပါသည်။
ငွေကြေးထောက်ပံ့မှုအနေဖြင့်-
၁။ ရွှေဝါရောင် တော်လှန်ရေးကို ကူညီထောက်ပံ့ရန်အတွက် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ကောင်စီမှ တဆင့် ပြည်တွင်းသို့ - ရင်းဂစ် ၁၇၇၅၇
၂။ နိုင်ငံရေးအကျဉ်းသားများကို ကူညီရန်အတွက် NLD လူမှုအထောက်အကူပြုအဖွဲ့မှ တဆင့် ပထမအကြိမ် - ကျပ်ငွေ ၁၀၀၀၀၀၀
၃။ ဖောက်ခွဲရေးမှုဖြင့် မတရားဖမ်းဆီးခံနေရသော မိသားစုနှစ်စုအတွက်
- ဒေါ်လာ ၅၉၀
၎။ နိုင်ငံရေးအကျဉ်းသားများကို ကူညီရန်အတွက် NLD လူမှုအထောက်အကူပြုအဖွဲ့မှ တဆင့် ဒုတိယအကြိမ် - ကျပ်ငွေ ၆၈၁၀၀၀
တို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။
ပျိုးခင်းရဲ့ လုပ်ဆောင်မှုတို့သည် မြန်မာပြည်သူတွေ၏ အမှန်တကယ်လိုအပ်နေသည့် လိုအပ်ချက်နှင့် နှိုင်းယှဉ်လျှင် မြူမှုန်ထက်ပင် အဆပေါင်းများစွာ သေးငယ်ပါလိမ့်မည်။ သို့သော်လည်း ပျိုးခင်းကို ကူညီ ထောက်ပံ့ခဲ့သူ(အများစုမှာ ပြည်ပတွင် လုပ်ခနည်းနည်းဖြင့် ဘ၀ကို ခက်ခက်ခဲခဲရပ်တည်နေရသည့် လေးစားဂုဏ်ယူစရာ အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်သူများ)တို့၏ မျှော်ကိုးမှုမပါတဲ့ စေတနာ၊ တာဝန်သိ မှုတို့ကိုတော့ဖြင့် မှတ်တမ်းတင် ဂုဏ်ပြုထိုက်ပါပေသည်။
တချိန်သောအခါက အခြေအနေ၊ အချိန်အခါ အရ ပျိုးခင်း(လူငယ်)အဖွဲ့ကို ဖွဲ့စည်းခဲ့ရလို လက်ရှိ အခြေအနေအရ ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါသည်။ သို့သော်လည်း ပျိုးခင်း(လူငယ်)အဖွဲ့တွင် ပါဝင် ပတ်သက်ခဲ့သူတို့အနေဖြင့် အများအကျိုးပြုလုပ်ငန်းများတွင် တစ်ဦးချင်းအနေဖြင့် ဆက်လက်၍ အားကြိုး မာန်တက် ဆောင်ရွက်သွားကြပါလိမ့်မည်။
ထွန်းထွန်းနိုင်
Wednesday, June 29, 2011
Tuesday, June 28, 2011
Sunday, June 26, 2011
စစ်ပေါ်တာအဖြစ် သေသည်ထိ နှိပ်စက်ညှင်းပန်းအသုံးချခံ ပြစ်မှုဆိုင်ရာအကျဉ်းသားများ - အပိုင်း (၂)
http://www.voanews.com/MediaAssets2/burmese/2011_06/06_25-11_soldiers_talk066.Mp3Type your summary here. Type the rest of your post here.
စစ်ပေါ်တာအဖြစ် သေသည်ထိ နှိပ်စက်ညှင်းပန်းအသုံးချခံ ပြစ်မှုဆိုင်ရာအကျဉ်းသားများ - အပိုင်း (၁)
http://www.voanews.com/MediaAssets2/burmese/2011_06/06_18_11_soldiers__talk065.Mp3Type your summary here. Type the rest of your post here.
မြန်မာ မြောက်ကိုးရီးယား ဆက်ဆံရေးနဲ့ အာဇာနည်ဗိမာန် တိုက်ခိုက်ခံရမှု အပိုင်း (၂)
http://www.voanews.com/MediaAssets2/burmese/2010_12/12_03_10_soldiers_talk037.Mp3Type your summary here. Type the rest of your post here.
Friday, June 24, 2011
Monday, June 20, 2011
ရှမ်းရိုးမက အိုးစည်သံ(နော်ဝေရောက် မြန်မာများ)Type your summary here. Type the rest of your post here.
Friday, June 17, 2011
Tuesday, May 31, 2011
Monday, April 4, 2011
ဈေးရောင်းပွဲ
မတ်လ၊ ၁၀၊ ၂၀၁၁ နေ့ ရောင်းရသည့်အမြတ်ငွေ ဒေါ်လာ ၈၂
မတ်လ၊ ၃ရက်၊ ၂၀၁၁ နေ့တွင် ရရှိသည့်ငွေ ဒေါ်လာ ၁၇၄
---------
စုစုပေါင်း ဒေါ်လာ ၂၅၆
နိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုများအား ကူညီထောက်ပံ့ရန်ရည်ရွယ်၍ ဈေးရောင်းရာတွင် တက်တက်ကြွကြွ ပါဝင်ကူညီခဲ့ကြသော ကိုဇေဇေအောင်၊ ကိုသန်းဇော်၊ မအေးသန်း၊ မ၀င်းဝင်းဌေး၊ မယဉ်ယဉ်တိုး နှင့် ၀ယ်ယူအားပေးခဲ့ကြသော ဖီးနစ်မြန်မာမိသားစုများအား အထူးကျေးဇူးတင်ရှိပါကြောင်း ပျိုးခင်း(လူငယ်)အဖွဲ့မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
ရောင်းရသည့် အမြတ်ငွေ ဒေါ်လာ ၁၅၉
ကိုမြင့်လွင်မှ လှူဒါန်းငွေ ၅
မဥမ္မာမှ လှူဒါန်းငွေ ၁၀
------------
စုစုပေါင်း ၁၇၄
Monday, March 28, 2011
ရက်စွဲ။ ။ ၂၅ရက်၊ မတ်လ၊ ၂၀၁၁
လေးစားအပ်ပါသော မြန်မာနိုင်ငံသားများခင်ဗျာ-
စစ်အာဏာရှင်တို့ အုပ်ချုပ်သော နှစ်ငါးဆယ်ကာလအတွင်း မြန်မာနိုင်ငံသည် ဘက်ပေါင်းစုံမှ ယိုယွင်းပျက် ဆီးနေသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။ အာဏာရှင်စနစ်အောက်တွင် အနာဂတ်ပျောက် နေသော လူငယ်များသည် နေ့စဉ်နှင့်အမျှ ပြည်ပသို့ထွက်ခွာ၍ ရရာအလုပ်များကို လုပ်ကိုင်ရင်း မိမိတို့၏ နေ့စဉ်ဘ၀ ကို ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်နေရပါသည်။
အလုပ်ရှင်တို့၏ အနိုင်ကျင့်မှု၊ ဒေသခံတို့၏ ခွဲခြားဆက်ဆံမှု၊ မြန်မာသံရုံး၏ တာဝန်မဲ့မှုတို့ကြောင့်ပြည်ပ ရောက် မြန်မာများ၏ ဒုက္ခမှာလည်း တနေ့ထက်တနေ့ ကြီးထွားလာနေသည်။ ဤတွင် မြန်မာတို့၏ ဒုက္ခကို တတ်နိုင်သမျှ ကူညီဖြေရှင်းပေမည့် ကိုယ်ထူကိုယ်ထအဖွဲ့များ ပေါ်ပေါက်လာကြရသည်။ ဤအထဲတွင် ပျိုးခင်း(လူငယ်)အဖွဲ့သည် တစ်ခုအပါအ၀င်ဖြစ်သည်။
လူအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ တက်ကြွလူငယ်တို့၏ ပံ့ပိုးကူညီမှုဖြင့် မလေးရှားရောက် မြန်မာနိုင်ငံသားများအတွက် အခမဲ့သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပါသည်။ မိမိတို့ဘ၀ တိုးတက်မြင့်မားရေး သည် တမျိုးသားလုံး၏ အကျိုးစီးပွားနှင့် ဆက်စပ်နေသည်။ အမျိုးသားအကျိုးစီပွားသည် နိုင်ငံရေးစနစ် အပေါ်တွင် မူတည်သည်။ ကောင်းမွန်သည့် နိုင်ငံရေးစနစ်သည်သာလျှင် မိမိတို့ဘ၀ တိုးတက်မြင့်မားရေး၊ ဂုဏ်သိက္ခာရှိသော လူသားအဖြစ်ရပ်တည်ရေးကို အာမခံပေးနိုင်မည်ဟု လူငယ်တချို့၏ စိတ်တွင် စွဲမြဲစွာ ယုံကြည်လာသည်နှင့်အညီ အဖွဲ့၏လှုပ်ရှားမှုတိုင်းတွင် နိုင်ငံရေးအမြင်နှင့် လူမှုရေးအသိတို့ကို ပေါင်းစပ်ခဲ့ ကြသည်။
အမာခံလူငယ်တို့၏ အဓိကပံ့ပိုးကူညီမှုဖြင့် နိုင်ငံရေးစနစ် ကောင်းမွန်လာစေရန် ကိုယ်ကျိုးမဖက်တိုက်ပွဲ ၀င်ရင်း မတရားဖမ်းဆီးခံနေရသော နိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုဝင်အချို့အား အစဉ်တစိုက်ပံ့ပိုး ကူညီခဲ့ပါသည်။
ပျိုးခင်း(လူငယ်)အဖွဲ့မှ-
(၁) ရွှေဝါရောင်တော်လှန်ရေးအတွက် - မလေးရှား (ရင်းဂစ်) ၁၇၇၄၅
(၂) နိုင်ငံရေးအကျဉ်းသားမိသားစုများအတွက် - မြန်မာ (ကျပ်ငွေ) ၁၀၀၀၀၀၀
(၃) နိုင်ငံရေးအကျဉ်းသားမိသားစုများအတွက် - အမေရိကန်(ဒေါ်လာ) ၅၉၀
ကို ပေးပို့လှူဒါန်းပြီးဖြစ်ပါသည်။
ယခုတဖန် နိုင်ငံရေးအကျဉ်းသားနှင့် မိသားစုများအား ကူညီထောက်ပံ့ရေးအတွက် ရံပုံငွေရရှိရန် အရီဇိုးနား ရောက် မြန်မာနိုင်ငံသားအား မြန်မာအစားအစာများ ရောင်းချရန် စီစဉ်ထားပါသည်။
(၁) ဒံပေါက် ၅.၀၀ ဒေါ်လာ
(၂) နန်းကြီးသုတ် ၄.၀၀ ဒေါ်လာ
(၃) ထမင်းကြော် ၅.၀၀ ဒေါ်လာ
(၄) ခေါက်ဆွဲကြော် ၅.၀၀ ဒေါ်လာ
(၅) မုန့်ဟင်းခါး ၃.၀၀
(၆) အုန်းနို့ခေါက်ဆွဲ ၃.၀၀
(၇) ကြာဇံချက် ၃.၀၀
အထက်ဖော်ပြပါ အစားအစာများကို ဧပြီလ(၃) ရက်နေ့မှစ၍ လစဉ် ပထမပတ်နှင့် တတိယပတ် တနင်္ဂနွေ နေ့( နံနက် - ၁၀:၀၀ မှ ညနေ – ၄:၀၀ ထိ ) တပတ်လျှင် တမျိုးစီ အလှည့်ကျ အိမ်အရောက် ရောင်းချပေး သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ချက်ပြုတ်ရာနေရာသို့ လာရောက် အားပေးကူညီချင်သည့် မိတ်ဆွေများအတွက်
နေရာ - ကိုဇေဇေအောင် နှင့် ဇနီးမ၀င်းဝင်းဌေး တို့၏နေအိမ်
3413 W Frier Dr. phoenix, AZ 85051
အသေးစိပ်သိလိုသူများအတွက်
ဆက်သွယ်ရန် - ကိုထွန်းထွန်းနိုင် ( ၄၈၀ ၂၄၃ ၀၁၁၉ )
ကိုဇေဇေအောင် ( ၆၀၂ ၄၀၃ ၅၆၂၂ )
ကျွန်တော်တို့အဖွဲ့မှ ရောင်းချသော မြန်မာအစားအစာများကို ၀ယ်ယူစားသုံးခြင်းဖြင့်
နိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုများအား ကူညီကြပါစို့- - -။
Tuesday, March 22, 2011
Subscribe to:
Posts (Atom)
